ဆရာ သွန်းနေစိုး ရဲ့
ပြည့်တန်ဆာဟု အမည်တွင်သူများ အကြောင်း စာအုပ်မှ ကောက်နုတ်ချက်
အမျိုးသားပြည့်တန်ဆာ၊ယောင်္ကျားပြည့်တန်ဆာ သို့မဟုတ် ယောင်္ကျားဖာ
ကျတော်တို့ ငယ်ငယ်က ကောလဟလလို့ သိခဲ့ကြတဲ့ တခုရှိပါတယ်။ အဲဒါက ဗိုလ်ချုပ်ဈေးထိပ်မှာ ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ ယောင်္ကျးလေးတွေ ရှိနေတက်ပါတယ်။ ရှပ်အင်္ကျီ အဖြူသန့်သန့်ဝဲဘတ် အင်္ကျီအိတ်ကပ်ထဲမှာ နှင်းဆီပွင့်လေး တစ်ပွင့်ထိုးထားတယ်ဆိုရင် အဲဒါ သေချာပါတယ်။ ယောင်္ကျား ပြည့်တန်ဆာပဲတဲ့။
သူတို့ကို အသက်ကြီးကြီး မိန်းမတွေက အထူးသဖြင့် ခင်ပွန်းယေင်္ကျားက ရေခြားမြေခြားတွေမှာ အလုပ်သွားလုပ်နေတဲ့ ငွေကြေး ကြွယ်ကြွယ်၀၀ မိန်းမကြီးတွေက ခေါ်ပြီးတော့ သုံးကြတယ်လို့ ဆိုပါတယ်။
တကယ့်တော့ ယောင်္ကျားပြည့်တန်ဆာ လောကဟာ အဲဒီကောလဟလတွေနဲ့ အတော်ကို ခြားနားနေပါတယ်။ ယောင်္ကျားပြည့်တန်ဆာတွေဟာ အဲဒီလို ဗိုလ်ချုပ်ဈေးရှေ့က လမ်းပေါ်မှာ ရင်ဘတ်နှင်းဆီပန်း ထိုးပြီး ခပ်ကြောင်ကြောင် ရပ်စောင့် မနေသလို သူတို့ရဲ့ ဖောက်သည်တွေကလည်း မိန်းမကြီးတွေပဲ မဟုတ်ကြပါဘူး။
သူတို့ရဲ့ အဓိက ဖောက်သည်ကတော့ မိန်းမလျာတွေသာ များပါတယ်။ မိန်းမလျာတွေကြောင့်ပဲ ဒီအလုပ်ထဲကို ရောက်လာတာများပါတယ်။ အစကတော့ မော်ဒယ်ဖြစ်ချင်လို့ ရန်ကုန်တက်လာတာပါ။ သင်တန်းမှာက သင်တန်းစရိတ်အပြင် ဝတ်ဖို့ စားဖို့ကလည်း လိုသေးတယ်လေ။ အများနည်းတူ အဝတ်အစားတွေ ဝယ်ဖို့ လွယ်တာမှ မဟုတ်တာ။ ဒီလိုအချိန်မှာ သင်တန်းဆရာက သူ့ဆရာသမား မာမီတစ်ယောက်နဲ့ ချိတ်ဆက်ပေးတယ်။
အစကတော့ စပွန်ဆာပေါ့လေ၊ ကျတော်လိုတာကို ဝယ်ပေးတယ်။ နောက်တော့ သူတစ်ယောက်တည်း သုံးနေရာကနေ သူ့မိတ်ဆွေ မာမီတွေအတွက်ပါ ကြေးနဲ့လိုက်ဖြစ်တော့တာပါပဲ။
အများသား ပြည့်တန်ဆာ တစ်ယောက်က သူ့အကြောင်းကို ရင်ဖွင့်ပြောပြလာတာပါ။
နောက်တစ်ယောက်ကို ထပ်တွေ့တာကျတော့ အဲဒီလို အနုပညာလောကထဲက မဟုတ်ပါဘူး။ ကျတော်က လက်ဖက်ရည်ဆိုင်ကစားပွဲထိုးပါ။ ကျတော်တို့ ဆိုင်နားမှာ ဖက်ရှင် အလှပြင်ဆိုင် ရှိတယ်။ အခြောက်တွေပေါ့ဗျာ။ အဲဒီအခြေညက်တွေနဲ့ သိကျွမ်းသွားရာက သူတို့က မုန့်ဖိုးပေးပြီး ခေါ်သုံးတာပါ။
အဲဒီနောက်ပိုင်း တဖြေးဖြေးကို ဖြစ်သွားတာပါပဲ။ အခြောက်တွေသာမက မိန်းမကြီးတွေလည်း ခေါ်သုံးကြပါတယ်။ သူကတော့ အဲဒီလောကမှာ ခုချိန်ထိ ကျင်လည်နေဆဲပါ။ ကျတော်က အတန်းပညာလည်း မတက်တော့ဒါကလွဲပြီး ဘာမှ မလုပ်စားတက်တော့ဘူးဗျာ..။
အဲလိုပြောပြခဲ့တဲ့ တစ်ယောက်ကတော့ အဲဒီလောကနဲ့ ကင်းအောင် နေထိုင်နိုင်ခဲ့ပါပြီ။
ယောင်္ကျားပြည့်တန်ဆာ ဆိုတာ မလွယ်လှဘူးဗျ။ အခြောက်တွေနဲ့ စခန်းသွားရတာ များလာတဲ့အခါ မျိုးစုံကြုံရတယ်။ အခြောက်တွေထဲမှာ လိင်စိတ်ဖောက်ပြန်နေသူတွေ၊ ကာမဂုဏ် လွန်ကြူးကြတာတွေ ပါတာကိုး၊ သူတို့လို ဖြစ်အောင်ပါ တစ်ပြန်တစ်လှည့် လိုင်းသွင်းချင်ကြတာမျိုးကို အတော်ရှောင်ခဲ့ရတယ်။ ပြောပြရင် အခြောက်လင် တော်တော်များများက ကြာလာတဲ့အခါ သူတို့ပါ အခြောက်ဖြစ်သွားတက်ကြတာ များပါတယ်။
မိန်းမတွေထဲက ယောင်္ကျားပြည့်တန်ဆာ ခေါ်သူတွေ ရှိပေမယ့် နည်းတော့နည်းပါတယ်။ ခေါ်ရင်လည်း မိန်းမကြီးတွေပဲ များပါတယ်။ ယောင်္ကျားနဲ့ ကင်းကွာနေသူတွေ၊ လိင်ကိစ္စ အလိုလောဘ မပြည့်သူတွေမျိုးက သာ ခေါ်တာများပါတယ်။
အပျိုကြီး နာမည်ခံထားပြီး ယောင်္ကျားပြည့်တန်ဆာ ခေါ်တက်တဲ့ မိန်းမကြီးတစ်ယောက်လည်း ရှိတယ်လို့ သိရပါတယ်။ ကျတော့်ကိုတော့ မဟုတ်ဘူး။ ကျတော့် သူငယ်ချင်းကို ပင်တိုင်ခေါ်လေ့ ရှိပါတယ်တဲ့။
အဲလို မိန်းမတွေက ယောင်္ကျားပြည့်တန်ဆာ ခေါ်တာထက် သူတို့ကြိုက်တဲ့ ယောင်္ကျားမျိုးတွေကို စပွန်ဆာ သဘောမျိုးပေးပြီး တစ်လက်ကိုင်အဖြစ် ခေါ်သုံးကြတာ များပါတယ်။
တခါတလေ ကျရင် အတော် အံ့သြစရာ ကြုံရတာလည်း ရှိပါတယ်။ ပြင်ပလောကမှာ တကယ့် ဂုဏ်ဒြပ်နဲ့ နေတက်တဲ့ မိန်းမကြီးတွေထဲက ကျတော်တို့ကို ခေါ်သုံးတာမျိုးတွေ ရှိပါတယ်။ ဒါကလဲ သူဘာလဲ ဆိုတာ အပြင်မှာ ပြန်တွေ့တော့မှ သိရတာပါ။ အဲဒီကျတော့ သူ့ဂုဏ်သိက္ခာကို ငဲ့ပြီး ကိုယ်က မသိသလို နေပေးရပါတယ်။ ကိုယ်ဖောက်သည် အကြောင်း လျှိုဝှက်ထားပေးရတာက ယောင်္ကျားပြည့်တန်ဆာတွေရဲ့ ဖော်ပြမထားတဲ့ ကျင့်ဝတ်တစ်ခုလို ဖြစ်လာပါတယ်။
တချို့ဆို မိန်းမလျာ ဖြစ်ပေမယ့် ဘယ်သူမှ မသိအောင် အုန့်ပုံးဖြစ်နေတာပါ။ မနက်ဖြန်လို သတိုးသားအဖြစ် လက်ထပ်တော့မယ့် အချိန်မှာ ဒီနေ့လိုမျိုး ကျတော်တို့ကို ခေါ်သုံးတာမျိုး ရှိပါတယ်။ သူက အကောင်ကြီးကြီးအမြီးရှည်ရှည်ဆိုတဲ့ ထဲကပါ။
မိန်းမလည်း ယူလိုက်တယ်။ သူခြောက်နေတာ ဘယ်သူမှ မသိကြဘူး။ အိမ်ထောင်ပြုပြီးတော့လည်း လစ်ရင်လစ်သလို ကျတော်တို့ကို ခေါ်သုံးနေတာပဲ တဲ့။
ဗိုလ်ချုပ်ဈေးရှေ့က နှင်းဆီပန်းလေး ရင်ဘတ်ထိုးထားတာမျိုး ယောင်္ကျားပြည့်တန်ဆာ ဈေးကွက်ကိုတော့ သူတို့လည်း မတွေ့ဖူးဘူးလို့ ပြောကြပါတယ်။ ယောင်္ကျားပြည့်တန်ဆာ ဈေးကွက်ဟာ ဒိထက် ပိုပိရိပြီး ဒိထက် ပိုငြိမ်ဆိတ်ပါတယ် တဲ့။
မာမီတွေရဲ့ အလှပြင် ခန်းမတွေမှာ အယ်လ်ဘမ်လေးတွေ ထားတက်ကြပါတယ်။ ယောင်္ကျားပြည့်တန်ဆာတွေရဲ့ ပုံတွေပေါ့။ ခေါ်ချင်တဲ့သူတွေက အဲဒီပုံတွေထဲကကြည့်ပြီး ရွေးရုံပါပဲ။ ပုံတွေမှာ နံပါတ်လေးတွေ တပ်ထားပါတယ်။ ကြိုက်တဲ့ နံပါတ်ကို ပြောခဲ့လိုက်ပြီး အနီးက ဟိုတယ် တစ်ခုခုမှာ သွားနေလိုက်ရတယ်။ လာနေကျ ဖောက်သည်တွေကျတော့ ဟိုတယ်မှာ အခန်းကြိုယူတက်နေပြီ။ အဲဒီလို ကိုယ်သွားနေမယ့် အခန်းနံပါတ်ကို ပြောပြခဲ့ပြီး စောင့်နေရုံပါပဲလို့ ရှင်းပြပါတယ်။
လိုအပ်ရင် ဒီလို ယောင်္ကျားပြည့်တန်ဆာ ဆက်သွယ်ပေးတဲ့ အလှပြင်ခန်း အနီးနားက ဟိုတယ်တွေမှာ အခန်းယူဖို့ကိုလည်း အဲဒီအလှပြင်ခန်းကပဲ ဝန်ဆောင်မှုပေးပါတယ်။ အစကတော့ တစ်ယောက်စ နှစ်ယောက်စလောက် လက်သိပ်ထိုး လုပ်နေရာကနေ အခုဆို ယောင်္ကျားပြည့်တန်ဆာ လောကကြီးဟာ အတော်ကျယ့်ပြန့်နေပါပြီ။
သူတို့လို သက်သက် ဆွဲဆောင်လိုင်းသွင်း ခံရသူတွေသာမက ဒီလုပ်ငန်းနဲ့ နီးစပ်သူတွေလည်း ယောင်္ကျားပြည့်တန်ဆာ ဖြစ်ကုန်ကြတာ များပါတယ်။ အထူးသဖြင့် ဟိုတယ်တွေ၊ တည်းခိုခန်းတွေက ဝန်ထမ်းတွေနဲ့ ယောင်္ကျားလေး အနှိပ်ခန်းက ကောင်လေးတွေပါပဲ။
နိုင်ငံခြားသားတွေထဲမှာ ဟိုတယ် လာတည်းကြတဲ့အခါ လိင်ကိစ္စ အပျော်အပါး ရှာကြသူတွေရှိတယ်။ တချို့က မိန်းကလေး ပြည့်တန်ဆာကို ရှာပေမယ့် တချို့ကြတော့လည်း ယောင်္ကျားလေးပြည့်တန်ဆာကိုမှ တောင်းဆိုကြတာပါ။ ဒီအတွက် ဟိုတယ်က ဝန်ထမ်းကို ရှာပေးခိုင်းတာရှိသလို ဟိုတယ်ဝန်ထမ်းကို သွေးဆောင်သိမ်းသွင်းတာမျိုး ၊ ဟိုတယ် ဝန်ထမ်းကိုယ်တိုင်က အပြင်ငွေ ရပေါက်အဖြစ် လုပ်ကိုင်တာမျိုးတွေ ရှိတက်ပါတယ်။ ယောင်္ကျားလေး အနှိပ်ခန်းကတော့ အညောင်းအညာပြေဖို့ ဖွင့်ထားတာပါ။
ဒါပေမယ့် မိန်းကလေး အနှိပ်ခန်းက လူတွေ ပြည့်တန်ဆာလိုင်းထဲ သွေးဆောင်သိမ်းသွင်း ခံရသလို ယောင်္ကျားလေး အနှိပ်ခန်းက လူတွေလည်း ယောင်္ကျားပြည့်တန်ဆာ အဖြစ် သွေးဆောင်ခံရတာတွေ ရှိပါတယ်။ ယောင်္ကျားလေးဆိုတော့ ကိုယ်က နစ်နာတာမှ မဟုတ်ပဲ လို့တွေးပြီး လုပ်ကိုင်သူတွေ အများကြီးပါပဲ အစ်ကို။
ယောင်္ကျားပြည့်တန်ဆာတွေက မိန်းကလေးတွေလို ဒီအလုပ်ကြီး သက်သက် လုပ်ကိုင်သူတွေ မဟုတ်ဘဲ တခြားအလုပ်လုပ်ရင်း တွဲပြီး လုပ်ကိုင်ကြသူတွေ များပါတယ်။ ဟိုတယ် ဝန်ထမ်းလုပ်နေပေမယ့် ခေါ်ရင် လိုက်တယ် ဆိုတာမျိုး၊ အနှိပ်ခန်းမှာ လုပ်နေပေမယ့် ခေါ်ရင်လိုက်တယ် ဆိုတာမျိုးပေါ့။
အခုဆို ရန်ကုန်မှာ ယောင်္ကျားလေး အနှိပ်ခန်းတွေ အတော်များနေပါပြီ။ အများစုက ယောင်္ကျားလေးတွေ လအနှိပ်ခံကြတာ များတယ်ဆိုပေမယ့် မိန်းမလျာတွေ အသက်ကြီးကြီး မိန်းမကြီးတွေလည်း လာအနှိပ်ခံကြတာ ရှိပါတယ်။
ယောင်္ကျားပြည့်တန်ဆာ လောကမှာ အနုပညာသမားတွေ ပါဝင်မှုကို စုံစမ်းတဲ့ အခါမှာလည်း အထက်ကအတိုင်းပဲ ကောက်ချက်ချလို့ ရပါတယ်။ ယောင်္ကျားပြည့်တန်ဆာအဖြစ် ပုံမှန်လုပ်ကိုင်နေတာမျိုး မဟုတ်ဘဲ အနုပညာ အလုပ်တွေ လုပ်ကိုင်နေရင်းက လိုက်တာမျိုးပါ။ စပွန်ဆာ ရှာကြတာကတော့ အနုပညာသမားတွေထဲမှာ တော်တော်များများတွေ့ရပါတယ်။
မော်ဒယ်ကောင်လေးတွေ မင်းသားလေးတွေကို မိန်းမလျာတွေက စပွန်ဆာပေးထားတာ ရှိသလို မိန်းမအစစ်တွေကလည်း စပွန်ဆာ ပေးထားတာ ရှိပါတယ်။
ဟိုနေ့ကတောင် မိတ်ကပ်နာမည်ကြီးတစ်ယောက်က သူ့ချစ်သူတွေအကြောင်းဆိုပြီး လူသိရှင်ကြား လုပ်လာပါရောလား၊ တကယ်တော့ သူ့ကိုချစ်သူထားတယ် ဆိုကတည်းက အချစ်မေတ္တာ အစစ် ဘယ်လိုရှိတော့မှာလဲ၊ စပွန်ဆာ ထားတာပဲပေါ့။ တနည်းပြောရရင် သူနဲ့ ပက်သတ်တဲ့မင်းသားလေးကလည်း ယာင်္ကျားပြည့်တန်ဆာ တမျိုးပဲပေါ့ အစ်ကို။
ယောင်္ကျားပဲ နစ်နာစရာ မရှိဘူး ဆိုတဲ့ အမြင်က အနုပညာသမားတွေကို ယောင်္ကျားပြည့်တန်ဆာအလုပ် လုပ်မိစေတဲ့ အကြောင်းခံ တစ်ခု ဖြစ်ပါလိမ့်မယ်။
နာမည်တော်တော်ကြီးတဲ့ အဆိုတော်တွေ မင်းသားတွေတောင်မှ မိန်းမတွေက ချိန်းခေါ်တာမျိုး လိုက်ကြတာ ရှိတယ်။
ဆရာ သွန်းနေစိုး ရဲ့ ပြည့်တန်ဆာ ဟုအမည်တွင်သူများ အကြောင်း စာအုပ်မှ ကောက်နုတ်ချက်
မိန်းမလျာတို့ အရယူတဲ့ မိန်းမကောင်း၊မော်ဒယ်၊မင်းသမီး တို့ရဲ့ ပန်းဦး (သို့) ပါကင်
ရန်ကုန် ပြည့်တန်ဆာ ကွန်ယက်အကြောင်း
...........................................................................
" အစ်ကို အကူအညီ လိုရင် ပြောပေါ့"
ဆိုတဲ့ စကားကို ပြောခဲ့သူက ပြည့်တန်ဆာခေါင်း တစ်ယောက်ဖြစ်နေတယ်ဆိုရင် သင်ဘယ်လို ခံစားရပါမလဲ။ ပြည့်တန်ဆာခေါင်းတစ်ယောက်ကိုများ ငါက အကူအညီ ပြန်တောင်းရဦးမှာလား လို့ သူသူကိုယ်ကိုယ် တွေးမိကြမှာပါ။ ဒါပေမယ့် စာရေးသူကိုယ်တိုင် အပြောခံခဲ့ရဖူးပါတယ်။ ဒီစာအုပ်အတွက် အချက် အလတ်တွေ စုဆောင်း နေတဲ့ လွန်ခဲ့တဲ့ (၇) နှစ်လောက်ကပေါ့။
ဒါက ပြည့်တန်ဆာလောကအကြောင်း စာအုပ်ရေးဖို့ လေ့လာနေတဲ့ စာရေးဆရာပဲလို့ မိတ်ဆွေ တစ်ယောက် မိတ်ဆက်ပေးရာကနေ ခင်မင်သွားတော့ အဲဒီ ပြည့်တန်ဆာခေါင်းက အဲဒီအတိုင်း ပြောခဲ့တာပါ။
ခွန်နဲ့စတဲ့ နာမည်ပိုင်ရှင် ပြည့်တန်ဆာခေါင်းဟာ အသားဖြူဖြူ၊ ခပ်သန့်သန့်၊ အရပ်ကမြင့်မားမားနဲ့ မသိရင် အခြား အလုပ်ကြီး အကိုင်ကြီး လုပ်နေတယ်လို့ ထင်ရတာပါ။ သူတဲ့တော်တော်လေး ရင်းနှီးသွားတဲ့ နောက်မှာတော့ မေးမြန်းကြည့်တဲ့အခါ သူက ဘွဲ့တွေ ဘာတွေ ရပြီးတဲ့အထိ ပညာသင်ကြားခဲ့ပြီးတဲ့သူပါ။
" ဘာဖြစ်လို့ ဒီအသက်မွေးဝမ်းကြောင်းမှု လုပ်နေသလဲ"
လို့ ကျတော်က မေးတော့ ခပ်ဝါးဝါးပြုံးရင်း သူက မဖြေဘူး။ ဖော်ရွေခင်မင်တက်ဟန် ရှိတဲ့သူက အပြုံးတစ်ခုနဲ့အတူ စကား တစ်ခွန်းကို ပြောလာတယ်။
" အစ်ကို အကူအညီလိုရင် ပြောပေါ့၊ ဘယ်ကိစ္စမဆို ပြောတာနော် " တဲ့။
မာနကြီးတဲ့ ကျတော့် မျက်နှာပေါ်မှာ မကွယ်မဝှက်နိုင် အရိပ်သဏ္ဌာန်တချို့ ဖြစ်သွားမှာကို သူရိပ်မိလိုက်ဟန် တူလေရဲ့။ အသေးစိတ် ရှင်းပြလာပါတယ်။
" အခုနေ အစ်ကိုက လူကြီးတစ်ယောက်ဆီ တိုက်ရိုက်ဖုန်းဆက်ရင် ကိုင်မလား၊ လူကြီးဆိုတာက ရာထူးကြီးကြီးတွေကို ပြောတာပါ။ အကောင်လို့ ပြောကြတဲ့ သူတွေပေါ့။ အဲဒီခေတ်ကတော့ အဘ လို့ ခေါ်ကြတာပါပဲလေ။ "
ကျတော်က ပြန်မဖြေသေးဘဲ ငေးကြည့်နေတော့ သူက ဆက်ရှင်းပြလာပါတယ်။
" ဒီလို အစ်ကိုရ အစ်ကိုနဲ့ တော်တော်ရင်နှီးတဲ့ လူကြီးဆိုရင်တော့ သူအားတဲ့ အချိန်ဆို ဖုန်းကိုင်ကောညင်း ကိုင်မှာပေါ့၊ ဒါပေမယ့် သူအစည်းဝေးလုပ်နေတဲ့ အချိန်လိုမျိုး၊ အရေးကြီးတဲ့ အလုပ်များနေတဲ့ အချိန်လိုမျိုးဆို အစ်ကို့ ဖုန်းကို အရေးတယူ ကိုင်မလား၊ အေး .. ကျတော်တို့ ဖုန်းဆိုရင်တော့ အဓိက ထားကိုင်တယ်၊ သူဖုန်းမကိုင်လို့ miss call ထားခဲ့ရင်တောင် သူသိသိချင်း ပြန်ဆက်တာပါ။ '
ဟုတ်ပါ့မလားလို့ ကျတော် မျက်ခုံးပင့်မိတယ်။ သူကပဲ ဆက်ပြောပြတာပါ။
" ကျတော်ဆက်တဲ့ ကိစ္စက တစ်ခုတည်းလေ၊ ကျတော့်ဆီမှာ အသစ်ကလေးတွေ ရောက်လို့ အဘကို ဆက်သွယ်တာပါ ခင်ဗျ " လို ဆိုပြီး သူ့ C.S.O နဲ့ပဲ တွေ့လို့ C.S.O ကိုပြောခဲ့ရင်တောင် ဟိုက မေ့ပြီး ပြန်မပြောဖြစ်လို့ကတော့ C.S.O သေပြီသာ မှတ်၊ အဘကို ဖုန်းဆက်တာပဲ အဘနဲ့အဆက်အသွယ် မရတာနဲ့ တခြသူဆီ ထည့်လိုက်ပြီ ဆိုလို့ကတော့ အဖိုးကြီးမှာ ကျိတ်မနိုင် ခဲမရကို ဖြစ်ရော" တဲ့။
အဲဒီလို လူကြီးဆိုသူများ အတွက် ရှာပေးရတဲ့ ပြည့်တန်ဆာတွေက ဈေးအမြင့်တုံး အတန်းဖြစ်ပါတယ်။ တချို့ ဝါသနာကြီးသူလူကြီးတွေက ကိုခွန်တို့ိလို အဆင့်အတန်းမြင့် ပြည့်တန်ဆာ ခေါင်းတွေနဲ့ ဆက်သွယ်ထားသလို တချို့ ခရီုနီကြီးတွေကျတော့လည်း လူကြီးတွေ အတွက် ဆက်သဖို့ သူတို့ကို ဆက်သွယ်ထားတာပါ။ သူတို့ကို ဆက်သွယ်တက်ကြတာပါ။
သူတို့အတွက် သားကေင်တွေ ဘယ်လို ရှာသလဲ လို့ ကျတော်က စူးစမ်းမိတော့ အင်မတန်ကြောက်စရာကောင်းတဲ့ အကြောင်းအရာ တစ်ခုကို သွားသတိပြုမိပါတယ်။
ကိုခွန်ဟာ မိန်းမလျာ တစ်ယောက်ပါ။ သူတို့ မိန်းမလျာ ကွန်ယက်ကြီးက တော်တော်ကြီးမားပါတယ်။ အဲဒီ မိန်းမလျာတွေဟာ မိန်းမမျိုးစုံနဲ့ အထိအတွေ့များပါတယ်။ မိန်းမလျာတွေရဲ့ အသက်မွေးဝမ်းကြောင်း ပညာကိုက အလှပြင်လုပ်ငန်း၊ နတ်ကတော် စတဲ့ လုပ်ငန်းတွေကို လုပ်နေကြတာပါ။ မိန်းကလေးတွေကလည်း ယောင်္ကျား အစစ်ထက်စာရင် မိန်းမလျာတွေကို ပိုယုံကြတယ်လေ။ သူတို့နဲ့ အမျိုးအစား အတူတူလို့ ထင်မှတ်ပြီး တိုင်ပင်ဖော် တိုင်ပင်ဖက် အဖြစ် ပြုတက်ကြတယ်။ မိန်းမလျာတွေ အနေနဲ့ မိန်းကလေးတွေကို ချဉ်းကပ်တဲ့ အခါမှာ ယောင်္ကျားအစစ်တွေထက် ပိုပြီးတော့ လွယ်ကူပါတယ်။ ဒီတော့ မိန်းမကောင်းလေးတွေကို ပြည့်တန်ဆာဖြစ်အောင် ဖျက်ဆီးဖို့ရာ မိန်းမလျာတွေက ပိုမိုလွယ်ကူနေပါတယ်။
မိန်းမလျာတွေ ချဉ်းကပ်တဲ့ သူတွေထဲမှာ မင်းသမီး၊မော်ဒယ် စလို့ အရပ်သူအဆုံး မျိုးစုံပါဝင်နေပါတယ်။ နာမည်ကြီးတွေကိုကြတော့ သူတို့ခေါ်ဝေါ်တဲ့ စကားလုံးက စပွန်ဆာ ရှာပေးမယ် ဆိုတာပါပဲ။
တချို့မော်ဒယ် သင်တန်းတွေမှာ မိန်းမလျာဖြစ်တဲ့ သင်တန်းဆရာ ကိုယ်၌က စပွန်ဆာ ရှာပေးတက်တာပါ။ စပွန်ဆာ ဆိုတာကလည်း တနည်းအားဖြင့် ပြောရရင် ပြည့်တန်ဆာ လုပ်ငန်း တမျိုးပါပဲ။
နွမ်းပါးတဲ့ မော်ဒယ် သင်တန်းသူ အသစ်တွေကို စပွန်ဆာ ရှာပေးတာမျိုး လုပ်တက်သလို၊ အဲဒီမော်ဒယ်မလေး နာမည်ကြီးလာလို့ ချဉ်းက်သူတွေ များလာရင် သူ့အနားက မိတ်ကပ်ပြင်သူက စပွန်ဆာ ချိတ်ပေးတက်ပါတယ်။ အခု နာမည်ရနေတဲ့ မင်းသမီးလေး တစ်ယောက်ဆို အရင်မော်ဒယ်ဘဝက အဲလို အခြောက်တစ်ယောက်က လိုင်းသွင်းပေးခဲ့တာပါ။
အဲဒီ အခြောက်နဲ့ သိကျွမ်းရတော့ နောက်ပိုင်း သူက ခရေစေ့တွင်းကျကို ပြောပြပါတယ်။ အဲဒီတုန်းက သူက မော်ဒယ်မလေ၊ နာမည်သိပ်မကြီးသေးပါဘူး။ အဲဒီမှာ ရှုတင်ကို တရုတ်ကြီးတစ်ယောက်က လိုက်လာတယ်။ သူ့ကို လိုက်ကြောင်တာပေါ့။ ဟိုဟာလေး ဝယ်ပေး၊ ဒီဟာလေး ဝယ်ပေးနဲ့ အစပျိုးနေတာပါ။
အဲဒီအချိန်မှာ ကျမက ကြားဝင်လိုက်ပါတယ်။ ကောင်မလေးတွေက အဲ့ အချိန် ပိုက်ဆံလိုနေတယ်လေ၊ သူတို့ နေတဲ့ တိုက်ခန်းက ငှားထားတဲ့ရက်စေ့နေပြီ၊ အိမ်ရှင်က ဆက်မထားတော့ဘူး လုပ်နေတယ်၊ ပြောင်းရတော့မယ်၊ အိမ်အသစ်ကလည်း ရှာမရသေးဘူး၊ ပြောရရင် ဆက်ငှားဖို့တောင် ပိုက်ဆံမရှိပါဘူး၊ တော်တော်ကို ဒုက္ခရောက်နေကြတာပါ။
ဒီတော့ အရင်ဆုံး ဟို တရုတ်ကြီးကို သွားမေးလိုက်တယ်၊ တရုတ်က မြန်မာစကား မပီဘူး။ ဝ, ၀ နဲ့ တ,ဝတည်း ၀ နေတာ။
" ရှင် အဲဒီကောင်မလေးနဲ့ မအိပ်ချင်ဘူးလား "
ဆိုတော့
" ၀ ဘီလို ပြောရမီလဲ "
သွားရည် တမြားမြားဖြစ်သွားတယ်။
" ရှင် ပိုက်ဆံတော့ းသုံးရလိမ့်မယ်နော်"
အဲလိုပြောတော့
" ရတယ် သုံးမယ် " တဲ့။
ကောင်မလေး အမေကို နားချရတာပေါ့။ သိပ်အများကြီး နားမချလိုက်ရပါဘူး။ သူတို့က ပိုက်ဆံလိုနေတာပဲ။ သိန်း (၃၀) လိုချင်တယ်တဲ့။ အဖွားကြီးက ပြောတယ်။ တရုတ်ကို ပြန်ပြီး ဈေးညှိပေးရတယ်။ ဒီလိုနဲ့ပဲ ဈေးတည့်သွားတော့တယ်။
" ဘယ်လောက်နဲ့ ဈေးတည့်သွားတာလဲ"
" (၄၅) သိန်းနဲ့လေ "
" ဟင်း"
လို့ ကျတော် ကယောင်ကရမ်း ထွက်လိုက်မိတယ်။ ဒီအကြောင်းကို ပြောပြနေတဲ့ မိန်းမလျာ နှစ်ယောက်က ရယ်ကြတယ်။ ပိုတဲ့ (၁၅) သိန်းက သူတို့အတွက် အကျိုးဆောင်ခ ဖြစ်ကြောင်း ဆက်ပြောပြပါတယ်။
ဒါတောင် ကောင်မလေး အမေက လုပ်နေသေးတယ်။
" ငါ့သမီးကျတော့ ပင်ပင်ပန်းပန်း ခန္ဓာကိုယ် ရင်းပြီး သိန်း (၃၀) ပဲ ရတယ်။ အခြောက်က လေပဲရင်းပြီး (၁၅) သိန်း ရသွားတယ် " တဲ့။
အဲဒီ အချိန်တုန်းကဆို အဲဒီငွေပမာဏက တော်တော်ကို များတာပါ။ ဟို မော်ဒယ်ပလေးတောင် တိုက်ခန်းဝယ်သွားနိုင်တာပဲ။ အဲဒီကနေ ပို နာမည်ကြီးလာပြီး အခုဆို မင်းသမီးတောင်ဖြစ်ပါပေါ့။
မိန်းမလျာတွေက စည်းရုံးရေးလည်း အတော်ကောင်းကြပါတယ်။ မိန်းကလေးတစ်ယောက်က ဘယ်လိုဖြစ်နေသလဲ၊ ဘယ်လိုစိတ်ရှိသလဲ၊ ဘာအခက်အခဲတွေ ရှိသလဲ၊ ဘာနဲ့ ဖျားယောင်းရင် ရမလဲ ဆိုတာတွေကို သူတို့က အသိဆုံးပါ။
တစ်ခါကဆို အဒေါ်တစ်ယောက် စတိုးဆိုင်မှာ ကောင်တာထိုင်ပေးနေတဲ့ ကောင်မလေး၊ အဲဒီကောင်မလေးကို ကျတော် ချဉ်းကပ်နေတုန်း မရလို့ စိတ်ညစ်နေချိန် အဲဒီ ကိုခွန်က ပြောလာတယ်။ သူစည်းရုံးပေးမယ် ဆိုတာနဲ့ အစက ယုံတောင် မယုံဘူး၊ နောက်ပိုင်း ပိုက်ဆံနဲ့ပါ ခေါ်လို့ ရတယ်ဗျာ တဲ့။
ကိုခွန်နဲ့ မိတ်ဆက်ပေးသည့် မိတ်ဆွေက သူ့ကိုယ်တွေ့ကို ပြန်ပြောပြတာပါ။
ကိုခွန်တို့လို မိန်းမလျာတွေဟာ အဲဒီကိစ္စတွေကို အသက်မွေးဝမ်းကြောင်း တစ်ခုလို လုပ်ကိုင်နေတာဖြစ်လို့ တော်တော်ကို ကျင်ကျင်လည်လည် ယဉ်ပါးနေပါပြီ။
အဲဒီမိန်းကလေးကို ခေါ်ပြီးရင်လည်း အပြီးထိ တာဝန်ယူပေးရတယ်လေ။ ကုန်ကုန်ပြောရရင် သူတို့ယောင်္ကျားနဲ့ အိပ်နေရင်တောင် ကိုယ်က ဟိုတယ် အပြင်ကနေ စောင့်ပေးရတာပါ။ ဒါကတော့ အဲဒီလို အဆင့်မြင့်ပြည့်တန်ဆာ မျိုးတွေအတွက် ပြည့်တန်ဆာခေါင်း မိန်းမလျာတွေက ပေးတဲ့ ဝန်ဆောင်မှုပဲ ဖြစ်ပါလိမ့်မယ်။
သူတို့မိန်းမလျာတွေဆီကနေ ပြည့်တန်ဆာအကြောင်း တော်တော်များများကို သိခဲ့ရတာပါ။ ပြည့်တန်ဆာနဲ့ မိန်းမလျာ ဆိုတာ တော်တော်ကြီးကို ဆက်စပ်နေတဲ့ ရန်ကုန်ရဲ့ ပြည့်တန်ဆာ ဈေးကွက်ဟာ အဆင့်တန်း အမျိုးမျိုးရှိပါတယ်။
ခုနက ကိုခွန် လို လူတန်းစား မျိုးကတော့ ဖုန်းဇယား လို့ခေါ်ပါတယ်။ မိန်းကလေးတွေကို စုထားတာမျိုး မရှိဘူး။ သူဟာနဲ့သူ ကိုယ့်အိမ်မှာကိုယ် နေကြတဲ့ မိန်းကလေးတွေပဲ။ အရပ်သူတွေ များပါတယ်။ အနုပညာလောကမှာ နာမည် အတန်အသင့် ရနေသူတွေလည်း ပါပါတယ်။ လိုအပ်သူက ဆက်သွယ်လာမှ ကောင်မလေးတွေကို ဖုန်းနဲ့ချိတ်ပြီး အလုပ်လုပ်ကြတာမျိုးပါ။ တစ်ခေါက်တစ်ခေါက်ကို ကြေးကြီးကြီး ပေးရတာမို့ ကိုခွန်တို့ အတွက်လည်း အတော်များများ ကျန်ပါတယ်။ အဲဒီလို ပြည့်တန်ဆာမျိုးကို အိမ်ဇယားလို့ ခေါ်တယ်။ ဖုန်းဇယားလို့လည်း ခေါ်တာပေါ့။
တချို့ကျတော့လည်း အစတုန်းက အနုပညာလောက က မဟုတ်ပါဘူး၊ ဒါပေမယ့် ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာ တမင် ပိုက်ဆံပေးပြီး ထည့်ကြတာပါ။ ဘယ်ဂျာနယ်၊ ဘယ်မဂ္ဂဇင်းမှာ ပါဖူးတဲ့ ကောင်မလေး၊ ဘယ်သူဆိုပြီး ပြောတော့ ကြေးခေါ်လို့ ပိုကောင်းသွားတာပေါ့။
အဆောင်ဇယား ဆိုတာကလည်း ရှိသေးတယ်။ အဆောင်မှာ မိန်းကလေးတွေကို စုထားပြီး လိုအပ်လာမှ ဖုန်းဆက်ခေါ်ပေးတာပါ။ တချို့ အဆင့်မြင့်ပါတယ်။ အယ်လ်ဘဏ် ဓါတ်ပုံလေးတွေ လုပ်ထားပြီး ကြိုက်ရကိုမှ ခေါ်ပြပေးတာမျိုးတွေ ရှိတက်ပါတယ်။
Night Club နိုက်ကလပ်တွေမှာ ရှိတဲ့ ပြည့်တန်ဆာ အတန်းအစားကတော့ တွေ့ရအများဆုံးပါပဲ။
ရန်ကုန်မြို့ရဲ့ ညနေခင်းတွေမှာ သိမ်ကြီးဈေးရယ်၊ မင်္ဂလာဈေးရယ်မှာ ရှိကြတဲ့ နိုက်ကလပ်တွေဟာ ရန်ကုန်မြို့ရဲ့ အထင်ရှားဆုံး ပြည့်တန်ဆာ ဈေးကွက်ပါပဲ။
ည (၁၂) နာရီ ဝန်းကျင်လောက်ဆို သိမ်ကြီးဈေးနဲ့ မင်္ဂလာဈေးရဲ့ မှောင်ရိပ်တွေမှာ ပြည့်တန်ဆာလေးတွေ ခြေချင်းလိမ်နေပြီး နိုက်ကလပ် တော်တော်များကလည်း မိန်းကလေးတွေ အခမဲ့၊ ဒါမှမဟုတ် တဝက် (ထက်ဝက်) ဈေးနဲ့ ခွင့်ပြုထားတာမျိုး ဆိုတော့ သူတို့အတွက် ဈေးကွက်ကြီးလို ဖြစ်လို့နေတာပေါ့ဗျာ။
ဒီလို သိမ်ကြီးဈေးနဲ့ မင်္ဂလာဈေးက နိုက်ကလပ်တွေမှာ ရှိသမျှ မိန်းကလေးတိုင်း လိုလိုဟာ ပြည့်တန်ဆာတွေချည်းပဲလို့တောင် ပြောရမလို ဖြစ်နေပါပြီ။
အဲဒီ ကလပ်တွေမှာ ဖျောဖြေရေးဆိုပြီး လာကြတဲ့ မော်ဒယ် အဖွဲ့တွေ၊ ညအက အဖွဲ့တွေက မိန်းကလေးတွေဟာလဲ ခေါ်လို့ရကြတာပါပဲ။ သူတို့ကျတော့ ပန်းကုံးတွေ စွပ်ရတာမျိုး၊ စပွန်ဆာ ဆိုပြီး ဝယ်ခြမ်းပေးရတာမျိုးတွေ ရှိပါတယ်။
နေ့ခင်းကြောင်တောင်ကျတော့ ကားမှတ်တိုင်တွေမှာ ပြည့်တန်ဆာမလေးတွေ ကျတ်စားတက်ကြပါတယ်။ ဒါမျိုးကိုတော့ ရန်ကုန်ပြည့်တန်ဆာ လောကမှာ အဆင့်အနိမ့်ဆုံးအဖြစ် သတ်မှတ်ကြပါတယ်။
အနော်ရထာ လမ်းမပေါ်က လမ်း (၄၀) ထိပ် ကားဂိတ်တွေမှာ မယောင်မလည်တဲ့ ရပ်နေတဲ့ မိန်းကလေး တချို့ ရှိတက်ပါတယ်။ ဘယ်ကားလာလို့မှ မစီးပါဘူး။ လာတဲ့ ယောင်္ကျားသားတွေကိုချည်း လိုက်ကြည့်နေတက်တဲ့ သူတို့အသွင်ကိုက အများသူငါနဲ့ ခြားနားသိသာနေပါတယ်။
တချို့ မိန်းမကောင်းတွေက ညဉ်းကြပါတယ်။ အဲဒီလို မကောင်းတဲ့ မိန်းမတွေက ကားဂိတ်တွေ၊ လူစည်ကားရာ အရပ်တွေမှာ ဖောက်သည်ရှာနေတာက မကောင်းပါဘူး။ ကျန်တဲ့ မိန်းမကောင်းတွေပါ အထင်လွဲ ခံရပါတယ်။ မြို့ထဲကားဂိတ်တွေမှာဆို မိန်းမကောင်းလေးတွေ အဖို့ တစ်ယောက်ယောက်ကို စောင့်ဆိုင်းဖို့ အဆင်မပြေတော့ပါဘူး။ ကားပေါ် မတက်ဘဲကြာလာရင် ယောင်္ကျားတွေက ယုန်ထင်၊ကြောင်ထင် လာကြည့်ကြရော။
ပြည့်တန်ဆာလေးတွေ လောကထဲ ကျတော်လည်း ရဲ အဖမ်းမခံရအောင် ဒီလိုပဲ လူတောထဲ ဝင်ပြီး ဖျောက်မှဖြစ်မယ် မဟုတ်ဘူးလား။ ရဲတွေက တော်တော့်ကို ဒုက္ခပေးပါတယ်။
သူတို့ပျော်ပါးချင်လာရင် ငွေပေး၊ခေါ်ယူ ဆက်ဆံတယ်။ ပြီးတော့ အသွင်ယူ ဖမ်းဆီးတယ် ဆိုပြီး လုပ်လိုက်ရော။ ပေးထားတဲ့ ပိုက်ဆံကိုလည်း ပြန်သိမ်းတယ်။ လူကိုလည်း ထောင်ချသေးတယ် တဲ့။
ညဘက် တစ်ယောက်တည်း လမ်းထွက်မိတဲ့ မိန်းမကောင်းကိုတောင် ပြည့်တန်ဆာ ပုဒ်မ တပ်ပြီး ဖမ်းဆီးတာတွေ၊ အိတ်ထဲ ကွန်ဒုံးပါတာနဲ့ ပြည့်တန်ဆာ ပုဒ်မ တပ်လိုက်တော့တာတွေ မကြာခဏ ကြားရတက်ပါတယ်။
.........................................................................


No comments:
Post a Comment