Saturday, June 20, 2020

ဆူးခင်းလမ်း အပိုင်း ( ၂ )

ဆူးခင်းလမ်း အပိုင်း ( ၂ )

နတ်ဆေး ရေးသည်။

(09)

ထားမေသည် အမှုရင်ဆိုင်ရန်အတွက် တရားရေးရှေ့နေတစ်ယောက်လိုအပ်နေ၏. သူကြီးအိမ်မှရှေ့နေအများစုသည်လည်း သူကြီးလူတွေကြီးသားဖြစ်၏ ထိုအတွက်အခက်တွေ့နေခြင်းဖြစ်သည်.ထိုစဉ်၌ ကြည်ပြာရောက်လာလေ၏.။

" မမထားမေ.."

" ဟော ကြည်ပြာလာ..ထိုင်..မမလည်း ကြည်ပြာကိုမျှော်နေတာ.."

" ဟုတ်ကဲ့ မမ..နေ့ခင်းက ကိစ္စက ပေါ့သေးသေးတော့မဟုတ်ဖူးနော်မမ "

" မမ သိပါတယ် ညီမရယ် အဲဒီတွက်လည်း ရင်ဆိုင်ဖို့အသင့်ပါ ."

" မမရဲ့ သတ္တိကို လေးစားပါတယ်ရှင်.. အဲဒီလို အမှူခင်းနဲ့တွေ့ရင် ညီမတို့ ကျွန်းသူကျွန်းသားတွေပဲ ခံကြရတာလေ. မမ ကူညီလိုက်တော့ ရွာထဲ ချို့လူတွေတောင် ရွာကိုကယ်တင်မဲ့ ကယ်တင်ရှင် သူရဲကောင်မလေး ပေါ်လာပီလို့တောင်ပြောနေကြပီမမရယ်..."

" မမလည်းအစက ဧည့်သည်လို နေမလို့ပါပဲ ဒါမဲ့ ညီမတို့ ကျွန်းသူကျွန်းသားတွေရဲ့ ရိုးသားမှု နဲ့ သူကြီးရဲ့ လူလည်ကျမှူတွေကို မခံနိုင်တဲ့အဆုံး အခုလို ရင်ဆိုင်လိုက်တာပဲ ညီမရယ်..."

" အော် ..ဒါနဲ့..မုတာ ကောမမ..."

" သူ့ခင်ဗျာ ပင်းပန်းပီး အိပ်နေရှာတယ် ဒါထက်ဆိုးတာက ခလေးမလေးက အရွယ်နဲ့မလိုက်အောင် စိတ်ခံစားမှူ ပြင်းထန်သွားမှာကိုစိုးတယ်.."

." မုတာ က သနားဖို့ကောင်းတယ်မမ သူလည်းညီမလို ကျောင်းတတ်ပီးပြန်လာသူတစ်ယောက်ပဲ သူအဖေက ပင်လယ်ထဲမှာ သင်္ဘောမှောက်ပီးဆုံးတယ် အမေကတော့ သူကြီးရဲ့ တူတစ်ယောက် က သိမ်းပိုက်လိုက်တယ်လေ အဲဒီ လူက မယားကြီး ရှိသေးတယ်..."

" ဟယ်...မိုက်ရိုင်းလိုက်တာနော်..."

" ဟုတ်တယ် မမရယ် သူ့ခင်ဗျာလည်း ပညာတတ်ဘွဲ့ရတစ်ယောက်ဖြစ်ပီး ဒီကျွန်းမှာ ဒုက္ခခံနေရရှာတယ်.."

" ဒါဆို ဒီကျွန်းမှာ ဘွဲ့ရပညာတတ်တွေ ရှိသေးတယ်ပေါ့.."

" ဟုတ်တယ်မမ ရှိတာမှ လူပျိုအပျို တိုင်း ပညာတတ်ကြတယ် တစ်ခုခက်တာက သူတို့ရရှိထားတဲ့ ပညာတွေက သူကြီးတို့မိသားစုတစ်စုတည်းတွက်ပဲ အလုပ် လုပ်နေကြရတာ ရင်နာဖို့အရမ်းကောင်းတယ်မမရယ်..."

" ေဩာ် .....ဖြစ်မှ ဖြစ်ရလေ..."

" မမ ခုမနက်ဖန် တွက် ဘာတွေပြင်ဆင်ပီးသွားပီလဲ ..ညီမသိထားတာတော့ အဲဒီ တရားရုံးက ရှေ့နေတွေ တရားသူကြီးတွေအားလုံးက သူကြီးလက်အောက်ကလူတွေကြီးပဲ မမ ..."

" အဲဒီတွက် မမ အခုစဉ်းစားနေတာ ဥပဒေအကြောင်းနားလည်တဲ့ ရှေ့နေတစ်ယောက်လိုအပ်တယိ ညီမ..."

ကြည်ပြာသည့်ခတ္တမျှ ငြိမ်၍ စဉ်းစားလိုက်၏. ထိုနောက် တစ်စုံတစ်ခုအားသတိရသွားဟန်ဖြင့် ထားမေအား ဝမ်းသာအာရပြောလိုက်လေ၏.။

" သိပီ မမ ကြည်ပြာမှာ သူငယ်ချင်းတစ်ယောက်ရှိတယ် သူနာမည်က ဂျူအာ တဲ့ ကျွန်းသားတစ်ယောက်ပဲ သူက ပုသိမ်မှာ law ဘွဲ့ရပီး ငွေဆောင်မှာပဲ နေတယ် အပြင်ရှေ့နေသဘောပဲလိုက်တယ် သူဆိုရင်တော့ ဥပဒေနဲ့ပက်သက်တာတွေ တော်တော်နားလည်လိမ့်မယ်.."

" ဟုတ်ပီ..မမ လိုချင်တာလည်း အခု လိုအပြင်ရှေ့နေ အဌားလိုက်သူကိုပဲလိုချင်တာ ..ဒါနဲ့သူက ကျွန်းကိုခေါ်ရင်လာပါ့မလား.."

" အဲဒီတွက်မပူနဲ့မမ ဒီနေ့ညနေကျရင် သူကျွန်းကိုရောက်လာမှာ .."

" ဟင် ဟုတ်လား ..သူကြီးဆီကိုလာတာလည်း...ဒါဆိုရင်တော့မဖြစ်ဖူးထင်တယ်နော်.."

" မဟုတ်ဖူးမမ ပြောရရင် ရှက်ပါတယ် မမရယ် ညီမဆီကိုလာတာပါ သူနဲ့ညီမက ချစ်သူတွေလေ.."

" ေဩာ်..ဒီလိုလား ဒါဆို သူ့အနေနဲ့ ညီမဆီကို ခိုးလာရမယ်ထင်တယ်.."

" ခိုးလားစရာတော့မလိုပါဘူး ဒါမဲ့သူကြီးမသိအောင်တော့ လုပ်ရမှာပေါ့ သူ့ကို ကမ်းစပ်ကနေ သွားဆောင့်နေကြယုံပေါ့ .."..

" သူကြီးရဲ့ စည်းကမ်းဥပဒေအရ ညီမအိမ်ကို သူ့ကိုခေါ်သွားလို့မရဘူး လေ.."

" ဟုတ်တယ် မမ အဲဒါ ကြောင့် ဒီ ညမမ အိမ်မှာ ညီမတို့ တစ်ည လာနေမလို့ ဆုံးဖြတ်ထားတယ်..ခွင့်ပြုပါနော်.."

" ခွင့်ပြုပါတယ် ညီမရယ်...မမလည်း ဥပဒေနဲ့ ပက်သက်ပီး ညီမချစ်သူကို ဌားရမ်းရအုံးမှာမဟုတ်လား .."

" ဟုတ်ကဲ့..ကျေးဇူပါမမရယ်.."

ကြည်ပြာသည်ခလေးတစ်ယောက်လို ကြည်နူးပြုံးပျော်နေ၏.။ညနေ နေဝင်ချိန်၌ ကမ်းစပ်သို့ က်လှေတစ်စင်းဆိုက်ကပ်လာ၏. ထိုစက်လှေပေါ်မှ လက်ဆွဲအိတ်အနက်တစ်လုံးအားကိုင်၍ အသက် ၂၀ကျော်အရွယ် ရှိ ယောငျာၤးပျိုတစ်ယောက် ဆင်းလာလေ၏.။ထားမေနှင့်ကြည်ပြာတို့သည် ထိုလူအားကမ်းစပ်၌ သွားရောက် ခရီးဦး ကြိုကြလေသည်.။

" ကြည်ပြာ..."

" ကိုကို...."

တစ်ဦးနှင့်တစ်ဦး တွေ့တွေ့ခြင်းပင် တင်းကြပ်စွာ သိုင်းဖက်ထားလိုက်ကြ၏ .။ခဏအကြာ ၌ ထားမေရှိသည်ကို သတိထား မိလိုက်ကြပီး ကိုယ်စီကိုယ်စီ အရှိန်သက်လိုက်ကြလေ၏.။

" ကြည်ပြာ နေကောင်းတယ်နော်.."

" ကောင်းပါတယ် ကို ...အော် ဒါနဲ့ မိတ်ဆက်ပေးရအုံးမယ်..ဟောဒါ..မမ ထားမေတဲ့ ကြည်ပြာတို့ ရွာကို အလည်အပတ်ရောက်နေတဲ့ ဧည့်သည်လေ.."

ကြည်ပြာမှ ထားမေအား ဂျူအာ နှင့် မိတ်ဆက်ပေးလိုက်၏. ထားမေမှ ဂျူအာ အား ကြည့်၍ အပြုံးဖြင့်ပြန်၍ ဆီးကြို နှုတ်ဆက်လေ၏.။

" ဟုတ်ကဲ့ ကျွန်မထားမေပါ..ကိုဂျူအာ..အကြောင်းကိုတော့ ညီမလေးကြည်ပြာပြောပြထားလို့ သိပီးပါပီ.."

" အော် ဟုတ်ကဲ့ပါ မထားမေ..ကျွန်တော်လည်း တွေ့ရတာဝမ်းသာပါတယ်..."

ထိုနောက် ထားမေ၏ အိမ်သို့သုံးယောက်သားပြန်လာကြ၏ .။

ကျွန်းသူမိန်းခလေး မုတာ သည် ထားမေတို့ စက်လှေအားသွားမကြိုခင် ၌ ပင် ကြည်ပြာ၏ အိမ်၌ သွားရောက်နေထိုင်ရန် ပြောဆိုထားပီဖြစ်သည်. ကြည်ပြာတို့အိမ်သည်လုံခြုံ၏ သူကြီး၏ ခြံဝန်းဘေးကပ်ရပ်ဖြစ်၍ လုံခြုံရေး အပြည့်ရှိ၏. ထိုပြင် ကျွန်းသူမိန်ခလေးတစ်ယောက်အနေဖြင့် ကျွန်းသူ အချင်းခြင်းအိမ်၌ သွားရောက်နေထိုင်ခွင့်လည်း ရှိထားခြင်းကြောင့်ဖြစ်သည်.။ထိုကြောင့် အိမ်၌ ထားမေအပါဝင် သုံးဦးသာရှိ၏.။

ထားမေသည် သူမ၏ အမှူကိစ္စအား ကူညီပုံနှင့် ရင်ဆိုင်ရမည့်အခက်ခဲအား ရှေ့နေ ဂျူအာ အား လုံးစေ့ပတ်စေ့ ရှင်းပြလေ၏.

" အင်း..မထားမေ..ပြောပုံဆိုရင် ဒါဟာ မိန်းခလေးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ပဲဗျ ..အမျိုးသမီးတစ်ယောက်ကို ခုလိုအလိုမတူပဲ အကြမ်းဖက်ရင် အမျိုးသမီးဘက်က ပြန်လည်ခုခံပိုင်ခွင့် ရှိတယ် နောက်ဆုံး သေသွားစေအုံးတော့ အမျိုးသမီးဘက်က မှန်ကန်တယ်ဆိုရင် အရှက်နဲ့အသက်တွက် ပြန်လည်ခုခံကာကွယ်ခွင့်ဥပဒေပြုထားပီးသားပါ .."

ထိုစကားကြားချိန်၌ ထားမေအနေဖြင့် ရန်ကုန်မှ အမှူကိစ္စအား သွားရောက်သတိရလေ၏ ယခုအချိန်ဆိုလျှင် ဦးဒေဝ သေဆုံးမှုအတွက် ရဲ စုံထောက်တို့ မိမိဟာ ရှာဖွေနေမည်ဖြစ်သည် သို့သော် ယခု ဂျူအာ ပြောသော ဥပဒေ အရ အရှက်နှင့်အသက်ကို အမျိုးသမီးတစ်ယောင်အနေဖြင့်ကာကွယ် ပိုင်ခွင့်ရှိသည်ဆိုသည်အချက်သည် မိမိရင်တွင်းရှိအပူမီးအား တစ်ဝက်ငြိမ်းစေနိုင်မည်ဖြစ်၏။

" ဒါကြောင့် ရုံးတော်ရောက်တဲ့အခါ ကျရင် ဒီအချက်နဲ့ ကျွန်တော်တို့ မိန်းခလေးဘက် ပြန်လည်ချေပရမယ် မထားမေ.."

" ဟုတ်ကဲ့ပါ ဂျူအာ..ကျွန်မလည်း ဥပဒေအကြောင်း ဘာမှ နားမလည်တော့ အမှူရင်ဆိုင်တဲ့အခါ ချေပပြောဆိုနိုင်မဲ့ အချက်လက်တွေ မပြည့်စုံတော့ အခက်ခဲဖြစ်နေတာပါ ခု ကိုဂျူအာ ရှင်းပြ ပုံအရဆိုရင်တော့ ကျွန်မတို့ ဒီအမှူကို နိုင်အောင် လုပ်နိုင်မှာ ပါ ကျွန်မ မုတာ ကို ယုံတယ် ဒီကောင်မလေး ပုံက လိမ်ပြောမဲ့ပုံမဟုတ်ဖူး.."

" တရားရုံးမှာ ဦးတိုက်လျှောက်ထားတဲ့အခါ တရားခံ တရားလို သက်သေတွေ ကို ခေါ်ထုတ်ပီး နှစ်ဖက်ရှေ့နေတွေက မေးမြန်းကြလိမ့်မယ် ဒီတွက် မုတာ ဘက်မှာ မျက်မြင်သက်သေတစ်ယောက်ရှိဖို့လိုတယ်.."

" အဲဒါ ကျွန်မမေးပီးသွားပီ မုတာ ရဲ့ သူငယ်ချင်း အူလာ ရှိတယ် သူလည်း မနက်ကျရင် မုတာ ဘက်က သက်သေလိုက်ပေးမှာပါ.."

" ဒါဆို ပီးပီပေါ့ ..ဒီမှူမှာ ကျုပ်တို့ ဖိုးစည်ရဲ့ သူငယ်ချင်း ကိုတား ကို အဓမ္မမှူနဲ့ ထောင်ထဲ ထည့်နိုင်ပီ.."

ထိုအခါ ထားမေမှ ဤ ကျွန်းပေါ် ၌ ထောင်ဆိုသည်ကို မတွေ့မမြင်ဖူး၍ ပြန်၍မေးလိုက်၏.။

" ဟို..ဒီကျွန်းမှာ ထောင်ရှိသေးလို့လား.."

ထိုအခါကြည်ပြာမှ ကြားဝင်၍ပြောပြလေ၏.။

" ဒီကျွန်းမှာ ထောင်ရှိပါတယ် ဒါမဲ့ တရားဝင်ထောင်တစ်ခုဟုတ်မဟုတ်တော့ ကြည်ပြာမသိဘူး အဲဒီထောင်ထဲ ရောက်သွားသူကတော့ အသက်ရှင်လျက်ပြန်ထွက်ဖို့ကတော့ အလွန်နည်းပါးပါတယ်.."

" အင်း. ."

." ဒါမဲ့ ဒီတစ်ချီတော့ သူကြီးနဲ့ပက်သက်ရာပက်သက်ကြောင်း မျက်နှာကြီး အသိုင်းဝိုင်းက ကောင်ကို ညီမတို့ ထောင်ထဲ ထည့်နိုင်မှာ သေချာပါတယ်..ကျွန်းသားတွေကို နိုပ်စက်ထားတဲ့ ဒဏ်တွေ သူတို့ ပြန်ခံရမှာပါ ဘုရားသခင်က ဒီတိုင်းကြည့်နေမှာမဟုတ်ဘူး..."

" ဟင်း........"

ထားမေ သက်ပြင်းရှည်ကြီးအားလေးလေးတွဲတွဲချလိုက်လေ၏. ထိုသက်ပြင်းအရှည်ကြီးထဲတွင် ကျွန်းသူကျွန်းသားတို့၏ လွတ်မြောက်ရေးမတွက် သူမ အစွမ်းကုန် ကြိုးစားကာကွယ်မည်ဟု ဆုံးဖြတ်ချက်လည်းပါဝင်ပီးသာဖြစ်ပေသည်.။ညသည် တဖြေးဖြေးနက်၍ လာခဲ့၏. လသာသော ညတစ်ညဖြစ်၍ ပတ်ဝန်းကျင်သည် မှုန်ဝါးဝါးအလင်းရောင်ရှိ၏ .။

ပြတင်းပေါက်မှ ကျလာသော လ ၏ အလင်းရောင်ဖြင့် အိပ်ထဲတွင် တစ်ဦးနှင့်တစ်ဦးတင်းကြပ်စွာ ဖက်တွယ်ထားကြသည့် ချစ်သူနှစ်ဦး ရှိ၏.။ယောင်္ကျားပျို၏ ဝတ်ထားသော စွပ်ကျယ် ချိုင်းပြတ် အတွင်းသို့ နူးညံ့သော လက်ဖဝါးတစ်စုံမှ ကျယ်ပြန့်သောရင်အုက်ပေါ်ရှိ အမွှေးနုလေးများကို ကျီစယ်ဆော့ကစားနေ၏။

ယောင်္ကျားပျိုသည် သနပ်ခါး ရနံ့သင်းကြိုင်နေသည့် မိန်းမပျို၏ ပါးပြင် မို့မို့လေးသို့ အနမ်းပန်းများ ချိုင့်ဝင်သွားမတတ်ခြွေလိုက်၏ . အရည်လဲ့သော မျက်ဝန်းတစ်စုံပေါ်သို့ ယောကျာၤးပျို၏ ပိရိသေသပ်လှသော နှုတ်ထူထူကြီးများ ကျရောက်လာ၏. ဝင်းမွတ်သည့်အသားရည်သည် လ ရောင်ဖြင့် ဝင်းလက်လျက် င်းဆီဖူးနှုတ်ခမ်းလေးမှ ခပ်ဟဟ လေးဖြစ်၍ နေ၏. အာကာပြင်ကျယ်ရှိလမင်းကြီးကို ကြည့်လျှက်ချစ်သူဆွဲခေါ်ယာ ချောက် နက်ထဲသို့ အေးခနဲကျသွားလိုက် မောကြီးပန်းကြီး ပြန်တတ်လိုက်နှင့် မို့မောက်သော ရွှေရင်စုံတို့သည် လှိုက်ဖိုမောပန်းနေ၏ တစ်ဦးနှင့်တစ်ဦး ခပ်စိမ်းစိမ်း ကြည့်၍ ပါးစပ်ဖြင့်လေကိုရူသွင်းကာ ချစ်ညည်းသံတို့ ချစ်ခွန်းခြွေလျှက် ပန်းဝတ်ရည်တို့ စွတ်ခူး ပျော်ရွင်စွာ ပျားပုတုံးများဝဲပြန်နေတော့၏. အချစ်၏ ပန်းတိုင်သို့ သူနိုင်ငါနိုင်မောကြီးပန်းကြီး အပြိုင်တတ်လှမ်းနေကြ၏.။

ထားမေသည် နားထဲသို့ ရင်ခုန်သံ ဖြင့်ဖော်ကျူးထားသည့် တေးသံသာအချို ဝင်ရောက်လာသဖြင့် မျက်လုံးဖွင့်လျက် နားစွန့်ကြည့်မိ၏.။ထိုနောက် အခန်းတံခါး ခပ်ဟဟ တွန်း၍ အတွင်းသို့ အမှတ်တမှတ်ကြည့်အိလိုက်လေ၏ .။

" အို......."

မိမိအသံကြားသွားမည်စိုးသဖြင့် ပါးစပ်ကို လက်ဖြင့်ပိတ်ခါ ရင်ခုန်နှုန်းကို ထိန်းလျက် ကြောင်၍ ကြည့်နေမိသည်. ချစ်ရေယဉ်ကြောဝယ်စီးမျှောနေကြသူတို့အဖို့ ထားမေအား သတိမပြုမိကြချေ...။

ထားမေသည် သတိချက်ခြင်းဝင်လာ၍ မိမိအိပ်ခန်းဆီသို့ပြန်လာပီး ခုတင်ပေါ် ၌ ပက်လက်လဲလျောင်းလိုက်၏.။သူမ၏ ရွေရင်စုံသည် လ ရောင်၌ မြင်တွေ့ရသောမြင်ကွင်းကြောင့် ဖားဖိုကြီးတစ်ခုလို ရင်ခွင်လှိုင်းတံပိုးတတ်၍ လာလေသည်.။

တဖြေးဖြေး လှိုင်းများငြိမ်သက်သွားသောအခါ ကို သည် ထားမေအား သူ၏ လက်ကြမ်းကြီးများဖြစ် တစ်ကိုယ်လုံးအား ကိုင်တွယ် ပွတ်သပ်နေသည်ဟု မြင်မိလာ၏ ထိုနောက် ကို ၏ အနမ်းကြမ်းကြမ်း များ ထားမေ ၏ ခန္ဓာကိုယ်အနှံ ကူးချည် သန်းချည် ဖြင့်အလုပ်ရူပ်နေ၏. ထားမေ သည်လည်း ရင်တဖိုဖိုဖြင့် အေးသွားလိုက်ပူသွားလိုက်ဖြစ်၍နေစဉ်.သတိဝင်လာပီ မျက်လုံးဖွင့်ကြည့်ရာ ကို မဟုတ်သော အခြားသူတစ်ယေညက်ဖြစ်နေသဖြင့် ကြောက်လန့်စွာဖြင့် ခြေထောက်နှင့် ကန်ချလိုက်၏.။

" ဘုန်း..."

" အု..."

" ဟိတ် ..ဘယ်သူငါအိမ်ထဲ..ဝင်လာတာလည်း...."

ပြောလည်းပြော ဖယောင်းတိုင်ကိုလည်းကောက်၍ ထွန်းလိုက်၏. သို့သော် နောက်ကျသွားချေပီ မဒိန်းကောင်သည် ဖွင့်ထားသော တံခါး ဝမှ အပြင်သို့ ခုန်ချထွက်ပြေးသွားလေ၏.။ထိုစဉ် အခန်းတွင်းသို့ ဂျူအာ တို့ စုံတွဲ ရောက်ရှိလာလေ၏.။

" မထားမေ ဘာဖြစ်တာလည်း.."

" ကျွန်မအခန်းထဲကို လူဝင်လို့ ကို ဂျူအာ..."

" ဟင်..ဟုတ်လား..မမ .."

" မထားမေ ..ဘာဖြစ်သွားသေးလည်း.."

" ဘာမှတော့မဖြစ်ပါဘူး ဒီလူက ကျွန်မကို တသ်ခုခုလုပ်မလို့လာတဲ့ပုံပဲ ကျွန်မ သတိရှိလို့တော်သေးတယ် ဆိုရမယ်.."

" ကဲ ဒါဆိုလည်း ကျုပ်တို့ ဆောင့်ပေးမယ်...မထားမေ စိတ်ချလက်ချအိပ်ပါ .."

" အို..နေပါစေ..ကျွန်မ ဘာမှ မဖြစ်ပါဘူး ရပါတယ်.."

" မထားမေအဆင်ပြေတယ်ဆိုလည်း ပီးတာပါပဲ ကဲကျုပ်တို့ သွားအိပ်တော့မယ်..."

" ကောင်းပါပီရှင်..."

ထားမေရယ်ချင်စိတ်ကို မနည်းထိန်းထားရ၏။.ဂျူအာနှင့်ကြည်ပြာတို့သည် အရေးတကြီးထွက်လာခဲ့သောကြောင့် ပုဆိုးနှင့်ထမိန်မှားဝတ်လာကြသည်ကို ထားမေမြင်သွားခြင်းကြောင့်ဖြစ်သည်.။ထိုညတစ်ညလုံးထားမေ အိပ်၍ မပျော်တော့ပေ ....။

~~~~~~~~~~~

(10)

နောက်တစ်နေ့ နံနက် ၌ ထားမေသည် မုတာအား ခေါ်လိုက်၏.။ထိုနောက် ထားမေ၏ အိမ် ၌ မုတာ . ထားမေ. ရှေ့နေဂျူအာ ကြည်ပြာ တို့ လေးဦး အိမ်၏ဧည့်ခန်း ၌ ခေါင်းချင်းဆိုင် တိုင်ပင်ဆွေးနွေးကြ၏.။ဂျူအာသည် မုတာ အား စေ့စေ့ကြည့်၍ ၎င်း သိလိုသည်များကို ပွင့်ပွင့်လင်းလင်းမေးလေ၏.။

" မုတာ..."

" ရှင်.."

" ဒို့က မုတာ ဘက်ကရပ်တည်ပေးမဲ့ ရှေ့နေတစ်ယောက်ပါ အဲဒီတော့ ဖြစ်ပျက်ခဲ့သမျှကို ဒို့ကို ပွင့်ပွင့်လင်းလင်း ပြောပြပါ အကြောင်းစုံသိမှ ဒို့ ဘက်ဘယ်လို ပြန်ချေပနိုင်မလည်းဆိုတာ စဉ်းစားလို့ရမှာပါ.."

မုတာ ဆိုသော မိန်းမငယ်သည် ဂျူအာ အားကြည့်၍ ရှက်ကြောက်နေဟန်ရှိ၏.ထိုအချင်းရာကိုမြင်သော ထားမေသည် ကြားမှ ဝင်၍ မုတာအား ချော့မော့ ပြောဆိုလေ၏.။

" ဘာမှမရှက်နဲ့ ညီမလေး ကြောက်စရာလဲမလိုဘူး ညီမလေးဘက်မှာ မမတို့ရှိတယ် ဖြစ်ပုံဖြစ်နည်းကိုသာ ရှေ့နေကြီးကို သေချာ ပြောပြလိုက် ပါ.."

ထိုအခါ မုတာမှ ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာပီး တိုးလျသော အသံဖြင့် သူမ အနိုင်ကျင့်ခံရပုံကို ပြောပြလေ၏.။

" အဲနေ့က မုတာ တောထဲ ထင်းခုတ်သွားသယ် အဲဒီမှာ လူသုံးယောက် ရောက်လာသယ် တစ်ယောက်ကိုတော့ သိသယ် ကျန်သူနှစ်ယောက် မုတာ သိဖူး..မုတာ သိတာကလည်း ကိုတား ဖြစ်နေလိုဖဲ ..ကိုတား က ခြုံစပ်ထဲ တွန်းချပီး ဟိုဟာ လုပ်သယ် မုတာ ရှက်လယ် ခု မုတာ ကြောက်သယ်..."

ထိုအခါ ရှေ့နေဂျူအာ က ကြားဖြတ်၍ မေးလိုက်၏.

" မုတာ အမေ ဒီကိစ္စသိလား.."

" သိသယ် နို့ ..သူပြောရဲဖူး .."

" ဘာကြောင့်လဲ.."

" သူ ယောင်္ကျားး သူကြီးတူကိုကြောက်လို့ .."

" အင်း..ဟုတ်ပီ အဲဒီမှာ မျက်မြင်သက်သေ ဘယ်သူတွေ့သေးလဲ.."

မုတာသည် ခတ္တမျှစဉ်းစားပီး ၌ တစ်ခုခုအားသတိရသွားဟန်ဖြင့် ဂျူအား အား ပြောလေ၏.။

" ရှိသယ်...ရှိသယ်..မုန်းကူး..ရှိသယ် ..."

" မုန်းကူး..ဆိုတာ ဘယ်သူလဲ.."

ထိုအခါ ကြည်ပြာမှ ဝင်၍ ဂျူအာ ကိုရှင်းပြလိုက်၏.။

" မုန်းကူ ဆိုတာ အနောက်ဘက်မှာနေတဲ့ မုတာ အကိုတစ်ဝမ်းကွဲပါ သူမြင်တွေ့ခဲ့တယ်ဆိုရင် သက်သေရပီကို ..မုန်းကူကို အခေါ်လွတ်လိုက်မယ် ..."

" အဲဒါကောင်းတယ် ကြည်ပြာ ခုအချက် မုန်းကူး ကို သွားခေါ်လိုက်ပါ.."

ထိုနောက် ရွာထဲရှိ ရွာသားတစ်ယောက် အား အနောက်ဘက်ကျွန်းတော၌ နေထိုင်သော မုတာ ၏ အကို မုန်းကူး အား အခေါ်လွတ်လိုက်လေသည်. တိတ်တဆိတ်ခေါ်ဆောင်လာရန်လည်း မှာကြားခဲ့၏.။မုန်းကူး ရောက်လာချိန် ၌ နှမဖြစ်သူ မုတာ အားမြင့်တွေ့သောအခါ အံ့အားသင့်၍နေ၏.။

" မုတာ...နင် ဘယ်လိုလုပ်ဒီရောက်..."

မုတာ မှ အကိုဖြစ်သူ မုန်းကူး အား အားကိုးတကြီးဖြင့် ဝမ်းသာအာရပြန်၍ပြော၏.။

" ငါ ကိုတားကို တရားစွဲတော့မယ်..."

" ဘယ်လို ကိုတား ကို တရားစွဲမယ်ဟုတ်လား..မဖြစ်နိုင်တာ..ကိုတား တို့က ကျွန်းသူကြီးနဲ့ ဆွေမျိုးမကင်းဘူး ပီးသော့ သူရဲ့မိဘတွေကလည်း ကျွန်းသူဌေးတွေရယ် စဉ်းစဉ်းစားစားလဲ လုပ်ပါညီမလေးရယ်.."

ထိုအခါ ထားမေမှ..မုန်းကူးအား စေ့စေ့ကြည့်၍ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်၍ပြောလိုက်သည်.။

" ငါ့ မောင် စိုးရိမ်တာကို မမ မပြောလိုပါဘူး စိုးရိမ်မယ်ဆိုလည်း စိုးရိမ်ချင်စရာအခြေနေကို ဒါမဲ့ မမ ကိုယ်တိုင် ဒီအမှူကို ရင်ဆိုင်ပေးမှာပါကွယ် ငါ့မောင်အနေနဲ့လည်း မမတို့ကို ကူညီပေးစေချင်သယ်..."

ထိုအခါ ရှေ့နေဂျူအာ ကပါ မုန်းကူးအား ဝင်ရောက်ရှင်းပြလေ၏.။

" ဟုတ်ပါတယ် ငါ့ညီ ဒီအမှုကို ဟောဒီက မုတာ ဘက်ကနေ အကို ကိုယ်တိုင် ရှေ့နေလိုက်ပေးမှာပါ မပူပါနဲ့ အကို အစွမ်းကုန်ကြိုးစားပေမယ် နောက်ပီး အကို အနေနဲ့ အခကြေးငွေမယူပဲ စေတနာ အရှေ့ထားပီး ကူညီမှာပါ .."

ထိုအခါ မုန်းကူးမှ ဝမ်းသာလွန်း၍ မျက်ရည်များပင်စို့၍တတ်လာလေ၏. ထားမေ နှင့် ဂျူအာ တို့နှစ်ဦး၏ မျက်နှာကိုလည်း အားကိုတကြီး ကြည့်လေ၏.။

" ကျေးဇူး တင်ပါတယ် ဆရာတို့ရယ် ဆရာတို့ရယ်ကျေးဇူးကို ကျုပ်မမေ့ပါဘူးဗျာ မုတာ ဟာ မိဘမေတ္တာ မဲ့သူတစ်ဦးပါ ကံတိုးချင်တော့ခုလိုအဖြစ်မျိုးနဲ့မှ ဘုရားသခင်က ရက်စက်လိုက်တယ်ဗျာ ..အဲဒီနေ့က ကျုပ်ညီမလေးကို ကျုပ်မကူညီနိုင်ခဲ့ဘူး ဆရာတို့ရယ်.ဟင့်..ဟင့်.."

ပြောရင်း မုန်းကူး မျိုသိပ်မထားနိုင်စွာ ငိုချလိုက်လေသည်.။ထိုနောက် ဂျူအာမှ မုန်းကူး၏ ပခုံးပေါ်သို့ လက်ဖြင့် ဖြေးဖြေးပုတ်၍ အားပေးနှစ်သိပ်လေ၏.။

" ဒီလိုပါပဲ ငါညီရာ ကဲအခု ငါညီငါညီမတွေအနေနဲ့ ဘာမှအားမငယ်နဲ့တော့ အားလုံးကိုဒို့ ကျော်ဖြတ်ကြမယ် ငါညီအနေနဲ့က အကို ကို တစ်ခုပဲ ကူညီ.အဲဒါက အခင်းဖြစ်ပွားချိန်မှာ မျက်မြင်သက်သ အနေနဲ့ ကိုယ်မြင်တဲ့အတိုင်း တရားရုံးမှာ လျှောက်လွဲချက်တင်ပေးဖို့ပဲ လုပ်နိုင်မလား.."

" သိပ်လုပ်နိုင်တာပေါ့ ဆရာ ဒါဟာ ဘုရားသခင်က ကျုပ်ညီမလေးကို နောက်ဆုံးအခွင့်ရေးပေးတာပဲ ကျုပ် ဒီအခွင့်ရေးကို အရယူပြမယ် ဆရာ..."

ထိုနောက် ချိန်းဆိုထားသော နေ့လည်မွန်းတည့်ချိန်သို့ရောက်ရှိလာကြလေ၏. ထားမေတို့အိမ် ၌ ပင် အားလုံး ထမင်းစားပီး တရားရုံးရှိရာ သူကြီး၏ ခြံဝန်း ဘက်သို့ တက်ကြွသောခြေလှမ်းများဖြင့် ထွင်လာကြလေ၏. အာလုံး၏ရင်တွင်း ၌ တရားရေး ရင်ဆိုင်ဖို့ ကိုယ်စီ ကိုယ်စီ အဆင့်သင့်ဖြစ်နေကြပီဖြစ်သည်.။

သူကြီး၏ ခြံဝန်းသို့ ရောက်ခါနီးအလို ၌ မုတာ ၏ အမေ မူခေါ ဆိုသည့် အသက် ၆၀ အရွယ်အမယ်အိုတစ်ဦးသည် တောင်မွှေးတစ်ချောင်းအား လက်မှကိုင်လျက် မုတာတို့လာရာလမ်းမှဖြတ်၍ တားလေ၏.။

" မုတာ.."

" ဟင် အမား..."

" နင်သိပ်မိုက်တယ်...ကိုတား ကို ဒီလိုလုပ်လို့မရဘူးဆိုတာ နင်မသိဘူးလား...ခုသူကြီးခြံထဲမှာ ရဲတွေကော ရှေ့နေတွေပါ ရောက်နေကြပီး ဒီကိစ္စ သူကြီးကိုအသနားခံပီး ကိုတား ဆီ က လျော်ကြေးတောင်းရင် ရတဲ့ကိစ္စ ခုတော့ ရုံးရောက် ဂတ်ရောက်ဖြစ်တော့မယ် နင်သိပ်မိုက်တယ် မုတာ..."

ထိုအခါ ထားမေမှ ကြားဝင်၍ ပြောလိုက်၏.။

" အမေကြီး ရဲ့သမီးဟာ အဓမ္မကျင့် ခံရတာပါ ခုလိုလျော်ကြေးရယုံလောက်နဲ့ ဒီမိန်းခလေးရဲ့ ဘဝ နဂိုတိုင်းပြန်မဖြစ်သွားနိုင်ပါဘူး အမေ ဒါပြင် တရားဥပဒေဆိုနာ ရှိပါတယ် အပြစ်ရှိတဲ့သူကို ဒဏ်ပေးရမှာ သဘာဝပါ အမေ.."

" ဒီ ကိစ္စ နင်ဝင်ပါလို့ ငါ ဘိန်းမရူရတော့တာ တကယ်ဆိုရင် ကိုတားဆီက ရောကြေးရရင် ငါ ဆေးရူ နိုင်ပီ "

ဟုပြောကာ ထားမေတို့အား ကျောခိုင်း၍ ပြန်ထွက်သွားလေ၏. ထားမေသည် စိတ်မကောင်းစွာဖြင့် အမေအိုကြီးအား ကြည့်နေမိသည် သူကြီးဦးမော်သည် ကျွန်းသားများအား သူ၏ အာဏာတည်မြဲ ရန်အတွက် မည်မျှပင် ဖျက်ဆီးထားလေသနည်း....။

သူကြီးခြံဝန်းတွင်းသို့ ဝင်လိုက်သည်နှင့် ရဲတပ်သား အချို့နှင့် ရှေ့နေသုံးယောက် သူကြီးအိမ်ရှေ့ ကွတ်ပစ်ပေါ်၌ ဝိုင်းဖွဲ့ ၍ ထိုင်နေသည်ကိုတွေ့လိုက်ရ၏. ထိုပြင် ဂိုဒေါင် ထဲ ရှိ တရားရုံး ထိုင်ခုံများတွင်လည်း ကျွန်းသူကျွန်းသားများစွာ ထိုင်လျှက်ရောရှိနေကြပီဖြစ်သည်..၎င်းရွာ၌ ဤသို့သော တရားယဉ်ဆိုင်ပွဲများသည် ကြည့်ရခဲ၏ ထိုပြင် ထားမေ၏ သတ္တိကိုလည်း လေးစားကြည်ညိုနေကြပီဖြစ်သည်.။

ထားမေ တို့သည် တရားရုံးရှိရာ ဂိုဒေါင်ဘက်သို့ ဦးနည်၍ လျှောက်သွားလေသည်.။

ထားမေတို့၏ နောင်မှ သူကြီး ဦးမော် နှင့် သူ၏ ကတော် ဒေါ်မြင့် အပါဝင် သူ၏သားဖြစ်သူ ဖိုးမောင် ဇနီး ဒေါ် ခင်ထား နှင့် တကွ မြေးဖြစ်သူ ဖိုးစည် နှင့် သူ၏ ဆွေမကင်းမျိုးမကင်းသူငယ်ချင်းဟုဆိုသူ တရားခံ ကိုတား အပါဝင် ကိုတား၏ မိဘ နှစ်ပါးလည်း ပါလေ၏. ထိုပြင် ခေါ်ဆောင်ထားသာ အနောက်ဘက်ကျွန်းမှ ရှေ့နေ စံပ ရှေ့နေ မင်းခ တရားသူကြီး ဒေါ်ဆွေမြင့် စသည့် ရှေ့နေများလည်း ပါလေ၏ . ၎င်းတို့၏နောက်မှ မိန်းခလေးအား ကိုယ်ထိလက်ရောက်ဖမ်းဆီးစော်ကားသူ ရဲ နှစ်ဦးလည်း ရှေ့နောက်ဆိုသလိုပင် တရားရုံးခန်းမတွင်သို့ ရောက်ရှိလာလေသည်.။

တရားသူကြီး သည် အမှူအားစစ်ဆေးရန်နေရာပေးထားသည့် အလယ်ဗဟို ရှိ ထိုင်ခုံ ၌ ထိုင်လိုက်၏ . ထိုထိုင်ခုံသည် ဧည်ပရိတ်သတ် အရှေ့မှောက်သို့ လှည့်ထိုင်ရသောခုံဖြစ်၏. ရှေ့၌ တရားရေး စားပွဲနီခုံကြီးတစ်ခုရှိ၏ ထိုစားပွဲပေါ်၌ ချိန်ခွင် တစ်ခုအား တရားရေးစောင့်နတ်သမီးပျိုမှာ ကိုင်ထားဟန်ပြုသည့် ပန်းပုရုပ်ထုတစ်ခုရှိလေသည်. ထိုပြင် စားပွဲပေါ်၌ လျှောက်လွဲချက်ရေးထားသည် စာစောင်များ နှင့် အမိန့်ချချိန် နှင့် အငြင်းပွားချိန်တွင် ထု ရသည့် သစ်သားတုတစ်ခု ရှိသေးသည်.။

တရားခံ ရှေ့နေ နှစ်ဦးသည် တရားသူကြီး ၏ လက်ဝဲဘက် ရှိထိုင်ခုံ ၌ ထိုင်ရ၏ သူတို့၏ ဘေးတွင် လက်နိုပ်စက်ဆရာတစ်ဦးလည်းရှိလေ၏ .တရားလို ရှေ့နေ ဂျူအာ သည် တရားသူကြီး၏ လက်ယာဘက်ထိုင်ခုံတွင် ထိုင်ရလေ၏.။ထိုပြင် တရားခံ သက်သေ တရားလိုသက်သေ များကို စစ်မေးခေါ်ယူ ရန်တွက် သစ်သားဖြင့်ကာရံထားသော နေရာတစ်ခုလည်းရှိသည် ရှေ့နေမှ စစ်မေးလျှင် ထိုနေရာမှ မက်တတ်ရပ်ဖြေဆိုရလေ၏.။

သူကြီးဦးမော တို့မိသားစုနှင့်တရားခံ မိသားစုတို့သည် အရှေ့ဘက်ရှိ လက်ဝဲဘက်ထိုင်ခုံများ ၌ ထိုင်ရပီး ထားမေတို့ တရာလို အုပ်စုသည် အရှေ့ဘက်ရှိ လက်ယာဘက် ထိုင်ခုံများ၌ ထိုင်ရလေ၏.။တရားစီရင်ရေး စတင်ပီဖြစ်သည်..။

~~~~~~~~~~~~~~~~~~~~~~~~~

(11)

တရားစီရင်ရေး စတင်ချိန် ၌ တရားသူကြီးမှ ရှေ့နေ သုံးဦးအားရှေ့သို့ ထွက်ခိုင်းပီ အနီရောင် သစ်သားချပ်တစ်ခုအား လက်မှ ကိုင်၍ ကျမ်းကျိန် ခိုင်းလေ၏.။

ထိုသို့ပြုလုပ်ပီးသောအခါ တရားသူကြီးများ ကိုယ့်နေရာကိုယ်ပြန်၍ထိုင်စေ၏. ထိုနောက် တရားခံအား ခေါ်ထုတ်လေ၏. တရားခံဖြစ်သူ ကိုတားသည် မတ်တပ်ရပ်လျှက် လျှောက်တင်ရသောနေရာ ၌ ရပ် ရလေသည်.။ထိုနောက် တရားလိုရှေ့နေ ဂျူအာ မှ တရားခံအား ကျမ်းကျိန် ခိုင်းလေ၏. ၎င်းမှ အရှေ့ကတိုင်ပေးခြင်းဖြစ်သည်. ပီးနောက်တရားခံ အား စတင် စစ်ဆေးလေတော့၏.

" တရားသူကြီးမင်းခင်ဗျာ ဟောဒီက တရားခံ မောင်ကိုတား အား စတင် စစ်ဆေးပါတော့မယ် ခင်ဗျာ.."

ဟုဆိုကာ တရားသူကြီးအား အရိုသေပေး၍ ကိုတားဘက်သို့လှည့်ကာ စတင်စစ်ဆေးလေတော့၏.။

" မောင်ကိုတား ဟာ တရားလိုဖြစ်သူ မမုတာ ကို တောထဲ ထင်းခုတ်သွားချိန်မှာ အဓမ္မပြုကျင့်တယ်ဆိုတာ ဟုတ်ပါသလား..."

ကိုတား သည် အေးဆေးတည်ကြည်စွာပင်ပြန်၍ဖြေ၏.။

" အဓမ္မကျင့်တယ်ဆိုတာ ဟုတ်ပါတယ် ဒါပေမဲ့ အဲဒီနေ့က အထမမြောက်ခဲ့ပါဘူး..."

" ကောင်းပီ မောင်ကိုတား အနေနဲ့ ဒီလိုဘာကြောင့်ပြောနိုင်ပါသလဲ ..."

" အဲဒီနေ့က ကျုပ်ချစ်သူ မိပေါ အမှတ်နဲ့ နောက်ကနေ သိုင်းဖက်ခဲ့ပါတယ် ဒါပေမဲ့ မိပေါ မဟုတ်ပဲ မုတာဖြစ်နေတာကိုသိသိချင်းမှာ ပြန်လွတ်ပေးခဲ့ပါတယ် အဲဒီလိုပြန်လွတ်ပီးပီးချင်း မုတာက သူသယ်ဆောင်လာတဲ့ ထင်းချောင်းနဲ့ ကျုပ်ကိုရိုက်ခဲ့ပါတယ်.."

ကိုတား ၏ ခေါင်းတွင် ပတ်တီး တန်းလန်းဖြင့်ဖြေဆိုနေခြင်းဖြစ်၏.။

" ကောင်းပီ ဒါဆို တစ်ခုထပ်မေးမယ် မောင်ကိုတား အဲဒီနေ့က တောထဲက အရက်ဆိုင်မှာ အရက်ဝင်သောက်သွားတယ်လို့ အရက်ဆိုင်ရှင် ဦးကာလိ က သက်သေဆိုထားတာရှိပါတယ် အဲဒါ ဟုတ်ပါသလား. "

" ဟုတ်ပါတယ် ကျုပ်အဲဒီနေ့က အရက်သောက်ခဲ့ပါတယ် ဒါမဲ့ လူစိတ်ပျောက်အောင်မသောက်ခဲ့ပါဘူး ..."

" ကောင်းပါပီ တရားသူကြီးမင်းခင်ဗျာ ဒီလူငယ်ဟာ အရက် သောက်ပီး တောထဲ လာတဲ့အခါ အရက်ဆိုတာမျိုးက သိပ်ကိုကြောက်စရာကောင်းပါတယ် လူ ရဲ့စိတ်ကို ပြောင်းလဲနိုင်စွမ်းလည်းသူ့မှာ ရှိပါတယ် အရက်သောက်ပီးတဲ့သူဟာ အရက်အမူးပြေတဲ့အခါမှာ မိမိလုပ်ခဲ့သမျှကို မှတ်မိနိုင်စွမ်းအလွန်တရားမှနည်းပါးပါတယ် သို့ဖြစ်ပါ၍ အရက်မူးနေသူတစ်ယောက်အနေနဲ့ မိန်းခလေးတစ်ယောက်ရဲ့အပေါ်မှ ပြစ်မှူကျူးလွန်ခြင်းအထမမြောက်ခဲ့ဘူးဆိုတဲ့ အကြောင်းပြချက်ဟာ ခိုင်လုံမှုနည်းပါးနေတာတွေ့ရပါတယ် ခင်ဗျာ သို့ဖြစ်ပါ၍ တရားခံ မောင်ကိုတား ဟာ ပြစ်မှူတစ်စုံတစ်ရာ အထမြောက်ကျူးလွန်ခြင်းမရှိဘူးဆိုတာ မှန်ကန်မှူ့မရှိကြောင်း ထွက်ဆိုပါရစေ...."

ထိုနောက် တရားခံ ရှေ့နေ စံပ အား တရားကို မေးမြန်းစစ်ဆေးခွင့်ပြုပြန်၏.။

" လေးစားအပ်ပါသော တရားသူကြီးမင်းခင်ဗျာ တရားခံ မောင်ကိုတားအပေါ် ထွက်ဆိုထားတဲ့ ရှေ့နေကြီး ရဲ့ စကားကို အရင်ဆုံး ကန့်ကွက်ပါတယ် ခင်ဗျာ.."

" မောင်ကိုတား....ဟာ မိဘဆွေမျိုး အသိုင်းဝိုင်းကြီးထဲကငွေကြေးအင်းအားတောင့်တင်းသူတစ်ယောက်ဖြစ်ပါတယ် ဒါပြင် ဂုဏ်သရေရှိအသိုင်းဝိုင်းမှ တင်းသက်လာသူ ဖြစ်တဲ့တွက်ကြောင့် ဤ သို့သော ပြစ်မှူမျိုးကို ကျူးလွန်ဖို့ဆိုတာ အင်မတန်မှ ခဲယင်းပါတယ် ဒါပြင် လူငယ်တစ်ယောက်အနေနဲ့ သောက်စားပျော်ပါးတယ်တိုတာလည်း သင့်တင့်လျောက်ပက်စွာ လူကျင့်ဝတ်နဲ့အညီ ပြုမူဆောင်ရွက်ခြင်းဖြစ်ပါတယ် ခုန က ရှေ့နေကြီးပြောသွားတဲ့ အရက်မူးရင် ဘာမဆိုဖြစ်တယ်ဆိုတဲ့ စွတ်စွဲချက်ဟာ ခိုင်လုံမှုမရှိဘူးလို့ ဆိုချင်ပါတယ်..တရားသူကြီးမင်းခင်ဗျာ အရက်သောက်တိုင်း မိန်းခလေးမှန်သမျှ ကို ပြစ်မှူကျူးလွန်နေမယ်ဆိုရင် ဘယ်မိန်းခလေးမှ အပျို ဖြစ်မှာမဟုတ်ကြပါဘူး အရက်သောက်တိုင်း လည်း ပြစ်မှူကျူးလွန်ပါတယ်လို့ တရားသေ သက်မှတ်ခွင့်မရှိပါဘူး ဒါကြောင့် ရှေ့နေကြီးရဲ့ လျှောက်လဲချက်အား အမှူအကြောင်းအရင်း တစ်စုံတစ်ရာကို ဃဂနက မသိနိုင်ဘူးလို့ ဆိုရပါလိမ့်မယ်."

ထိုနောက် တရားခံ ကိုတားအား ပြန်၍ ထိုင်စေပီး တရားလိုဖြစ်သူ မုတာ အားခေါ်ဆိုလိုက်၏. ထိုနောက် တရားလိုဖြစ်သူမိန်းခလေးအား စစ်ဆေးရန်အတွက် တရားခံရှေ့နေ မင်းခ မှ မိန်းခလေးအား ဦးစွာ ကျမ်းသစ္စာကျိန်ဆိုစေ၏. ပီးနောက် ၎င်း မှ တရားသူကြီးအား အရိုသေပြုကာ မုတာဘက်သို့လှည့်၍ စတင်စစ်တေးလေ၏.။

" အခင်းဖြစ်ပွားရာ ညနေပိုင်းအချိန်က မမုတာ အနေနဲ့ အခင်းမဖြစ်ပွားမှီတောထဲ ကိုတစ်ယောက်ထဲ လာခဲ့တယ်ဆိုတာ ဟုတ်ပါသလား .."

" ဟုတ်ပါတယ်.."

" ကောင်းပီ ဒါဆိုကြောင့် တောထဲကို တစ်ယောင်ထဲ လာပါသလဲ အဖော်ကောခေါ်မလာဘူးလား..."

" အဲဒီနေ့က အမား ခုတ်ခိုင်းတဲ့ သနပ်ခါးပင်ဆေးမြစ်တူးဖို့သွားပါတယ် ပီးတော့ နေဝင်ခါနီး နေ့လည်ပိုင်းကလှမ်းထားတဲ့ ထင်းတွေကို ရုပ်သိမ်းပါတယ်...အဖော်မခေါ်ပါဘူး ကျွန်မတစ်ယောက်ထဲ လာခဲ့တာပါ..."

" ဒါဆို ထင်းတွေက အစောထဲက ခုတ်ပီးသားတွေပေါ့ ဟုတ်ပါသလား..."

" ဟုတ်ပါတယ် မွန့်တည့်ချိန်က ခုတ်ထားတာပါ.."

" ဘယ်သူခုတ်တာလည်း.."

." ကျွန်မ ခုတ်တာပါ.."

." ကောင်းပီ အဲဒီထင်းတွေက စိုက်ဖို့ပြုဖို့ထက် ရောင်းဖို့ ခုတ်လာတယ်ဆိုတာကော ဟုတ်ပါသလား..."

" ဟုတ်ပါတယ်.."

" ဘာတွက်ရောင်းချင်တာလည်း...."

" ဟို..ဟို...ကျွန်မ အကြွေး ဆပ်ဖို့တွက်ပါ ."

" ကောင်းပါပီ တရားသူကြီးမင်းခင်ဗျာ ...မမုတာ ဟာတောထဲကို အချိန်မရှိ မှ တစ်ယောက်ထဲ သွား ခဲ့ပါတယ် နောက်ပီး မမုတာရဲ့ထွက်ဆိုချက်မှာ တရားခံမောင်ကိုတားပင်မရောက်ရှိချိန်မွန်းတည့်ချိန်ထဲက ထင်းတွေကို ခုတ်ထားတာဖြစ်တယ်လို့ ထွက်ဆိုပါတယ် နောက်ဆုံးအချက်ကတော့ မမုတာ တင်တဲ့အကြွေးတွေဟာ တရားခံဖြစ်သူ မောင်ကိုတားအပေါ်မှာ တင်ရှိတဲ့ အကြွေးတွေဖြစ်တယ်လို့ စုံစမ်းသိရှိထားပါတယ် ဒါကြောင့် မမုတာ ဟာ တရားခံမောင်ကိုတား ကို အကြွေးမတပ်ချင်လို့ ယခုလို လီဆယ်တိုင်းတယ်လို့ မှတ်ချက်ပြုလျှောက်တင် ပါတယ်..".

" အို...မ...မ.မဟုတ်ရပါဘူး...တရားသူကြီးမင်းရှင်..."

" ဒုန်း..ဒုန်း...တရားရုံးမှာ ဆူညံ့ မှု ခွင့်မပြုပါဘူး..... "

ထိုနောက် တရားလို ရှေ့နေ ဂျူအာ အား စစ်မေးခွင့်ပြုလေ၏.။

" မမုတာ ဟာ တောထဲကို နေ့လည်ပိုင်းအချိန် သွားတယ်ဆိုတာ ဟုတ်ပါသလား"

" ဟုတ်...ဟုတ်ပါတယ်.."

" မမုတာ အိပ်ပြန်ချိန် ထင်းစည်း ထမ်းပြန်လာတော့ ကိုတား အပါအဝင် လူသုံးယောက်အနားကို ရောက်လာတဲ့အခါ အရက်နံ့ ရရှိပါသလား.."

" ဟုတ် ရပါတယ်..."

" လူသုံးယောက်အနက် တရားခံ ကိုတား ဟာ မမုတာမှန်း သိပါသလား..."

" သိပါတယ် သူကိုယ်တိုင်ပဲ ကျွန်မနာမည်ကို ခေါ်ပီး ချစ်ရေးဆိုခဲ့ပါတယ်..."

" တရားသူကြီးမင်း ခင်ဗျား တရားခံဟာ မမုတာမှန်း သိတယ်ဆိုထဲက အရမ်းကြီးလူစိတ်ပျောက်အောင်မူးခြင်းမရှိပါဘူး ဒါ့ပြင် ချစ်ရေးဆိုခဲ့ တယ်ဆိုတဲ့အချက်ကိုထာက်ကြည့်ရင် မမုတာကို တစ်ဖက်သတ်ကြိုက်နေသူ ဆိုလျှင်မှားမည်မထင်ပါ."

" မမုတာ အနေနဲ့ကကော ကိုတားကို ပြန်ကြိုက်ခဲ့ပါသလား...".

" မကြိုက်ပါဘူး သူနဲ့ကသူငယ်ချင်းလိုပင်မနေခဲ့ပါဘူး. "

." ကောင်းပါပီ တရားသူကြီးမင်း ခင်ဗျာ တရားခံနဲ့ မမုတာ ဟာ သူငယ်ချင်းပင်မဟုတ် ပဲ သူစိမ်းအဆင့်ပဲရှိခဲ့ပါတယ် မောင်ကိုတား ကပဲ တစ်ဖက်သတ်ကြိတ်ကြိုက်နေသူဖြစ်ပီး အကြွေး ကိစ္စကြောင့်လီဆယ်ပြောဆိုခြင်းဆိုတာထက် အချစ်ရေးကိစ္စကြောင့် အလိုမတူပဲ အဓမ္မသိမ်းပိုက်တာ ဖြစ်တယ်လို့ လျှောက်တင်ပါရစေ."

ထိုနောက်တရားသူကြီးမင်းမှ ထမင်းစား နားရန်အတွက် ခတ္တ နားချိန်ပေးကာ ရုံးဆင်းခွင့်ပြုလိုက်၏.။သူကြီးဦးမော်သည် တရားစီရင်ရေးအား ယနေ့နေ့လည်၌ အပီးသတ်စီရင်ချက် ချရန် အမိန့်ထုတ်ထားပုံရ၏.။

ထိုနောက် ဒုတိယပိုင်း ၌ သက်သေဖြစ်သူ ကိုတား၏ သူငယ်ချင်းများ အားမေးမြန်းလေ၏ . ဖြေဆိုမှုများသည်လည်း သူဘက်ကိုယ့်ဘက် အသာစီးသာပြောနေကြ၏. ထိုစဉ်အချိန် ၌ ထားမေ အားမေအားမေးမြန်းလေ၏ . ထားမေ၏ လျှောက်တင်ချက်များတွင် ရဲ စည်းကမ်းနှင့်မကိုက်ညီသော အပြုမှုများကိုလည်း ထောက်ပြပြောဆိုချေပသွားခဲ့၏ .။

တရားခံ ရှေ့နေများသည် မျက်မြင်သက်သေ မုန်းကူးအား စစ်မေးပြန်၏ မုန်းကူးမှ ၎င်း တွေ့မြင်နေရသည်များအား အမြင်တိုင်း တရားရုံးသို့လျှောက်တင်၏ သို့သော် ခိုင်လုံသော အထောက်ထားမရှိဟုဆိုကာ တရားခံရှေ့နေများက ကန့်ကွက် ပြောဆိုချေပလေ၏. အကိုတစ်ဝမ်းကွဲဖြစ်သည့်အပြင် ယောကျာၤးသားတစ်ယောက်အနေဖြင့် မိမိနှမ အားဝင်ရောက်မကယ်ဆယ်နိုင်ခြင်းသည် တရားခံများနှင့်အလိုတူအလိုပါ ပူးပေါင်းကြံစည်လိုသောကြောင့်ဟု၍ ကန့်ကွက်လေ၏.။

နောက်ဆုံး ၌ ထားမေ သည် တရားသူကြီးအား မိမိတို့ဘက်မှ သက်သေတစ်ခြားတစ်ယောက်အား ထပ်မံလျှောင်တင်ခွင့် ပြုရန် အသနားခံလျှောက်တင်စာပြု၏. တရားသူကြီးမင်း က လည်း ခွင့်ပြုလေ၏.။

ထိုကြောင့် အမိန့်မချမှီ နောက်ဆုံးအချိန် ၌ မည်သူမျ ထင်မှတ်မထားသည့် သက်သေတစ်ယောက်အား ခေါ်ထုတ်လိုက်လေ၏. ထိုသူဝင်ရောက်လာသောအခါ သူကြီးမင်းအပါဝင် တရားခံ ဘက်မှရှေ့နေများ ပါ အံ့အားသင့်ကုန်ကြလေ၏. ၎င်းသည်အခြားလူမဟုတ်ပေ ကိုတား ထွက်ဆိုခဲ့စဉ် ၌ တောထဲတွင် သူ၏ချစ်သူ မိပေါနှင့် ချိန်းဆိုထားသည့် အချက် ပါဝင်လေ၏ .ထိုကြောင့် ထမင်းစားချိန် ၌ မိပေါအား ထားမေမှ အခေါ်လွတ်လိုက်ခြင်းဖြစ်သည်. သူကြီးမင်းတို့လူစုသည် မိပေါ ခရီးထွက်သွားသည့်ဟု ထင်မှတ်ထား၍ လိမ်လည်ပြောစိုခဲ့ခြင်းဖြစ်သည် . သို့သော် မိပေါမှာ ခရီးထွက်မည့်စဲစဲ မှ ယင်းအမှူကိစ္စအား ကြား ၍ မထွက်သေးပဲ အခြေနေအားတိတ်တဆိတ်စောင့်ကြည့်နေသူဖြစ်သည်.။

ဂျူအာ မှ မိပေါအား စစစ်လေ၏.။

" ကဲ မိပေါ..မိပေါဟာ ကိုတား နဲ့ ချစ်သူတွေ ဆိုတာ ဟုတ်ပါသလား.."

" ဟုတ်ပါတယ်..."

" ကောင်းပီ ဒါဆို အခင်းဖြစ်တဲ့ လဆန်း ၅ ရက်နေ့ ညနေ့က ကိုတားနဲ့တောထဲမှာ ချိန်းဆိုထားတယ်ဆိုတာကော ဟုတ်ပါသလား.."

" ကျွန်မတို့ ဟာ ချစ်သူ ဖြစ်ပေမဲ့ အခု ချိန်းဆိုခြင်းတစ်စုံတစ်ရာ လုံးဝ မရှိခဲ့ပါဘူး..."

" သူညာနေတာ..."

တရားခံ ကိုတားမှ ဒေါသတကြီးလှမ်းပြောလိုက်ခြင်းပင်ဖြစ်သည်.။

" ဒုန်း. ဒုန်း...တရားရုံးမှာ ဆူညံ့မှု့ခွင့်မပြုပါဘူး..."

ထိုနောက် ရှေ့နေဂျူအာ မှ ထပ်၍မေးမြန်းလေ၏.။

" ကောင်းပီ ဒါဆိုရင် အဲဒီနေ့က တောထဲမှာ ချိန်းဆိုထားခြင်းမရှိ ဘူးဆိုတာ အမှန်ပေါ့.."

" အမှန်ပါ...ကျွန်မက မိကောင်းဖခင်သားသမီးတစ်ယောက်ပါ အခုလိုမျိုး နှစ်ကိုယ်ကြားတွေ့ဖို့တွက် အများကြီးစဉ်းစားရပါတယ် ဒါကြောင့် မလာခဲ့ခြင်းဖြစ်ပါတယ်.."

" တရားသူကြီးမင်းခင်ဗျာ..မိပေါရဲ့ လျှောက်တင်ချက်မှာ တရားခံ ကိုတား ရဲ့ လျှောက်တင်ချက်နဲ့ လုံးဝကို ကွဲပြားနေပါတယ် ဒီ တွက်ကြောင့် တရားခံ ကိုတား ဟာ မုတာ လာမဲ့လမ်းကို အစောကြီးထဲကြိုသိနေသူတစ်ဦးဆိုတာ ငြင်း၍မရနိုင်ပါ မုတာအနေနဲ့လည်း အမျိုးသမီးတို့အပေါ်အလိုမတူပဲအကြမ်းဖက်ခံရင်အသက်နဲ့အရှက်တွက် ကာကွယ်ပိုင်ခွင့်ပြုထားပီးသားဖြစ်ပါတယ် ထိုတွက်ကြောင့် မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များနှင့်အညီ တစားခံကိုတားဟာ ပုဒမ ၃၇၆ အရ အဓမ္မမှူ မြောက်ကြောင်းလေးစားစွာ လျှောက်တင်အပ်ပါသည်."

ထိုနောက်တရားသူကြီးမင်းသည် အမိန့်ချရန်အတွက် အချက်လက်ပုဒ်မပုဒ်ခွဲရေးသားသည့် များကိုထောက်ရူ့၍ အပီးသတ်အမိန့်အားချမှတ်လေ၏.။

" အမိန့်...."

အားလုံးမတ်တပ်ရပ် ကုန်ကြပီဖြစ်သည်.။

"ကျွန်းတော ရွာ နေ အဖ ဦးတာခရို ၏ သား တရားခံ မောင်ကိုတားသည် ပုဒ်မ ၁/ ဃ . ပုဒ်မ ၃၇၆ အရ ပြစ်မှူကျူးလွန်ကြောင်း ထင်ရှားပါသဖြင့် ထောင်ဒဏ် တစ်နှစ်ကျခံစေရန် ရုံးတော်မှ အမိန့်ချလိုက်သည်.."

သူကြီးမင်းတို့၏ မျက်နှာသည် ပြုံးယောင်သမ်းသွားကြ၏.။

" အို..."

" ဟင်..."

" ဟာ...."

တရားရုံးမှ ပြန်၍ထွက်လာကြပီး ထားမေ၏ အိမ်သို့ အားလုံးသွားကြလေ၏။ထားမေသည် တရားရုံးမှ ချမှတ်သည့် ပြစ်ဒဏ်အား ကျေနပ်မှုမရှိဖြစ်နေလေ၏.။

" တရားသူကြီး ရဲ့ အမိန့် ဟာ အရမ်းကို ပျော့ပြောင်းလွန်းတယ် ဒီလိုမျိုးအမှုဆိုတာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၇ နှစ်က နေ ၁၀ နှစ်ထိ ချပိုင်ခွင့်ရှိ ကိုဂျူအာ..."

" ဟုတ်ပါတယ် ထားမေ ဒါမဲ့ ဒါ သူကြီးရဲ့ကျွန်း သူ့ရဲ့အာဏာသက်ရောက်တဲ့နေရာ ပီးတော့ တရားဥပဒေ စိုးမိုးမှုအရမ်းအားနည်းတဲ့ဒေသ ပီးတော့ တရားသူကြီးဆိုတာလည်း သူရဲ့လက်အောက်ကလူတွေပဲလေ ..."

ထိုအခါကြည်ပြာမှ ဝင်၍ပြောလိုက်၏။

" ဟုတ်တယ် မမ ကိုတား ကို ကျွန်းသားတွေအရှေ့မှာမို့ ထောင်ချလိုက်ပေမဲ့ တစ် ပတ်လောက်နဲ့ ပြန်လွတ်ချင်လွတ်လာလိမ့်မယ် မမ "

" ဟယ် လူပါးဝ လိုက်တာ တရားဥပဒေ ကို လက်တစ်လုံးခြားလုပ်တာပဲ ဒီလိုသာဆို ဒီကျွန်းပေါ်က ပြည်သူတွေ မိန်းခလေးတွေရဲ့ ဘဝ လုံခြုံမှုအာမခံ ချက်ဆိုတာ ဘယ်ရှိတော့မလည်း.."

ထိုစဉ် ထားမေ၏ အိမ်ဘက်သို့ သူကြီးမြေး ဖိုးစည်နှင့် လက်နက်ကိုင် လူတစ်စုရောက်လာလေ၏။

ကြည်ပြာ မုတာ မုန်းကူး တို့ သုံးဦးသည် သူကြီးမြေးဖိုးစည်ကိုမြင်သောအခါ ပြာပြာသလဲ ဖျားခင်းသူခင်း နေရာပေးသူပေး ခြေထောက်သုတ် ခြေသုတ် လုပ်ပေးသူပေး ပြုလုပ်ကြ၏။ထားမေသည် သူကြီးမြေး ဖိုးစည် လာသည်ကို ယခုလို ပြုလုပ်ပေးနေသော ကြည်ပြာတို့အား ကြည့်၍ သနားမိလေ၏.။ထိုနောက် ဖိုးစည်သည် အိမ်ပေါ်သို့ ဖိနပ် မချွတ်ပဲ ဝင်လာသည်ကို ထားမေမြင်သောအခါ အိမ်အဝ ၌ ရပ်၍ တားလိုက်၏။ကျန်သူများမှာလည်း ဘာဖြစ်လဲဟု တွေးကာ ထားမေအစား ရင်လေးနေမိကြ၏.။

" ကျွန်မ အိမ်ထဲကို ဝင်ရင် ဖိနပ်ချွတ်ပီးမှ ဝင်ပါ ကိုဖိုးစည်. "

ဖိုးစာ်သည် အံ့ဩသွား၏ ဒီရွာတွင် သူ့အား ဤ သို့ ပြောဆိုသူမရှိကြပေ. ယခုအခါ ထားမေ မှ ဤသို့ ပြောသောအခါ မအီမသာ ဖြစ်၍သွား၏.။

" ကျုပ်က သူကြီးမြေး ပါ ရွာထဲမှာရှိတဲ့ ဘယ်အိမ်ကိုမဆို ကျုပ်က ဖိနပ်စီးပီး ဝင်ထွက်နိုင်တယ် ဘယ်သူမှလည်းမတားရဲကြပါဘူး .."

" ဘယ်သူမှ မတားပေမဲ့ ခု ကျွန်မတားတယ် ကျွန်မ အိမ်ပေါ်မှာတော့ သဲ ပေမခံနိုင်ပါဘူး အဲဒီတော့ ကိုဖိုးစည်အနေနဲ့ ဖိနပ်ချွတ်ပီးမှ အိမ်ထဲဝင်မလား ဒါမှမဟုတ် လာရာလမ်းပြန်မလား ကြိုက်တဲ့လမ်းကို ရွေးနိုင်ပါတယ်.."

ဖိုးသည်သည် တရားရုံး၌ ပင် ထားမေ၏ အစည်းချင်းကို သိရှိပီသူဖြစ်သဖြင့် အတွန့်မတတ်တော့ပဲ ဖိနပ်ချွတ် အိမ်ထဲရှိ ဧည့်ခန်း၌ ထိုင်လေ၏. သူ့၏ တပည့်များမှာ အပြင်မှ လုံခြုံရေးပုံစံဖြင့် ရပ်လျှက်စောင့်နေရလေ၏.။

" လာရင်း ကိစ္စက ဘာများလည်းမသိဘူး.."

" ေဩာ် ဘာရယ်တော့မဟုတ်ပါဘူး ကျုပ်တို့ ကျွန်းကို လာလည်တဲ့ ဧည်သည်ဆိုတော့ ကျုက်တို့အနေနဲ့က ဧည်ဝတ်ကျေပွန်ချင်တယ်လေ ဒါကြောင့် မထားမေ အနေနဲ့ အချိန် ရတယ်ဆိုရင် ကျုပ်တို့ ကျွန်းရဲ့ သာယာလှပပုံကို လိုက်လံပြသချင်ပါတယ် ."

" ကျွန်မ ကျွန်း ကို ရောက်တာ မကြာသေးပေမဲ့ ဒီကျွန်းရဲ့ သာယာလှပပုံကို ခံစားမိပီးပါပီ ကျွန်းကြီးက သာယာသလောက် ကျွန်းသူကျွန်းသား တွေက ဒုက္ခဆင်းရဲတွေနဲ့ ကြုံတွေ့နေရတာကို ကြည့်ပီး ကျွန်မ စိတ်မကောင်းပါဘူး .."

" ဒါကြောင့်လည်း ကျုပ်အဖိုးက ကျွန်းသားတွေ နေရေးထိုင်ရေးနဲ့ သောက်သုံးရေ ရရှိရေး တွေကို ဒီအပတ်တွေမှာ အထူးအလေးပေးဆောင်ရွက်နေပါတယ် မကြာခင်မှားလည်း ကျွန်းပေါ်ကို မီးရရှိဖို့တွက် ဆိုလာ ပြားတွေရောင်းချသွားဖို့ရှိပါတယ်."

" ဘယ်သူကဝယ်နိုင်မှာလည်း ကိုဖိုးစည် အလကားပေးရင်တောင် ဒီရွာတွက် နည်းပညာမရှိလို့အခက်ခဲဖြစ်နေကြအုံးပဲမဟုတ်လား.."

" အဲဒါတွေကိုလည်း ကျုပ်အဖိုးက ကြိုတင်ပီးသိလို့ ကျုပ်တို့ခြံထဲက လျှပ်စစ်မီးပညာရှင်တွေကို ဆိုလာပြားတွေရောက်တဲ့အခါ ကျုပ်တို့အိမ် ကနေပဲ တိုက်ရိုက် အိမ်တိုင်းကို မီးလွတ်ပေးဖို့ ရှိပါတယ်."

" မီတာ ဘုန်းနဲ့လား အဲဒီမီတာခကကော ရှင်တို့ မိသားစု တစ်စုထဲတွက် ပဲ ယူမှာမလား..."

" ဒီလိုအမြင်မမှားပါနဲ့ မထားမေ ကျုပ်တို့ ခြံဝန်းထဲမှာ မထားမေလည်းမြင်ပီးသားဖြစ်မှာပါ မြို့က ပြန်လာတဲ့ ဘွဲ့ရပညာတတ်တွေ သူခြံနဲ့သူရှိတယ်ဆိုတာ အကုန်လုံးက ဘွဲ့ရပညာတတ်တွေကြီးပါပဲ ပီးတော့ သူတို့တွေအားလုံးဟာ ဒီကျွန်းပေါ်က ရွာသူရွာသားတွေပါ သူတို့ရဲ့ မြို့မှာသွားပီးပညာသင်စားရိတ်တွေကို ကျုပ်အဖိုးက စိုက်ထုတ်ပေးရတာပါ ဒီတွက်ကြောင့် ကျသင့်တဲ့ မီတာကို ကျုပ်တို့အနေနဲ့ ဒီလူငယ်တွေ ပညာသင်ကြားနိုင်အောင် လို့ ဗဟုသုတ ကြွယ်ဝနိုင်အောင်လို့ စုဆောင်းထားရပါတယ်.."

" အဟွန်း...အဲဒီ ရှင်ပြောတဲ့ ပညာတတ်တွေက ဘယ်သူ့တွက်အလုပ် လုပ်နေကြတာလည်း ဥပမာ . ရွာကလူငယ်တစ်ယောက်က ဆရာဝန်ဆိုရင် ဒီရွာမှာ ဆေးခန်းတစ်ခုတော့ ရှိရမယ်..အင်ဂျင်နီယာ ဆိုလည်း လမ်းတွေကောင်းနေရမယ် တိုက်တာအဆောက်ဦးတွေ ဖြစ်နေရမယ် ကဲ ဘယ်မလဲ အဲဒါတွေ ..."

" ဒါက တော့ အဖိုးက အမျှော်မြင်ရှိစွာနဲ့ ကျုပ်တို့ခြံဝန်းထဲမှာပဲ ဆေးခန်းတွေ ဆေးရုံခန်းတွေ ကိုပြုလုပ်ထားပါတယ် ."

" ဘာလည်း မရှိဆင်းရဲတဲ့ ရွာသားတွေအပေါ်မှာ အမြတ်ကြီးစားခေါင်းပုံဖြတ်မှာမလား ပိုက်ဆံမပေးနိုင်တဲ့သူတွေဟာ ရှင်တို့ဆေးခန်းကို လာဖို့ထက် အိမ်မှာပဲအသေခံကြတဲ့သူတွေတွက်ကော ရှင်တို့ဘာလုပ်ပေးမလည်း ရှင်အဖိုးကို ပြန်မေးကြည့်ပါ ဒီကျွန်းသားတွေရဲ့ ဆင်းရဲဒုက္ခဟာ သူ့ရဲ့ပယောဂကောကင်းရဲ့လားလို့..."

" အဟမ်း...မထားမေ ရဲ့ စကားတွေက အရမ်းကို ကြီးထွားလွန်းတော့ အချို့ နေရာတွေ ကျုပ်လိုက်မမှီနိုင်ပါဘူး..ဒါကြောင့် ရပ်ရေးရွာရေး ကိစ္စတွေက ကျုပ်နဲ့သိပ်ပီး မသက်ဆိုင်ဘူးလို့တောင်ပြောလို့ရပါတယ် အဲဒါတွေအားလုံး ကောင်းမယ်ထင်လို့အဖိုးစီစဉ်တဲ့အရာတွေပါ..."

" အမှန်တိုင်း ကျွန်မအနေနဲ့ကတော့ ရွာရဲ့ အခြေနေကို အားရကျေနပ်မှုမရှိပါဘူး...ကိုဖိုးစည် လာရင်းကိစ္စက ဧည့်ခံဧည့်ဝတ်ပြုချင်တယ်ဆိုရင်တော့ အဖြေက ကျွန်မ မလိုက်နိုင်ပါဘူး ကျွန်မ အနေနဲ့ အိမ်ထဲမှာ နေပါရစေ..."

" ေဩာ် ..ဟုတ်ကဲ့...ဒါဆိုရင်လည်း ကျုပ်ကို ခွင့်ပြုပါအုံး အခက်ခဲတစ်စုံတစ်ရာရှိခဲ့မယ်ဆို ရင် ကျုပ်ကိုပြောပါ မထားမေတွက်ဆိုရင် ကျုပ်ကူညီဖို့အသင့်ပါ..."

ထိုနောက်ဖိုးစည်နှင့်သူတပည့်များ ထားမေ၏ အိမ်မှ ပြန်၍ ထွက်သွားလေတော့သည်.။

~~~~~~~~~~~~~~~~~~~

(12)

ညဦးပိုင်းအချိန်၌ ဖြစ်၏. ။ အိမ်လေးအတွင်း ၌ ထားမေ မုန်းကူ ဂျူအာ ကြည်ပြာ မုတာ တို့ငါးဦးသည် လက်ဖက်ဝိုင်း ၌ ထိုင်ကာ ရွာ၏ ရှေ့ရေးအား တိတ်တဆိတ် ခေါင်းချင်းဆိုင်တိုင်ပင်နေကြလေ၏.။ထားမေ မှ ဦးဆောင်၍ ကျန်သူများအား သူမ၏ ရည်ရွယ်ချက် သူမ၏ ရန်ကုန် ၌ ဖြစ်ခဲ့သော အကြောင်းအရာ အပါဝင် ရွာ သူကြီးဦးမော် ၏ တရားမဝင် အုပ်ချုပ် ချယ်လှယ်နေမှူအား ဆန့်ကျင့်ရန် စသည့်အကြောင်းရာများ ကို အတည်တကျပြောဆိုလေ၏. ထိုထဲတွင် ရတနာသေတ္တာကိစ္စနှင့် ဦးဒေဝ ၏ အကြောင်းလဲ ပါလေ၏.။

" တကယ်တော့ ကျွန်မ ဟာ ဝါးရမ်းပြေးတစ်ယောက်ပါ...ကျွန်မ မိဘတွေက အသင့်တင့်နေထိုင်သူတွေဖြစ်ကြပါတယ် မထင်မှတ်ပဲ ကံကြမ္မာက ကျွန်မကိုရက်စက်ခဲ့တယ် ခုနကပြောသလိုပဲ ဦးဒေဝ ဟာ ကျွန်မနောက်ကို ရတနာသေတ္တာနဲ့ ပက်သက်ပီး လောဘရမ္မက်ကြီးစွာနဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်ကိုပါ အပိုင်သိမ်းဖို့ ကြံတဲ့ လူယုတ်မာကြီးတစ်ဦးပဲ..."

" အော်..မမရယ် ဖြစ်မှဖြစ်ရလေ.."

" နေစမ်းပါအုံး မထားမေက ဘာကြောင့် ကိုယ့်ကို ကိုယ် ဝရမ်းပြေးလို့ ယူစရတာလည်း .."

ထိုမေးခွန်းအား ဂျူအာ မှမေးလိုက်ခြင်းဖြစ်သည်.။

" ကျွန်မ လူသတ်ခဲ့တယ်လေ ကို ဂျူအာ..ဒီချိန်ဆို ရဲ တွေ ဖမ်းဝရမ်းထုတ်ထားပီးလောက်ပီ.."

" ကောင်းပီ ဒါဆို ကျွန်တော်မေးမယ် မထားမေ ပစ်တဲ့သေနတ်က ပြင်းအား ၅.၂ ပဲရှိတယ်နော် အဲဒီလိုသေနတ်မျိုးက အနီးကပ်ပစ်ရင်သေနိုင်တယ်ဆိုပေမဲ့လို့ မထားမေ အနေနဲ့ သေဆုံးသူဦးဒေဝ ရဲ့ ဘယ်နေရာကို ကျည်မှန်သွားလဲဆိုတာ ကော သိပါရဲ့လား.."

" ဟင့်အင်း ကျွန်မအဲဒီလောက်မရိပ်မိခဲ့ဘူး..အဲဒီအချိန်မှာ ကြောက်တာရော ရှက်တာရောဆိုတော့.."

" အဲဒါပြောတာပေါ့ တကယ်လို့ ကျည်ဆန်က ပခုံးဖြစ်ဖြစ် လက်မောင်းဖြစ်ဖြစ်ဝင်သွားခဲ့မယ်ဆိုရင်တောင် ဒီလူသေဖို့ အင်မတန်မှ နည်းပါးတယ်ဗျ ဒါကလည်း ကျုပ်တပည့် ရဲသားတစ်ယေညက်ပြောပြလို့ ကျုပ်ကြားဖူးတာပါ..."

" ဘာပဲဖြစ်ဖြစ် ကျွန်မဒီကျွန်းလေးကို ချစ်တယ် သံယောဇဉ်ရှိတယ် ဒါကြောင့် ကျွန်မအနေနဲ့ ကျွန်းသူကျွန်းသားတွေရဲ့ ဆင်းရဲ ဒုက္ခကို ကူညီချင်တယ် ဒါ့ပြင်သူကြီးရဲ့ စည်းကမ်းတွေကို ကျွန်မအနေနဲ့ ဘဝင်မကျဘူး ဒါကြောင့် ကျွန်မ တို့ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်.."

ထိုအခါ ကြည်ပြာမှ အားတတ်သရောပြောလိုက်၏.။

" မမထားမေသာ အရှေ့ကနေဦးဆောင်ရင် ကြည်ပြာတို့ အနေနဲ့ကလည်း နောက်ကနေ လိုက်ပါဖို့အသင့်ပါ ကြည်ပြာလည်း ကိုယ့်ရပ်ရွာကို ကောင်းစားစေချင်ပီ.."

" ဖြစ်ရမှာပေါ့ကြည်ပြာရယ် မမတို့ စည်းစည်းလုံးလုံးနဲ့ ကျ်န်းပေါ်က လူထုကို မမတို့ဘက်ပါလာအောင်လုပ်ရမယ်...ဒီတွက်လည်း လူထုတွေ့စုံပွဲတွေလုပ်ပီး ပညာရေး ကျန်းမားရေး စာပေ ဗဟုသုတ ဟောပြောပွဲတွေ အသိပညာပေးပွဲတွေလုပ်ရလိမ့်မယ်.."

ထိုအခါ ဘာမျှမပြောပဲ ငြိမ်၍ နားထောင်လာသော မုန်းကူးမှ ဝင်၍ ပြောလိုက်၏.။

" မဖြစ်နိုင်ဘူ မမထားမေ ဘာကြောင့်လဲ ဆို ရပ်ရွာက သက်ကြီးပိုင်းတွေအတော်များများက ရပ်ရေးရွာရေးထက် ဆေးရူဖို့လောက်ကိုပဲ အာရုံထားကြတာ ခုလို တွေ့ဆုံတဲ့အခါ အောင်မြင်မှူနည်းပါးလိမ့်မယ်.."

" ဒီတွက်လည်း..မမ ကြိုစဉ်းစားထားပီးသားပါ အရင်ဆုံးသူကြီး ခြံထဲက ကျန်းမာရေး နဲ့ပက်သက်တဲ့ ဆရာဝန်တွေနဲ့ ဆရာဝန်မတွေ ကို စည်းရုံးရမှာပေါ့.."

ဂျူအာ သည် ထားမေအားကြည့်၍ မည်သို့စည်းရုံးမည်နည်းဟုမေးလိုက်၏.။

" အဲတွက်မပူပါနဲ့ ဒီနေ့ မိပေါကိုအခေါ်လွတ်တော့ မိပေါရဲ့ အမ က သူကြီးအိမ်က ဒေါက်တာမလေးမှန်းသိတော့တယ် သူနာမည်က ခယ်မူး တဲ့ သူက မြို့မှာကေငေ်းသွားတတ်ပီး ပြန်လာတာမကြာသေးဘူး ပြောရရင် သူကြီးခြံထဲမှာ အလုပ်မဝင်ရသေးဘူးလို့ ဆိုရမယ် သူနဲ့အတူ မြို့ပေါ်က ကျန်းမားရေဌာနဆိုင်ရာတွေကိုဆက်သွယ်ပီး လူကြီးတွေနဲ့သီသန့်တွေ့ဆုံပွဲလုပ်ရမယ်.."

ထိုအခါ မုတား.မုန်းကူး..ဂျူအာ..ကြည်ပြာ..တို့ကပါ ထားမေ၏ တင်ပြချက်များကိုသဘောတူညီစွာ ထောက်ခံခဲ့ကြ၏.။

" ဒါဟာ ကျွန်မတို့ ရွာတွက် ပထမ ဆုံးခြေလှမ်းပဲ ...."

နောက်တနေ့နံနက်၌ ထားမေ၏ အိမ်ဘေးတွင် ရွက်ဖျင်တဲ အကြီးစားတစ်ခုအား တာလဘက်ထိုး၍ အမိုးကာ ခါ ဘေးဝါးတိုင်များထောင်၍ အလှူပွဲတစ်ပုံစံလုပ်ခါ ရွာထဲမှ လူကြီး လူငယ် လူလတ်မရွေး အား လာရောက်သုံးဆောင်ကြရန် ဟန်ပြုခေါ်လိုက်၏.။

ရွာ ၌ အလှူပွဲ ဆိုလျှင် လာကြသူများ၏ လာရောက်သူများအား ဝက်သားဟင်းဖြင့် ထမင်းကျွေး ၏. ကုန်ကျစရိတ်အားလုံးအား ထားမေတို့ စုပေါင်း ၍ ရွာ၌ တိတ်တဆိတ် စည်းရုံးကာ တစ်အိမ် တစ်ယောက် ဆန်တစ်ပြည် ဆိုလျှင်တစ်ပြည်ကျ တစ်လုံးဆိုလျှင်တစ်လုံး အလှူခံ၍ ပြန်လည် ကေေးမွေးခြင်းဖြစ်သည် .စုပေါင်းအလှူတစ်ခုဆိုမှာမည်မဟုတ်ပေ.။

ထိုနောက် လူစုံလောက်သည့်အချိန် ၌ ပင် ကျန်းမာရေး ဟောပြောပွဲ အား ထားမေ မှ ရွာသူရွာသားများအား စားရင်းသောက်ရင်းနားထောင်ပေးကြရန် မှာကြား၍ အဖွင့်မှာစကားပြောကြားခဲ့လေ၏.။

ပီးနောက် ဆရာဝန် ဆရာမများမှ တစ်ယောက်တစ်လှည့်စီဖြင့် ကျန်းမာရေး ဗဟုသုတများဝေမျှပေးလေ၏.။ရွာသူရွာသားများသည် ၎င်း တို့မသိသေးသော ပညာပေး ဟောပြောချက်များအား အာရုံစိုက်နားထောင်ကြပီး ဆရာမများ၏ ဟောပြောချက်များကို အများစုက ထောက်ခံကြလေ၏ ဘိန်းစွဲနေသူအချို့ မှလွဲ၍ ကျန်သူအားလုံး သည် ကျန်းမာရေး ဗဟုသုတများကို လက်ခံကျင့်သုံးကြလေ၏.။

ဆရာမ လေးများမှ တစ်ကိုယ်ရေသန့်ရှင်းမှု အကြောင်း ဆေးလိပ်သောက်ခြင်း၏ ကျန်းမာရေး ဆိုးရွားစွာထိခိုက်ပုံ ဆေးခြောက်သုံးစွဲခြင်း၏ ဆိုးကျိုးများ စသဖြင့် အဆင့်ဆင့်ဟောပြောလေ၏.။

ရိုး အ ကြသော ရွာသူရွာသားများအဖို့ ကျန်းမာရေး ဗဟုသုတများသည် အသစ်အဆန်းဖြစ်၍နေကြလေ၏.ထိုကြောင့်လည်း ထောက်ခံအားပေးသူ များပြားလာကြ၏. အိမ်ပြန်ချိန်၌ လည်း ကျန်းမရေးကောင်းမွန်သည့် အားဆေးများ ဗီတာမင်ပြည့်ဝါစွာပါဝင်သည့် လက်ဆက်သည့်သီးနှံများကိုလည်း တစ်အိမ်တစ်ယောက် လှူတန်းလေ၏. ထိုပြင် ရွာထဲရှိနာမကျန်းသူများ ကိုလည်းအခ မဲ့ ဆေးကုသပေးလေ၏.။ထိုအချိန်တွင် သူကြီး ၏ လူယုံနှစ်ယောက်သည် ထားမေတို့အိမ်ဘက်သို့မယောင်မလည်ကြည့်၍ ကျန်းမာရေးနှင့်အသိပညာပေး ဟောပြောပွဲအားကြားလိုက်ရပီး ၎င်းတို့၏ သူကြီးဖြစ်သူဦးမော် ဆီသို့သွားကာ အကျိုးအကြောင်းပြောပြလေသည်.။

" ဘာ..ဟောပြောပွဲလုပ်တယ်..ဟုတ်လား..ဟာ..ဒီမိန်းခလေးဟာ..တော်တော်လွန်တာပဲ ငါအုပ်ချုပ်တဲ့နေရာကိုလည်းလာသေးတယ် ငါ့ရဲ့ အာဏာကိုလည်း ယူချင်နေသေးတယ် ထင်တယ်...ဒါဟာ ငါ့တွက်ကောင်းတဲ့လက္ခာမဟုတ်ဖူး ..ရွာသားတွေအနေနဲ့ အသိပညာတွေ ဗဟုသုတတွေ ကြွယ်ဝလာရင် ငါကို ဆန့်ကျင့်တော့မယ်.."

" ဒါဆို ကျွန်တော်တို့ ခုပဲ အဲဒီဟောပြောပွဲကိုဖြတ်သိမ်းခိုင်းလိုက်ရမလား သူကြီး.."

" လွန်သွားပီကွ...ဒီလိုလုပ်မရတော့ဘူး ခုဆို ရွာသားတွေက သူတို့ဘက်ကိုတစ်ဖြေးဖြေးရောက်လာနေကြပီ..အင်း....ငါဒီမိန်းခလေးအကြောင်းကို စုံစမ်းချင်တယ် အဲဒီတော့ ဖိုးစည်ကိုခေါ်လိုက်စမ်း.."

ဖိုးစည်သည် အဖိုးဖြစ်သူခေါ်သဖြင့် ပြာပြာသလဲရောက်ရှိလာ၏.ပါးစပ်မှလည်း အရက်နံတစ်ထောင်းထောင်းထွက်နေ၏.။

" အရေးထဲမင်း ကို စောက်ရည်ကိုသောက်လာပြန်ပီ..ဒီမှာငါ့မြေး မင်းကိုငါတစ်ခုခိုင်းစရာရှိလို့ခေါ်လိုက်တာ.."

" ဘာများလည်းအဖိုး.."

" မင်းရန်ကုန်သွားရမယ်.."

" အာ..အဖိုးကလဲ ကျုပ်က ရွာမှာပျော်နေတဲ့ဟာကို မသွားချင်ပါဘူးဗျာ.."

" ဒီမှာဟိတ်ကောင် မင်း ကို အကြောင်းရှိလို့သွားခိုင်းတာပေါ့ ဟ..ခုမင်းထားမေ ကိုသိတယ်မလား.."

" သိတယ်လေ အဲဒါဘာဖြစ်လည်း.."

" အေး မင်းထားမေအကြောင်းကို စုံစမ်းပီးရင် ရန်ကုန်သူဘယ်မှာနေခဲ့လည်းဆိုတာကို မှာ စုံစမ်း သူဘာကြောင့်ဒီကိုရောက်လာသလဲဆိုတာကအစ မင်းစုံစမ်းပေတော့.."

ဖိုးစည်သည် စိတ် ဓာတ်ငြီးငြူစွာဖြင့် အရက်ဝိုင်းသို့ရောက်ရှိလာခဲ့၏.။ထိုစဉ် ယမန်နေ့က အမှူခင်းဖြစ်ထားသော ကိုတား သည် ဖိုးစည်ရှိရာ အရက်ဝိုင်းသို့ ရောင်လည်လည်ရောက်ရှိလာလေ၏.။

" ဟာ..ကိုတား..လွတ်လာပီလား.."

" အေး. ..လွတ်လာပီကွ..."

" ဘယ်လိုလဲ မင်းအထဲမှာ အဆင်ပြေရဲ့လား .."

" အေးပြေတယ် ...ငါ့ ကိုအရက်တစ်ခွက်လောက်ပေးပါ.."

ထိုနောက်နှစ်ယောက်သားအရက်သောက်ရင်း ဟိုအကြောင်းဒီအကြောင်းပြောကာ အဖိုးဖြစ်သူ ခိုင်းထားသောကိစ္စအကြောင်း ရောက်ရှိလာလေ၏.။

" အေ. ထားမေအကြောင်းလား...ငါတော့ မသိဘူး..အဲ..မိပေါကတော့..ကောင်းကောင်းသိမယ် သူတို့က တစ်ဖွဲ့ထဲလေကွာ..."

" သူဘယ်မှာနေလဲဆိုတာ ငါစုံစမ်းမလို့ကွ..."

" အေး..မင်းသိချင်တယ်ဆို ရင် ငါမိပေါ ကိုခေါ်ပီး မေးကြည့်မယ်ကွာ.."

" မင်းမေးတိုင်းသူဖြေမှာတဲ့လားကွ ခုတောင်မင်းကို စကားပြောမှာမဟုတ်ဖူး..ဒီတော့..ငါခေါ်တယ်လို့ပြောလိုက် အဲဒါဆို ဒီကောင်မလေးရောက်လာလိမ့်မယ်."

ညပိုင်းသို့ရောက်သော် မိပေါသည် သူကြီးမြေးဖိုးစည်ခေါ်သည်ဆိုသဖြင့် ကြောက်လှန့်စွာဖြင့် သူကြီးခြံသို့ ရောက်လာလေ၏.။ခြံဝန်းတွင်း ၌ လက်ဖက်ရည် ဝိုင်းတွင်ထိုင်နေသောဖိုးစည်မှ မိပေါအား ခေါ်လိုက်၏.။

" ဟေ့ မိပေါ လာ အုံး..."

" ဟုတ်...ဟုတ်ကဲ့..."

" ရော့ ဒီ မှာ ကြက်သားသုတ် စား ရေနွေးသောက်..."

" ဟုတ်ကဲ့ မစားတော့ပါဘူး ကိုဖိုးစည်ခေါ်တယ်ဆိုလို့ ဘာကိစ္စများလည်း ဟင်..."

" တခြားတော့မဟုတ်ပါဘူး ထားမေအကြောင်းသိချင်လို့ပါ ငါက သူ့ကို ကြိုက်နေတဲ့သူလေ.."

" ရှင်...."

" ကဲပြောထားမေအကြောင်း ငါသူအကြောင်းသိချင်လို့နင့်ကိုခေါ်လိုက်တာ.."

" မမထားမေ က ရန်ကုန်ကပါ..."

" အေးပြော ရန်ကုန် ကဆိုတာသိတယ် ရန်ကုန်ဘယ်မှာနေတာလည်း.."

" ကိုဖိုးစည် ဘာကြောင့်မေးတာလဲဟင်.."

" နင်ကလည်း အမေးမြန်းကိုထူတယ် ပြောမှာသာပြောစမ်းပါ ငါက သူအကြောင်းစိတ်ဝင်းစားလို့ပါ.."

" ဟို...ဟို...ကြည်ပြာတို့ကိုတော့ ပြန်မပြောပါနဲ့နော်..."

" အေးပါ..မပြောပါဘူး..ဒါက ငါ့နှလုံးသားကိစ္စပဲ ဟာ.."

" မမထားမေက ရန်ကုန် (.....) မှာနေတာပါ သူ့မှာ အဒေါ်တစ်ယောက်ရှိပါသေးတယ် သူက မြင်းခြံမှာနေတာပါ .."

" အော် အဆောင်မှာနေတာပေါ့...ဟုတ်ပီ..ဟုတ်ပီ...ကဲကဲ ပြန်တော့ရပီ..."

မိပေါကြောက်လန့်စွာဖြင့် ခြံဝန်အတွင်းမှ ပြန်ထွက်လာ၏ လမ်း၌ သူမ မှားသွားပီဟု နောင်တရနေ၏ သို့သော် ဘာမျှမတတ်နိုင်ပေ.ထိုစဉ် ကြမ်းတမ်းသောလက်တစ်စုံမှ သူမအားနောက်မှ သိုင်းဖက်ခြင်းခံလိုက်ရလေ၏.

" အို...အမေ့."

" ဟဲဟဲ...ငါပါမိပေါရဲ့.."

" ဟင်. .ကိုတား...ရှင်ရှင်..ပြန်လွတ်လာပီပေါ့..."

ကိုတားသည် အရက်နံ့များကြိုင်၍ မူးနေသူဖြစ်၏.။

" ရှင်ကျွန်မကို ဘာလုပ်မလို့လဲ ...လွတ်အခုလွတ်...."

" ကို ချစ်သူကို ကို ဖက်တာပဲ...ဘာလို့လွတ်ရမှာလဲ..."

" လွတ်ပါရှင် လမ်းမကြီးမှာ မကောင်းပါဘူး.."

" ဒါဆိုလည်းရတယ်လေ.."

ဟုဆိုကာ မိပေါအားပခုံးပေါ်သို့ထမ်း၍ ကမ်းခြေရှိတဲတစ်ခုအားခေါ်သွားလေ၏. မိပေါရုန်းကန်သော်လည်းအားခြင်းမမျှပေ အော်လည်းမအော်ရဲပေ အော်လျှင် တစ်ရှက်မှ နှစ်ရှက်ဖြစ်မည်.။

ထိုနောက်တဲ့အတွင်းသို့ရောက်သောအခါ ကိုတားမှ မိပေါအားတွန်းလှဲ၍ အင်္ကျီကြယ်သီးများအား ဆွဲချွတ်လိုက်၏.ဖြူဖြူညိုညို အသာဆိုင်များကို ကြည့်၍ ကိုတား ရမ္မက်စိတ်များ ထောင်းခနဲဖြစ်သွားပီ ထမိန်အားတွဲချွတ်ခါ မိပေါအား အလိုမတူပဲ အဓမ္မကျင့်လေတော့သည်.။မိပေါသည် ကိုတားပြုသမျှ နုနေရရှာပီ ကမ္ဘာကြီးနှင့်လည်း ခဏ ခဏ အဆက်သွယ်ပျက်ခဲ့လေ၏ . အပျိုရည်လည်း ပျက်ခဲ့လေပီဖြစ်သည် ။ညသည်လည်း မှောင်၍ မှောင်၍သွားခဲ့လေပီဖြစ်သည်.။

~~~~~~~~~~~~~

(13)

နောက်တစ်နေ့ နံနက် ၌ သူကြီးဦးမော်သည် ရွာထဲ ၌ လူစုလူဝေး မပြုလုပ်ကျရန်နှင့် ပြုလုပ်လျှင်ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဟု တရားဝင်ကျေညာချက်ထုတ်လိုက်လေ၏.

" ဘာ သူကြီးက စည်းကမ်းထပ်ပီးတင်းကြပ်လိုက်တယ် ဟုတ်လား .."

ထားမေ ထင်ထားသကဲ့သို့ ဖြစ်လာပီဖြစ်သဖြင့် သူကြီး၏ အမိန့်အား ဘာဆိုသည်ကို သူမ အနေဖြင့် ကောင်းကောင်း သဘောပေါက်လေ၏. သူကြီးသည် သူအား ဆန့်ကျင့်မည့် မည်သည့်လုပ်ရပ်ကိုမဆို ကြောက်ရွံ့နေသူဖြစ်၏. သူ့အာဏာတည်မြဲချင်၏. သို့သော် သူကြီးသည် ၎င်း ရွာ၏ တရားဝင် လူကြီး မဟုတ်သည့်အတွက် ထားမေအနေဖြင့် ကြောက်ရွံ့နေမည်မဟုတ်သလို နောက်ဆုတ်မည်လည်းမဟုတ်ပေ ထိုကြောင့် ထားမေသည် လူထုဟောပြောပွဲအား အရိပ်အာဝသကောင်းသော ကျွန်းတော စပ် ၌ စင်ထိုး၍ အသိပညာဟောပြောပွဲပြုလုပ်မည့်အကြောင်း ကြည်ပြာမှ တဆင့် ရွာထဲသို့ လှူံ့ဆော်မှုပြုလိုက်လေ၏.။

တစ်နေ့ထဲ ၌ ဆန့်ကျင်ဘက် နှစ်ခု အပြိုင် အဆိုင် ကြေညာချက်ထွက်ပေါ်နေ၍ ဘာလုပ်ရမှန်းမသိဖြစ်နေ၏ .။ထိုနောက် ထားမေသည် မြို့မှ ကြည်ပြာ ဌားလာသော အသံချဲ့စက်ဖြင့် ရွာတွင်းသို့လှည့်ကာ မိတ်ခေါ် စည်းရုံးဟောပြောလေ၏.။

" ကျွန်မတို့ ရွာသူရွာသားတွေ အနေနဲ့ ဒီနေ့ ဥပဒေပညာရေး ဆိုင် အချက်လက်တွေကို တစ်ဦးချင်းစီးနဲ့ ဆွေးနွေးမှာဖြစ်ပါတယ် ဒါပြင် လိုအပ်တဲ့ စီးပွားရေးလူမှူရေးအကြောင်းအရာတွေကို ဆွေးနွေးဖ့်တွက် ကျွန်မ ဖိတ်ခေါ်ပါတယ် ကျွန်မအားလုံး စည်းစည်းလုံးလုံးတက်ညီလက်ညီ အရှေ့ကိုချီရင် ဘာမဆိုဖြစ်နိုင်ပါတယ် ကြောက်ရွံ့မှုတွေဘေးဖယ်ထားကြပါ ..."

ထိုသို့ အသံချဲ့စက်ဖြင့် ရွာသားများအား ကြေညာလိုက်ချိန်တွင် အိမ်တိုင်း အိမ်တိုင်း မှ ဟိုတစ်စု ဒီတစ်စု တစ်ယောက်စ နှစ်ယောက် စသဖြင့် ထွက်လာကြပီး ကျွန်းတောအစပ်ရှိ အရိပ်အာဝသကောင်းမွန်သော သစ်ရိပ်ဝါးရိပ်အောက်သို့ ရောက်ရှိလာကြလေ၏.။

ထိုနောက်ထားမေမှ ရွာ၏ကောင်းကျိုးတွက် စည်းစည်းလုံးလုံးဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်၎င်း ရှေ့နေဂျူအာ မှ လုံခြုံရေးနှင်ပက်သက်သည့် အခန်းကဏ္ဍများနှင့်နိုင်ငံတော်မှ ချမှတ်ထားသည့် အခြေခံဥပဒေ သဘောတရားများအား၎င်း မိပေါ့၏ အမ ဒေါက်တာ ခယ်မူး မှ ကျန်းမာရေးနှင့်တကိုယ်ရေသန့်ရှင်းမှု ဖြစ်တတ်သောရောဂါများနှင့် သောက်သုံးရေ သန့်ရင်မှုအား ၎င်း ထားမေမှ ကျွန်းပေါ်ရှိ ရေချိုထွက်နိုင်မည့် နေရာများ၌ သောက်သုံးရေ ရရှိရန် ရေကန်တူးဖော်မည့် အချက်အားဝိုင်းဝန်းသယ်ဖို့ကြရန်နှင့် အိမ်တိုင်း အိမ်တိုင်း သောက်သုံးရေ ရရှိရန်အတွက် ကျန်းမာရေဌာနမှ ရေသန့်စစ် ရေအိုးမျာအား လိုက်ဝေမည့်အစီစဉ်များအား ၎င်း အသီးသီး မှာကြားပြောဆိုခဲ့ကြလေ၏.။

ဟောပြောပွဲ ပီး၍ ညနေပိုင်းအချိန်၌ ရွာရှိ သောက်ရေကန်တူးဖော်ရေးအတွက် ထားမေတို့ လူစု တိတ်တဆိတ်တိုင်ပင်ဆွေးနွေးကြလေ၏.။ထားမေမှ ဂျူအားတို့အား သောက်သုံးရေကိစ္စပြောကြားလေ၏.။

" ခုဆို ရွာမှာ သောက်သုံးရေရရှိဖို့တွက် မြေတိုင်းစာရေးနဲ့ တူးဖော်မဲ့ ရေချိုရေငန် ခွဲ တတ်ဖို့ လူလိုတယ် ကို ဂျူအာ.."

" အဲဒီတွက်တော့ မပူပါနဲ့ ငွေဆောင်ဘက်မှာ ကျွန်တော်မိတ်ဆွေ မြေတိုင်းအရှိတွေရှိပါတယ် သူတို့ကိုခေါ်ပီး ကျွန်းရဲ့ အခြေနေကို လေ့လာလို့ရပါတယ်.."

" ဟုတ်ပီ နောက်တစ်ခုက ရေသန့် သီးသန့် ရေစင်တွေ ဝေဖို့တွက် ကျွန်မတို့ တွေ ကြိုးစားရအုံးမယ်.."

" အဲဒီတွက်လည်းမပူပါနဲ့ မထားမေ ရေသန့်စင် တွေ လှူဖို့ ပုသိမ်က ကျွန်တော့်မိတ်ဆွေ တွေ ရှိပါတယ် သူတို့က ပရဟိတ လုပ်နေသူတွေပါ သူတို့ကိုခေါ်ပြပီး အိမ်ရှေအရေတွက်လိုက် လုပ်တောင်ရင် အဆင်ပြေမှာပါ..."

" အခုလို ရပ်ရွာအကျိုးကိုကြည့်ပေးတဲ့ ကိုဂျူအာ ရဲ့စိတ် ထားကိုကျွန်မ လေးစားပါတယ်.."

" ရပါတယ်ဗျာ တကယ်ဆို ကျုပ်တို့အားလုံးက မထားမေကိုကျေးဇူတင်ရမှာ မထားဖောင်လမ်းဟာ ဆူးခင်းလမ်း ကြီးတစ်ခုဖြစ်ပေမဲ့ မထားမေရဲ့ မေတ္တာကြောင့် အရာရာ ကျော်ဖြတ်နိုင်မှာပါဗျာ ."

နောက်တနေ့ နေ့လည်ချိန်၌ မြို့မှမြေတိုင်း အရာရှိများရောက်လာ၏. ထိုအရာရှိများမှ ကျွန်းပေါ်ရှိ ရေချိုထွက်ရှိသောနေရာများ၌ မြေ ကွက်များအားတိုင်းတာကာ ကန်တူးရန်အတွက် လုပ်ကွက်များဖော်ဆောင်ကြလေ၏. ပီးနောက် ကျွန်းသူကျွန်းသားများသည်လည်း မထားမေတို့ ဘက်မှ အားတတ်သရောပါဝင်ကူညီကြလေသည်.။

ယခုဆိုလျှင် ကျွန်းပေါ်၌ ဘိန်း.ဆေးခြောက် သုံးစွဲသူများ တစတစ နည်းပါးလာပီဖြစ်၏ . ထိုပြင် ကျန်းမာရေဌာနများမှလည်း တစ်လ တစ်ခါ လာ၍ ရေလုံအိမ်သာများ ဆောက်လုပ်လှူတန်းပေးကြ၏. မသန့်ရှင်းသော အမှိုက်များအား စနစ်တကျစွန့်ပစ်နိုင်ရန်အတွက်လည်း အိမ်တိုင်းအိမ်တိုင်း အမှိုက်ပုံးကိုယ်စီရှိကြလေ၏. ထိုအမှိုက်များအား မြို့သို့သယ်ဆောင်ရန် အမှိုက်သိမ်းစက်လှေ များ လည်းအဆင့်သင့်ပြုလုပ်ထားကြသေးသည် .ထိုစက်လှေများမှ မြို့ရှိအမှိုက်ပုံများ၌ သွားရောက်စွန့်ပစ်ရပီး မြို့နေစည်ပင်မှ သိမ်းဆည်းရလေ၏.။

ကျေးရွာသန့်ရှင်းရေးနှင့် လမ်းပန်းဆက်သွယ်ရေးကာင်းမွန်ရန်အတွက်လည်း ရွာ၏ လမ်း ဧရိယာအတိုင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျောက်ခင်းလမ်းများ ပြုလုပ်လာကြ၏ .ထိုမှတဖန် ရွာသားများအား ငွေဆောင် ချောင်းသာ နှင့် ကျွန်းပေါ်သို့ အသွားအပြန် စက်လှေများ ပြုလုပ်၍ ခရီးသွားလုပ်ငန်းတစ်ခုအား တိုးချဲ့စေ၏. ထိုအခါ အလုပ်လက်မဲ့ လုပ်သားဦးရေ နည်းပါးလာပီး တစ်ဖက်တစ်လမ်းမှလည်း ကုန်စီဆင်းမှုကောင်းမွန်လာခဲ့ပီဖြစ်သည်.ထိုကြောင့် ရွာသားများမှ ရပ်ရွာဖွင့်ဖြိုးတိုးတတ်မှုတွက် အခွန်ငွေများ ထည့်ဝင်လာနိုင်ကြသည် ထိုကြောင့် ရွာ၌ ရွာသားများ၏အခွန်ဖြင့် ရွာလမ်းများအား ကျာက်ခင်းလမ်းမှ ကတ္တရာလမ်းမဖြစ်အောင်ထိ မထားမေ ဆောင်ရွက်နိုင်ခဲ့ပီဖြစ်သည်.။

ထိုပြင်လယ်ယာကိုင်းကျွန်း လုပ်ဆောင်နိုင်ရန်အတွက်လည်း သီးနှံစိုက်ပျိုးရေး ဗဟုသုတများဝေမျှနိုင်ခဲ့၏. ထိုသို့ဝေမျှနိုင်သဖြင့် ရွာ၌ ခြံထွက်သီမှံများစိုင်ပျိုးလာကြျလ၏. ထိုအခါ ဘိန်းစိုက်ပျိုးမှု သည်လည်း လျော့ကျလာခဲ့ပီဖြစ်သည်.။

ထိုနောက် ရေလုပ်ငန်းဦးစီးဌာနများဖြင့်ပူးပေါင်းကာ ရေလုပ်ငန်းများလုပ်ဆောင်ရန်အတွက် ငါးဒိုင်များ ဂဏန်းဒိုင်များ အပါဝင် ငါးပိငါးခြောက်လုပ်ငန်းများပင်တွင်ကျယ်လာခဲ့ကြ၏. ထိုမျှဖြင့်မပီးသေး ဆား ထွက်သော နေရာများ၌ ဆားလုပ်ငန်းများလည်းလုပ်ဆောင်လာကြလေသည်.ထိုပြင် ရပ်ရွာကောင်းကျိုးသယ်ဖိုးရန်အတွက် ဘဏ္ဍာငွေများ ( ပြည်သူ့ ဘဏ္ဍာငွေများ ) သိမ်းဆည်းရန် ဘဏ္ဍာတိုက်တစ်ခုဆောက်လုပ်ထားပီဖြစ်သည်. ထိုတိုက်အားလုံခုံရေးအနေဖြင့် မုန်းကူး အပါဝင် အနောက်ဘင်ကျွန်းသားတစ်စုကတာဝန်ယူ စောင့်ရှာက်ရ၏.။

ထိုအရာများအားလုံးကို ရှေ့နေဂျူအာမှ တာဝန်ယူရပီး ထားမေသည် နောက်ကွယ် မှ ညွန်ကြားချင်းဖြစ်သည်.။သူကြီးဦးမောအနေဖြင့်လည်း မြို့ပေါ်မှ အစိုးရဌာနများနှင့်ပူးပေါင်းလုပ်ကိုင်နေသော မထားမ အား တစတစ မျက်မုန်းကျိုးကာ မုန်းတီးလာလေတော့သည်.။

တစ်နေ့သ၌ သူကြီး၏ မြေးဖြစ်သူ ဖိုးစည် ရန်ကုန်မှ ပြန်ရောက်လာခဲ့၏ မျက်နှာမှာလည်း ပြုံးရွင်မနေပဲ ညိုးငယ်နေ၏.။

" ဟာ ငါမြေးကြီးပြန်လာပီ လာ လာ အိမ်ထဲဝင်...ရော့အမောပြေ သံပုရာရည်သောက်လိုက်အုံး..."

သူကြီးဦးမော်သည် မြေးဖြစ်သူဖိုးစည်အား ဝမ်းသာအားရခရီဦးကြိုဆိုလိုက်၏.

" ကဲ ဘာတွေအကြောင်းထူးလည်း ဆိုစမ်းပါအုံး ငါ့မြေးရဲ့.."

" အကြောင်းကတော့အရမ်းကို အံ့ဩဖို့ကောင်တယ် အဘရာ..."

" အေ ဟုတ်လား..ကဲ ပြောစမ်းပါအုံး..."

" ကျုပ်ထင်တောင်မထင်ထားဘူးအဘရယ် ကျုပ်ရန်ကုန်က မထားမေနေခဲ့တဲ့အဆောင်ကို စုံစမ်းပီးသွားခဲ့တယ်.အဲဒီမှာအကြောင်းဆုံ သိရတာပဲ တကယ်တော့ မထားမေဟာ လူသတ်မှုကျူးလွန်လာတာလို့ ကျုပ်သိခဲ့ရတယ်.."

" အေ....ဒါအမှန်ပဲလား. ဟာ....ဟား...ဟား...ဟား.. ဒါဟာ အဘတွက် နိုင်ကွက်ပဲကွ..."

" ဘနိုင်ကွက်လည်းအဘရဲ့ ကျုပ်အရမ်းချစ်ရတဲ့ မထားမေကိုတော့ ဒီလိုမဖြစ်စေချင်ဘူးဗျာ..."

" ဒီမှာငါ့မြေး မိန်းမဆိုတာ ...ငါမြေး အဘလို အာဏာရလာတဲ့အချိန်ကျရင် ဟောတစ်ယောက် ဟောတစ်ယောက်ခေါင်းခေါက်ယူလို့ရတယ်ကွ အဲဒါမင်းမှတ်ထား.."

" အဘကလည်းဗျာ အဲဒါ က အချစ်မှမဟုတ်တာဗျာ ကျုပ်ကမထားမေကိုရင်ထဲအသဲထဲကကိုချစ်တာဗျ အဘအနေနဲ့ မထားမေကိုတော့ တစ်ခုခုလုပ်မယ်မကျန်ပါနဲ့ ကျုပ်ကသည်းခံနေမှာမဟုတ်ဘူးဗျ..."

" ဘာကွ...တောက် ...မင်းကမိန်းတစ်ယောက်အတွက်နဲ့ ကိုယ့်အဖိုးကို ကိုယ်ပြန်ခြိမ်းခြောက်နေတာလား ဒီမှာဟိတ်ကောင်ခုမင်းဟာမက ငါရဲ့ အာဏာကိုလုနေပီကွမင်းအဲဒါ သိရဲ့လား ...မင်းစိတ်တွေဘာဖြစ်နေတာလည်းဖိုးစည်..မင်းဟာအဘအရမ်းချစ်ရတဲ့မြေးလေးပါကွာ မင်းအခုပြောနေတာတွေက အဘတို့ မိသားစုရှေ့ရေးတွက် မင်းနည်းနည်းလေးမှထည့်မစဉ်းစားတော့ဘူးလား ငါ့မြေး...ဟင်...ဒီမှာ ငါ့မြေး လူဆိုတာ သေမျိုးကြီးပဲကွ အဘက အသက်ကြီးပီး အဘရဲ့နေရာကို ငါ့မြေးက တက်လင်ထိန်းသိမ်းရမှာ ဒါဟာ အဘတို့မျိုးဆက်ရဲ့သမိုင်းပေးတာဝန်ပဲ မင်းအနေနဲ့ဒါကိုသဘောပေါက်စမ်းပါ မိန်းမတစ်ယောက်တွက်နဲ့ မိသားစု အာဏာကို မင်းမျက်ကွယ်ပြုတော့မှာလား ငါ့မြေး...မင်းဦးနှောက်ပါရင် အသိတရားရှိစမ်းပါမြေးလေးရယ်..."

ဖိုးစည်သည် မျက်ရည်များကျလာပီး နီရဲနေသော မျက်ဝန်းများဖြင့် ဦးမော်အား စေ့စေ့ကြည့်ကာ မျက်နှာများနီမြန်းလာပီ ဒေါသသံဖြင့်ပြောလိုက်၏.။

" ဟုတ်တယ်အဘ ကျုပ် ကျုပ် တောင်းပန်ပါတယ် ကျုပ်စိတ်တွေဒီလိုမဖြစ်သင့်ဘူး ကျုပ် ဘာလုပ်ရမလည်း ကျုပ်အဲဒီကောင်မကိုသတ်ရမလား.. သူတို့အဖွဲ့ကို မြစ်လှန်ပစ်ရမလား ရှင်းပစ်ရမလားပြောပါ အဘ ...."

ထိုအခါ သူကြီးဦးမော်မှ မြေးဖြစ်သူဖိုးစည်၏ ပခုံးအား ညင်သာစွာ ပတ်သပ်ကိုင်တွယ်၍ ကောက်ကျစ်သော အပြုံးဖြစ် ပြန်၍ပြောလေ၏.။

" အဘ လိုချင်တာ မင်းရဲ့အဲဒီစိတ် ဓာတ် အာဏာကိုလိုချင်တဲ့စိတ် ဓာတ် ကို လိုချင်တာ အဲဒီလိုစိတ်မျိုးများများမွေးပါငါ့မြေး .. . မင်းလုပ်စရာမလိုပါဘူး ငါ့မြေးရယ် ဒါတွေ အဘ တာဝန်ထားပါ ..မင်းအခုလုပ်ရမှာက ကျွန်းပေါ်ကလူထုကို အဘ တို့ဘက်ပြန်ပါလာအောင် မင်းပြန်ပီးဆွဲဆောင်ရမယ်...မင်း ပြန်ပီးကြိုးစားရမယ် အဲဒါ အခုချိန်မှာလုပ်ရမဲ့အရေးကြီးဆုံးအချက်ပဲ ငါမြေး.... "

သူကြီးဦးမော်၏ ကောက်ကျစ်သော ဉာဏ်ဖြင့် မကြာထားမေအား ဤ ကျွန်းမှ အဝေးသို့ လွင့်ထွက်သွားရန် မီးမုန်တိုင်းကြီး လောင်ကျွမ်းဖို့ အစတည်လေတော့သည်.။

~~~~~~~~~~~~~~

(14)

ထားမေတို့၏ ဆောင်ရွက်ချက်များကြောင့် ရပ်ရွာလူကြီးအချို့ပင် ရပ်ရေးရွာရေးအကြောင်းများ နှင့် သူကြီး၏ မှားယွင်းနေသော အုပ်ရေးစနစ်များအကြောင်းကို ဆွေးနွေးတိုင်ပင်လာကြလေ၏.။

ထားမေ ၏ လုပ်ရည်ကိုင်ရည်နှင့် ရပ်ရွာအပေါ် ကျွန်းသူကျွန်းသားများအပေါ် မေတ္တာအပြည့်နှင့်စေတနာအရှေ့ထား လုပ်ကိုင်ဆောင်ရွက်ပုံများကိုလည်း ရွာသူရွာသားများက ချီးမွန်းဩဘာပေးကုန်ကြ၏. ထိုပြင် ထားမေ ကို ရပ်ရေးရွာရေး ခေါင်းဆောင်အဖြစ် ကျွန်းအား အုပ်ချုပ်စေချုပ်စေချင်သည့် ဆန္ဒ များလည်း လူထု၏ ရင်ထဲ ၌ အလိုလျှောက်ဖြစ်ပေါ်လာကြလေ၏.။ထိုကြောင့် ရပ်ရွာဆွေးနွေးပွဲတစ်ခုတွင် ရွာသားတစ်ယောက်မှ ရပ်မိရပ်ဖများကိုယ်စား ထားမေ ကို ရွာ၏ ခေါင်းဆောင် အဖြစ်တင်မြောက်ချင်ကြောင်း ဖွင့်ဟပြောဆိုလာလေသည်.။

" ကျုပ် တို့ရွာရဲ့ ကောင်းကျိုး ကို အခု သယ်ပိုးဆောင်ရွက်ပေးတဲ့ မထားမေ ဟာ ကျုပ်တို့ရဲ့ အရှေ့က မားမား ရပ်ပေးမဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဘုရားသခင်က လက်ဆောင်ပေးလိုက်သလိုပါပဲ ကျုပ်တို့ အားလုံး မထားမေကို ဝန်းရံပါတယ် ..."

ညဘက်၌ မထားမေ၏ အိမ်၌ ရပ်ရွာလူကြီး နှစ်ယောက် နှင့် အတူ မထားမေ .ရှေ့နေဂျူအာ.ကြည်ပြာ .ဂျူအာ ၏ သူငယ်ချင်း ပုသိမ်မှ ပရဟိတ လုပ်ငန်းလုပ်နေသူ ကိုဌေးဝင်း တို့ လူတစ်စုသည် အလွတ်သဘောအစည်းဝေးကျင်းပကြလေ၏.။

ရွာသားများက မထားမေအား ရပ်ရွာ၏ ခေါင်းတစ်ယောက်အနေဖြင့်တင်မြှောက်လိုကြောင်း ရပ်ရွာကောင်းကျိုးကိုကြည့်၍ စဉ်းစားပေးစေလိုကြောင်း အသီးသီးတင်ပြကြသည်.။

ထားမေသည် မိမိ ကိုယ်ကို ဝရမ်းပြေး လူသတ်သမား တစ်ယောက်ဟု ခံယူထားသူ ဖြစ်၏. ထိုကြောင့် သူမအနေဖြင့် နောက်ကွယ်မှ ညွန်ကြားနိုင်ခြင်းသာဖြစ်ပီး ယခုကဲ့သို့ ရပ်ရွာလူကြီးခန့် အပ်ရေးသည် နိုင်ငံတော်အစိုးရ၏ ချမှတ်ထားသည့် ဥပဒေတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်၍ ပြည်ဆန္ဒခံယူပွဲ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ရမည်ဖြစ်သည်. သို့ဖြစ်ပါ၍ မဲ ဆန္ဒ ခံ ယူပွဲ ကျင်းပနိုင်ရန် အစိုးရပိုင်း ဌာနဆိုင်ရာများကိုအသိပေးပြောကြားရမည်ဖြစ်၏.။

" ဒီရွာအနေနဲ့ လူထု က ယုံကြည်လို့ တင်မြှောက်မဲ့ ရပ်ရွာအုပ်ချုပ်ရေး မှူးကို ဆန္ဒခံယူပွဲ လုပ်ပီး ရွေးကောက်တင်မြှောက်နိုင်မှာဖြစ်ပါတယ် ဒီတော့ ကျွန်မအနေနဲ့ တစ်ဖက်မှာလည်း လက်ရှိ အာဏာ သက်ရောက်နေသေးတဲ့ သူကြီးရဲ့ ဩဇာ ကလည်းရှိသေးတယ်မလား ဒီတော့ ဆန္ဒခံယူပွဲ လုပ်ဖို့တွက် သူကြီးမင်းနဲ့ ကျွန်မတို့အရင် ညှိနှိုင်းရမယ် ပီးရင် အစိုးရချမှတ်ထားတဲ့ ဥပဒေတိုင်း ကျွန်မတို့လုပ်ဆောင်သွားဖို့ ကြိုးစားရပါ့မယ်..."

နောက်တစ်နေ့ နံနက် ၌ သူကြီးမင်း ဦးမော် ၏ အိမ်သို့ ရပ်ရွာ ထားမေ ဦးဆောင်၍ ရပ်ရွာလူကြီးနှစ်ယောက် ဂျူအာ ကြည်ပြာ တို့ အဖွဲ့ ရောက်ရှိလာကြလေ၏.။သူကြီးမင်း ဦးမော် နှင့် သူ၏ မိသားစုများသည် မထားမေတို့ အား နံနက်စာဖြင့် ဧည့်ခံကြရင်း ရပ်ရွာတွက် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန် ထားမေမှ သူကြီးဦးမော်အားတင်ပြဆွေးနွေးလေ၏.။

" ကျွန်မတို့ အနေနဲ့ သူကြီးမင်း ကို ဆွေးနွေးချင်တာလည်း ပါ ပါတယ် အရပ်ဒေသတိုင်း ခေါတ်စနစ်တွေ ပြောင်းလဲနေကြပီဆိုတာ သူကြီးလည်းကြားမိမယ်ထင်ပါတယ် ခုဆို နိုင်ငံတော်အစိုးရ ပိုင်းတွေမှာတောင် ဌာနဆိုင်ရာတွေအများစုအား ပြည်သူက ရွေးကောက်တင်မြှောက် တဲ့ ဒီမိုကရေစီ စနစ် ကို ကျင့်သုံးနေကြပါပီ .."

" ကျုပ်လဲ အဲဒါတွေ ကြားမိတန်သလောက်တော့ရှိပါတယ် မိန်းခလေး နောက်ပီးတော့ ကျုပ် တို့ရွာကို ဘက်ဘက်က ဖွင့်ဖြိုးတိုးတက်အောင်ကြံဆောင်ပေးနေတဲ့ မထားမေကိုလည်း ဒီရွာရဲ့ သူကြီးတစ်ယောက်အနေနဲ့ ကျေးဇူးအထူးတင်ရှိပါတယ် ...မထားမေပြော တဲ့ ဆန္ဒခံယူပွဲ ကျင်းပဖို့တွက်လည်း ကျုပ် လွန်ခဲ့တဲ့တစ်လလောက်ထဲက ကြိုပီးစဉ်းစားထားပါတယ်.."

" ကျေးဇူးတင်ပါတယ် သူကြီးမင်း တကယ်လို့ရွေးကောက်ပွဲ ဖြစ်မြှောက်မယ်ဆိုရင် သူကြီးမင်းတို့အနေနဲ့လည်း ရွေးကောက်ခံ ပါတီတစ်ခုအနေနဲ့ ဝင်ရောက်ယဉ်ပြိုင်စေချင်ပါတယ် .."

" ဟုတ်ကဲ့ ခုလိုဖိတ်ခေါ်တဲ့တွက်လည်း ကျုပ်အနေနဲ့ ဝမ်းမြှောက်ဂုဏ်ယူမိပါတယ် ဒါမဲ့ မထားမေလည်းအသိပဲ ကျုပ်က အသက်ကြီးပီလေ ရှေ့ရောက် ရပ်ကျိုးရွားကျိုးတွေ သယ်ပိုးဆောင်ရွက်နိုင်ဖို့က အင်မတန်မှ ခက်ခဲသွားပါပီ ဒါကြောင့် မဲဆန္ဒခံယူပွဲကို ကျုပ်ကိုယ်တိုင်ဝင်ပြိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး ဒါပေမဲ့လို့ ကျုပ် ရဲ့ ဟောဒီက မြေးလေး ဖိုးစည် ကတော့ ရပ်ရွာအရေးကို ရှေးရူပီး ဝင်ရောက်ယဉ်ပြိုင်ပါလိမ့်မယ်.."

" ဟုတ်ကဲ့ ကျွန်မတို့အနေနဲ့လည်း ဆန္ဒခံယူပွဲကို နိုင်ငံတော်က ချမှတ်ထား လမ်းစဉ်အတိုင်း ရွေးကောက်ခံကော်မရှင်တွေဖွဲ့စည်းသွားပါ့မယ် ဒီအဖွဲ့စည်းမှာ သူကြီးမင်းတို့ဘက်ကလည်း မည်မဆို ရပ်ရွာအကျိုးသယ်ပိုးချင်သူ နှစ်ဦး ပါဝင်ခွင့်ရရှိပါ့မယ် ဒီတွက် မဲဆွယ်ပွဲကာလ ကို ကျွန်မအနေနဲ့ပြောရရင် အချိန် ၃ လ ကြာ ပြုလုပ် ပါ့မယ် ..သူကြီးမင်းရဲ့ သဘောဆန္ဒကိုလည်း သိပါရစေ.."

" အင်း.. လောက်ပါတယ် ပြင်ဆင်ချိန်လဲ လုံလောက်သလို မဲဆွယ်ရေး တွက်လည်း အရမ်းကို လုံလောက်ပါတယ်."

ထိုနောက် သူကြီးမင်းဦးမော်မှ ထားမေ နှင့် နှစ်ကိုယ်ကြားဆွေးနွေးအပီး ၌ လိုအပ်သည့် လုံခြုံရေး ဆောင်ရွက်မှုများကို တာဝန်ယူ ရန်အတွက် ထပ်၍ ဆွေးနွေး ကြပြန်၏.ပီးနောက်ထားမေတို့အား နေ့လည်စာ ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကြလေ၏.။

ညဦးပိုင်အချိန် ၌ ထားမေသည် ဂျူအာ နှင့် ကြည်ပြာတို့ နှစ်ဦးအား ဤသို့ခေါ်၍ပြောလေ၏.။

" ကိုဂျူအာ ကျွန်မ ဒီရွာလေးကို ချစ်တယ် ကျွန်မ အနေနဲ့ ဒီရွာလေးကို ကောင်းစားစေချင်တယ် ဖွင့်ဖြိုးတိုးတတ်စေချင်တယိ ဒါကြောင့် ကျွန်မအနေနဲ့ ဒီရွာကို သူကြီးလက်ကနေ အာဏာကိုပြန်ယူပီး ရွာသူရွာသားတွေ ရဲ့ လက်ထဲကို ပြန်ထည့်ခဲ့ဖို့ ကျွန်မ တွေးထားပီးသားဖြစ်တယ်..."..

" ဟင်..ဒါဆို ရွေးကောက်ပွဲမှာ မထားမေ ဝင်မပြိုင်တော့ဘူးလား ..."

" ဒီနေ့ သူကြီးနဲ့ကျွန်မဆွေးနွေးတဲ့အထဲမှာ အဲဒီအချက်တစ်ခုပါတယ် ရွေးကောက်ခံ အုပ်ချုပ်ရေးမှူး အမတ်လောင်း ဟာ ဒီရွာက ရွာသား ဒီရွာမှာကြီး ဒီရွာမှာမွေးတဲ့ ဒီရွာသားပဲ ဖြစ်ရမယ်ဆိုတဲ့အချက်တစ်ခုကို ကျွန်မနဲ့သူကြီးဦးမော် သဘောတူညီမှူရရှိထားပီဖြစ်ပါတယ် ကျွန်မသဘောအနေနဲ့လည်း ဒီရွာလေး ဟာ ပြည်သူလက်ထဲကို ပြန်ရောက်သွားခဲ့မယ်ဆိုရင် ကျွန်မကျေနပ်တယ်..။

ဒါကြောင့် ကျွန်မအနေနဲ့ ဒီရွာမှာကြီး ဒီရွာသားဖြစ်တဲ့ ကိုဂျူအာလို ဥပဒေပညာရှင်တစ်ယောက်ကို ရွေးကောက်ခံအမတ်လောင်းအဖြစ် တင်မြှောက်ပါတယ် ကိုဂျူအာ အနေနဲ့ ကြိုးစားပါ တစ်ဖက်က သူကြီးမြေးနဲ့ ပြိုင်ရလိမ့်မယ် လက်ရှိအာဏာ ရသူနဲ့ ပြိုင်ရမှာဖြစ်တဲ့တွက်ကြောင့် ရွေးကောက်ပွဲနီးလေ အာဏာလိုချင်သူက သူအာဏာရဖို့တွက် သူကြိုးစားလေပဲ တစ်ဖက်ကလဲ ရပ်ရွာကို နည်းအမျိုးမျိုးနဲ့နှောက်ယှက်ကြလိမ့်မယ် ဒီတော့ကျွန်မတို့အားလုံး သတိဝိရိယနဲ့ သွားလာနေထိုင်ဖို့တော့လိုအပ်တယ်."

ထိုနောက်ထားမေသည် ဂျူအာ နှင့် ကြည်ပြာ တို့အား မှာစရာရှိသည်များကိုမှာကြားပီး အိမ်ထဲသို့ဝင်ခဲ့လေတော့သည်.။ထိုစဉ်အချ်န်၌ သူကြီးအိမ်တွင် သူကြီး ဦးမော် နှင့် သူ၏ချစ်လှစွာသောမြေးလေး ဖိုးစည်တို့နှစ်ဦးသည် ခေါင်းချင်းဆိုင်တိုင်ပင်ကြလေ၏.။

" မြေးကြီး ဖိုးစည်.."

" ဟုတ်ကဲ့ အဘ "

" ငါမြေး အနေနဲ့ အဘရဲ့ နေရာကို လွဲှပေးနိုင်ဖို့တွက် နည်းလမ်းတစ်ခုပဲရှိတော့တယ် .."

" ဘယ်လိုမျိုးလဲအဘ..."

" မနက်က ထားမေနဲ့အဘ ဆွေးနွေးသွားတဲ့အထဲမှာ မဲဆန္ဒခံယူပွဲကျင်းပဖို့ဆိုတာ ပါတယ် ခုချိန်မှာ လူထုက ထားမေတို့ဘက်မှာရှိနေတယ် အဲဒီတွက် အဘတို့ဘက်က လူထုပြန်ပါလာအောင်ကြိုးစားရမယ် မဲဆွယ်ပွဲကာလ က အချိန် ၃ လ ရတယ် ငါ့မြေး အဲဒီတောတွင်းမှာ ငါးမြေးဘက်ကို ပြန်ပါလာအောင် မြေးလေးကြိုးစားရမယ် ..."

" ကျုပ်သဘောပေါက်ပါပီ အဘ...ဒါဆို အဘ ကျုပ်တို့ ရွာထဲမှာ မဲဆွယ် ဖို့ အရင်ဆူံးလုပ်ရမယ် အဘ ပီးတော့ ကျုပ်တို့ ဒီ ချိန်မှာ ရွာသားတွေကို အလှူတန်းတွေ လုပ်ရလိမ့်မယ် ချေးငွေတွေ ချပေးသင့်ရင် ချပေးရမယ် ...ဒိုင်းလုပ်ငန်းရှင်တွေနဲ့အ ဓိက ပေါင်းပီး ကိုယ့်ဘက်ပါအောင် သူတို့ကို လုပ်ကွက်များများ ချပေးလိုက်မယ်အဘရယ် မကောင်းဘူးလား..."

" သိပ့်ကောင်းတဲ့ အကြံပဲ ငါမြေး....ငါမြေးဟာ အဖိုးထက် လက်စောင်းထက်နေပီကွ. ဟား..ဟား .သိပ်ဟုတ်တာပေါ့ကွာ...ငါမြေးအနေနဲ့ ဒီလုပ်ငန်းရှင်တွေကို ပူးပေါင်းထားဖို့လိုအပ်တာပေါ့ ဒီလူတွေကို ငါမြေးရဲ့ သဘောတိုင်းဆောင်ရွက်ရမယ် ၃ လတောတွင်းမှာ အဘ ရဲ့ အာဏာ မှေးမှိန်နေလိမ့်မယ် ဒါမဲ့ အဲဒီအချိန်မှာ ငါမြေး ဟာ အဘ ကိုယ်စား အာဏာ ရှိနေရမယ် ကွ......"

နောက်တစ်နေ့ နံနက် ၌ ဒိုင် လုပ်ငန်းရှင်များနှင့် သူကြီးမြေးဖိုစည်တို့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကြလေ၏ ။

" ကျုပ်အနေနဲ့က ဟောဒီက လူကြီးမင်းတို့ အားလုံးရဲ့ လုပ်ကွက် ၁၀ရာခိုင်နှုန်း ကို အစုရှယ်ရာထည့်နိုင်မဲ့ မြို့ပေါ်က ရေလုပ်ငန်းကြီးတွေကိုနဲ့ စီးပွားရေးအကျိုးတူပူးပေါင်းဆောင်ရွက်နိုင်အောင် ကျုပ်အနေနဲ့ စီစဉ်ပေးဖို့ရှိပါတယ် .အဲဒီလိုလုပ်ဆောင်တဲ့အခါမှာလည်း ကျွန်းပေါ်ရှိမြေနေရာအကွက်အကွင်း ကို လုပ်ကွက်ကောင်းအောင် ကျုပ်ဘက်နေ အတတ်နိုင်ဆူံးဆောင်ရွက်ပေးဖို့လည်း စီစဉ်ထားပါသေးတယ်.."

ထိုနောက် ဖိုးစည်မှ ရေလုပ်ငန်းရှင်များအသင်း အား ကျွန်းပေါ် ၌ ဖွဲ့စည်းရန် ထိုပြင် ရေလုပ်ငန်းဒိုင်များအား ရပ်ရွာမှ ချေးငွေထုတ်ပေးမည့် အကြောင်း များကို အပြန်လှန် ဆွေးနွေးပြောကြားခဲ့ကြ၏.။ပီးနောက် ရေလုပ်ငန်း ဒိုင် များအတွက် မြို့ပေါ် ရှိဒိုင်များကဲ့သို့ ကုန်စီးဆင်းမှုကောင်းစေရန်အတွက် လွယ်ကုးလျှင်မြန်သည် ငါးဖမ်း စက်ကရိယာများ အား အတိုးနှုန်းဖြင့် အကျွေးစနစ်အားကျင့်သုံးကာ ငွေပေးချေလေ၏.။

ဒိုင် များသည် ဖိုးစည် ၏ အကျွေးစနစ်အား လက်မခံချင်သော်လည်း လုပ်ကွက်နေရာကောင်း များနှင့် အကျ်ုးတူရှယ်ရာပူးပေါင်းဆောင်ရွက် နိုင်ရန် လုပ်ထားခြင်းကြောင့် မချစ်သော်လည်းအောင့်ကာနမ်းရသည့် ဘဝပင်ဖြစ်သည်.။

" မမထားမေ..."

." ကြည်ပြာလာလေထိုင်..."

" မနေ့က ကမ်းစပ်က ဒိုင် တွေဘက်မှာ ဖိုးစည် မဲဆွယ်နေတာ တွေ့တယ်မမ ..."

" ဒါလည်း ဒီကာလ မဲဆွယ်ကာလလေ သူဘက်ကလည်း မဲ အနိုင်ရရှိအောင် နည်းနည်းအမျိုးနဲ့ကြံဆောင်မှာပေါ့..."

"ရိုးရိုးသားသား မဲဆွယ်တာကို မပြောလိုပါဘူ မမရယ် ကြားမိသလောက်တော့ ဒိုင်တွေကို မြို့ကအစုရှယ်ယာတွေနဲ့ပေါင်းပီး လုပ်ကွက်ဖော်ပေးတယ် ချေးငွေထုတ်ပေးတယ် လိုအပ်တဲ့ပစ္စည်းကိရိယာတွေကို အတိုးနဲ့ လုပ်ထားတယ်မမ "

" ဟင် အဲဒီလိုလုပ်နေတာလား ....ဒီလိုလုပ်လို့မရဘူးလေ မမ တို့အနေဲ့လည်း ကော်မရှင်ဖွဲ့ဖို့ အတော်လုပ်ယူရအုံးမှာ ဒီကော်မရှင်မှာ ရွေးကောက်ပွဲဥပဒေတွေ ပါတယ် နိုင်ငံတော်ကချမှတ်ထားတဲ့ အရာတွေ လေ သူအခုလိုလုပ်တာ စည်းကမ်းချက်နဲ့ ညီညွတ်မှုမရှိဘူး ...ဒါနဲ့ ကိုဂျူအာ ကော ဘယ်နေ့ လောက် လူထုစည်းရုံးရေးဆင်းမှာလည်း..."

" မနက်ဖန် အနောက်ဘက်ကိုအရင်သွားပီး ဟောပြောပွဲလုပ်မယ်မမ"

ရှေ့နေဂျူအာသည် ရွေးကောက်ခံ အမတ်လောင်းအဖြစ် ကျွန်းတောအနောက်ဘက် ရွာ ၌ မဲဆွယ်ဟောပြောပွဲပြုလုပ်လေ၏.။

" ရွာသူရွာသား များအားလုံးမင်္ဂလာပါ ကျွန်တော် က တော့ ရွေးကောက်ခံ အုပ်ချုပ်ရေးမှူး အမတ်လောင်းနေရာကို ဝင်ပြိုင်မယ် ကျွန်းတောရှေ့ဘက်သား ဂျူအာဖြစ်ပါတယ် ကျွန်တော်တို့အနေနဲ့ အဓိက လိုအပ်ချက် ကကျန်းမာရေးပါ ကျန်းမာရေးကောင်းမှ အခြားလူမှူရေး စီးပွားရေး ပညာရေး ရပ်ရေးရွာရေး စတဲ့ ကိစ္စအဝအဝ ကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ် ကျွန်တော့်အနေနဲ့ ဟောဒ ကျွန်းတောရွာရှိ ရွာသူရွာသားများအတွက် ဆေးရုံဆေးခန်းနဲ့ ကျန်းမာရေး လုပ်ဆောင်ချက်တွေ တစ်စိုက်မတ်မတ်ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ရွာသူရွာသားများအား ပြောကြားပါစေ..."

ထိုနောက် ဂျူအာ မှ မိမိ အနိုင်ရရှိပါက ကျေးရွာ လျှပ်စစ်မီးရရှိရေးနှင့် ကျွန်းပေါ်ရှိ ခလေးငယ်များ ပညာသင်ကြားနိုင်စေရန် အစိုးရ၏ ခွင့်ပြုချက်ဖြင့် အခြေခံပညာမူလတန်း အလယ်တန်း နောက်ဆုံး အထက်တန်းကျောင်းကြီးများထိ ဆောက်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်မည့်အကြောင်း . ထိုပြင် ကျေးရွာလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေ အတွက် အစိုးရလုံခြုံရေးတာဝန်ရှိသူများနှင့်ပူးပေါင်းကာ ရဲစခန်း များ အစိုးရုံများ စသည့် တရားဝင် လုံခြုံရေးအဖွဲ့စည်းများ အခြေစိုက် ရာ မြို့နယ်အဖြစ်အဆင့်ဆင့်ပြောင်းလဲ ရမည့် ဖြစ်ကြောင်း အသီးသီးပြောကြားခဲ့လေ၏.။

~~~~~~~~~~~

(15)

ထားမေ မနက်ပိုင်း အိပ်ယာမှ ဆောဆောထဖြစ်၏. ထိုစဉ် ကြည်ပြာသည် သောင်စပ် မှ ထားမေတီသို့ ပြာပြာသလဲ ပြေး၍ လာလေ၏.။

" မမထားမေ...မမထားမေ......"

သူမ၏ပုံစံသည် တစ်ခုခု အားစိုးရိမ်တကြီးဖြစ်လာခဲ့ဟန်ရှိ၏.။ထားမေသည် အနားသို့ပြေး၍ အော်ဟစ်ခါ ရောက်လာသော ကြည်ပြာ အားကြည့်၍ စိုးရိမ်ထိတ်လန့်သွား၏.။

" ဘာဖြစ်လာတာလဲ ကြည်ပြာ..."

ကြည်ပြာသည် မောပန်းသည့်အရှိန်ကောင့် လှိုက်ဖိုမို့မောက်နေသော ရင်ကို လက်ဖြင့်ဖိ၍ အမောဖြေ၏. ပီးနောက် အသက်အားဝအောင်ရူသွင်း၍ အားတင်းကာပြောလိုက်လေ၏.။

" ဟို...ဟို...သောက်ရေကန် မှာ....သောက်ရေကန်မှာ ..."

" သောက်ရေကန် မှာ ဘာဖြစ်သလဲ ကြည်ပြာ မြန်မြန် ပြောစမ်းပါ..."

" သောက်ရေကန်မှာ အဆိပ့် ချ လို့....ခု ခု...ရွာသက်ကြီးပိုင်းတစ်ယောက် မိန်းခလေးတစ်ယောက် ကို အျခြနေစိုးရိမ်ရလို့ မုန်းကူး စက်လှေနဲ့ ငွေဆောင်ကို ခေါ်သွားရတယ် ဟိုက ကိုဂျူအာရဲ့ မိတ်ဆွေတွေကိုလည်းအကြောင်းကြားထားရတယ် ပီးတော့ သက်ဆိုင်ရာ နယ်မြေ ရဲ စခန်းကပါ စစ်မေးဖို့တွက် ရွာကို ဒီမနက်ကရောက်နေပီ မမ အဲဒါ ဘယ်လိုလုပ်ကြမလဲ ဟင် ခု ဆို ရွာလူထုက မမ ကို အမြင်းစောင်းနေကြပီး. ဆန္ဒခံယူပွဲ နီးမှ ဖြစ်ရတယ်လို့မမရယ် အဲဒါဘယ်လိုလုပ်ငြမလဲ ဟင်..."

ထားမေ စိတ်ဆိုးဒေါသထွက်ခြင်း ဝမ်းနည်းခြင်း စိုးရိမ်ပူပန်ခြင်း စသည့် သောကမီးများ ဟုန်းခနဲတောက်လောင်သွားလေ၏.။

" ဒါ...သက်သက်ယုတ်မာကြတာပဲ ကြည်ပြာ..တော်တော်အောက်တန်းကျပါလား...အမ ဒီလိုလုပ်လိမ့်မယ်တောင်မထင်ထားဘူး...ဘာပဲဖြစ်ဖြစ် ရဲ တွေ ရောက်တဲ့အခါ ကျ ဒီ အမှူပေါ်အောင် လုပ်ရမယ် ဘာမှသွေးပျက်နေစရာမလိုဘူး ညီမ မမ ရင်တိုင်မယ်..."

ထားမေသည် ရဲ များ ရောက်လာချိန် ၌ ကြည်ပြာ ဂျူအာ တို့ကိုခေါ်ကာ .ရေကန်အားလိုက်လံပြသ ၏ ပီးနောက် ရဲများအပါဝင် ကျန်းမာရေး ဆရာ ဆရာမများ ကိုလည်း သူမတို့အနေဖြင့် လုပ်ကိုင်ဆောင်ရွက်ပုံတို့အား အသေးစိပ်ရှင်းပြကြ၏. ရဲ များသည် ရွာသားများ ၏ သဘောထား အား မေးမြန်လေ၏. အချို့မှာ ထားမေတို့အားပြစ်တင်ဝေဖန်ကြ၏ အချို့ကမူ ကန်အသစ်ပြင်လည်တူဖော်ရန်နှင့် ယခု ကန်အား မြေပြန်ဖို့ရန်တွက်တောင်းဆိုကြလေ၏.။

ထိုနောက် ထားမေသည် ရွာသားများ၏ သဘောဆန္ဒအတိုင်း အမြန်ဆုံးပီးမြောက်အောင်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းပြလေ၏. ရဲ များကိုလည်း တရားခံ အား အမြန်ဆုံးဖမ်းဆီးပေးရန် ထားမေ မှ အကူညီတောင်းဆိုလေသည်.။

၂ ပတ်အခန့်အကြာတွင် ကန်တွင်းသို့ အဆိပ်ချသူများအား ချောင်းသာ ၌ လက်ရဖမ်းဆီးမိကြလေသည်. ထိုသူများသည်အခြားမဟုတ် သူကြီးဦးမော်၏ တပည့်များဖြစ်သည် တစ်ချိန်က တာမုအား သောင်စပ်၌ အဓမ္မပြုကျင့်ကြသူ တရားမဝင်ရဲသားနှစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိလေတော့သည်.။

" သူကြီးဟာ...သူမြေးဖိုးစည် အာဏာ ဒီကျွန်းမှ တည်မြဲဖို့တွက် ခုလို မသမာတဲ့နည်းလမ်းနဲ့ ကျွန်မတို့ကို ချောက်တွန်းလိုက်တာပဲ.."

ထိုအခါ ဂျူအာ မှ

" ဟုတ်တယ် မထားမေ ကျုပ်တို့ ကိုရွာကလူတွေအထင်လွဲကြရင် ဆန္ဒမဲ နည်းပါးမယ် ပြည်သူက ကန့်ကွက်မယ်ဒါဆိုရင် ဖိုးစည် နေရာရလာမယ် နောက်ပီးတစ်ဖက်မှာလည်း ဖိုးစည်က ရှယ်ရာအကြွေးချပေးထားသော သူ့ကိုပိုယုံကြည်လာမယ် ဒီလိုဆိုရင် သူကြီးမျိုးစပ်ဟာ အာဏာ ကို သူ့တို့လက်ထဲရောက်ရှိလာမယ်...ဒီလိုတွေကြံထားကြတယ် မထားမေ..."

" ကျွန်အတို့အားလုံးသတိဝီရိယရှိဖို့တော့လိုအပ်ပီထင်တယ် အုပ်ချုပ်ရေးမှူးရွေးပွဲက တစ်ပတ်တောင်မလိုတော့ဘူး ရှင်လည်းသတိထားပါ သူတို့က အာဏာ ရဖို့တွက်ဆို ဘာမဆိုလုပ်မယ်လူတွေ ..."

ထိုနောက် ထားမေ တို့ အိပ်ယာဝင်ကြ၏. စို့သော်ထားမေအိပ်မပျော်ပေ မျက်လုံးကြောင်နေခဲ့ခြင်းဖြစ်၏.ထိုစဉ် ထင်မှတ်မထားသော အာမေဋိ သံတစ်ခုထွက်ပေါ်လာလေ၏။

" မီး. .မီး...မီးဗျို့....မီး...မီး......မီးလောင်နေတယ်.....မီးလောင်နေပါတယ်ဗျို့..."

" တောင်....တောင်....တောင်...."

" ဟင်....."

ရွာမြောက်ဘက်မှ လူများ အော်သံဖြစ်၏. တစ်ဆက်တည်းဆိုသလိုပင် ရွာလုံခြုံရေးယူထားသော မုန်းကူးတို့ ကင်း တဲ မှလည်း သံချာင်းခေါက်သံ တပြိုင်ထဲထွက်ပေါ်လာလေ၏. မြောက်ဘက်မှ ရွာသားများ ပြေးလွှားအော်ဟစ်နေသံများကိုလည်းကြားရလေ၏.။ထားမေသည် အသံကြားသည်နှင့် အိပ်ယာမှလူးလဲ ထ ကာ အိမ်တံခါးမကြီးအား ဆွဲ၍ဖွင့်လိုက်၏.ထိုစဉ် မုန်းကူးသည် ထားမေဆီသို့ အူရားဖားရားပြေး၍လာပီး အကျိုးကြောင်းပြောလေ၏.။

" မမထားမေ..မမထားမေ...ကျပ်တို့တော့ ဒုက္ခရောက်ပီ...မမ အခု လောင်နေတဲ့မီးက မြောက်ဘက်ပိုင်းက ဘဏ္ဍာတိုက်လောင်နေတာတဲ့..."

" ဘာ...."

ထားမေခေါင်းသို့ မိုးကြိုးဆယ်စင်းပစ်ချလိုက်သကဲ့သို့ဆူညံသွားလေ၏.။ထိုနောက်ထားမေသည် စိတ်ကိုထိန်း၍ မုန်းကူး ကြည်ပြာ ဂျူအာတို့အားခေါ်ကာ ရွာမြောက်ဘက်ပိုင်သို့အလျင်အမြန်ပြေးလာကြ၏. မုန်းကူးပြောသည့်အတိုင်းပင် ရပ်ရွာ ပြည်သူ့ဘဏ္ဍာတိုက်မီးလောင်နေပီဖြစ်သည်.အိမ်နှစ်လုံးပါ မီးကူးနေပီဖြစ်သည် .။

ထိုနောက်ထားမေသည် ရေစုပ်မောတာအား မုန်းကူးနှင့်အဖွဲ့ကို အားချင်းသွားယူစေပီး မီးငြိမ်းသက်ရန်တွက် လိုအပ်သည့် လူအင်အားကို အမြန်ဆုံး စုဆောင်းစေ၏.။

ထားမေ၏ ညွန်ကြားမှု မုန်းကူးတို့၏ ကြိုးစားအားထုတ်မှုအပါဝင် ရပ်ရွာကပါ ဝိုင်းဝန်းကူညီလုပ်တောင်မှု့တို့ကြောင့် မီးသည် ရွာတန်းရှည်မဖြစ်ပဲ အချိန်မှီငြိမ်းသက်နိုင်ခဲ့လေ၏ .သို့သော် အိမ်နှစ်လုံးအပါဝင် ဘဏ္ဍာတိုက်လည်းမီးလောင်သွားလေသည်.။

ရွာသားများသည် ထားမေ တို့အား လုံခြုံရေးအားနည်းခြင်းအတွက် အပြင်းအထန် ပစ်တင်ဝေဖန်ကြတော့သည်.။

ထားမေသည် မည်သည့်ဝေဖန်တိုက်မှုမျိုးကိုအဆို ကြံကြံခံ၍ မီး ကြောင့်ပျက်စီး ဆုံးရူံးသွားသော အိမ်ထောင်စုနှစ်ခုအတွက် မြို့မှ လက်သမားများခေါ်ကာ အားခြင်း ဆောက်လုပ်စေ၏. ထိုပြင် ပျက်ဆီးဆုံးရူံးမှုတန်ဖိုးအလိုက် မိမိတို့ဘက်မှ လျော်ကြေး ပေးစေခဲ့၏. မိမိတို့၏ လုံခြုံရေး အားနည်းမှူကိုလည်း ရပ်ရွာလူကြီးများ ရှေ့၌ ဝန်ခဲ့လေသည်.။

ထိုနောက် ဂျူအာ ဦးဆောင်၍ ဘဏ္ဍာတိုက် မီးလောင်ပြာကျသွားသည့်အတွက်အလွန်တရာမှ ယူကြုံးမရဖြစ်မိပါကြောင်း မိမိတို့အနေဖြင့် စေတနာအလှူရှင်များရှိသေးပါကြောင်း သို့ဖြစ်ပါ၍ ဘဏ္ဍာရေး စီမံခန့်ခွဲမှူ တွက် အစိုးရ၏ နည်းဥပဒေတိုင်း ပြန်လည်တည်ဆောက်၍ မြို့ မှ လုံခြုံရေး ပိုင်းများဖြင့် တင်းကျပ်စွာ တာဝန်ယူကိုင်တွယ်မည်ဖြစ်ပါကြောင်း စသဖြင့် ရပ်ရွာလူထုအား ပြောဆို တင်ပြခဲ့လေသည်.။

" ကျွန်မတို့ ရွာမှာ အခုချိန်ထိ မီး မရသေးပါဘူး ဒါကြောင့် လျှပ်စစ်ဝါယာလျော့ ဖြစ်စရာအကြောင်းလဲမရှိဘူး သဘာဝကြောင့်ဖြစ်တဲ့ တောမီးလည်းဖြစ်နိုင်စရာမရှိဘူး အဲဒီတော့ ဒါ ဟာ လုကလုပ်တဲ့ ရူံ့မီးလို့ပြောလို့ရတယ်..."

" မထားမေပြောတာ မှန် တယ် ဒီကိစ္စတွက်လည်း ကျုပ် ရဲတိုင်ထားတယ် မကြာခင် ရဲတွေ အရံမီးသတ်တပ်ဖွဲ့ရောက်လာကြလိမ့်မယ်...သူတို့ရဲ့စစ်ဆေးချက်အရ မီး ဟာ ဘာကြောင့်လာင်တာလည်းဆိုတာ ကျုပ်တို့သိနိုင်ပါပီ..."

ထိုနောင်ရဲများ မီးသတ်တပ်ဖွဲ့များ နံနက်လင်းအားကြီးချိန်၌ တဖွဲဖွဲရောက်ရှိလာကြလေ၏. စစ်တေးချက်အရလည်း ရူံ့မီးဖြစ်ကြောင်း အားလုံးတညီတညွတ်ထဲ ကောက်ချက်ချလေ၏. ထိုနောက် ရဲ စုံထောက်များမှ သဲလွန်စ များအား လိုက်လဲစစ်ဆေးလေ၏. မီးသတ်တပ်ဖွဲ့များကလည်း မီးကြွင်းမီးကျန်များအား ဆက်လက်၍ ညိမ်းသတ်လေ၏.။

နောက်ဆုံးအဖြေသည် သူကြီး၏ သားဖိုးမောင်၏ လူမိုက်များ လက်ချက်ဖြစ်ကြောင်း တစ်ရွာလုံးသိရှိစွားကြလေသည်. ထိုသို့သိရှသွားကြသောအခါ တစ်ရွာလုံးမှ သူကြီးအား ဒေါသ ထွက်ကြလေ၏. ချို့မှာမူ သူကြီးအား ယခုချက်ချင်းသူကြီးရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆို ဆန္ဒပြကြလေသည်.။

ထိုနောက်ထားမေသည် ရွေးကောက်ပွဲ သတ်မှတ်ထားသောရက်ရောက်ရှိတော့မည်ဖြစ်သောကြောင့်မဲလိမ်မဲခိုးမှုများ မသမာသောနည်းဖြင့် ရယူထားသောမဲများ မရှိစေရန် ရပ်ရွာ ကော်မရှင်အား အားခြင်းဖွဲ့စည်း၍ ရွေးကောက်ပွဲအား စောင့်ကြည့်စေ၏. မြို့မှ လူများနှင့်ရွာမှ လူကြီးပိုင်းများပါဝင်ကြသည်.။

ရွေးကောက်ပွဲနေ့၌ အမှားယွင်းတစ်စုံတစ်ရာမဖြစ်စေရန်အတွက် အစိုးရလုံခြုံရေး ပိုင်းများမှ ရဲ များ နှစ်ဆယ်လေးနာရီ ဆောင့်ကြည့်ကြလေ၏. မဲရုံများအား ရွာလယ်၌ ကျွန်းပျင်းကတိုးသားဖြင့်အခိုက်မာဆောက်လုပ်ထားကြပီးဖြစ်သည်.။

ဤသို့ဖြင့် အုပ်ချုပ်ရေးမှုးရွေကောက်ပွဲနေ့သို့ရောက်ရှိလာပီဖြစ်လေသည်.။

~~~~~~~~~~~~~~

(16)

ဇာတ်သိမ်း

ရွေးကောက်ပွဲ မနက် ၌ ရှေ့နေဂျူအာ နှင့် မထားမေတို့ နံနက်ဆာ သုံးဆောင်နေကြစဉ် မိပေါ ရောက်ရှိလာလေ၏.။

" မမ ထားမေ .."

" ဟင်မိပေါ ပျောက်နေလိုက်တာ မမ မိပေါကို မြို့ ကိုသွားနေတယ် ထင်တာ.."

" မိပေါ ရွာမှာပဲ ရှိပါတယ် မမ ဒါမဲ့..."

မိပေါမှ ဆက်၍ မပြောသေးပဲ စိုးရိမ်နေဟန်ပြုနေ၏.

" ဒါမဲ့ ...ဘာဖြစ်လဲ မိပေါ...."

" ဒီလို ပျောက်နေတာ မိပေါ ရှက်တယ် ပီးတော့ ခု..ခုလေ မိပေါမှာ မိပေါမှာ...အဟင့်..ဟင့်...ကိုယ်ဝန်ရှိနေပီ..."

" ဟင်..."

" ဟာ..."

" ဒါဘယ်လိုဖြစ်တာလည်း မိပေါ...."

" မမ ထားမေကို မိပေါ အားကိုးတယ် လေးလည်းလေးစားတယ် ဒါကြောင့် ခုလိုအိမ်ထဲမှာ တစ်ယောက်ထဲ တွေးပူနေတာထက်စာရင် ဘာလုပ်သင့်ရင်ကောင်းမလဲ ဆိုတာကို မမထားမေနဲ့ အရင် လာတိုင်ပင်တာပါ..."

" ကောင်းပီ ဒါဆို ဒီကိုယ်ဝန်က ဘယ်သူနဲ့ရတာလည်း မမကိုအမှန်တိုင်းပြော ဒါမှ မမတို့က အစွမ်းကုန်ကြိုးစားပေးလို့ရမှာ .."

" မိပေါလေ မမ ထားမေအပေါ် သစ္စာဖောက်ခဲ့ပါတယ် ဟင့်..ဟင့်.. မိပေါလေ မမထားမေရဲ့ရန်ကုန်က အိမ်လိပ်စာကို သူကြီးမြေးဖိုးစည်က မေးလို့ဖြေမိပါတယ်.."

" ဟင်..."

" အဲဒီကအပြန်မှာ မိပေါကို ကိုတား ဟိုဟာလုပ်လိုက်တယ်..ဟင့်..ဟင့်...အခု...အခု..သူ့ကြောင့် မိပေါ..မိပေါ ကိုယ်ဝန်ရ...ရ...ရ...."

မိပေါသည် ပြောရင်း ငိုရလွန်း၍ မောပန်းကာ အားနည်းသွားပီး မူးဝေလာကာ ထားမေ အားစကားရပ်ပြောနေရင်း လဲကျသွားလေတော့သည်..။

" ဟင်..မိပေါ....မိပေါ...ညီမလေး...."

ထိုနောက်မိပေါအား နီးစပ် မြို့ရှိဆေးခန်းသို့ ပို့ဆောင် ၍ ဆေးကုသစေတော့၏.။

ထိုနောက် ထားမေသည် ဂျူအာ နှင့် ကြည်ပြာတို့ အား ခေါ်၍ ရွေးကောက်ပွဲ အခြေနေ နှင့် သူကြီးမင်းတို့ ၏ သူမအကြောင်း အား သိရှိသွားပုံ ထိုပြင် ကိုတား အာ မိပေါ ၌ ကိုယ်ဝန်ရှိနေပီဖြစ်ကြောင်း ယခု ကိုတားကြောင့် ဆေးရုံတင်ရှိထားပါကြောင့် သို့ဖြင့်ပါ၍ ကိုတား အနေဖြင့် မိပေါအား လက်ထပ်ပေါင်းသင်းရမည် တရားဝင်ပေါင်းသင်းရမည်ဖြစ်သည့်အကြောင်း စသဖြင့်ပြောကြားလေ၏.။

" ခုဆို ရင် သူကြီးတို့ဟာ ကျွန်မရဲ့ အကြောင်းကို သိသွားလောက်ပီ ဒီအခြေနေတွေကို ကျွန်မကြိုတွက်ပီးသားပါ အော် မဲရုံ အခြေနေကော ဘာထူးသေးလဲ ကိုဂျူအာ ..."

" ကျွန်းပေါ်က အိမ်ထောင်စု စုစုပေါင်း ၁၅၀၀ လောက်ရှိတယ် မဲပေးနိုင်သူအရေတွက်က အားလုံး ၂သိန်းခွဲလောက်မဲပေးနိုင်တယ်. .."။

" ဟို မဲ ပေးပုံပေးနည်း ကိုလည်း ရွာသူရွာသာတွေကို ပြသထားပီးသားမလား.."

" ဟုတ်ကဲ့ ဆန္ဒမဲ မလုပ်ခင် အကြိုပြင်ဆင်မှူတွေကို ကော်မရှင်က အိမ်တိုင်းအိမ်တိုင်း မဲပေးတတ်အောင် လက်တွေ့ပြသထားပါတယ်.."

" အင်းကောင်းပါတယ် အော် ကြည်ပြာ ခု မိပေါ ဆေးရုံတင်ရတယ် နောက်ပီး ခယ်မူး က ကိုတား ကို မိသားဖသားပီပီ သူညီမလေးကို လက်ထပ်ယူဖို့ ကျွန်မ ကိုတစ်ဆင့်ကမ်းလှမ်းခိုင်ထားတယ် ဒီတော့ ကျွန်မအနေနဲ့ သူကြီးဆီကို အကြောင်းကြားစာပို့ရလိမ့်မယ် သူကြီးအနေနဲ့ ဒီ ချိန်မှာ အမှူခင်းတစ်စုံတစ်ရာ အဖြစ်ခံမှာ မဟုတ်လောက်ဖူး ဒီနေ့က သူတိူ့တွက်အရေးကြီးတဲ့နေ့လေ..."

" မထားမေ လူထုကို သူကြီးက မထားမေအကြောင်း နောက်ကွယ်က နေ ဖွင့်ချနိုင်တယ် ..."

" အခု အမတ်လောင်းက ကျွန်မဝင်ရွေးတာမှာမဟုတ်ပဲရှင် ကိုဂျူအာ လို လူမျိုး ကို ကျွန်မ ပွဲထုတ်ထားတာလေ သူတို့ဘက်က သပုတ်လေလွင့် သီးတင်းဖြန့်လည်း လူထုက ကိုဂျူအာရဲ့ စေတနာကို သိရှိပီးသားပါ ပီးတော့ ကိုဂျူအာရဲ့ လုပ်ရည်ကိုင်ရည်တွေကိုလည်း သဘောကျနှစ်ခြိုက်ပီးသားပါ..."

" ဒါတွေအားလုံးက မထားမေရဲ့ ရဲဝံ့ပြတ်သားတဲ့စိတ် ဓာတ်ကြောင့်ဖြစ်လာတာပါဗျာ..ဒီရွာအပေါ်မှာ မထားမေ ထားတဲ့စေတနာဟာ..အင်မတန်မှ မွန်မြတ်လှပါတယ် ကျေးဇူးကြီးလှပါတယ်....."

ထိုညနေပိုင်း ၌ မဲရုံကော်မရှင်မှ မဲများရေတွက်သောအခါ မဲပေးသူဦးရည် ၂သိန်းခွဲ ၌ ၂သိန်း၃သောင်းကျော်သည် ရှေ့နေ ဂျူအာ အား ရပ်ရွာ အုပ်ချုပ်ရေးမှူးအဖြစ် မဲ ထည့် ရွေးချယ်ခဲ့ကြလေ၏. ကျန် လူဦးရည် ၂ သိန်းမှာ သူကြီး၏ ဆွေမျိုးများ တပည့်များ နှင့် ဖိုးစည်မဲဆွယ်ခဲ့သော ဒိုင် များပင်ဖြစ်ကြ၏.

ထိုကြောင့် ရှေ့နေဂျူအာသည် သူကြီးမြေး ဖိုးစည်ထက် မဲအရေတွက် သုံးဆများသဖြင့် အပြတ်သတ်အနိုင်ရှိသွားလေ၏.။

ထိုကြောင့် သူကြီးမြေး ဖိုးစည်တို့မှ ဂျူအာ ကို မကျေမနပ်ဖြစ်ခါ လက်နက်အားကိုဖြင့် ဂျူအာ ဟောပြောနေစဉ်အတွင်း စင်ပေါ်သို့တတ်၍ အနိုင်ကျင့်လေသည်. ထိုအခါ လူအများရုန်းရင်းဆန်ခတ်ဖြစ်ကုန်၏.။

" ကျုပ်တို့...မျိုးဆက်ကို နှောက်ယှက်ဖျက်ဆီးတဲ့အကောင်..ရော့ကွာ...ခွပ်..."

" အု..."

ကြည်ပြာသည် သူမ၏ ချစ်သူအား ထိုသို့ပြုလုပ်သည်ကို တွေ့သွားသောအခါ အနီးရှိ တုတ်ဖြင့် ဖိုးစည် နှင့်အ ဖွဲ့အား ဝင်ရိုက်လေ၏.။

" ဒုတ်..အင်...ဟာ ဒီကောင်မက တစ်မှောက် အပြတ်ရှင်းပစ်ကွာ တရားသည်ဖြစ်စေမတရားသည်ဖြစ်စေ ငါ့ရဲ့ အာဏာကိုငါရအောင်ပြန်ယူရမယ်..."

" ခွပ် ...အု...ဖုန်း....ဇွတ်...အား......"

ဖိုးစည်သည် ခါး ဓားမြှောင်ဖြင့် ဂျူအာ ကို ထိုးလိုက်စဉ် ကြည်ပြာမှ အလယ်မှ ဝင်ကာသဖြင့် ကြည်ပြာအား ဝမ်းဗိုက်သို့ ဓားဖြင့် ထိုးမိပီးသား ဖြစ်သွားလေ၏.

" ကြည်ပြာ..........."

" အ...အု...အ..."

ထိုအချိန်တွင်း မုန်းကူး မုတာ နှင့် ထားမေ အပါဝင် ဒုရဲအုပ်အချို့ ရောက်ရှိလာကာ ဖိုးစည် အား သေနတ်ဖြင့် ချိန် ၍ လက်ထိပ်ခတ်လိုက်လေသည်.။

" ကြည်ပြာ...ကြည်ပြာ.....ညီမလေး...ကြည်ပြာ....ဟာ....ကြည်..ကြည်ပြာ.... ဓားထိုးခံရတာလား....."

" ကြည်ပြာရယ်.....ဖြစ်မှဖြစ်ရလေ......ညီမလေးရယ်..."

ထားမေ ရင်ထဲစို့နစ်စွာ ခံစားသွားရလေ၏.။ထိုသို့ ဖိုးစည်အား ရဲများမှ လက်ထိပ်ခတ်ပီးချိန် ၌ သူကြီးဦးမော်ရောက်ရှိလာပီး ရဲများအားတောင်းပန်လေ၏.။

" မလုပ်ကြပါနဲ့ ....မဖမ်းကြပါနဲ့ဗျာ....ကျုပ်မြေးလေးကို မဖမ်းကြပါနဲ့ ဗျာ...ကျုပ် ....ကျုပ်မြေးလေး...ကို မဖမ်းကြပါနဲ့....အား..အ.....အ....."

" ဟင်..အဘ...အဘ...အဘ......လုပ်ကြပါအုံး အဘကိုခေါ်လို့မရတော့ဘူး..."

သူကြီးဦးမော်သည် စိတ်ခံစားမှူအရမ်းပြင်းထန်လွန်း၍ နှလုံးအား ထိခိုက်ခါ အမောဖောက်၍ သေဆုံးသွားလေတော့သည်.။ထားမေသည် ကြည်ပြာ၏ နာရေးအား အပီးထိ လုပ်ကိုင်ဆောင်ရွက်ပေးလေ၏ ထိုပြင် ရွာသူရွာသားများ ၏ ကူငွေဖြင့် ကြည်ပြာ၏ ဖခင်အား ဘိန်းပြတ်စေရန်မြို့ရှိဆေးရုံပေါ်သို့ တက်ရောက်ကုသစေလေ၏.။

" အော် ...ကြည်ပြာရယ် မမတို့ စတွေ့တုန်းက ကြည်ပြာ ဟာ မမကို ခေါ်ဆောင်ပေးတဲ့ အရင်းနှီးဆုံး မမရဲ့ ညီမလေးပါကွယ်.. မမ ကြည်ပြာကို ဒီတစ်သက် လုံး သတိရနေမှာပါကွယ်. . နောက်နောင်ဘဝဆက်တိုင်းဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ငါ့ညီမလေး ကင်းဝေးပါစေ..လို့မမဆုတောင်းပေးပါတယ်.. ."

" ကို အရမ်းချစ်တဲ့ ကြည်ပြာရယ်....ကြည်ပြာဟာ ကိုယ့်ဘဝမှာ မေ့လို့မရတဲ့ ချစ်သူတစ်ယောက်ပါ ကောင်းကင်ဘုံမှာ ကောင်းစွာအိပ်ဆက်နိုင်ပါစေ..ကြည်ပြာ...ဘုရားသခင် ဆောင်မတော့မူပါ .."

ထိုနောက် နာရေးကိစ္စများ ပီးဆီးစွာဆောင်ရွက်ပီးသော် ကြည်ပြာရက်လည်ပီး ၃ ရက်အကြာ ၌ ထားမေသည် ယခုအခါ ကျေးရွာ အုပ်ချုပ်ရေးမှူ ုဖြစ်သူ ဂျူအာ အား ဤ သို့ပြောဆို နှုတ်ဆက်စကားဆိုလေသည်။

" ကိုဂျူအာ..ကျွန်မ ဟောဒီ ရွာလေးကို အရမ်းချစ်ခဲ့ပါတယ် ပဌာန်းဆက်ရှိတယ်ဆိုရမလား မပြောတတ်ဖူး ဒီကျွန်းပေါ်က ကျွန်းတော ရွာလေးကို ကျွန်မ ဘယ်ဘဝကရေစက်ကြောင့်ခင်တွယ် နေလဲတော့မသိပါဘူး ခု ကျွန်မ ရဲ့ တာဝန်တွေ ပီးစွားပီ ရွာသူရွာသားတွေ ဆီကို အာဏာ ပြန်ရောက်သွားခဲ့ပီ ဒါကြောင့် ကျွန်မရဲ့ လုက်ငန်းတာဝန်ဟာ ဒီနေရာမှာ ပဲ အဆုံးသတ်သွားပါပီ ဒီတော့ ကျွန်မ အနေနဲ့ ပြန်ရမဲ့အချိန်ရောက်ပီ ကိုဂျူအာ ..."

" မပြန်ပါနဲ့လား...မထားမေရယ် ကျွန်တော့်အနေနဲ့ မထားမေကို ရွာရဲ့ ခေါင်းဆောင်နေရာ ယူစေချင်တာပါ မထားမေရဲ့ ပါးနပ်မှူတွေ လုပ်ရည်ကိုင်ရည်ကျွမ်းကျင်မှု့ ခေါင်းဆောင်နိုင်တဲ့ အရည်ချင်း ရှိမှုတွေ့က သက်သေပါ..."

" ကျွန်မ သိပါတယ် နားလည်း နားလည်ပါတယ် ဒါမဲ့ ကျွန်မက ဝရမ်းပြေးလေ ကျွန်မရွာကို စရောက်ထဲက ပြန်ပီးအဖမ်းခံဖို့ ဆုံးဖြတ်ပီးသားပါ ဒါမဲ့ ရွာလေးကိုသံယောဇဉ်ကတွယ်ပီး သူကြီးရဲ့ လူမဆန်မှူတွေကို မနှစ်မြို့လို့ အခုချိန်ထိ ကျွန်မ ကူညီခဲ့တာပါ ကျွန်မတွက် ကူသိုလ် ထူးတစ်ခုပါပဲ...."

" မထားမေရယ်....."

ထားမေသည် အားကမ်းစက်ရှိ စက်လှေပေါ်သို့ တစ်ရွာလုံးလိုက်ပို့ကြလေ၏. မိပေါ .မုတာ . ခယ်မူး.ကိုတား မုန်းကူး တို့သည်လည်း လာရောက်နှုတ်ဆက်ကြလေ၏.။

မိပေါနှင့်ကိုတား လည်း တရားဝင်ဇနီးမယား ဖြစ်သွားပီဖြစ်သည်။အားလုံးကိုယ်စီ မျက်နှာမကောင်းကြပေ ထိုနောက် မှမထားမေသည် သဘောၤပေါ်သို့ မတတ်မှီ ရွာသူရွာသားများဘက်သို့လှည့်၍ နှုတ်ဆက်စကားပြောကြားလေ၏.။

" အားလုံးပဲ ကျွန်မ ပြန်ခါနီး စကားနည်းနည်းပြောခဲ့ပါရစေ..ကျွန်မတို့ အားလုံးဟာ ဒီကျွန်းဒီရွာပေါ်မှာ သစ္စာရှိရပါ့မယ် တစ်ဦးနဲ့တစ်ဦး စည်းစည်းလုံးလုံး နဲ့ ရပ်ရွာကောင်းကျိုးကို ရှေးရူပီး ဟောဒီက အုပ်ရေးမှူးကိုဂျူအာရဲ့ ခေါင်းဆောင်မှူအောက်မှာ ညီညီညာညာနဲ့ ရပ်ရွာအတွက် သယ်ပိုးဆောင်ရွက်မယ်ဆိုရင် ရွာလေးရဲ့ လူမှူရေးစီးပွားရေး ကျန်းမာရေးပညာရေးအဘက်ဘက်ကနေတိုးတတ်ကောင်းမွန်လာမယ်လို့ ကျွန်မယုံကြည်ပါတယ် ကျွန်မမရှိတော့ပေမဲ့လည်း ဟောဒီ က ကိုဂျူအာ က ကျွန်မထက်တောင်ပိုတော်ပါသေးတယ် သူ့ရဲ့ဦးဆောင်လမ်းပြမှူအောက်မှာ ရောက်ချင်တဲ့ပန်းတိုင်ကိုလျှောက်လှမ်းကြပါလို့ ကျွန်မဒီနေရာကပဲ ပြောဆိုမှာကြားလိုက်ပါရစေ.."

ထိုနောက် ရွာသားများမှ ထားမေတွက် လက်ဆောင်အသီးသီးပေးဝေခဲ့ကြလေ၏.။ထားမေသည် နောက်ဆုံးအကြိမ်ဖြင့် ဂျူအာ အား ခေါ်၍ ရီဝေသောမျက်ဝန်းညိုကြီးများဖြင့် ကြည့်ကာ နှုတ်ဆီဖူးနှုတ်ခမ်းလေးမှ အချိုသာဆုံး စကားတစ်ခု ထွက်လာခဲ့လေသည်.။

" ဂျူအာ...ကျွန်မ ရှင့်ကို ချစ်တယ်..."

ပြောပီးပီးချင်းမှာပင် သူမ စကားအားသူမ ချက်ချင်းပြန်ရုပ်သိမ်းလိုက်လေ၏.။

" sorry ဒါ စိတ်ကူးယဉ်သက်သက်ပါ..."

ထိုနောက် ငွေဆောင်ကမ်းခြေသို့ ရောက်သောအခါ ထားမေသည် ငွေဆောင်ရဲစခန်းသို့ ကမ်းစပ်မှ တစ်ယောက်ထဲလမ်းလျှောက်လာလေသည်. ထိုစဉ် မိန်းမပျိုတစ်ဦးနှင့်ယောကျာၤးပျိုတစ်ဦးတို့သည် ကမ်းစပ်၌ ရေကူးဝတ်များဝတ်၍ တစ်ဦး၏ ခါးကိုတစ်ဦးဖက်လျှက် ထားမေ၏ အရှေ့မှ ဖြတ်လျှောက်သွားကြလေ၏.

" ဟင်...ဒါ..ဒါ...ကို..ပါလား.....ေဩာ်.....ကိုရယ်.....ထား..ကိုတောင်မမြင်တော့ပါလား.....သစ္စာတရားဟာ...ကို..အတွက်အလာကား...ဖြစ်သွားပီပေါ့....."

ဟုတွေးကာ..မျက်ရည်များဖြင့် ဆက်၍ လျှောက်လာစဉ် သစ္စာမဲ့သော ယောကျာၤးအား ရင်ထဲမှ အပီးပိုင်မောင်းထုတ်လိုက်လေတော့သည်.။

ရုတ်တရက် ..

" မထားမေ လား...."

" ဟင်.."

သူမတစ်ခါမျှမမြင်ဖူးသော ယောကျာၤးတစ်ဦးပင် ...ဖြစ်သည်။

" ဘာလဲဟင်..."

" ကျုပ်က CID က ဒုရဲအုပ်တစ်ယောက်ပါ ကျုပ်နာမည် မိုးဆွေ ပါ...မထားမေ ကို ကျုပ်သိတာကြာပါပီ..."

" ေဩာ်....ကျွန်မသဘောပေါက်ပီ အဲဒီတွက်လည်း ကျွန်မ အဖမ်းခံဖို့အသင့်ပါ..."

" အဟွန်း...ကျုပ်က မထားမေကို လာဖမ်းတာမဟုတ်ပါဘူး..ဦးဒေဝ သေဆုံးမှူရဲ့ အဓိက တရားခံကို ကျုပ်တို့တွေအားလုံးဖမ်းမိထားပီးသွားပါပီ .."

" ရှင်..."

" ဟုတ်ပါတယ် တကယ်တော့ ဦးဒေဝက မထားမေပစ်လိုက်တဲ့ ငါးလုံးပြူးသေနတ်ကြောင့်သေဆုံး ခြင်းမဟုတ်ပါဘူး အခြားပြင်းအား ၈.၅ ရှိတဲ့ ကျည်ဆန်တစ်ခုကြောင့် သေဆုံးရတာပါ တကယ်တော့ တရားခံ ဟာ ဦးဒေဝရဲ့ တပည့်တစ်ယောက်ပဲ ပြောရရင် ရတနာသေတ္တာကိစ္စကို ကြားပီး လောဘကြောင့် သူဆရာကိုသူပြန်ရှင်းလိုက်တဲ့သဘောပါ တကယ်လည်း ဒီ လူ မထားမေကို စောင့်ကြည့် ပီး အချိန်ပြည့်လှုပ်ရှားနေတဲ့လူ ဗျ သူ့ရဲ့ ထွက်ဆိုချက်မှာ နောက်ထပ် လူတစ်ယောက်လည်းပါသေးတယ် အဲဒီလူက ပိုပီးကြောက်စရာကောင်းတယ် ပီးတော့ ရတနာသေတ္တာကို သူကိုယ်တိုင်ယူပြေးတာလို့ပြောတယ် သူ့ ကို လူတစ်ယောက်ကို သတ်ခိုင်းဖို့လဲ ပိုက်ဆံပေးပီး ခိုင်းထားတယ် အဲဒီ လူ လဲ အခု သူလက်ချက်နဲ့ သေသွားပီလို့ကြာတယ် သူက တော့ တရားမဝင်တဲ့ နိုင်ငံပိုင် မဟုတ်တဲ့ ကျွန်းမှာ ရောက်သွားတယ် ။

အပြည်ပြည်ဆိုင်ရာက ပိုင်တဲ့ကျွန်းပေါ့ သူက မြန်မာပြည်နဲ့ပိုနီးတယ် ဒီလူကမြို့မှာ လူလိမ်တွေအတော်များများနဲ့သိတယ် မထားမေ အဲဒီ လူက အခြား ..မဟုတ်ဖူး...ရတနာသေတ္တာကို အပိုင်လိုချင်နေတဲ့ ပုသိမ်က ရှေ့နေ ဂျူအာပဲ.သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ နာမည်ကလည်းကြည်ပြာတဲ့ သူတို့တွေအားလုံး သေဆုံးသွားကြပီဗျ ဒီလူကတော့ လူမနေတဲ့အပြည်ပြည်ဆိုင်ရာကျွန်းမှာ အစာငတ်ပီးသေတယိလို့ပြောသံကြားတာပဲ အဲဒီကျွန်းကို ဒီငွေဆောင်ကလူတွေမသွားရဲကြဘူးဗျ သိပ်အခြောက်ကြမ်းတာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က တရ်ရွာလုံး ဝမ်း ရောဂါကပ်ဆိုးနဲ့သေသွားကြတာလေ .သူကြီးခေါတ်က လို့ ဆိုပါတော့ဗျာ ကျွန်းနာမည်ကတော စူခလံကျွန်းလို့ခေါ်တယ် ကျုပ်တို့ ဗမာတွေက စူခလံ စူခလံခေါ်ရင်းကနေ ဆူးခင်းလမ်း ဖြစ်သွားတာပေါ့ဗျာ........."

" ရှင်........."

" ဒါနဲ့အခု မထားမေ ဘယ်ကလာတာလဲ "

ထားမေသည် ရဲအုပ် မိုးဆွေ၏ မေးခွန်းအား မိုးဆွေအား စေ့စေ့ကြည့်လိုက်၏. ထိုအကြည့်များတွင် အံ့ဩခြင်း.ထူးဆန်းခြင်း ကြောက်ရွံ့ခြင်း မယုံနိုင်အောင်ဖြစ်ရခြင်း ဝမ်းနည်းခြင်း များရော၍ ပြည့်နှက်နေလေသည်.ထိုနောက် ထားမေ၏ ပါးစပ်မှ စကားလုံးတစ်လုံးချင်း တစ်ခုချင်းထွက်ပေါ်လာလေတော့သည်.။

" ..ဆူး......ခင်း.......လမ်း...."



စာချစ်သူ ပရိတ်သတ် သူငယ်ချင်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွင်လန်းချမ်းမြေ့ကြပါစေ...

နတ်ဆေး




........................................⭐⭐⭐⭐⭐........................................

ပြီးပါပြီ။







ဆူးခင်းလမ်း အပိုင်း ( ၁ )

ဆူးခင်းလမ်း အပိုင်း  ( ၁ )

နတ်ဆေး ရေးသည်။

(01)

ကြယ်ကလေးများသည် မိုးကန့်လန့်ကာကြီးတွင်းမှ ပြူတစ်ပြူတစ် ငုံကြည့်ကြ၏.။

ကြိတ်လျှက်ရိူက်မိသောကြောင့် မောက်ကြွသောရင်အုံအထက်ရှိ ပြုတ်ကျတွဲခိုနေသောကြယ်သီးကလေးသည် ဖျော့သောလရောင်နှင့်ဝင်းလက်သွား၏.ခြံထောင့်ရှိဝါးရုံပင်အိုသည် တစ်ဖက်ခြံမှစကားပင်ပျိုအား လေအတုံ့တွင် ငုံလျက် နမ်းရိူက်စော်ကား၏. စကားရွက်ကလေးများသည် လေအဟပ်တွင် ဆတ်ဆတ်ခါအောင် တိမ်မူးနေကြ၏.။ဝါးရုံပင်အောက်၌ချွေးစို့နေသောယောင်္ကျားပျို၏လက်တစ်ဖက်သည် တရိူက်မက်မက်ဖိုနေသေးသော မိန်းမပျို၏နောက်ဆီမှ နွမ်းလျသေးသွယ်သောခါးကို ညင်သာစွာသိုင်းဖက်လိုက်သည်.။

" ထား..စိတ်စိတ်ဆိုးသွားပလား..."

ယောင်္ကျားပျို၏ပူနွေးသောအာငွေ့သည် သင်းပျံ့ပျံ့ဝီစကီနံ့နှင့်ရောလျက် ထားမေ၏နီထွေးသော ပါးအိုကလေးကို တိုးတိတ်စွာရိုက်ခတ်လာ၏.။

" ထား စိတ်ဆိုးရင်ကြိုက်သလိုအပြစ်ပေးတော့ ကို ခံဖို့အသင့်ရှိတယ် ကဲဘယ်လိုလုပ်မလဲ ထုမလား ရိုက်မလား သတ်မလား ..."

ယောကျာၤးပျိုသည် သိုင်းဖက်ထားသော ထားမေ၏ ခါးကိုတစ်ချက်မျှ ခပ်သာသာလှုပ်၍မေး၏.။ထားမေသည် ဆင့်လျှက်ဆင့်လျှက် အရှည်ကြီးတစ်ခါရိူက်သည်.။ထိုနောက်ယောင်္ကျားပျို၏လက်ကို ရုန်းထွက်ပြေးသွားမည်စိုးသကဲ့သို့ ဖျစ်ညှစ်ဆုတ်ကိုင်ထား၏.

" ပြောပါ ထား..ပြောစမ်းပါ ကို မှားတာပဲလေ .ကိုကို ကမကောင်းပါဘူး .....ကို မချုပ်တည်းနိုင်ခဲ့ဘူး ကို လူညံ့ပဲ ..."

ယောင်္ကျားပျိုသည် မိမိကိုယ်ကိုပြောရင်း ဒေါသဖြစ်လာသကဲ့သို့ မိမိ၏လက်ကို ထားမေ၏ ခါး မှ အထိတ်တလန့် ရုပ်သိမ်းလိုက်၏.။ထားမေသည်ယောင်္ကျားပျို၏ လက်ကို ဖျစ်ညစ်ဆွဲယူထားရင်း ဖက်မြဲဖက်စေလျက် မိမိ၏ နူးညံ့သော လက်ဖဝါး အိအိဖြင့်အပေါ်မှဖိထားလေ၏.။

ချိုထောင်သောလကလေးသည် မှိတ်တုတ်မှိတ်တုတ် ဝိုင်းအုံကြည့်နေကြသော ကြယ်အုပ်ကြီးကိုအားကျကာ အနောက်ဘက် သစ်ရိပ်တွင် တွဲလွဲခိုလျှက် ချစ်သူနှစ်ဦးကို ဆောင့်ကြည့်နေလိုက်သေး၏. ချစ်သူနှစ်ဦးတို့သည် စံပယ်ရုံဘေးမှဝှေ့ယမ်းလာသော လေကို ရူရိူက်ရင်း တိတ်ဆိတ်နေကြ၏.။

ထားမေ၏အသက်ရူသံသည် ဝေးလံသော ခရီးကြမ်းတစ်ခုကို ဖြတ်ပြေးလာသကဲ့သို့ ပြင်းထန်ဆဲ ရှိသေးသည်.။ထားမေသည် မိမိပါးပြင်ပေါ်တွင်ယောကျာၤးပျိုအသက်ရူလိုက်တိုင်း နွေး၍နွေး၍လာသော နှာငွေ့ကိုပင် သတိထားမိနေ၏. ထားမေ၏အာရုံကြောတို့သည် ပိုမိုထက်မြတ်နေကြလျက် တွေ့ထိသမျှအရာတို့ကို ဖျဉ်းဖျဉ်းသိမ့်မျှ ခံစားနိုင်စွမ်းရှိလေ၏.။

" ထား..."

" ရှင် ..ကို "

တိုးတိတ်သော လေသံသည် ချစ်လိုစဖွယ် ညင်သာစွာပေါ်ထွက်လာ၏.

" ပြောပါအုံး ကို့ကို သိပ်စိတ်ဆိုးသွားပလား..."

လေသံနှင့်ပြောသောကြောင့် နွေးခနဲအာငွေ့လေး ဟပ်လာရာမှ ယောကျာၤးပျိုက ပါးချင်းကပ်လိုက်၏.။နီလွင်ပြည့်ဖောင်းသော နှုတ်ခမ်းစုံသည် နှင်းဆီအငုံလေးပွင့်တော့မည်ကဲ့သို့ ရွရွမျှလှုပ်ရှားလျက် မောဟိုက်သောရိူက်သံကလေးသာ ညင်သာစွာထွက်ပေါ်လာရ၏.။ယောင်္ကျားပျိုသည် ပါးချင်းခွာလျက် ငုံ့ကြည့်မိရာမှ အားမလိုအားမရဖြစ်လာသောကြောင့် မျက်နှာချင်းဆိုင်မိအာင် ကြိုးကြမ်းစွာဆွဲ၍လှည့်လိုက်၏. ထိုနောက် မိန်းမပျို၏မေးဖျားကို လက်တစ်ဖက်ဖြင့် ဆွဲယူပင့်တင်လိုက်၏.။

သူပြုတိုင်းနုနေမိရှာသော မိန်းမပျို၏ လှသောမျက်နှာမှာ တပ်မက်စွာ လဲ့ဝင်းလျက်ရှိသည့် မျက်လုံးစုံတို့သည် ကောင်းကင်မှ ကြယ်ရောင်တို့နှင့် အပြိုင် ဝင်းပလျက်မော့ကြည့်လာ၏.။ယောင်္ကျားပျိုသည် မိန်းမပျိုအား ပွေ့ပိုက်ဆွဲယူလျက် ရင်းချင်းအပ်စေပီးနောက် မျက်နှာချင်းကပ်ခါ နှုတ်ခမ်းချင်းထိလုလုပြုပီးလျှင် ရင်မှထွက်လာသည့်လေသံဖြင့် စကားဆို၏.။

" ကို လေ သိပ်ချစ်လွန်းလို့သိလား ...."

မိန်းမပျိုသည် ဘာမျှပြန်မပြောပဲ ယောင်္ကျားပျိုကို ပို၍တင်းကြပ်စွာဖက်လိုက်၏.ယောင်္ကျားပျိုသည် မိန်းမပျို၏ မျက်နှာကို မျက်နှာချင်းခွာကြည့်ရာမှ နှုတ်ခမ်းချင်းဖိကပ်နမ်းစုပ်ပြန်၏.မိန်းမပျိုသည် ယောင်္ကျားပျို၏ ပခုံးသားကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်လိုက်မိရာမှ ညည်းသံနှင့်အတူယောင်္ကျားပျိုကို အားပြုလျက် နွမ်းလျစွာ မှီကျသွားသည်.။

ယောင်္ကျားပျိုသည် မိန်းမပျိုကို ပွေ့ပိုက်ရင်း စံပယ်ရုံဘေးရှိ မြက်ခင်းပေါ်တွင် နောက်တစ်ကြိမ်ထိုင်မိကြပြန်သည်.စောစောကကဲ့သို့ပင် ပြင်းပြင်းထန်ထန် ရင်ခုန်လာရပြန်၏.။ထိုနောက်ချစ်သူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦးမျက်နှာချင်းခွာလျက် ကြယ်ရောင်တွဲတွဲလဲ့လဲ့သာမြင်ကြရသော မျက်လုံး အချင်းချင်းကို တရိူက်မက်မက်နှင့် စိမ်းစိမ်းကြည့်ကြပြန်၏.။

တိတ်ဆိတ်နေသောချစ်သူနှစ်ယောက်၏နားထဲ၌ ရင်ခုန်သံက ပိုမိုပြင်းထန် ကျယ်လောင်နေသည်. ယောကျာၤးပျိုသည် မိန်းမပျိုရှိရာသို့တိုးဖိခါ နောက်တစ်ကြိမ်နမ်းစုပ်ပြန်သည်. မိန်းမပျိုသည် ယောကျာၤးပျိုကို ရှိသမျှအင်အားကလေးနှင့် သိမ်းကြုံးဖျစ်ညှစ်ထား၏. မိန်းမပျို၏မျက်လုံးစုံသည် ယောကျာၤးပျို၏ ပခုံးကို ကျော်လွန်လျက် နက်ရိူင်းသောကောင်းကင်ပြင်မှ မှုန်ဝေဝေနဂါးငွေ့တန်းကြီးရှိရာသို့ အမှတ်မထင်ငေးစိုက်မိ၏.။

မိန်းမပျိုသည် ထို နဂါးငွေ့တန်းကြီးပေါ်သို့ရောက်ရှိနေကာ အသဲတစ်အေးအေးနှင့် ဖိုလှိုက်စွာ ပြေးခုန်ကူးသန်းနေ၏.အဆုံးစမရှိသောကောင်းကင်ပြင်ဝယ် အသဲတစ်အေးအေးနှင့် ပြေးခုန်ဖိုလှိုက်ရလွန်းသောအခါ နဂါးငွေ့တန်းကြီးသည် ဝိုးတဝါး ဖြစ်လာပြန်၏. ထိုစဉ်ချိန်၌ ကြယ်ကလေးများသည် ခြေအောက်မှ တရိပ်ရိပ်ပြေးထွက်ခုန်သောကြောင့် ရင်ထဲတွင်တဟာဟာနှင့်မျက်လုံးမှိတ်လျက် ညည်းသံနှင့် ရိူက်ငင်နေရသည်.။

လဟာပြင်ကြီးမှ ခြေလွတ်လက်လွတ် ကျဆင်းလာသည်ဟု ထင်မှတ်လိုက်ချိန်တွင် လျှပ်စစ်အမိခံလိုက်ရသူကဲ့သို့ တစ်ကိုယ်လုံးလှုပ်ရှားသွားလျှက် အသက်ရူရပ်နေမိသည်.။ဖြူလွသောတိမ်တိုက်ကြီးများကို အားပါးတရပွေ့ပိုက်ဖျစ်ညှစ်ရင်း မောဟိုက်မိန်မောနေစဉ်တွင်ကောင်းကင်ပြင်ကြီးဝယ် စိန် ပွင့်ကလေးများ ဆုတ်ကြဲထားဟန်ရှိသော ကြယ်ပြောင်ကလေးများကို ပြတ်ပြတ်သားသား မြင်မိလာရပြန်သည်.။ထိုချိန်မှမိန်းမပျိုသည် ယောင်္ကျားပျို၏ မျက်နှာကို စိမ်းစိမ်းစူးစူးအလိုလို စိုက်ကြည့်မိ၏.။

" ကို....ရယ် "

မင်ရည်တွဲတွဲ ယဲ့ယဲ့မျှပေါ်သော ယောင်္ကျားပျို၏ မျက်နှာကို နုသောလက်ဖဝါးငယ်ဖြင့် တယုတယကိုင်တွယ်စမ်းသပ်ရင်း မိန်းမပျိုကခေါ်လိုက်၏.။ယောင်္ကျားးပျိုသည် မိန်းမပျို၏ ပြည့်ဝသော နှုတ်ခမ်းစုံကို မထိတထိနမ်း၍တုန့်ပြန်သည်. ထိုနောက် မြက်ခင်းပေါ်သို့ ခြေပစ်လက်ပစ် ပက်လက်လန်ချလိုက်၏.ထားမေသည် နေရာမှ လူးလဲထရင်း ယောင်္ကျားပျို၏ မျက်နှာကိုအပေါ်မှ စီးကြည့်လျှက် ထပ်ခေါ်၏.။

" ကို..."

" ထား..."

" ကို..ထား....ကို အထင်သေးသွားပီလား..ကို....ရယ် "

ယောင်္ကျားပျိုသည် ထားမေ ၏ မျက်နှာကို မိမိမျက်နှာဆီသို့ ဆွဲယူနမ်းရိူက်လိုက်ပီးနောက် နေရာမှ လူးလဲထ၏.။ထိုနောက် နှစ်ယောက်အတူယဉ်ထိုင်လိုက်ကြပီးလျှင် ထား ၏သေး ငယ်သောခါးကို ဆွဲယူလိုက်ခါ မိမိနှင့်ပူးကပ်ထိုင်စေ၏.။

" ကဲ..ပြောစမ်းပါအုံး ဘာဖြစ်လို့ ကို...က အထင်သေးရမှာတုန်း ..."

" ထား...လေ ထား..ကို အထင်သေးသွားမှာကြောက်နေတယ်..ပီးတော့ ထား..ကိုပစ်သွားမှာလည်း..ကြောက်နေမိတယ်..."

" ကို...ယောကျာၤးပါကွာ..ကိုလေ ဘယ်သူစကားမှနားထောင်ဖို့မလိုဘူး ...ကို့ကို ယုံပါထားရယ်... ကို့..ဖေဖေဆိုတာ...စကားထဲကို..ထည့်မတွက်နဲ့ အမြဲကို့ကို အလိုလိုက်ရတာ...မေမေကတော့ မရှိတော့ဘူးပေါ့..."

" အို...ကို...ရယ်...ထားကြောင့် စိတ်ထိခိုက်သွားလား...ဟင်.."

" လူ ဘဝဆိုတာ..ဒီလိုပါပဲ ထား...ရယ်..."

" ထား...လေ ကို့ကို..သိပ်ချစ်တယ်..ကို..နဲ့ခွဲရမှာကို...သိပ်ကြောက်တယ်..."

" ကိုလည်း...ထားလိုပါပဲ...ကွာ...ထားကို..အရမ်းချစ်တယ်...."

" ကို...ရယ်...."

ချစ်သူနှစ်ဦး အဝတ်စားကိုယ်စီ ပြန်လည်ဝတ်ဆင်ခဲ့ကြပီး နှစ်ဦးသား မျက်နှာချင်းဆိုင် ထ ရပ်လိုက်ကြ၏.။ပီးနောက် ယောကျာၤးပျိုမှ ထားမေ ၏ ဝင်းအိမွတ်သိမ့်သော ပခုံး နှစ်ဖက်အား ကိုင်ခါ အိမ်ပြန်ချိန် နှုတ်ဆက်အနမ်း အပြန်အလှန်ချွေကြပြန်သည်.။ပီးနောက် တစ်ဦး၏မျက်နှာကိုတစ်ဦး တက်မက်ကြည့်လျှက် ချစ်သူနှစ်ဦး၏ နှုတ်ဆက်စကားဆိုကြလေ၏.။

" ကို ...ထား...ပြန်တော့မယ် ညလည်းနက်ပီ..."

" ဒါဆို ကို လိုက်ပို့မယ်လေ.."

" နေပါစေ ကို ရယ် ထားပြန်တတ်ပါတယ် ..."

" ထား..."

" ရှင်.."

" သိပ်ချစ်တယ် ထား...ရယ် ..."

" ကို...ရယ်.."

ချစ်သူနှစ်ဦး တစ်ဦးကိုတစ်ဦး တင်းကြပ်စွာပွေ့ဖက်ထားကြလေ၏.။အိမ်ပြန်ချိန် နှုတ်ဆက်အနမ်းများဖြင့် ဖြေသိမ့်ပီးသောအခါ နှစ်ဦးသားကျောခိုင်း၍ ထွက်သွားကြလေတော့သည်.ကောင်ကင်ပြာမှ ကြယ်ကလေးများလည်း ရင်တဖိုဖိုနှင့် အိပ်တန်းဝင်ကုန်ကြပီ ထားမေတစ်ယောက်လည်း ချစ်ရည်ရွန်းလဲ့သော ပန်းခင်းလမ်းရဲ့အငွေ့သက်များဖြင့် ရင်တဖိုဖို နှင့် ပင်ပန်းနွမ်းလျစွာ အိပ်တန်းတတ်ခဲ့ လေတော့သည်...။

~~~~~~~~~~~~

(02)

ဖေဖေဦးမြင့်လွင်၏ အကြောင်းကို ထားမေ အလွန်အမင်း သိချင်နေသည်. ဖေဖေ ဦးမြင့်လွင် သေဆုံးချိန်တွင် ထားမေ မှာ ၄ နှစ်သမီး အရွယ်မျှသာ ရှိသေးသည်.။

ယခု လွန်ခဲ့သော ၁၅ နှစ်ခန့်က သေဆုံးသွားခဲ့ပီဖြစ်သော ဖေဖေ ဦးမြင့်လွင်၏ အကြောင်းကို ဦးဒေဝ ဆိုသူ ကပြောပြမည်တဲ့ . သိလိုပါက သူ၏ စာတွင်ပါရှိသည့်အတိုင်း လာခဲ့ဟု ဦးဒေဝ ဆိုသူက ထားမေ ထံသို့ စာတစ်စောင်ပို့ ခဲ့၏.။မေမေ ထားမြင့်ခင် သည် ကွယ်လွန်သွားသည်အထိ ဖေဖေဦးမြင့်လွင် အကြောင်းကို မပြောခဲ့ပေ.မေမေ ကွယ်လွန်သည်မှာ ထားမေ ၁၇ နှစ်အရွယ်တွင် ရှိပီး လွန်ခဲ့သော သုံးနှစ်ခန့်က ကွယ်လွန်သွားခြင်းဖြစ်သည်.။

မေမေထားမြင့်ခင်၏ ညီမအရင်းတစ်ယောက် ထားမေ၏ အဒေါ်အရင်းခေါက်ခေါက် ဒေါ်ဒေါ် ထားမြင့်ဆွေ မှ ထားမေကိုဆက်လက်ထိန်းသိမ်းစောင့်ရှောက်ပေးရင်း ယခုဆို ထားမေ အသက် ၁၉ နှစ်ကျော်ပီး ၂၀ ထဲသို့ဝင်နေပီဖြစ်သည်.။ဦးဒေဝ ထံ မှ စာရောက်ချိန်တွင် ထားမေ ၏ အဒေါ် အိမ်တွင်မရှိပေ.။

ဒေါ်ဒေါ်သည် ဆရာဝန်၏ ညွှန်ကြားချက်အရ မြင်းခြံ မြို့တွင် သူမ၏ ဝေဒနာ အရ သွားရောက်နေထိုင်ရ၏ . ဒေါ်ဒေါ်ဆွေတွင် အဆုတ်ရောင် ရောဂါရှိထားသည် .ယခုလို မိုးတွင်း ဝယ် မိုးများသော ရန်ကုန်၌ စိုစွတ်ထိုင်းမှိုင်းသော ရာသီဥတုတွင် မနေသင့် မြင်းခြံတွင် မိုးတွင်းကာလ သွားနေသင့်သည် ဆိုခြင်းကြောင့် အန်တီဆွေ မြင်းခြံသို့သွားနေရခြင်းဖြစ်သည်.။

အန်တီဆွေ ရောဂါကျေးဇူးကြောင့်ဟု ဆိုရမည်လား မသိပေ အန်တီဆွေ ၏ ပင်တိုင် ဆရာဝန်လေး မှာ ထားမေ၏ အချစ်ကို ရယူနိုင်သူ ထိုပြင် လွန်ခဲ့သော တစ်လ လောက်က လသာသော ညဘက် ၌ ချစ်ကြည်နူးခဲ့ ကြသည့် ပူပူနွေးနွေး ချစ်သူလေး ကိုကိုဇော်ပင် ဖြစ်သည်.။ကိုကိုဇော်နှင့် ထားမေ မတွေ့ရသည်မှာ တစ်ပတ်ကျော်ကျော် ရှိပီဖြစ်သည်.။ထားမေသည် အန်တီဆွေနှင့် လိုက်မသွားနိုင်ပါ ယခု ရန်ကုန် ၌ တတိယနှစ် ဒဂုံတက္ကသိုလ် တတ်ရောက် လျက်သားတန်းလန်းကြီးဖြစ်နေသည်.။

တက္ကသိုလ်အနီး ရှိ ကမာရွတ် အမျိုးသမီးဘော်ဒါဆောင် ၌ နေရသူဖြစ်သည်.။ဘာကြောင့်မှန်းမသိ အန်တီဆွေက လည်း ဖေဖေ ဦးမြင့်လွင် အကြောင်းကို ထားမေအား မပြောခဲ့ဖူးပေ.။ထိုကြောင့် လွန်ခဲ့သော ၁၅ နှစ်ခန့်က ကွယ်လွန်သွားသော ဖေဖေ ဦးမြင့်လွင်အကြောင်းကို သိချင်စိတ် ပြင်းထန်ခဲ့သည်။

ယနေ့မှ ထူးထူးခြားခြား မိမိအမည်ဖြင့် စာတိုက်ပုံးမှ ရရှိသော ပထမဆုံး စာ ကို ဖတ်ရူရခြင်းဖြစ်သည်.။လာချင်လွန်း၍ လာခဲ့ရသည်.ထားမေကြောက်တော့ကြောက်ပေသည်. မအူကုန်း လမ်းဆိုစေကာမူ ဦးဒေဝ ၏ ခြံအမှတ် သည် အလမ်း အစွန်ပိုင်း ဝေးသီ ပေဖျားရောက်နေ၏. ကတ္တရာလမ်းကြီးနှင့်ဝေးလွန်းလှသည်.။

ဦးဒေဝ ၏ ခြံအမှတ်ဆိုလျှင် တံခါးမှာ ဝါးတိုင်နှစ်တိုင်အပေါက်ညီစွာဖောက်ပီး ဝါးလုံးတန်း သုံးတန်းထိုးထားသော ခြံတံခါးသာဖြစ်သည် .အခိုင်အခန့်နှင့်အလှအပမရှိပေ.ခြံကြီး၏ အလယ်တွင် ပျဉ်ကာသွပ်မိုး တစ်ထပ်အိမ်ကလေးရှိသည်.။

ဤအိမ်နှင့်ဤခြံဝန်းထဲသို့ ဝင်ရောက်သွားရန် ထားမေ ဝန်လေးနေမိသည်.ကြောက်ရွံ့နေမိသည်.။အို.....ရောက်လာမှတော့မထူးဘူး ဆိုပီး စိတ်ကိုဇွတ်တင်းကာ ဝါးတံခါးတန်းကိုဖြုန်၍ ဝင်လာခဲ့၏.။ပျဉ်တောင်အိမ်တံခါးမှာ ပိတ်ထား၍ ထားမေ ဖွဖွလေးတံခါးကိုခေါက်လိုက်လေ၏.ချက်ချင်းတံခါးပွင့်လာပေသည်.။

" လာ...လာ...ကျုပ်ကတွက်ပီးသားပါ ဘယ်နည်းနဲ့ မဆို ထားမေဆိုတဲ့ မိန်းခလေး ကျုပ်ဆီကိုရောက်လာရမယ်လို့..."

" ဦးဒေဝ ဆိုတာလား..."

" ကျုပ်ပါပဲ ဒေဝဆိုတာ ကျုပ်ပါပဲ မိန်းခလေး လာ..လာ..လာ..အထဲကိုဝင်..."

ထားမေအိမ်ထဲသို့ဝင်ခဲ့၏ . ထားမေ၏စိတ်ဝယ် ယခုတွေ့ရသော ဦးဒေဝ ဆိုသောလူကြီးကို နှစ်သက်ခြင်းမရှိပေ. ဦးဒေဝ၏ ပြောဟန်ဆိုဟန် နှင့် ရုပ်ဆင်း အဂါၤ တို့ကို မနှစ်သက်ခြင်းဖြစ်ပါ၏. ဦးဒေဝသည် အသက် ၅၀ ခန့်ရှိနိုင်သည်.တုတ်ခိုင်သော ခန္ဓာကိုယ်မျိုးရှိသည် . အရပ်ပုသောကြောင် ဂင်တို ဟုခေါ်နိုင်သည် . အသာညိုယုံမက ကြမ်းသောအသားရည်မျိုးရှိသည်.မျက်ပေါက်ကျဉ်းပီး နှုတ်ခမ်းထူသည်.ဦးဒေဝ ၏ ပြောဆိုဟန်သည် ရောက်ရှိသောအသက် ရွယ်နှင့်မလိုက်အောင်တည်ကြည်ခြင်းမရှိပေ.ကလက်သောအမူယာရှိနေသည်.။

ထားမေ အိမ်ထဲဝင်သည်နှင့် ဦးဒေဝ တံခါးကို ချက်ချင်းပြန် ပိတ်လိုက်၏. အိမ်ထဲတွင် နှစ်ပေမီးချောင်းထွန်းထားသည် . နှစ်ပေမီးချောင်းမှာ လင်းအားနည်းလှသည်. မီးက ပျဉ်ထောင်အိမ်ကိုရောင်ပြန်မဟပ်သောကြောင့် ခပ်မှောင်မှောင်ရှိနေသည် .။အိုမင်းဟောင်းနွမ်းသော....ဆက်တီကုလားထိုင်တစ်စုံလည်းရှိနေ၏.။

" မင်းမိုးကာအင်္ကျီချွတ်ထားပါလား ထားမေ အိမ်ထဲမှာ အိုက်စပ်စပ်ကြီး နောက်ပီး..ကျုပ်ကပြောစရာစကားတွေ ..အများကြီး..တော်တော်ကြာအောင်ပြောရမှာ.."

" ကျွန်မ အကြာကြီးမနေနိုင်ဘူး ဦးလေး ညစာအမှီ အဆောင်ကိုပြန်ရမှာ ..."

" မပူနဲ့..ထားမေ..ကျုပ်က ထားမေလာရင် စားသောက်ဖို့ အဆင်သင့်လုပ်ထားပီးသား ...နောက်ပီး ထားမေရဲ့အဖေ ကိုမြင့်လွင်အကြောင်းပြောရမှာ အရှည်ကြီး ...ကဲ ထားမေရဲ့ မိုးကာအင်္ကျီစက ရေစက်တွေ ကြမ်းပေါ်ကျပီး ရွဲကုန်ပီ ချွတ်လိုက်တော့လေ..."

ဦးဒေဝက သူကိုယ်တိုင်ပင် မိုးကာင်္ကျီချွတ်ပေးတော့မလိုနှင့် အနားသို့တိုးလာသောကြောင့် ထားမေလည်း ကိုယ်ပါသာပင် ဆွဲ၍ချွတ်လိုက်သည်.။

" အား...ပါး....ထားမေက ရုပ်ချောယုံတင်မကဘူး ကိုယ်လုံးကိုယ်ပေါက်ကလဲ တယ်..ကြည့်ကောင်းတာပဲ..အေးလေ မြင့်လွင်ကလည်း လူချော သူ့ဇနီး ထားမြင့်ခင့်ကလည်း မိန်းမချောဆိုတော့ သူတို့သမီးလေး ထားမေ သိပ်ချောသိပ်လှသိပ်ဖြောင့်ပီပေါ့..."

မိုးကာအင်္ကျီချွတ်လိုက်ပီမို့ မတ်တပ်ရပ်နေလျှင်မိမိ၏ ပင်ကိုယ်အလှ အမို့အမောက် ရိူက်ဖိုကြီးငယ် အတင်းအရင်းတွေကို ရပ်ပြနေသလိုဖြစ်မှာစိုးသောကြောင့် ထိုင်ခုံတွင်ချက်ချင်းထိုင် ချလိုက်လေ၏.။

" ကဲ...ထားမေ..ဘာစားမလဲ...ဘာသောက်မလဲ...."

" ဖေဖေဦးမြင့်လွင်အကြောင်းပဲသိချင်ပါတယ် ဦးဒေဝ..."

" သိရမယ်..သိရမယ် မြင့်လွင်အကြောင်းပြောချင်လို့ တမင်စာရေးခေါ်လိုက်တာ ....အဲ....စကားပြောရင်း .ပန်းသီးဝါးကြတာပေါ့..ဟုတ်လား..ဩစီပန်းသီးစစ်စစ်ကွဲ့..ထားမေလာရင်စားဖို့ တမင် တန်ဖိုးကြီးပေးဝယ်ထားတာ..."

ဦးဒေဝသည် ပန်းသီးကို အခွံ့နွှာ၍ ထားမေကိုကျွေးလေ၏.။

" ရော့.....စားပါထားမေ...."

မစားပဲနေပါက ဇွတ်ပါးစပ်ထဲ ခွံ့မည့်ပုံစံ ဦးဒေဝ ထံတွင် ရှိနေသဖြင့် ထားမေ တစ်စိပ်ယူစားသည်.။

" ကျုပ်ကိုတော့ ခွင့်လွတ်ပါ ထားမေ ကျုပ်က ညစာ စားခါနီးကျရင် တစ်ခွက် တစ်လေ သောက်တတ်လို့ပါ ..."

ပြောရင်းဖြင့် ထက်ဝက်ကျိုးနေသော အရက်ပုလင်း မှ ဖန်ခွက်ထဲသို့ အရက်ငှဲ့ ထည့်သည်.။

" ဖေဖေအကြောင်း ပြောပါတော့ဦးလေး..."

" ပြောမယ်....ပြောမယ်....ထားမေရဲ့အဖေ မြင့်လွင်နဲ့ကျုပ်က အရမ်းကိုရင်းနှီးကြတဲ့ သူငယ်ချင်းတွေပေါ့..."

" အဲ...မြင့်လွင်...ရွှေဘုံသာလမ်း...ဟိုတုန်းကဆို မဂိုလမ်းပေါ့....အဲဒီက အားတီးယား စိန်တိုက်မှာ အလုပ်လုပ်တယ်..ကျုပ်က စပတ်လမ်း ခုဆို ဗိုလ်အောင်ကျော်လမ်းက ဦးကာစင် ရဲ့ မီးခံသေတ္တာပြုပြင်ရောင်းဝယ်ရေးဆိုင်မှာအလုပ်လုပ်တယ် ပထမတော့ မြင့်လွင်ရော ကျုပ်ကော ရိုးရိုးသားသားလုပ်နေကြတာပါ "

ပြောရင်း အရက်ကို ငှဲ့၍သောက်ပြန်သည်. တစ်ခွက်ပီးတစ်ခွက်ဆင့်သောက် နေသော ဦးဒေဝ ကိုကြည့်၍ ထားမေ ဤ အိမ် ဤ နေရာသို့ ရောက်လာခဲ့ခြင်းဟာ မှားသွားပီလားဟု တွေးမိသည်.။

" အဲဒီ တုန်းက ထားမေရဲ့ အမေ ခင်ထားမြင့်ကလည်း အရွယ်ကောင်း ချောတုန်းလှတုန်း မြင့်လွင်သူ့မိန်းမကို မျိုထားမတက် ချစ်တဲ့ကောင်ပေါ့ .ဒါမဲ့ ငါတို့နှစ်ယောက်လုံးက လခစား သမားသက်သက်တွေဆိုတော့ တစ်လမှ ရတဲ့ လခလောက်ပဲ ရှိကြတယ်လေ .."

" ဖေဖေ က စိန်တိုက်မှာ ဘယ်လို အလုပ်မျိုးလုပ်လဲ ဦးလေး.."

" မြင့်လွင်က ပန်းထိမ်အလုပ်လုပ်တယ် စိန်တိုက်ကအကြီး ကြီး ရှေ့ဘက်မှာ စိန်အထည်လက်ဝတ်ရတာနာ အရောင်းဆိုင်ဖွင့်ထားပီး နောက်ဘက်မှာ ပန်းထိမ်လုပ်ငန်းထားရှိတယ်..."

" ဒီတော့ဘာဖြစ်လည်း ဆက်ပြောပါအုံး ဦးလေး..."

" မြင့်လွင်က သူမိန်းမကို ချို့ချိူ့တဲ့တဲ့ နဲ့ တင်းတောင်းတင့်တယ် မထားနိုင်တာကို ဘဝမကျဘူးလေ...ဒီကြားထဲ သမီး ထားမေ ကမွေးဖွားလာပီး သုံးလေးနှစ်အရွယ် တီတီတာတာလေးနဲ့ ချစ်စရာကောင်း တယ်...အေး...မြင့်လွင် ဟာ ဇနီးနဲ့သမီးကို သိပ်ချစ်တော့ ချမ်းသာကြွယ်ဝချင်လာတယ် ..."

" အော်.....ဖေဖေရယ်..."

ထားမေ တိုးတိုးလေရေရွတ်မိ၏.။

" တိုတိုပြောရရင် မြင့်လွင်က သူနဲ့အခင်ဆုံး သူငယ်ချင်းဖြစ်တဲ့ ငါ့ကို လာတိုင်ပင်တယ်..အာတီးယာစိန်တိုက်ကိုဖောက်ကြဖို့လေ..ကျုပ်ကသဘောတူလိုက်တယ် ဒါမဲ့ စိတ်ရောကိုယ်ပါ သဘောတူတာမျိုးတော့မဟုတ်ဖူး...ကျုပ်မှာသားမယားမရှိဘူး တစ်ကိုယ်ရည်သမား ...အေး...မှန်တာပြောရရင် မြင့်လွင်ကို ကူညီချင်စိတ်နဲ့ သဘောတူလိုက်တာ...ဦးဒေဝပြောနေပုံမှာ ယခု ထားမေကပဲ ဖေဖေ့ကို ကူညီလို့ ကျေးဇူးတင်လှပါတယ်ဟု ပြောစေချင်ပုံရနေ၏.။

" ဒါမဲ့ အဲဒီ လျိူဝှက်အခန်းရဲ့ သော့နဲ့ မီးခံသေတ္တာကြီးကိုဖွင့်ဖို့ကျပြန်တော့ မြင့်လွင် မစွမ်းဆောင်နိုင်ဘူးလေ.."

အရက်ထပ်မော့ပြန်၏. ငါးသုံးလုံး စီးကရက်ကို ဖွာပြန်၏.အစထဲက ဦးဒေဝ ဟာ ဒီလိုလူစားမျိုးမှန်း ထားမေသိထားလျှင်ဖေဖေ့အကြောင်းကိုမည်မျှစိတ်ဝင်စားစေကာမူ ဦးဒေဝ လိုလူကို တွေ့ဆုံစကားပြောမည်မဟုတ်ပေ.။ဦးဒေဝ ဟာ ဖေဖေ့သူငယ်ချင်း ဖေဖေ့လို့ တည်ကြည်သောစိတ် ဓာတ်မျိုးရှိ မည်ဟု ထင်ခဲ့ မိသည်က သူမ ၏ အမှားပင်ဖြစ်သည်.ယခုပြောဆိုနေသော ဦးဒေဝကို ထားမေ ရွံ့လာမိ၏. ကြောက်လာမိ၏.သို့သော် ရောက်လာပီး ပီ မတတ်နိုင်တော့ပေ.။

" ဟဲဟဲ...ဘယ်လို သေတ္တာသော့ အခန်းသော့ဖြစ်ဖစ် ကျုပ်က ဖွင့်နိုင်တယ်လေ အတတ်ပညာပေါ့...သူဌေးကလည်း စိန်တိုက်ကို မနက်သွား ညပြန်လေ သူ့ရတနာတွေကိုတော့ ပြန်ယူမသွားဘူးလေ...သူတို့ လုံးချင်းနဲ့နေကြသူတွေ ဓားပြတိုက်မှာလည်းကြောက်တာပါမှာပေါ့ နောက်ပီး လမ်းမှာ ရတနာတွေအလုခံရမှာလည်းကြောက်တာပါလိမ့်မယ်...အဲဒီချိန်က ပျမ်းမျှ တန်ကြေး တစ်သောင်းကျော်ရှိတယ် သူဌေးက ရာနဲ့ချီပိုင်တာ ..ခုခေါတ်နဲ့တွက်ရင် သိန်းပေါင်း ထောင်သောင်းလောက်ရှိလိမ့်မယ်...လုံခြုံမှုလည်းသိပ့်ကောင်းတယ် ရဲစခန်းနဲ့လည်း နီးတယ် အဆောင့်တွေလဲ အများကြီးချထားတယ်.....အေး...အတွင်းလူဖြစ်တဲ့ ငါနဲ့ နင့်အဖေ မြင့်လွင်နဲ့ပေါင်းလိုက်တဲ့အခါ စိန်တိုက်ကြီး ပွင့်သွားတော့တယ်...."

" အဲဒီ တော့ ဘာဖြစ်ကြလဲ ဦးလေး..."

ဦးဒေဝမှ ညည်းတွားလေသံဖြင့် ပြန်လည်ပြောလေ၏.။

" ဒါမဲ့ ညည်းအဖေ မြင့်လွင် သိပ်ကိုမိုက်တယ်...မီးခံသေတ္တာကြီးပွင့်လို့ ရတနာတွေယူပီး ပြန်အထွက်မှာ အစောင့် ညစောင့် ဒရဝမ်နဲ့ ပက်ပင်းတိုးတော့တယ် မြင့်လွင်က ဒရဝမ်ကိုအသေသတ်ပစ်လိုက်တယ်.."

" ဝင်လာတုန်းက ဒရဝမ်မရှိဘူးလား ဦးလေး...."

" ညနေလေးနာရီ အလုပ်ပိတ်ပီးတာနဲ့ ဂန်ဂျာလို့ခေါ်တဲ့ ဆေးခြောက်ထည့်လိပ်ထားတဲ့ ဘီဒီ ကုလားဆေးလိပ်တစ်ထုတ်စီစဉ်ထားပီး ညစောင့်ကိုပေးထားတယ် ညဦးပိုင်းမှာ ဂန်ဂျာဒီဘီကို ရူပီး အိပ်ပျော်နေတာပေါ့ ..ကျုပ်တို့ပြန်အထွက်မှ ဒရဝမ်က ဆေးခြောက်ပြေပီး မြင်တာနဲ့ စူးစူး ဝါးဝါးအော် တယ် ..အဲဒီမှာ မြင့်လွင်က ဒရဝမ်ကို သတ်ပစ်လိုက်တာပဲ..."

" ဖေဖေက လူသတ်တယ် ဟုတ်လား..."

" အဲဒီတိုင်းပဲ ထားမေ.."

" မဖြစ်နိုင်ဘူး မေမေကပြောတယ် ဖေဖေက စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူတဲ့ ခြင်ကိုက်ခံရရင်တောင်မသတ်ပဲ မောင်းလွတ်တာတဲ့..."

" အေးလေကွယ် အဲဒါက သာမန်အနေထားလေ ခုက ဒရဝမ်နဲ့ ပက်ပင်းမိတာလေ ထောင်ကျနိုင်တယ်လေ ဒါကြောင့်မအော်အောင်နှုတ်ပိတ်ရင်း လက်လွန်သွားတာနေမှာပေါ့..."

" ထားပါတော့လေ ဦးလေးတို့ နှစ်ယောက်အတူသဘောတူလိုလုပ်ကြတာပဲ ..."

" နှစ်ယောက်အတူ ဒရဝမ်ကို မသတ်ခဲ့ဘူး ရတနာပစ္စည်လည်း တစ်ယောက်တစ်ဝက်ခွဲမယူခဲ့ရဘူး ဖြစ်ပုံကဒီလို..မီးခံသေတ္တာဖွင့်တော့ ကျုပ်လက်ထဲမှာ သော့ဖွင့်တဲ့ပစ္စည်ကိရိယာတွေနဲ့ မြင့်လွင့်က သေတ္တာကို ဆွဲယူသွားတယ် ဒရဝမ်ကိုပါသတ်ပီး တစ်ယောက်ထဲ အပိုင်စီးသွားတယ်..."

" ဖြစ်နိုင်ပါ့မလား ဦးလေး ဦးလေး လိုလူက ဖေဖေတစ်ယောက်ထဲ အပိုင်စီးသွားတာကို ငုံခံမဲ့လူစားမျိုးမှ မဟုတ်တာ.."

" မှန်တယ် ဖြစ်ရိုးဖြစ်စဉ်ဆိုရင်တော့ ဟုတ်တယ် ဒါမဲ့ ကျုပ်အစီစဉ်ထဲမှာ လူသတ်မဲ့အစီစဉ်မပါဘူး..မထင်မှတ်ပဲ သတ်လိုက်မိ့အခါ နောက်နေ့ကျရင် ပစ္စည်းတွေခွဲပီး ကိုယ့်လမ်းကိုယ်သွားလို့ လုပ်ခဲ့တယိ မြင့်လွင်က ရတနာသေတ္တာကိုယူသွားတယ်..."

" အော် ...ဒီလိုလား.."

" မအော် နဲ့ ကျုပ်နဲ့ မြင့်လွင် အဲဒီနေ့ညကစ ပီး ကနေ့ထိ လူချင်းပြန်မတွေ့တော့ဘူး ကျုပ် ရသင့်တဲ့ ဝေစုလည်း တစ်ပြားတစ်ချပ်မှ မရခဲ့ဘူး ..မြင့်လွင်လုပ်တာဘာမှ မသေသပ်ဖူး ..ဒရဝမ်းက ချက်ချင်းမသေသေးပဲ ရဲတွေရောက်တဲ့ထ် အသက်ရှင်နေသေးတယ် စကားပြောနိုင်သေးတယ် ဒီတော့ မြင့်လွင်သူ့ကိုသတ်ပါတယ် ပြောပီးသေသွားတယ် ...။

" အဲဒီနေ့ ဝေလီဝေလင်းမှာပဲ မြင့်လွင်ကို ရဲတွေမိသွားတယ်...ရဲတွေစစ်တော့ မြင့်လွင်ကဖော်ကောင်လုပ်တယ်လေ..အဲဒီတော့ကျုပ်က လွတ်ရာပြေးရတာပေါ့..ပြေးတာမှ ဟိုဘက်နိုင်ငံထိပြေးခဲ့ရတယ်.."

ထားမေက စိတ်မကောင်းစွာသက်ပြင်းချလိုက်သည်....တကယ်တော့ ထားမေ ဟာ သူမ၏ အမေသေဆုံးပီမှထိုအကြောင်းရာများကို သိခဲ့ရခြင်းဖြစ်သည်.။

" ဖေဖေအကြောင်းခုလိုကြားရတာ ကျွန်မ စိတ်မကောင်းပါဘူး ...ဦးလေး...ခုလိုတကူးတကခေါ်ပီးဖေဖေအကြောင်းကိုပြောပေးတဲ့ ဦးလေးကိုလည်း ကျေးဇူးတင်ပါတယ် ကဲ...ကျွန်မကိုပြန်ခွင့်ပြုပါအုံး..."

" ဘယ်ပြန်လို့ဖြစ်အုံးမလဲ...ထားမေ..."

" ရှင်..."

" ကျုပ်ပြောဖို့ကျန်သေးတယ်.."

" ဖေဖေအကြောငိးလား..:"

" ဒါပေါ့...ဒါပေါ့...."

" ကျုပ်ပြောပီးပီ နော် ကျုပ်က မြင့်လွင်ဖော်ကောင်လုပ်လို့ ဟိုဘက်နိုင်ငံထိပြေးခဲ့ရတယ် ...အဲဒီမှာပင်ပန်းကြီးစွာလုပ်ကိုင်စားသောက်ရတယ်..အဲ သိပ်မကြာသေးခင်ကပဲ နောက်တတ်လာတဲ့အစိုးရဟာ အမှူဟောင်းတွေကို ပလက် လိုက်တယ်..အဲဒီထဲမှာကျုပ်အမှု့က အချိန်ကာလပိုင်းခြား သတ်မှတ်ခံရလို့ ကျုပ်အမှု့ လွတ်ငြိမ်းနဲ့လွတ်လာခဲ့တယ် ...ဖြစ်ခဲ့ပီတာတွေ ပီးပီမို့ ကျုပ်မြင့်လွင်အပေါ် ဗွေယူတာ အာဃတထားတာတွေလဲ မရှိတော့ပါဘူး ...သူလည်းသေမိန့်ကျသွားပီပဲဟာ...

"

" ဦလေး အနေနဲ့ ဖေဖေ့ပေါ် ဘာဗွေယူစရာရှိသေးလို့လည်း..."

" ရှိတာပေါ့ ထားမေ..ကျုပ်ကို ဖော်ကောင်လုပ်သွားတာတွေ အမှူထဲ ဆွဲထည့်တာတွေ ဒါတွေ ကို ကျုပ်ဗွေယူလို့ရတာပေါ့.."

" ဒါကတောဦးလေးရယ်..ရဲတွေကလည်း ဖေဖေ့ကို မဖော်ဖော်အောင်လုပ်တဲ့ နည်းလမ်းတွေကြောင့်ထင်ပါတယ် ...ဒီလိုတော့တစ်ဖက်သတ်မပြောပါနဲ့..."

" ကဲ ..ထားလိုက်ပါ..ကျုပ်အဓိက ဆိုလိုချင်တာကတော့..နှစ်ယောက်သဘောတူလုပ်ထားတဲ့ အရာတစ်ခုဟာ ခုချိန်မှာ သူက သေဒဏ်ကျတယ် ကျုပ်ကထွက်ပြေးရတယ် အစတည်းက ဒုက္ခနဲ့ ရင်းခဲ့တာခြင်းတူတူ ခုချိန်မှာ ခံစားခွင့်ရှိတဲ့သုခကိုတော့ ခံစားချင်တာပေါ့ကွယ်...."

" သုခ ဟုတ်လား ဘာသုခ လည်း..."

" ကျုပ်ပြောပီးသားပါ..မြင့်လွင်ဟာ သေဒဏ်ကျတဲ့ ထိ ရတနာသေတ္တာကို ရဲလက်ကိုမအပ်ခဲ့ဘူး...အဲဒီ သေတ္တာဟာ ခုချိန်ထိ မြင့်လွင်ရဲ့မျိုးဆက်ဖြစ်တဲ့ ဟောဒီက ထားမေဆီမှာ ရှိနေတယ်မလား.."

"ရှင်...."

" ခုချိန်မှာ ကုလားသူဌေးလည်း အိန္ဒိယကိုပြန်သွားပီ မြန်မာပြည်ပြန်လာဖို့လည်း မလွယ်တော့ဘူး ဒိတော့ ကျုပ်ရဲ့ ရသင့်ရထိုင်တဲ့ဝေစုဟာဆိုရင် အနှောက်ယှက်ကင်းကင်းနဲ့ ထားမေ ကျုပ်ကို ပေးနိုင်မယ်လိုယုံကြည်တယ်..."

" ရှင်..."

" မင်းဟာ တရှင်ရှင်နဲ့ ဘာဖြစ်နေတာလည်း..."

." ခု ဦးလေးပြောတဲ့ အရာတွေအားလုံး ကျွန်မ ဘာမှ မသိဘူး..."

" လုပ်မနေနဲ့ ထားမေ ကျုပ်အဝေးရောက်နေပေမဲ့ အားလုံးကို နားစွံ့ထားပီးသားပါ မြင့်လွင်ရဲလက်မအပ်ခဲ့ဘူးဆိုရင် ဒီသေတ္တာဟာ သူ့သမီးဖြစ်တဲ့ မင်းဆီမှာပဲ ရှိရမယ်..ထားမေ.."

" မရှိဘူး..သိလဲ မသိဘူး...အခုဦးလေးပြောမှ ကျွန်မအားလုံးသိရတာ. ..."

" ဒီလို အပြတ်မပြောနဲ့လေ..မင်းဆီမှာရှိကိုရှိရမယ်..."

နောက်ဆုံးတော့ ထားမေ ကို ဦးဒေဝ စာဖြင့်ရေး၍ ခေါ်ရခြင်း အဓိကအကြောင်းရင်းကို ထားမေသိလိုက်ပေတော့သည်...။

~~~~~~~~~~~~~~

(03)

ဦးဒေဝသည် အရက်ပုလင်းထဲရှိ လက်ကျန် အရက်ကို တစ်စက်မကျန်ဖန်ခွက်ထဲလောင်းထည့်ပီး ရေပင်မရောတော့ပဲ ဒိတိုင်းမော့ချလိုက်သည်.အရက်ကိုဘယ်လောက်သောက်သောက်အရက်အမူးလွန်သည့်ပုံစံမရှိပေ.

အရက်ကုန်အောင်သောက်ပီး သူ၏ အင်္ကျီ အိတ်ထဲက မိန်းမကိုင် ငါးလုံးပြူး သေနတ်လေးထုတ်ယူလိုက်သည်.ငါးလုံးပြူးသေနတ်မှာသေးသေးငယ်ငယ်နှင့် ကစားအရုပ်နှင့်ပင်တူသေးသည်.ယင်းသေနတ်အားစားပွဲခုံပေါ်တင်ထားလိုက်၏.သေနတ်လေး၏ ဒင်မှာ ဆင်စွယ်ကို ကနုတ်ပန်းဖော်ထားသော ဒင်လှလှလေးဖြစ်လေသည်.။

" မြင့်လွင်က သူဇနီးနဲ့သမီးကို သိပ်ချစ်တဲ့ကောင် ဒါကြောင့် ရတနာသေတ္တာကိုအရယူပီး အသေခံသွားတဲ့ကောင်ပါ..."

" တော်ပါတော့ ဦးလေး ဖေဖေ့အကြောင်း ကျွန်မ နားထောင်နိုင်စွမ်းမရှိတော့လို့ပါ..."

ဦဒေဝသည် စားပွဲပေါ်မှ သေနတ်ကိုကောက်ယူလိုက်၏.သေနတ်၏ပြောင်းဝကို ထားမေဘက်သို့ချိန်ထားလေ၏.။

" မင်းရဲ့အမေဟာ သူမသေဆုံးခင် ဒီရတနာသေတ္တာကို မင်းကိုပေးကိုပေးထားရလိမ့်မယ် လို့ ငါယုံကြည်တယ်.."

" အို...မပေးခဲ့ဘူး..မေမေဘာမှ မပေးခဲ့ဘူး တကယ်ပြောတာ.."

" ထားမေအနေနဲ့ဆို ဒီရတနာပစ္စည်းတွေကို ထုခွဲတတ်မှာမဟုတ်ဖူး တကယ်လို့ လုပ်လည်း အညာသမားနဲ့မိလိမ့်မယ် ဒီတော့ အဲဒီသေတ္တာကို ကျုပ်လက်ထဲကိုအပ်ပါ တန်ရာတန်ကြေးရစေရမယ် ကျုပ်ကတိပေးတယ် ဒါမဲ့ ကျုပ်ကိုတေ့ ထပ်ဝက်ပေးရမယ် အမှန်ဆို ကျုပ်လည်းတစ်ဝက်ပိုင်တယ်လေ..."

" တကယ်မရှိပါဘူး မေမေလည်း ဘာမှ မမှာကြားမပြောကြားသွားခဲ့ဘူး တကယ်ကို ကျွန်မဘာမှ မသိခဲ့ရဘူး ..."

ထိုနောက် ဦးဒေဝဟာ သေနတ်ကို ချိန်၍ ...ထားမေအား သွေးအေးအေးဖြစ်ပြောလေ၏.။

" ဟောဒီသေနတ်လေးဟာ..ငါးလုံးပြူးသေနတ်လို့ခေါ်ကြတယ် သူက ပြောင်းကျယ်တယ် ဒသ၁မနှစ်ငါးပဲ ရှိတယ် သူ့ကျည်ဆန်က ကျောက်တံအကြီးစား လုံးပတ်လောက်ပဲရှိတယ် ဒါမဲ့ အခု အနီးကပ် နှလုံးတိူ့ ဦးခေါင်းတို့ကိုတေ့ပစ်ရင် အပစ်ခံရသူသေစေနိုင်ပါတယ်..အသံကအခြားသေနတ်တွေလို..ဒိုင်း...ခနဲ အသံမထွက်ဖူး...ဝါးလုံးတစ်ခြမ်းခွဲသံလောက်ပဲထွက်တယ်..အခြားအနီးနားကလူတွေ ခြံကြီးတွေမို့ ဒီသေနတ်အသံကိုမကြားနိုင်လောက်ဖူး...."

ထားမေသည် နေရာမှ ဆတ်ခဲ ထရပ်လိုက်၏.မတ်တပ်ရပ်မိသည်နှင့် တံခါးပေါက်ရှိရာသို့ စွတ်ပြေးတော့၏.ဦဒေဝသည် ယိုင်ထိုး၍ ထားမေနောက်သို့ပြေး၍လိုက်လေ၏.သို့သော် ထားမေကိုသေနတ်ဖြင့်မပစ်ပေ ပစ်မိလျှင် မတော်တစသေသွားပါက ရတနာသေတ္တာလမ်းဆုံးသွားနိုင်လေသည်.။ထားမေသည် တံခါးပေါက်ကိုဆွဲ၍ ဖွင့်၏. ဖွင့်၍ မရ သော့ခတ်ထားလေသည် . ထားမေသည် ထွက်ပြေးပေါက်မရှိအောင်ပိတ်မိနေလေသည်.တံခါးကိုကျောမှီ၍ ဘာဆက်လုပ်ရမည်မသိပဲ ဖြစ်၍နေလေသည်. ဦဒေဝသည် ထားမေ ပခုံးကိုဆွဲပွေ့ကိုင်လိုက်၏...။

" အိုး....လွတ်....လွတ်နော်...."

" ဘယ်လွတ်တော့မလဲ ကျုပ်တစ်ချက်ခုတ်နှစ်ချက်ပြတ်လုပ်တော့မယ် ...ထားမေနဲ့ကျုပ်အခုညားလိုက်တာ အကောင်းဆုံးပဲ..."

" အိုး...လူယုတ်မာကြီး...အသက်ရွယ်နဲ့မလိုက်အောင်..ယုတ်မာတဲ့သူကြီး..."

ဦးဒေဝသည် ထားမေ ရုန်းကန်နေသည်ကို အားဖြင့်ဆွဲယူ၍ ထိုင်ခုံပေါ်သို့တွန်းလွတ်လိုက်၏.။

" အိုး....အေမ့...."

ထားမေသည် ဧည့်ခန်းစားပွဲဆီသို့ အရှိန်ဖြင့်ရောက်သွားကာ..ပက်လက်လဲကျသွားလေသည်.လဲကျရာတွင် စားပွဲခုံနှင့်တိုက်မိပီး စားပွဲပေါ်မှ အရက်ပုလင်းမှာအောက်သို့ မကွဲပဲလိမ့်ကျလာလေသည်.ထားမေသည် ပုလင်းလွတ်၏ အလယ်ကို ဆွဲကိုင်လိုက်၏.ဇောအမျိုးမျိုးကပ်နေသော ဦးဒေဝသည် ထားမေအနီးသို့ချဉ်းကပ်လာနေပီဖြစ်သည်. ထားမေဘာမျှမစဉ်းစားတော့ပဲ မိမိအရှက်နှင့်အသက်တွက် ငုံကိုင်းလာသော ဦးဒေဝ၏ ခေါင်းကို ပုလင်းနှင့်ရိုက်ချလိုက်တော့သည်..။

" အား......."

ပုလင်းကွဲအောင်အရိုက်ခံလိုက်ရသောကြောင့် ဦးဒေဝ၏ လက်ထဲရှိသေနတ်ပင်လွတ်ကျသွားလေ၏.ဤအခွင့်ရေးကို ထားမေ လက်လွတ်မခံပဲ လွတ်ကျသွားသောသေနတ်ကို ကောက်ကိုင်လိုက်ပီး ဦးဒေဝအား ပြန်၍ချိန်လိုက်လေသည်.။

" အော် မင်းက ဒီလိုလား...သိကြရောပေါ့....."

ဟုဆိုကာ ထားမေနားသို့ ထပ်၍တိုးကပ်လာပြန်၏.။

" ရှေ့တိုးမလာနဲ့နာ် ....ကျွန်မ တကယ်ပစ်မှာ..."

" ပစ်လေ...ဒီသေနတ်လေးမှန်တာဟာ ခေါင်းကိုပုလင်းနဲ့ရိုက်တာလောင်တောင်မနာဘူး..."

ပြောရင်းရှေ့ဆက်တိုးလာပြန်သည်. ထားမေက သူအရှေ့တိုးလာလေ နောက်သို့ ဆုတ်ဆုတ် သွားလေ၏.တံခါးပေါက်ဆီသို့ နောက်ဆုတ်ရင်း ပြန်ရောက်လာခဲ့သည်.။

" မလွယ် ဘူးထားမေ ငါ့ကို သွေးထွက်အောင်လုပ် မှတော့ နင်လည်းမလွယ်တော့ဘူးမှတ် "

ကျားနာကြီးတစ်ကောင်မာန်ဖီသလို ဒေါသတကြီး ရေရွတ်၍ ထားမေ အား ခုန်အုပ်လေတော့၏.။

" ဖန်း......."

သေနတ်သံက ဖန်း..ခနဲမြည်သံထွက်လာသည်. သေနတ်ပြောင်းဝမှ လင်းလက်သွားလေ၏.ဦးဒေဝ ဖင်ထိုင်ကျသွားလေ၏.သူ၏လက်ဝဲဘက် ပခုံးစွန်းနှစ်ဖက်မှသွေးများ ထွက်လာလေ၏.။ထားမေ ကြောင်တောင်တောင်ကြီး ရပ်ကြည့်နေမိ၏. ပီးနောက် ဖင်ထိုင်ချလိုက်လေသည်.။ဦးဒေဝ ပြန်လည်လှုပ်ရှားလာခြင်းမရှိတော့ပေ.။ထားမေသည် စိတ်ခြောက်ခြားသွားစေခဲ့၏. ယခုမူ သူမ လူတစ်ယောက်အား သေနတ်ဖြင့် ပစ်သတ်ခဲ့လိုက်ပီဖြစ်သည်.။

" သွား...ပီ...ဟင့်...ဟင့်....ငါ....ငါ....လူသတ်မိပီ...ဟင့်အင်း...ဟင့်အင်း...ငါ...ဒီတိုင်းနေလို့မဖြစ်ဘူး ...ဘယ်သူမှမသိခင် မမြင်ခင်..ငါဒီခြံထဲက ထွက်ရမယ်...အကယ်၍များ ရဲတွေရောက်လာခဲ့ရင်....အိုး....ဒီလိုဖြစ်ခွင့်မပေးနိုင်ဘူး........"

ဟုဆိုကာ လော့ချထားသော တံခါး ကို အနီးရှိ သံတုတ်တစ်ချောင်းအားယူ၍ ရိုက်ဖြုတ်လိုက်၏. တံခါး ပွင့်သွားသောအခါ အိမ်ထဲမှာ အမြန်ထွက်၍ ပတ်ဝန်းကျင်အား လှည့်ပတ်၍ ကျီးကန်းတောင်မှောက် မျက်လုံး ကစားလိုင်၏.။မည်သူမျှ မရှိ မသိ သည်ကို ကြည့်၍ သက်ပြင်းကိုမသိမသာခိုးချကာ ဟန်မပျက်ပြန်၍ထွက်လာခဲ့လေသည်.။

အဆောင်သို့ပြန်ရောက်သောအခါ မည်သူနှင့်မျှ စကားဖောင်းဖွဲ့မနေတော့ပဲ မိမိ၏အခန်းသို့ အလျင်စလိုဝင်လိုက်ပီး တံခါးအားအထဲမှ လော့ချကာပိတ်လိုက်၏. ပီးနောက် ကုတင်ပေါ်၌ ခြေပစ်လက်ပစ် လှဲချလိုက်လေသည်..။

" ငါ...ဘာလုပ်ရမလဲ...ခုငါလူသတ်မိပီ...ဒီကိစ္စကို ကို နဲ့သွားတိုင်ပင်ရင်ကောင်းမလား....အိုး....မဖြစ်ပါဘူး....ကို ဟာ မိကောင်းဖခင် သားသမီးတစ်ယောက် နောက်ပီး ဂုဏ်သရေရှိတဲ့ ဆရာဝန်တစ်ယောက် ငါက...ငါက....ဟင့်...ဟင့်.....ဟင့်...ငါရဲ့အဖေလည်း..လူသတ်သမား...ခု....ခု........ဟင့်...ငါလည်း.......ဟင့်... ဟင့်.."

တွေးတောရေရွတ်ရင်း ရိူက်ခါရိူက်ခါ..ကြိတ်မှိတ်ငိုကြွေးလေတော့သည်.။

ထားမေသည် နောက်နေ့မနက် ၌ ရန်ကုန်မှ အခြားနေရာသို့ထွက်သွားရန် စီစဉ်ချလိုက်လေ၏. ပီးနောက် ဒေါက်တာဇော် ခေါ် သူမ၏ချစ်သူ ကိုကိုဇော် အား သူမ ခရီးခဏထွက်မည့်အကြောင်း ရေး၍ အဆောင်ပိုင်ရှင် မိကြွယ်အား ပေးခိုင်းထားလိုက်သည်. မိကြွယ်သည် ထားမေယုံကြည်ရသော အမျိုးသမီးငယ်တစ်ဦးဖြစ်လေ၏.ကိုကိုဇော်နှင့်လည်း ခင်မင်ရင်းနှီးသူလည်းဖြစ်သည်...။

ထားမေသည် အဆောင်မှထွက်လာကာ မည်သည့်အရပ်သို့ သွားရမည်ကို မသိနဝေတိမ်တောင်ဖြစ်၍နေသည်.။

" ငါ..ဘယ်မှာသွားရှောင်နေရမလည်း ဒီရန်ကုန်မြို့ထဲမှာပဲ နေရမလား..အိုး...ဒီလိုလည်းမဖြစ်ပါဘူး...တော်ကြာ..ရဲ...တွေ တွေ့သွားရင်ဖြစ်....ဒါဆို. .ငါ အန်တီဆွေ ဆီသွားရမလည်း....ဟင့်အင်း ...အန်တီဆွေလည်းအသက်ကြီးပီ အသက်ကြီးမှ ငါ့ကြောင့် စိတ်ထိခိုက်သွားကိုငါမလိုလာဘူး...ဒီအကြောင်းတွေကို ငါတစ်ယောက်ပဲ သိတာ ငါဟန်မပျက် နေပီ တစ်နေစာရာတော့သွားရှောင်မှ ဖြစ်လိမ့်မယ် ထင်တယ်..."

ထိုနောက် ထားမေသည် လှိုင်သာယာကားဂိတ်မှ ချောင်းသာငွေဆောင်ကမ်းခြေသွားသော ကားတစ်စီးအား တား၍ စီးနင်းလိုက်ပါလာခဲ့လေတော့သည်...။

ကားပေါ်၌ သူမထိုင်သည့် ဘေးခြင်းကပ်ခုံမှ ကြည်ပြာဆိုသော ထားမေထက် အသက်နှစ်နှစ်ငယ်သည့် ဒဂုံ ပထမနှစ်ကျောင်းသူ လေးတစ်ဦး နှင့် စကားပြောဆိုရင်း ခင်မင်ရင်းနှီးသွားလေတော့သည်..။

" မမနာမည် ကဘယ်လိုခေါ်လည်း ..."

" ထားမေပါကွယ်..."

" ဟုတ်ကဲ့ ညီမက ကြည်ပြာပါ...ဒဂုံကျောင်းသူပဲ ပထမနှစ်ပေါ့ ..သင်္ကြန်ပိတ်ရက်နီးတော့ ရွာကိုပြန်တာလေ.."

" ေဩာ်..."

" ဒါနဲ့..မမက အလည်သက်သက်ပဲလား..."

" ဆိုပါတော့ကွယ်..."

" ဒါဆို...ငွေဆောင်ကိုရောက်ရင် ညီမတို့ရွာကို လာလည်လေ..မမ လာမယ်ဆို ညီမ လာခေါ်မှာပေါ့.."

ထိုအခါ ထားမေသည် ဤသို့တွေးလေ၏.ယခုအခါ သူမသည် ဝါးရမ်းပြေး ဘဝရောက်နေစဉ် ခိုအောင်းရာနေရာဒေသ လိုအပ်မည်မှာ အမှန်ဖြစ်၏. သို့သော်သူမအတွက် လုံခြုံမှုရှိနိုင်အည့်နေရာမှာ ရှားလှပေသည် ထိုကြောင့်ကြည်ပြာပြောသော သူမ၏ ရွာ အား လိုက်၍တစ်လတန်သည် နှစ်လ တန်သည် နေလိုင်လျှင် ကောင်းမည်. ယခုချိန်ဆိုလျှင် ဦးဒေဝ အသတ်ခံရမှု တွက် ရဲစုံထောက်များ အသဲသန်ထောက်လှမ်းနေမည်မှာအမှန်ပင် လူသတ်တရားခံကို မိအောင်ဖော်နိုင်ဖို့တွက်လည်း တစ်နည်းနည်းဖြင့် သူမ ကို ခြေယာခံသဲလွန်စ ရသွားနိုင်မည်ဖြစ်သည်..ထိုကြောင့် ကြည်ပြာ၏ ရွာ အားမေးမြန်းကြည့်ရမည်ဟုစိတ်ကူးပေါ်ပေါက်လာလေသည်.။

" ရွာ...ညီမလေး ကြည်ပြာရဲ့ရွာဆိုတာ ဘယ်နေရာလည်း..."

" ပြောရရင်တော့ မမရယ် အားလည်းနာပါတယ် ငွေဆောင်ကနေ စက်လှေနဲ့ သွားရတယ် ..."

" ဒါဆို ပင်လယ်ခရီးပေါ့.."

" ဟုတ်ပါတယ် အက်ဒမန် ကျွန်းနဲ့ဆိုရင် တစ်မိုင်လောက်ပဲဝေးတယ် နောက်ညီမတို့က နယ်မြေခြားတိုင်းရင်းသားလူမျိုးစုတစ်ခုပါ..."

" ဘယ်လိုနယ်မြေခြားလည်း ညီမ အမနားလည်အောင်ရှင်းပြပါအုံး..."

" ဒီလိုပါ...ညီမတို့က ဟောဒီနိုင်ငံကပါပဲ ဒါမဲ့ မြန်မာလူမျိုးတိုင်းရင်းသားတော့မဟုတ်ဖူး ကျွန်းသူကျွန်းသားဆိုရင်ပိုမှန်လိမ့်မယ်..."

" ေဩာ် ဒါဆို ဗုဒ္ဓဘာသာမဟုတ်ကြဘူးပေါ့နော်..."

" ခရစ်ယာန် နွယ်ဖွားတွေပါ မမ "

" ေဩာ်..."

ဘာပဲဖြစ်ဖြစ် ထားမေ ကြည်ပြာနှင့် သူမ၏ရွာလိုက်သွားပီး မြန်မာပြည်မှ ခေတ္တ ရှောင်နေရန် ဆုံးဖြတ်လိုက်လေတော့၏.။သို့ပေမဲ့ ....သူမ၏ ချစ်လှစွာသော ချစ်သူဒေါက်တာလေးကို တော့ လွှမ်းဆွတ်တမ်းတ နေမည်မှာ အမှန်ပင်ဖြစ်ပေတော့သည်....။

~~~~~~~~~~

(04)

အရက်မူးသမားများကဲ့သို့ ယိုင်လဲလုမတတ် ရပ်တည်နေကြ သည့် အိမ်ကလေးများသည် သဲသောင်ပြင်ကြီး၏ ထိပ်မှ နေ၍ ထားမေ ကိုကြည့်နေကြ၏.။ပိန်းကောငယ်လေးများသည် သဲသောင်စပ်တွင် အစီအရီ မေးတင်ငြိမ်သက်နေကြသည်.။အိမ်ကလေးတွေဆီမှ ဆင်းလာဟန်ရှိသော ကျွန်းသူမခပ်ဝဝ ကြီးများသည် ရင်သားဟင်းလင်းနှင့် အရှက်လုံ ဖက်ရွက်ကလေးများ ဝတ်ဆင်လျက် ကမ်းစပ် ၌ ရပ်ခါ ထားမေကို စိမ်းစိမ်းကြည့်ကြသည်.။ကြည်ပြာသည် ကျွန်းစကားဖြင့် ထိုမိန်းမဝဝကြီးများကို နှုတ်ဆက်လိုက်လေ၏.။

" ဟေ့...ပရူး...တိခေါင်...."

" ဟေ့...ဖလူး......."

ထားမေ နားမလည်သောလည်း လက်ဟန်ခြေဟန် နှင့်ပြောဆိုပြုမူသည့် အမူယာချို့က မြင်တွေ့ရ၍ ဘာကိုဆိုသည်ကို သိလေ၏.။

" ကြည်ပြာ ....သူတို့ အမကိုမေးတာလား..."

" ဟုတ်တယ်..မမ ဧည့်သည်လား...လို့မေးတာ..."

ထိုနောက် ထာမေးတို့ ကျွန်းပေါ်တတ်ခဲ့ကြ၏. ကျွန်းသူပျိုလေးများသည် ရင်သားပေါ်၌ ဖတ်ရွက် များအား မြို့၌ ဝတ်သော ဘောလီကြိုးပုံစံ နောက်မှ အုန်းစံကြိုးဖြင့်ချည်ထားကြသည်. မဖြူမညို ဗိုက်သာ ချပ်ချပ်လေးများ အောက် ၌ အရှက်လုံ စေရန် အုန်းရွက်များအား ရှပ်သိုင်းချည်း ထားကြ၏.။

ယောင်္ကျားသားများသည် ညိုသော အသားရည်ရှိပီး ကျစ်လစ်တောင့်တင်းသော ခန္ဓာကိုယ်နှင့်တကွ ခါးအောက်ပိုင်း၌ နွားသရေ ဘက် ကို အုန်းရွက် ကြိုးဖြင့် ချည်နှောင်ထားကြ၏.။

" လာမမ ညီမတို့ အရင် ဆုံးကျွန်းသူကြီးနဲ့ သွားတွေ့ရလိမ့်မယ်.."

" ေဩာ် သူကြီး ရှိသေးတယ်ပေါ့..."

" ရှိပါတယ် ဒီကျွန်းကို အုပ်ချုပ်တဲ့ သူကြီးပေါ့ ဒီနားတစ်ဝိုက်မှာ ရှိတဲ့ ကျွန်းတိုင်း ကျွန်းတိုင်းဟာ သူ နဲ့ ဆိုင်ရာ အုပ်ချုပ်သူတွေရှိတယ်လေ..."

" ေဩာ်..."

" ညီမတို့ ..ကျွန်းက မြန်မာပြည် က ကျွန်းတွေနဲ့နီးတော့ မြန်မာပြည် က စလုံ လူမျိုးကျွန်းတွေလိုဖြစ်နေတာပေါ့...ဒါကြောင့် ဒီကျွန်းမှာ အစိုးရ အဆောက်အအုံတွေ အခြေချကြတယ် ဒါမဲ့ သူ့အပိုင်းနဲ့သူပေါ့ ကျွန်းရဲ့ အရှေ့ပိုင်းက မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးပိုင်းက လူတွေ ရှိကြတယ် ဒါ့ပြင် အနောက်ပိုင်းကတော့ အိန္ဒိယ လူမျိုးတွေ အုပ်ချုပ်ကြတယ် ဒါမဲ့ ဒီကျွန်းက မြန်မာပြည်နဲ့ပိုနီးတော့ မြန်မာပိုင်လိုဖြစ်နေတာကြာပါပီ အုပ်ချုပ်ရေးပိုင်းတွေက အစ မြန်မာလူမျိုးတွေပေါ့..."

" ဒါဆို..ကျွန်းသူကြီး ဆိုတာက ..."

" မြန်မာလူမျိုးပါ နာမည်က ဦးမော် တဲ့...သူကြောင့်ပဲ ဒီရွာက စာမတတ်သူတွေ ကို ငွေဆောင်ချောင်းသာ တို့ကနေတဆင့် ပုသိမ်က အစိုးရကျောင်းတွေမှာ တတ်ခွင့်ရအောင် လုပ်ပေးနိုင်တယ်လေ.."

" ေဩာ် ဒါဆို ညီမတို့ ရွာက စာတတ်မြောက်လောက်ပီပေါ့..."

" အင်း...ပြောရမှာတော့ ခက်ပါတယ်...ဒီရွာမှာ စာတတ်ပေတတ်ရှားတယ် မမ မြန်မာပြည်ရောက်သွားသူတွေကလည်း ရွာကိုပြန်မလာကြသူတွေများတယ် ဒါကြောင့် နောက်ပိုင်းမှာ ရွာက စည်းကမ်းတစ်ခုထုတ်လိုက်တယ်လေ ဒီရွာကို ပြန်မလာသူကို ရွာက ပြန်လည်လက်ခံခွင့်ပိတ်လိုက်တာပဲမမ ဒါကလည်း အခြားကြောင့်မဟုတ်ဖူး ညီမတို့ ကျွန်းသားတွေမှာ မျိုးဆက် ပျက်ခါကြမှာကို မလိုလားတဲ့တွက် သူကြီး က အမိန့်ထုတ်လိုက်တာပါ ရိုးရာအမိန့်ပေါ့ ဒါကြောင့် မြန်မာပြည်ကိုသွားတဲ့ သူမရှိသလောက်ဖြစ်လာတော့တယ် အဲဒီကတစ်ဆင့် ကိုယ်ပိုင်ရာအုပ်ချုပ်ခွင့်နဲ့ ဟိုမရောက်ဒီမရောက် သီးခြားရပ်တည်နေကြတာပေါ့..."

" ဟိုလေ...ရိုးရာ အမိန့်ဆိုတာ ဘာလည်းဟင်..."

" အဲဒါက သူကြီးဆီကို ရောက်မှ သူကြီးက ကျွန်းရဲ့စည်းကမ်းကို ပြောပြရမှာ ဒါ ဟာ ကျွန်း ဥပဒေပဲမမ ညီမ ဖောက်ဖျက်လို့မရဘူး ခွင့်လွတ်ပါ..."

ထိုနောက် အုန်းတောကြီးထဲသို့ ထားမေတို့ လမ်းလျှောက်လာခဲ့ကြသည် ..လမ်းသွားရင်း ပတ်ဝန်ကျင်သို့ ထားမေ အကဲခတ်ကြည့်မိလိုက်သည်. အိမ်တိုင်း အိမ်တိုင်းသဘ် တဲသာသာ မျှသာရှိသည် အုန်းတောနှင့်တကွ အချို့ မှာလည်း ကျောက်ဂူ များ ၌ သီးသန့်နေကြသူများလည်းရှိသည်.။

ထိုပြင် ထိုကျွန်းပေါ်၌ ရဲစခန်းတစ်ခုလည်း ရှိနေသေးသည် .ပုလိပ်ဌာန ဟုလည်း ဆိုင်းဘုတ်တတ်ထား၏. အုပ်ချုပ်မှူပိုင်းကတော့ ကျွန်းသူကြီး ၏ အမိန့်အာဏာ ရပ်တည်နေသည်ဟု ထင်မြင်နိုင်သည်.။

မြန်မာပြည်၏ ဥပဒေ စိုးမိုးမှူ ဤနေရာ၌ အားနည်းနိုင်စွမ်းရှိနိုင်သည်. အဆိုပါရဲစခန်း ပုလိပ်ဌန ဆိုသည်မှာလည်း ယခုကျွန်းပေါ်၌ ကျွန်းသူကြီး၏ လက်အောက်တွင်သာ ရှိနိုင်မည်ဖြစ်သူဟု ထားမေ ယူစ ထားလေသည်.။

ဤသို့ဖြင့် ကျွန်းသူကြီး ဦးမောရှိရာ အုန်းတောကြီးအလွန် တောစပ် ရှိ ခြံဝန်းကြီးတစ်ခု အလယ်တွင် ကျွန်းအိမ်မဲမဲကြီး တစ်ခု အား ထားမေ လှမ်းကြည့်လိုက်၏.။ကြည်ပြာမှ ထားမေ အနားသိုကပ်၍ လေတိုးသံဖြင့်ပြောလိုက်၏.။

" မမ အရှေ့က ကျွန်းအိမ်မဲကြီးက သူကြီး အိမ်ပဲ...လာ မမ "

ထိုနောက် ကြည်ပြာမှ အရှေ့က ဦးဆောင်၍ သူကြီး အိမ်သို့သွားလေ၏.။အိမ်ရှေ့၌ သေနတ်ကိုင် အဆောင့်တစ်ယောက်ရှိ၏. ထိုသူသည် မြန်မာပြည်မှာ ရဲလုံခြုံရေးများကဲ့သို့ ဝတ်ဆင်ထားလေ၏.။

" သူကြီး နဲ့ တွေ့ချင်လို့ပါ ကြည်ပြာပါ "

" မင်းနောက်က ဘယ်သူလည်း.."

" ကြည်ပြာ ဧည်သည်ပါ ...သူကြီးကို ခွင့်တောင်းချင်လို့.."

ထိုနောက် လက်နက်ကိုင် အဆောင့်မှ ကျွန်းတံခါးကို ဖွင့်ပေးလိုက်လေ၏.။

အိမ်၏ အတွင်းပိုင်း ၌ ရန်ကုန်မှာ တိုက်ခန်းများကဲ့သို့ ပါကေးခင်းထားပီး လွန်စွာလှပသော ခနုတ်ပန်းများ စီခြယ်ထားသည့် ဆိုဖာ ထိုင်ခုံကြီးတစ်ခုကိုလည်း ထားမေ မြင့်တွေ့လေ၏.။

" ထိုင်ပါ...အော် ဘယ်သူများလည်းလို့ ကြည်ပြာပဲ.."

သံခပ် ဩဩ ဖြင့် အာဏာသံ ပါပါဖြင့် နှုတ်ဆက်လိုက်သူအား ထားမေ မော့ကြည့်လိုက်၏ ထိုသူသည် ကြည်ပြာပြောသော ကျွန်းသူကြီး ဦးမော်ဖြစ်နိုင်မည်ဟုထင်၏ သူကြီးဦးမော်သည် အသက် ၄၀ ကျော်ခန့်ရှိနိုင်ပီး အရပ်ရှည်ရှည် ထွားထွားကြိုင်းကြိုင်းနှင့် နံငယ်အပိုင်းတစ်ခုသာဝတ်ဆင်ထားပီး သူ၏ စူးရဲသောမျက်လုံးများဖြင့် ထားမေ ရင်ဆိုင်လိုက်ချိန်တွင် ကြောက်လန့်စိုးရိမ်စိတ်များ ဖြစ်၍လာလေ၏. မြန်မာစကားဖြင့် ကြည်ပြာနှင့်သူကြီးဦးမော်တို့ စကားပြောကြလေသည်.။

" သူက ဘယ်သူလဲ..."

" ကြည်ပြာ ဧည့်သည်ပါ.."

" ကျွန်းကို ရောက်လာရင် ကျုပ်တို့က ဧည့်ဝတ်ကျေပါတယ် ..."

ဟုဆိုကာ ထားမေ ဘက်သို့လှည့်၍ သူကြီးဦးမော်မှ ပြောလေ၏.

" မင်းနာမည်က..."

" ထားမေပါ..."

" အင်း...ဒီကျွန်းကို မြန်မာပြည်က လူတွေ လာတာ နည်းတယ် ပင်လယ်ခရီးဆိုတော့ လာတဲ့သူနည်းတာပေါ့ ဒီရွာမှာ တော့ ကျုပ်က ရွာရဲ့အကြီးကဲပဲ အဲဒီတော့ မိန်းခလေး အနေနဲ့ ဒီရွာမှာ လာလည်တာပဲ ဖြစ်ဖြစ် လာနေတာပဲဖြစ်ဖြစ် ရွာစည်းကမ် ကျွန်းရဲ့စည်းကမ်းတွေကို လိုက်နာရလိမ့်မယ်.."

" ဟုတ်ကဲ့..."

" ကျုပ်တို့ ကျွန်းမှာ စည်းကမ်း အများကြီးတော့မထားပါဘူး ဒါမဲ့ အချက်သုံး ချက်ကိုတော့ မိန်းခလေးအနေနဲ့ မှတ်ထားပါ.

နံပါတ် = ၁ .

မိန်းခလေး တွက် တဲ သီးသန့်တစ်ခုပေးမယ် အဲဒီမှာ တည်းရမယ် ရိုးရာစည်းကမ်းအရ ကြည်ပြာတို့ နဲ့ အတူ လိုက်နေခွင့်မရှိဘူး ..."

" ရှင်..."

သူမ ကြည်ပြာတို့နှင့်အတူ နေရမည်ဟု ထင်ထားခြင်းသည် လွဲမှားသွားခဲ့၏ သို့သော် ပြသာနာတော့မရှိ သူမအနေဖြစ်လည်း စိတ်ပြေလက်ပျောက်ယခုလို တစ်ယောက်ထဲ နေချင်သည်မှာ အမှန်ပင် သူမက ဝါးရမ်းပြေးလေ...။

" ဒုတိယ အချက်က ...

အဲဒီ အိမ်ထဲကို ဘယ်သူလာလာ နှင် လွတ်ခွင့်မရှိဘူး..အိမ်ထဲဝင်လာသူဟာ လူဆိုးဖြစ်စေ လူကောင်းဖြစ်စေ လက်ခံရမည် .."

" ဟင်...."

" နောက်ဆုံး အချက်ကတော့...ဒီ လူဟာ မိန်းခလေးကို ကြိုက်လို့ ချစ်လို့ အိမ်ထဲဝင်လာပီး တစ်ခုခု လုပ်မယ်ဆိုရင် မိန်းခလေး အနေနဲ့ ပြန်လည်ခုခံပိုင်ခွင့်တော့ရှိမယ် ဒါမဲ့ လက်နက်ကိုင်ဆောင်ခွင့်မပြုထားဘူး လက်နဲ့ပဲ ပြန်လုံးသတ် ရမယ် အကယ်၍များ မိန်းခလေးနိုင်သွားရင် မိန်းခလေး ဟာ သူဆီက လျော်ကြေးတောင်းပိုင်ခွင့် ရှိမယ် အဲ သူက နိုင်သွားခဲ့မယ် ဆိုရင်တော့ . မိန်းခလေး သူအတွက် ခလေးတစ်ယောက် မွေးပီးမှ ဒီရွာက ပြန်ထွက်ရလိမ့်မယ်..အဲဒီအခါကျမှ ကိုယ်ပျော်လို့ နေမယ်ဆိုလည်း နေပေါ့..."

" အို....."

ထားမေ သည် သူကြီး ဦးမော်ပြောပြသည့် ကျွန်းစည်းကမ်း အား ရွံ့သလိုပင်ဖြစ်သွားလေ၏. သူမထင်ထားသည့် စည်းကမ်းချက်များနှင့်လည်းကွဲလွဲနေလေ၏.။

နောက်ဆုံးအချက်သည် သူမအား နောက်ထပ် အန္တယ်တစ်ခု ရောက်လာနိုင်သည့် စည်းကမ်းဖြစ်နေသည်မှာ ထားမေအတွက် အကြပ်တဲ ဖြစ်၍နေလေသည်. သို့သော် ရောက်လာပီးမှ ပြန်လို့လည်း မဖြစ် ရေပက်လည်ဝိုင်းထားသောကျွန်းကြီး ဥပဒေစိုးမိုးမှုမရှိသလောက်နည်းသော ကျွန်းကြီး ကျားကြောက်လို့ ရှင်ကြီးခိုး ရှင်ကြီးက ကျားထက်ဆိုးနေသလိုဖြစ်နေသည်. ကြည်ပြာကိုလှမ်းကြည့်ပြန်တော့လည်း မိမိအား အားနာနေသည့် ပုံပင်တွေ့ရသည်.။

" နောက်ဆုံးအချက်ကို ကျွန်မ ကန့်ကွက်ချင်ပါတယ် သူကြီး..."

" ဒီကျွန်းမှာ ကန့်ကွက်တာတွေ ထာက်ခံတာတွေ မရှိဘူး မိန်းခလေး ဒီကျွန်းဥပဒေ က ဒီတိုင်းလာတာပဲ ..."

" ဒါဆို ကျွန်မပြန်မယ်...ကျွန်မကို ပြန်ဖို့ စက်လှေစီစဉ်ပေးပါ သူကြီး.."

" ကျုပ် တို့ရဲ့ စည်းကမ်းတွေ မိန်းခလေး သိသွားပီဖြစ်တဲ့တွက် ချက်ချင်းကြီး ပြန်လွတ်လို့ မရပါတော့ပါဘူး..."

" ဘာ..."

" စည်းကမ်းချက်တွေ မပြောခင်တုန်းက မိန်းခလေးက ဧည့်သည် ပါ စည်းကမ်းချက်တွေ ပြောခဲ့ပီဖြစ်တဲ့တွက် ဒီကျွန်းမှာ အနည်းဆုံး ၃ လနေ ပီးမှ ပြန်ရပါ့မယ်.."

" ဘာ....ဒီလို လုပ်လို ရမလား မင်းမဲ့တိုင်းပြည်မှ မဟုတ်ပဲ နောက်ပီး ဒီကျွန်းက မြန်မာပိုင်ကျွန်း ဒါဟာ လူအခွင့်ရေးကို ချိုးဖောက်နေတာပဲ..."

" ဟား...ဟား...ဟား....

" ဒီ မှာ မိန်းခလေး ဒီကျွန်းက မိန်းခလေးပြောသလောက် မဟုတ်ပါဘူး မိန်းခလေးကို ကျုပ် ခွင့်ပေးတဲ့အနေနဲ့ ၃ ပတ်တော့ နေရမယ် ကဲဘယ်လိုလဲ သဘောတူလား ..."

သုံးပတ်ဆိုသောအချိန်ကာလ သည် ထားမေတွက် လုံလောက်နိုင်မည်ဖြစ်သည် ထိုအချိန်လောက်ဆိုလျင် အမှူကိစ္စလည်း မေ့မေ့ပျောက်ပျောက်ရှိလာနိုင်ကြမည်ဟု ထားမေ ထင်၏ ထိုကြောင့် သူကြီးဦးမော်ပြောသော အချိန်သုံးပတ်နေထိုင်ရန် သဘောတူညီလိုက်လေတော့သည်...။

~~~~~~~~~~~~~~~~~~~~~

(05)

မှိန်ပြပြ ထွန်းထားသော အိပ်ခန်းတစ်ခုတွင်ဖြစ်သည်.မိန်းမပျိုသည် ဇာခြင်ထောင် ပါးကို အပေါ်သို့လှန်တင်၍ အိပ်ယာခုတင်ထက်သို့ သူမ၏ ကြီးမားသော တင်ကားကားကြီးဖြင့် ဖင်တခြမ်းလွဲထိုင်လိုက်လေ၏.။အိကျသွားသော နူးနူးညံ့ညံ့မွှေ့ယာထက်၌ ယောင်္ကျားးပျို မှာ အိပ်နေရာမှ လူးလွန့်လာခဲ၏.

" ဟင်..ဖြူ...မအိပ်သေးဘူးလား..."

" ဖြူ အိပ်လို့မရလို့ပါ မောင်.."

ဖြူဆိုသော မိန်းမပျိုသည် ညဝတ်အင်္ကျီ ခပ်ပါးပါးကိုဝတ်ဆင်ထားပီး မှိန်ဖျော့ဖျော့ မီးရောင်အောက်၌ သူမ၏ အင်္ကျီ အတွင်းမှ ဖြူစင်ဝင်းမွတ်သော အသားဆိုင် များကို ထိုးဖောက်မြင်နေရလေ၏.။ယောင်္ကျားပျိုသည် ဖြူ အားကြည့်၍ အိပ်ချင်သည့်စိတ်များပင် ကြက်ပျောက်ဌက်ပျောက် ဖြစ်လာ၏. မိန်းမပျို၏ အလှ တရားများကို တပ်မက်စွာ ကြည့်နေရင်း သူ၏ အာခေါင်များခြောက်ကပ် လာ၏.။

ဖြူ သည် ယောင်္ကျားးပျိုအား အရည်လဲ့သော မျက်ဝန်းညိုကြီးများဖြင့် ခပ်စိမ်းစိမ်းကြည့်နေ၏.ထိုနောက်ယောကျာၤးမည်သည့်စကားမျှမဆိုပဲ ယောကျာၤးပျို၏ ရင်ဘတ်ကြယ်သီးများကို တစ်လုံးချင်းချွတ် ၍ နေ၏. ပီးနောက် ကျန်းမာသန်စွမ်းလှသော ရင်အုပ်ကျယ်ကြီးများပေါ်မှ အမွှေးနုနုလေးများကို သူမ၏ နူးညံ့ပျော့ပြောင်းလှသည့် လက်ဖဝါးနုနုခလေးများဖြင့် ကိုင်တွယ် ပွတ်သပ် ဆော့ကစားနေ၏.။ယောင်္ကျားပျိုသည် အထိအတွေ့၌ သာယာမိန်မူးလာဟန်ရှိပီး နူးညံ့သော ဆန့်ကျင်ဘက် ဓာတ်များသည် မိမိအား သံလိုက်ဆွဲအားကဲ့သို့ ဆွဲငင်ညို့ယူနေဟန်ရှိ၏.

ဖြူသည် ယောကျာၤးပျို၏ တည်ကြည်သော မျက်နှာအား မီးရောင်ဖျော့ဖျော့အောက်၌ ရွန်းလဲ့သော မျက်ဝန်းညိုကြီးများဖြင့် စိမ်းစိမ်းစိုက်ကြည့်ရင်း သူမ ၏ နှင်းဆီရောင် နှုတ်ခမ်းဖူးဖူးလေးသည် ယောကျာၤးပျို၏ ပီရိသေသပ်လှသော နှုတ်ခမ်းထူထူကြီးများပေါ်သို့ ဆွဲအားတစ်ခုဖြင့် ဆွဲကပ်ခြင်းခံလိုက်ရသလို နူးညံ့လှသော ဖောဌာအာရုံ ၌ တစ်ဦးနှင့်တစ်ဦး သာယာမိန်မူး ၍ အမျိုးမည်မသိသော ဝေဒနာတစ်ခုအား ညည်းညူသံတိုးတိုးဖြင့် ဖြတ်သန်းတိုက်ခတ်နေတော့၏.။အချစ်ရေစီးကြောင်းများ စီးမျှောခံစားနေစဉ် အတွင်း၌ ပင် မျှော်လင့်မထားသော အသံတစ်ခုထွက်၍ လာခဲ့ပါတော့သည်.။

" ကလင်.....ကလင်......ကလင်......"

" ဟင်......"

ဒုရဲအုပ် မိုးဆွေ ဖုန်းသံကြားရာ စားပွဲပေါ်မှ လက်ကိုင် ဖုန်းဆီသို့ ကမန်းကတန်း ကုတင်ပေါ်မှ ဆင်းကာ ကိုင်လိုက်၏။

" ဟဲလို..."

" ဘယ်လို...ok ok.. ဒါဆို ကျုပ်ခုပဲ ထွက်လာခဲ့..."

" ကိစ္စပေါ် လို့လား မောင်...."

ကုတင်ပေါ်မှ ထူထပ်သော ဂွမ်းစောင်ဖြူကြီးအား ရင် ဘတ်ပေါ်သို့ ပင့်တင်ဆွဲယူထားရင် ဖြူထည်ဝါ မေးလိုက်၏.။

" ဟုတ်တယ် ...ဖြူ...မအူကုန်းဘက်မှာ ပိုင်ရှင်မဲ့ အလောင်းတစ်လောင်း တွေ့လို့ အဲဒါ မောင် လိုက်သွားရမယ်..."

ဖြူ သည် စိတ်ပျက်ညည်းငြူစွာဖြင့် နာရီအားကြည့်လိုက်၏.။

" ဟင်...၉ နာရီတောင်ကျော်ပီ ...တစ်ယောက်ထဲဖြစ်ရဲ့လား မောင်.."

" ရပါတယ် ဖြူ ရော အဆင်ပြေရဲ့လား..."

ဖြူ ခေါင်းညှိမ့်ပြ၏. ထိုနောက် မိုးဆွေ သည် ချစ်ဇနီးချော ဖြူထည်ဝါ ဆီသို့သွား၍ ဝင်းမွတ်သည့် နဖူးပြင်လေးအား အနမ်းတစ်ချက်ပေးလိုက်၏.။အိမ်ထဲမှ ထွက်သွားသော ယောကျာၤးဖြစ်သူကို ဖြူထည်ဝါကြည့် ရင်း တာဝန်နှင်ဝတ္တရားအပေါ် ကျေပွန်စွာထမ်းဆောင်နေသည့် သူမ ၏ ချစ် လင်အား ဒီညအဖို့ လွမ်းရပေအုံးမည်ဖြစ်လေသည်.။

မအူကုန်းလမ်းထိပ်မှ ကားဖြင့်ဝင်လာကတည်းက သူရိပ်မိသည့် ပတ်ဝန်ကျင်ဖြစ်သည် . သေဆုံးသူ၏ အိမ်သည် ပတ်ဝန်းကျင်ရှိ အိမ်များနှင့် အလှမ်းဝေးလှ၏. လမ်းမကြီးနှင့်ဆိုလျှင် တစ်မိုင်နီးပါ ရှိမည်.သေဆုံးသူသည် လောလောလတ်လတ်သေဆုံးထားခြင်းမဟုန်ပဲ လွန်ခဲ့သော သုံးရက် သို့မဟုတ် လေးရက်ခန့်က သေဆုံးခြင်းဖြစ်နိုင်သည် ဟု မိုးဆွေ အကြမ်းပြင်း ကောက်ချက်ချလေ၏.။သေဆုံးသူ၏ ဝဲဘက် ၌ သေနတ်ဒဏ်ရာ နှစ်ချက် တွေ့ရပီး သေဆုံးသူ၏ ဦးခေါင်းသည် တစ်ခုခုနှင့် အရိုက်ခံထားရပုံပေါ်၏ .။

" အင်း..အုပ်ကြီး ..ဒီအလောင်းကို ဘယ်သူအရင် စတွေ့တာလည်း.."

ရပ်ကွက်အုပ်ချုပ်ရေးမှူး အားမိုးဆွေ မေးကြည့်လိုက်ခြင်းပင်.

" မောင်ဌေးရေ...ဟေ့..မောင်ဌေး..အလောင်းစတွေ့တဲ့သူ သွားခေါ်စမ်း.."

" ကျုပ်ဆီ မခေါ်လာနဲ့ ...ဟို..စခန်းကိုတစ်ခါထဲခေါ်သွား...ခဏ မေးစရာလေးရှိလို့ ပါ..."

" ဟို...အလောင်းကို ရင်ခွဲရုံပို့ဖို့လုပ်တော့ ..ာတ်ပုံရိုက်သွားကြအုံး..."

အလောင်း၏ ဘေးဝယ် ဓာတ်ပုံများ..တစ်ဖြတ်ဖြတ် ရိုက်နေကြ၏.မှတ်စုစာအုပ်ထဲ ၌ အိမ်တွင်းတွေ့ရှိထားသည့် သဲလွန်စ များအား ရေးမှတ်ထား၏ ထိုပြင် မသင်္ဃာစရာကောင်းသည့် ဟုယူစထားသော ပစ္စည်းအချို့အား လက်အိတ်ဖြင့်ကိုင်ကာ လက်ဗွေစစ်ရန်အတွက် ပက်စတိတ်အိတ်ထဲသို့ ထည့်ထားလိုက်၏.။

" ထိုင်ပါ ....မေးစရာလေးရှိလို့ ခေါ်လိုက်တာပါ...ဘာမှတော့ မဟုတ်ပါဘူး...မင်းနာမည် မောင်ဌေး ဆိုတာလား.."

မောင်ဌေးဆိုသည်မှာ အသားခပ်လတ်လတ် ဆယ်တန်းကျောင်းသားလေးတစ်ဦးဖြစ်လေ၏..။

" ဟုတ်ကဲ့..ရပါတယ်. .ဆရာ.."

" အလောင်းကို မင်းအရင် စ တွေ့တာလား.."

" ဟုတ်ပါတယ်..."

" ဘယ်..အချိန်ကလဲ.."

" ဒီနေ့မနက်ကပါ မနက်က ကျောင်းမတတ်ချင်လို့ အိမ်ကိုကျောင်းတတ်ဟန်ဆောင်ပီး ကျွန်တော် နဲ့ ကျွန်တော်သူငယ်ချင်းတွေ ခု မအူကုန်း အစွန်က ခြံထဲမှာ အရက်ဝိုင်းဖွဲ့သောက်ကျပါတယ် .."

" အင်း...ဘယ်နေရာမှာ ...သောက်ကျလည်း..."

" ခြံထဲမှာပါ တိတ်ဆိတ်နေတော့ လူမရှိဘူး အထင်နဲ့...ပါ.."

" ကဲ...ဆက်ပြော..."

ဒုရဲအုပ် မိုးဆွေသည် မောင်ဌေးပြောပြသည့် အချက်များကို မှတ်စုစာအုပ် ၌ လိုက်၍ မှတ်နေ၏.။

" အရက်မူးလာတဲ့အခါ ကန်တော့ပါရဲ့ သေးက ပေါက်ချင်လာတယ် ဆရာ အဲဒါကြောင့် အိမ်ရဲ့ ဘေးဘက်ကို သွားပီး ပေါ့ပါးသွားပါတယ် အဲဒီမှာ စ ပီး ကျွန်တော့ နှာခေါင်းထဲ ကို အပုပ်နံ့ဝင်လာပါတယ် အဲဒါနဲ့ အိမ်ရဲ့ ပြတင်ပေါက်မှန်တစ်ချပ်ကနေ ကြည့်လိုက်တဲ့အခါမှာ လူတစ်ယောက်လဲကျသေနေတာကိုတွေ့ပီး ချက်ချင်းရပ်ကွက်ကို အကြောင်းကြားလိုက်တာပါ ဆရာ..."

" အင်း...အဲဒါနဲ့ပဲ...မင်းလည်း အဆူခံရရောပေါ့ကွာ..ဟား..ဟား...နောက်တစ်ခါထပ်ပီးကျောင်းမပြေးတော့နဲ့...ကဲခုပဲကြည့် မင်းနဲ့ဘာမှ မဆိုင်ပဲ မင်း လာရှင်းနေရပီးမလား...ဒီရက်ပိုင်း ခရီး..တွေပါတွေမထွက်ပါနဲ့..ကဲသွားတော့ ရပီ...."

" ဟုတ်....ဟုတ်ကဲ့....."

မောင်ဌေး ပြန်ထွက်သွားသောအခါ မိုးဆွေ အမှူကြောင်းကို ပြန်လည်တွေးတောနေ၏ .သူ ရခဲ့သော သဲလွန်စ ပစ္စည်းများကို လက်ဗွေစစ်ကြည့်ရအုံးမည်.သေဆုံးသူ၏ အမည်အား သူစုံစမ်းထားပီးသားဖြစ်၏ .သေဆုံးသူ အမည်မှာ ဦးဒေဝဖြစ်သည်. လွန်ခဲ့သော တစ်လ ခန့် က မအူကုန်းရပ်ကွက်သို့ပြောင်းလာသူဖြစ်သည်.ထိူပြင် မှူခင်းဆရာဝန် နှင့်လဲ တွေ့ ဖို့ရှိသေး၏..။

မိုးဆွေ အိမ်ပြန်ရောက်သောအခါ မနက် ၃ နာရီပင် ရှိတော့မည်..အိပ်ယာပေါ်မှ ဇနီးချောကိုမြင်တော့ ညဦးပိုင်းက ချစ်ခဲ့ ကြသည်များကို ပြန်၍ မြင်ယောင်လာလေ၏.။

" မောင်...."

သူ၏ ခြေသံကြောင့် အိပ်ယာပေါ်မှ ဖြူထည်ဝါ လူးလွန့်လာခြင်းဖြစ်သည် . ထိုကြောင့် ဘာမျှ သူပြောမနေတော့ပဲ ဝတ်ထားသော ယူနီဖောင်းအား ခပ်သွက်သွက်ချွတ်ခါ ဇနီးချောရှိရာ ကုတင်ဆီသို့ အရောက်လှမ်းလိုက်ပီး မပီးပျက်သေးသော ချစ်တစ်ပွဲ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ဆက်လက် စဉ်နွဲလေတော့၏.ဖြူ သည်အစ ပထမ ၌ ကြောက်အားပိုသွားသော်လည်း မိမိ ယောကျာၤး မှန်းသိသွားသောအခါ အချစ်ရေစီးကြောင်းများ ချက်ချင်းဆိုသလိုပင် ဒလဟော စီးဆင်း၍ ချစ်ငွေ့ ချစ် စခန်း တစ်ခန်း ထ လေသည်........အာရုံဦး ၌ ချစ်ကြည်နူးသံများ အိပ်ခန်းလေးထဲမှာ သာယာစွာပြန့်လွင့်လာ၏........။

" အော်...ဝင်ခဲ့ပါ ရဲမှူး..."

ဒုရဲအုပ်မိုးဆွေ ဆေးရုံရှိထိုင်ခုံ ၌ ထိုင်လိုက်၏. စားပွဲပေါ်သို့ သဲလွန်စ ရရှိလာသည့် ပစ္စည်းများကိုမှတ်စုရေးထားသော စာအုပ်တစ်ခုအား တင်လိုက်သည်.။မှူခင်း ဆရာဝန် ဒေါက်တာ မျိုးသန့် မှ ဒုရဲအုပ် မိုးဆွေအားစေ့စေ့ကြည့်လျှက် အောက်ပါအကြောင်းရာများအား ပြောဆိုလေ၏.။

" ဆေးစစ်ချက်အရ သေဆုံးသူဟာ မသေခင် မှာ အရက်သေစာသောက်စားထားတယ်လို့သူ့ရဲ့ ခန္ဓာကိုယ်မှာ ကျုပ်တို့တွေ့ရတယ် ကိုမိုးဆွေ..နောပ်တစ်ခုက သေဆုံးသူရဲ့ ဒဏ်ရာမှာ ဦးခေါင်း စ ကို စစ်ကြည့်လိုက်တဲ့အခါ ဖန်ကွဲစ ပုလင်းခွံစ တွေ့ရတယ် ဒါမဲ့ အဲဒီ ဒဏ်ကြောင့် သူမသေနိုင်သေးပါဘူး နောက် သူ့ရဲ့ဝဲဘက်ပခုံးမှာ ရှိတဲ့ သေနတ်ဒဏ်ရာက ကျည်ဆန်ကို စစ်ကြည့်တဲ့အခါ ငါးလုံးပြူ ကျည်ဆန်အမျိုးအစားဖြစ်နေတယ် ဒါကြောင့် လည်း သူမသေနိုင်သေးဘူး ..."

ဆရာဝန်က ပြောရင်းမောသွားဟန်ဖြင့် ရေတစ်ခွပ်သောက်လိုက် ၏.။

" ဒါဆို ကျုပ် ရထား တဲ့ သဲလွန်စ နဲ့ တူညီနေတယ် ပုလင်းကွဲအခွံ့တစ်ခုရဲ့ လက်ဗွေစစ်ကြည့်တဲ့အခါ မိန်းခလေး လက်ဗွေရာတစ်ခုကိုသွားတွေ့တယ် ၁၈ ၁၉ အရွယ်ပဲ...နောက်တစ်ချက်က ဒေါက်တာပြောတဲ့ ငါးလုံးပြူးဆိုတာ ပြင်းအားသေးငယ်တယ် ၂.၅ ပဲရှိတယ် မိန်းမကိုင် သေနတ်အမျိုးစားပဲ..."

" ဟုတ်တယ် ကိုမိုးဆွေ..ဒါမဲ့..သူကျည်ဆန်က ကျောက်တံ အရွယ်စားလောက်ပဲရှိတယ် ပြင်းအားလဲ အရမ်းမရှိဘူး သေဆုံးသူရဲ့ ပခုံးလိုနေရာမျိုးဆိုတာလည်း သေစေနိုင်တဲ့ နေရာမဟုတ်ဘူး ဒါကြောင့် ဒီဒဏ်ရာနှစ်နေရာကြောင့် အသက်သေစေလောက်တဲ့ထိ မရှိဘူး..."

" ဒါဆို..ဘာကြောင့်လဲ ဆရာ..."

ဒုရဲအုပ်မိုးဆွေဟာ စိတ်ဝင်တစ်စားမေးလိုက်၏.။

" ဘာကြောင့်လဲဆိုတော့ သေဆုံးသူဟာ ပြင်း ၈.၅ ကျည်ဆန်ကြောင့် အဆုတ်ဖောက်ဝင်ပီး နှလုံးသွားစိုက်လို့သေရတာ .ဒီကျည်ဆန်မျိုးက ယမ်းအားပြင်းတယ်...အနီးကပ်တေ့ပစ်တာ ခံလိုက်ရတဲ့သဘောပဲ ဒါကြောင့်သူသေရတာ..."

မိုးဆွေ အိမ်ပြန်လမ်း၌ အမှူအကြောင်းအား တွေးတောလာခဲ့၏.။မိုးဆွေသည် တရားခံအား ရာထားချက် ၌ မိန်းခလေးဟု ဆိုသော်ငြားလည်း သူမ ပစ်မှတ်သည်လွဲ၏. ယမ်းအားပျော့ ၏.။ထိုကြောင့် အိမ်သို့မပြန်သေးပဲ ကားအား မအူကုန်းဘက်သို့..မောင်း၍ ထွက်လာပါတော့သည်.။

~~~~~~~~~~~~~~~~~~~

(06)

ရဲအုပ်မိုးဆွေသည် အိမ်သို့မပြန်သေးပဲ ၎င်း၏ မောင်းနှင်လာသော ကားအား အခင်းဖြစ်ပွားရာ မအူကုန်းဘက်သို့ ခြေဦးလှည့်လိုက်လေ၏.

မအူကုန်းရှိ အခင်းဖြစ်ပွားရာ အိမ်သို့အရောက်၌ ခြံထဲသို့ ကားအားဝင်လိုက်၏. ထိုမှတဖန် အိမ်တွင်းသို့ တံခါးအားဖွင့်၍ ဝင်လိုက်လေ၏. အိမ်တွင်းဝယ် သေဆုံးသူဦးဒေဝ လဲကျနေသောနေရာအား ရောက်ရှိသွားလေ၏.။ထိုနေရာသို့အရောက်၌ မိုးဆွေသည် တရားခံ၏ ပြုမူလှုပ်ရှားပုံတို့အား စိတ်ကူးဖြစ်ပုံဖော်ကြည့်လေသည်.။ထိုနောက် လဲကျနေသော စားပွဲအစွန်းသို့အရောက် ၌ ပုလင်းကွဲအစ တစ်စု အား ဟိုတစ်စ ဒီတစ်စ တွေ့ရလေသည်.။

" ပုလင်းကွဲ အစ တွေပဲ...."

ထိုနောက် မိုးဆွေ၏ အကြည့် ဧည့်ခန်းဘက်သို့ ရောက်ရှိသွားလေ၏.ဧည့်ခန်း စတီခုံ နှစ်ခု၌ ရတီခုံတစ်ခု ကြမ်းပြင်၌ ရေများဆိုထားသည်ကို တွေ့ရလေသည်. ပါကေးခင်းထားရွှေ့ ရေဆိုနေသော ကြမ်းပြင်သည် ချောကျိကျိ ဖြစ်နေ၏ .မိုးဆွေသည် စို နေသော ကြမ်းပြင်အား လက်ဖြင့်ပွတ်လိုက် ပီး နှာခေါင်းဖြင့် နမ်းကြည့်သေး၏. သို့သော် ဘာနံ့မှ မရသဖြင့် ရေဟု သတ်မှတ်ရလိမ့်မည်ဖြစ်သည်.။

" အင်း ဒီထိုင်ခုံမှာ ထိုင်သွားတဲ့သူက မိုးရေထဲကနေ လာရမယ် အိမ်ထဲရောက်တော့ မိုးကာမချွတ်ပဲ ဝင်ထိုင်မိမယ်ထင်တယ်.."

ထိုနောက်မိုးဆွေသည် အိမ်ရှေ့တံခါးသို့ပြန်ထွက်၍ လာပြန်၏. အိမ်ရှေ့ တံခါးအား သူဆွဲ၍ပိတ်လိုက်၏. ထိုသို့ပိတ်လိုက်စဉ်၌ တံခါးဂျက်တွင် သော့ခလောက်တစ်ခုပျက်ဆီးနေသည်ကိုတွေ့သွားလေ၏.။

" အင်း ...ဦးဒေဝ ဟာ တစ်ယောက်ယောက်ကို တံခါး ဂျက်ချပိတ်ထားမယ် ထင်တယ် သူအနေနဲ့ဆို ဘယ်နည်းနဲ့မှ ဒီတံခါးကို ရိုက်ဖွင့်မှာမဟုတ်ဘူး ဒီတံခါးကို ရိုက်ဖွင့်တာ အပြင်ကလာတဲ့သူပဲ နေရမယ်..."

မိုးဆွေ တံခါး၏ အောက်၌ လဲကျနေသော သံတုတ်အားကောက်ကိုင်လိုက်၏ ..။

" အင်း..ဒီသံတုတ်နဲ့ ရိုက်ဖွင့်တာပဲ.."

ထိုနောက်တံခါးအားပြန်၍ဖွင့်လိုက်၏. ပီးနောက် အပြင်သို့ထွက်၍ အိမ်အား ပြန်ကြည့်လိုက်၏.။

" ဟင်..အိမ်ဘေးမှာ ခြုံပုတ်တွေနှစ်ခု...."

ခြုံပုတ်တွင်းသို့ ဓာတ်မီးဖြင့်ထိုး၍ ဟိုရှာဒီရှာ ဖြင့် မျက်စိကစားကြည့်သောအခါ..၌ ဆင်စွယ်ကနုတ်များချယ်သထားသည် မိန်းမကိုင် ငါးလုံးပြူးသေနတ်တစ်လက်အားတွေ့သွားလေ၏.။

" ဟာ..ငါးလုံးပြူးသေနတ်ပဲ...အင်း..ဟုတ်ပီ..ဟုတ်ပီ..ပိုပီးသေချာသွားအောင် ဒီနားအနီးတစ်ဝိုက်စုံစမ်းကြည့်ရမယ်.."

ဟုဆိုကာ ရေရွတ်လိုက်၏.ယခုအခါ သူသည် တာဝန်ပြင်ပဖြစ်နေ၍ အရပ်ဝတ်ဖြင့် စုံစမ်းခြင်းဖြစ်သည်.။ဦးဒေဝ၏ ဘေးခြံမှ အိမ်သစ်တစ်လုံးအားတွေ့လေ၏.ထိုအိမ်၏အရှေ့ ၌ လက်ဖက်ရည်ဆိုင်တစ်ခုရှိလေသည်.။ထိုနောက် မိုးဆွေသည် ထိုလက်ဖက်ရည်ဆိုင် ၌ ထိုင်ကာ လက်ဖက်စည်တစ်ခွက်မှာ ၍ ပတ်ဝန်းကျင်အားအကဲခတ် ကြည့်ရူလေ၏.။

" ဒီအိမ်က လူက လူတစ်မျိုးဗျ ကျုပ် ဒီရပ်ကွက်မှာ ဗယာကြော်ရောင်းတာ နှစ်ချီနေပီ ဒီအိမ်ရှေ့မှာ ရောင်းတာလည်းကြာပ ဒီလူကြီးက လူသစ်လို့ပြောလို့ရမယ် ကျုပ်ရဲ့ ဗယာကြော်ကို အမြဲဝယ်စားတယ်ဗျ မနက်ပိုင်းဆို လမ်းဘက်ထွက်ထွက်လျှောက်တာလည်းတွေ့တယ် ကျုပ်ကတစ်ကိုယ်ထသမားထင်တာဗျ.."

ဗယာကြော်သည် ကုလားလေး ပြောနေသံများကို မိုးဆွေ နားစွံ့နေ၏. ပီးနောက် ထိုကုလားလေး ပြန်ထွက်မည်အပြု၌ မိုးဆွေလည်း ပိုက်ဆံရှင်း ၍ မယောင်မလည် နောက်ကလိုက်လာပီး လူပြတ်သော လမ်းချိုးတစ်ခုအရောက်၌ နောက်မှ လှမ်း၍ခေါ်လိုက်၏.။

" ညီလေး...ညီလေး..ခဏနေပါအုံး..."

" အော်..ဟုတ်ကဲ့အကို....ဘာယာကြော် ဝယ်မို့လား.."

" အေး....ငါ့ကို ၅၀၀ ဖိုးလုပ်ပေးပါ.."

" ဟုတ်ကဲ့..အကို.."

" အော်..ဒါနဲ့..ငါညီ..ဘယ်လိုမှ သဘောမထားပါနဲ့...စကားလေးနည်းနည်းပြောလို့ရမလား.."

" အော်..ရပါတယ်..အကို..ပြောပါ..."

" ဒီလိုပါ ခုနက လက်ဖက်ရည်ဆိုင်ရှေ့မှာ ညီလေးပြောတဲ့ လူအကြောင်းနည်းနည်းသိချင်လို့ပါ.."

" အကိုနဲ့ဘာတော်လို့လည်း..."

" အကိုနဲ့တော့ဘာမှ မတော်ပါဘူး အကိုသူငယ်ချင်းအဖေ နဲ့ ရင်းနှီးတဲ့ သူတစ်ယောက်မို့လို့ပါ.."

" အော်...အကို မသိသေးဘူးလား...အဲဒီ အိမ်က လူကြီးအသတ်ခံရတာလေ.."

" အေ..ဟုတ်လား..."

" ဟုတ်တယ်ဗျ..."

" ဘာကြောင့်အသတ်ခံရတာလည်း..ကွ.."

" ဒီလူကြီးက လူတစ်မျိုးဗျ အိမ်ထဲက အိမ်ပြင်သိပ်ထွက်လေ့မရှိဘူး ကျုပ်က အမြဲ သူ့အိမ်ရှေ့မှာ ဈေးရောင်းနေကြဆိုတော့ ဒီ လူကြီးကို မျက်မှန်းတမ်းမိနေတယ်ဗျ..."

" အင်...ဆက်ပြောပါအုံး.ညီ..."

" အကို ရဲတွေပါတွေတော့ မဟုတ်ပါဘူးနော်..."

ကုလားလေးက မိုးဆွေအား စူးစမ်းသလိုကြည့်၍ မေးလိုက်၏.။မိုးဆွေမှ ခပ်တည်တည်ဖြင့် ပြန်၍ပြောလိုက်လေ၏.။

" မဟုတ်ပါဘူးကွာ ငါက ငါ့သူငယ်ချင်းအဖေနဲ့ရင်းနှီးတယ်လေ အဲဒါ အကျိုးအကြောင်းသိရအောင် စုံစမ်းကြည့်တဲ့သဘောပါ မင်းပြောသလို ရဲတွေ စုံထောက်တွေမဟုတ်ပါဘူးကွာ..."

" ကျုပ်ကလည်းဒီလိုမေးတာ အခြားမဟုတ်ပါဘူး ကျုပ်က စပ်စုတဲ့နေရာမှာ ဝါသနာနည်းနည်းပါတော့ ဒီရပ်ကွက်ထဲက အကြောင်ကို နည်းနည်းပါးပါး သိတတ်တယ်လေ တော်ကြာ ရဲတွေပါတွေဖြစ်လို့ပြောမိရင် စခန်းခေါ်စစ်တာတို့ပါတို့ဆို ကျုပ်ကြောက်တယ်ဗျ.."

ကုလားလေးပြောပုံကိုကြည့်ရင်း မိုးဆွေရယ်ချင်သွားမိ၏..။

" မဟုတ်ပါဘူးကွာ ငါလည်းအပြင်လူတစ်ယောက်ပါ ကဲကဲ တက်စမ်းပါအုံး ငါလည်းမင်းနဲ့ဝါသနာတူလို့ပါကွ.."

ထိုအခါမှ ကုလားလေသည် ပတ်ဝန်းကျင်သို့ အကတ်ခတ်သလိုမျက်စိတောင်မှောက် ဘေးဘယ်ညာကြည့်လိုက်ပီး မိုးဆွေအနားသို့တိုးကာနှစ်ကိုယ်ကြားပြောလေ၏.။

" ဒီလိုဗျ ဒီလူကြီးက ထူးဆန်းတော့ ကျုပ်ကအမြဲလိုလို သူ့အိမ်ဘက်ကိုဈေးရောင်းရင်နဲ့ကြည့်နေတာဗျ ဖြစ်ချင်တော့ အဲဒီနေ့က အဌားကားတစ်စီး ဒီလမ်းထဲကိုဝင်လာတယ်ဗျ အဌားကားဒါရိုက်ဘာ ကတောင်ကျုပ်ကို ဒီလူကြီးခြံအမှတ်ကို မေးလိုက်သေးတယ် ..."

ကုလားလေးသည် စကားလည်းပြောရင်း ပဲဖြင့် လုပ်ထားသော ဗယာကြော်များကို ဆီပူအိုးလေးထဲသို့လောင်းထည့်လိုက်၏.ထိုနောက် ၎င်းမှဆက်၍ပြောလေ၏.။

" အဲဒီကားက ဦးဒေဝ ရဲ့ ခြံထဲဝင်သွားတယ် ဗျ အဲ ကားလည်းရပ်ရော ကားပေါ် ကနေ မိုးကာအင်္ကျီထပ်ဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ဆင်းလာတယ်ဗျ မျက်နှာကိုယ်တော့ကျုပ်လည်းသေချာမတွေ့ရဘူး လမ်းလျှောက်ပုံနဲ့ ဆံပင်ကိုကြည့်တာနဲ့ အမျိုးသမီးဆိုတာတော့သိတယ် ..."

ထိုအခါမိုးဆွေမှ ကြားဖြတ်၍မေးလိုက်၏.ဒ

" အဲဒီ အငှားကား နံပါတ်ကောသိလား.."

" အဲလောက်ထိတော့ ကျုပ်မရိပ်မိဘူးဗျ.."

" ကဲ ဆက်ပြောပါအုံး..."

" အကိုမေးပုံကြီးကလည်းဗျာ ရဲ တွေစစ်ဆေးမေးမြန်းသလိုကြီး ကြောက်တောင်လာပီဗျာ..."

မိုးဆွေ သိချင်ဇောကို ဘရိတ်အုပ်၍ သိလိုသည်ကို ဖုံးဖုံးဖိဖိနှင့်ချော့မော့ပြန်မေးရလေ၏.

" ငါလည်းဝါသနာပါလို့ပါကွာ..ကဲ ဆက်ပြောပါအုံး...အဲဒီတော့ဘာဖြစ်ကြလည်း..."

" အင်း...ပြောရရင်တော့ အဲဒီကောင်မလေး အိမ်ထဲဝင်သွားတယ် ဗျ ကျုပ်ဆိုင်သိမ်းခါနီး အချိန် ပြန်ချိန်လောက်ပေါ့ အဲဒီချိန်ကျမှ ထွက်လာတယ်ဗျ ထွက်လာတာ မိုကာအင်္ကျီနဲ့မဟုတ်တော့ဘူးဗျ ပီးတော့ ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့်လုပ်လိုက်သေးတယ် ကျုပ်ကိုတော့သူမတွေ့ဘူး နောက်ပီး အဲဒီအိမ်ရှေ့က ခြုံပုတ်ထဲကို ပစ္စည်းတစ်ခု ပစ်ချလိုက်တာတော့တွေ့တယ် ဘာပစ္စည်းလည်းတော့မသိဘူး...နောက်တော့ လိမ်းထိပ်ထိ သူလမ်းလျှောက်ပီး အဲဒီကနေ ကားဌားပီးပြန်သွားတာပဲ..."

" အော်..."

" မဲဒီနေ့ကစပီ ဦးဒေဝလည်း အရင်လို လမ်းထွက်လျောက်တာမတွေ့တော့ဘူး အဲဒီကောင်မလေးလည်းပြန်မလာတော့ဘူး..ဟောခု အဲဒီလူကြီး အသတ်ခံလိုက်ရတယ်...ကျုပ်ကောင်မလေးကို မင်္သကာဘူးဗျ...ဒီကောင်မလေးသတ်တာပဲဖြစ်လိမ့်မယ်..."

ထိုအချိန်၌ ကုလားလေးဘယာကြော်များ ဆီကျက်နေပီဖြစ်သဖြင့် အိတ်ထဲသိူ့ထည့်နေပီဖြစ်သည်.။

" အေးကွာ...စိတ်မကောင်းပါဘူး ငါလည်းဘာရယ်မဟုတ်ဖူး စိတ်ဝင်စားလို့မေးကြည့်တာပါ ကဲကဲ ဗယာကြော်လည်း ရပီဆိုတော့ ငါ့ကိုခွင့်ပြုအုံးကွာ .."

" ဟုတ်ကဲ့အကို...အခုလိုကျုပ်ရဲ့ ဗယာကြော်တွေကိုအားပေးလို့လည်းကျေးဇူးပါဗျာ..."

ကုလားလေးအေးအားနှုတ်ဆက်၍ မိုးဆွေ ကားဖြင့် အိမ်သို့ပြန်လာခဲ့လေတော့သည်.သဲလွန်စ ကွင်းစက်များများနည်းနည်းချင်းစီသူရရှိလာခဲ့ပီးဖြစ်လေသည်.။

~~~~~~~~~~~~~~

(07)

ထားမေသည် သူကြီးဦးမောနေရာချထားပေးသောနေရာ ၌ အိမ်တစ်လုံးအား ရွာသားများ၏အကူညီဖြင့် အမြန်ဆောက်လုပ်စေခဲ့၏.။ထားမေ၏ အိမ်သည် နေ့ချင်းပင် ပီးစီးလုပ်ကိုင်ခဲ့ကြပီး အိမ်၏ အဝင်ထွက် တံခါးမကြီးသည် မင်းတုံး အကြီးစားဖြင့် သော့ခလောက် ခတ်ထားနိုင်ခဲ့လေ၏.။

ငွေဆောင် မှ သော့ခလောက် နဲ့ သော့တံဝယ်ကာဤသို့ ပြုလုပ်ထားခြင်းဖြစ်သည် . သူကြီးဦးမော်၏ ကျွန်းပေါ်၌ ခတ္တနေထိုင်သူတို့ တွက် ထုတ်ထားသော ဥပဒေသည် ယင်းသို့ပြုမူဆောင်ရွက်ခြင်းအချက်အား ကန့်ကွက်ထိန်းချုပ်စွာ ချမှတ်ထားခြင်းမရှိသည့်အတွက်ကြောင့် ဉာဏ်ကောင်းသော ထားမေ၏ ဆောက်လုပ်ထားသောအိမ်သည် အိမ်ရှေ့မှနောက်ဖေးထိ လုံခြုံစေခဲ့သည်.။

ညနေ နေဝင်ခါနီးချိန် ၌ ထားမေသည် တနေ့လုံးပင်ပန်းစွာ အိမ်သန့်ရှင်းရေးလုပ်ထားရသဖြင့် ခေါင်းထဲ၌ ငြီးစိစိဖြစ်၍နေပေသည်. ထို့ကြောင့် ရေချိုးရန်အတွက် ရေပိုက်ခေါင်း ရှိရာ အိမ်၏ အနောက်ဘက်သို့ ထမိန်အားရေလျားလျှက်ထွက်လာခဲ့၏. ချို့သော အိမ်များမှ ကျွန်းသူကျွန်းသားတို့သည် သူကြီး ဦးမော ၏ အဝေစိရေတူးထားသော ရွာဘယလယ်အုတ်ကန်၌ သာ သွားရောက် ရေချိုးရလေ၏. ထားမေသည် ယင်းသို့ သွားရောက် ရေချိုးသန့်စင်ခြင်းမပြုပဲ မိမိအိမ်၏ အနောက်မှာပင် သူကြီးမင်း၏ အဝေစိကန်မှ ရေအား ငွေဆောင်မှ ဝယ်လာသောရေပိုက်ဖြင့်သွယ်ကာ ရေချိုးဇလုံထဲသို့ ထည့်၍ ရေချိုးသန့်စင်နိုင်ရန်ပြုလုပ်ထားခြင်းဖြစ်သည်. သူကြီး၏ စည်းကမ်း၌ ထိုသို့သော ပြုလုပ်ဆောင်ရွက်ပုံအား ခွင့်မပြုထားသည့် ဥပဒေလည်းမပါပေ . ထားမေ ဖြတ်ထိုးဉာဏ်ကောင်းမှူဟု ပြောရမည်ဖြစ်သည်.။

ဖိုးစည် သည် ရွာလယ် လမ်းမအတိုင်း ဧည့်သည် မိန်းမပျို၏ အိမ်ဘက်သို့ ခြေဦးလှည့် သွားလာခဲ့၏. သို့သော် အိမ်ရှေ့တံခါးမကြီးအားသော့ခတ်ထားသည်ကို တွေ့၍ မိန်းမပျို ၏ အိမ်အား ဘေးဘက်မှပတ်၍ လာခဲ့ခြင်းဖြစ်သည်. ဖိုးစည်ဆိုသူမှာ သူကြီးဦးမော်၏ မြေး ဖြစ်၏. အဖိုးဖြစ်သူသည် ကျွန်းပေါ်၌ အာဏာရှိသူဖြစ်၏. အဖေဖြစ်သူ ဦးဖိုးထိန် သည်လည်း ထိုကျွန်းပေါ်၌ လုံခြုံရေးပိုင်းဆိုင်ရာ အကြီးကဲတစ်ဦးဖြစ်၏.။

ဖိုးစည်သည် အာဏာရှိလူတန်းစားမှ ပေါက်ဖွားလာသူပီပီ ကျွန်းပေါ်၌ မင်းသားတစ်ပါးလိုနေထိုင်ခွင့်ရှိသူဖြစ်၏. ကျွန်းပေါ်ရှိ ကျွန်းသူ အပျိုများသည် ဖိုးစည်၏ ခြေတော်တင်ခြင်းခံရဖူးသူများစွာရှိကြ၏. အာဏာရှိသူ တစ်ဦးဖြစ်၍ မိသားစုများအနေဖြင့် ၎င်း စာပေနှင့်အသိပညာဗဟုသုတ အားနည်းခြင်းကြောင့် ၎င်း စသည့်အကြောင်းတရားများကြောင့် ဖိုးစည် အား ချစ်ကြောက်ရိုသေကြ၏.။

မကြောက်၍လည်းမဖြစ်ပေ ဖိုးစည်သည် ကျွန်းပေါ် ၌ လက်မရွံ့ လူမိုက်များကို မွေးထားသူတစ်ဦးဖြစ်လေ၏. ကျွန်းလူမိုက်များမှာ ပုသိမ် မြောင်းမြ လပွတ္တာ စသည့် မြစ်ဝကျွန်းပေါ် ဒေသမှ တရားခံပြေး များထောင်ဖောက်ပြေးသူများ ဝရမ်းပြေးများ ကို ကျွန်း၌ သိုသိုသိပ်သိပ်မွေးထားခြင်းဖြစ်သည်.။ထိုကြောင့် ဖိုးစည်သည် ကျွန်းပေါ်၌ လက်ညှိးညွှန်ရာ ရေဖြစ်နေသူဆိုလျှင်မှားမည်မဟုတ်ပေ.။

အမျိုးသမီးချောချောလှလှမြင်လျှင် ပျိုပျိုအိုအို သူ၏ လက်အောက်သို့ ကျရောက်ခဲ့သူများကြီးသာဖြစ်၏. ယခုလည်း ဧည့်သည်မိန်းမပျို၏ အခြေနေအားကြည့်ရူ့ရန်အတွက် အပေါင်းဖော်မပါပဲ တစ်ဦးထဲ လူပျိုလှည့်လာခြင်းဖြစ်သည်.။နောက်ဖေး ခြုံစပ်သို့ အရောက် ၌ ရေကျသံ ရေလောင်းချိုးသံအား လျှပ်တစ်ပြက် သူကြားလိုက်၏.။

" ဟင်....ဒါ...မနက်ကရောက်လာတဲ့ မိမ်းခလေး ရေချိုးနေတာပဲ ဖြစ်မယ်..."

ဖိုးစည် အသံကြားရာဆီသို့ တိတ်တဆိတ် ချဉ်းကပ်လာခဲ့၏.။ထားမေသည် ထမိန်အားရေလျားလျှက် ရေကိုတစ်ဝကြီးချိုး၍နေ၏. ရေလောင်းလိုက်တိုင်း ရေလျားထားသော ထမိန်အောက်မှ ဖြူစင်ဝင်းမွတ်သည့်အသားဆိုင်များသည် ရေ၏အလေးချိန်ဖြင့် ရုန်းကန်ထကြွနေသယောင်ပင်ဖြစ်၏. ဖွေးဥသောပေါင်တံအားဆပ်ပြာဖြစ်ပွတ်တိုက်၏. လှပသော ခန္ဓာကိုယ်ကောင်ကြောင်းများသည် ရေစိုသောအခါ ဝင်းဝါသောအသားရေ အားကပ်လျှက် အမို့အမောက် အချိုင့်အဝှမ်းဟူသမျှ အတင်းအရင်း ထွက်ပေါ်လာလေ၏. မြင်ရသူပုရိသာအပေါင်းကို ဆွဲငင်ညို့ယူနိုင်စွမ်းရှိ၏. ကျန်းမာရေးအင်မတန်ကောင်းသူဟုဆိုရမည်ဖြစ်သည်.။

ဖိုးစည်သည် တံတွေးအားအာခေါင်တွင်းသို့ အတွင်တွင်မျိုချနေရ၏. မိန်းမပျို၏ ရေစိုနေသော အလှတရားများသည် သူ၏စိတ်ကို တစ်ခုခုဆွဲငင်နေသလိုပင် ထိုကြောင့် ဖိုးစည်သည် ထိုမိန်းခလေးကို အပိုင်ကြံရန်ဆုံးဖြတ်ချက်တစ်ခုအား ခိုင်ခိုင်မာမာ ချလိုက်လေသည်.။ထားမေ ရေချိုးပီး၍ အိမ်တံခါးအား သေချာပိတ်ထားလိုက်လေ၏.။

" ကျွဲကြီး...."

" ပြောပါ အာစရိ.. "

အရက်ဝိုင်း၌ သူ၏ တပည့်ဖြစ်သူ လက်မရွံ့ကျွဲကြီးအား အာလေးလျှာလေးဖြင့် ခေါ်လိုက်ခြင်းဖြစ်သည်.

" ငါ ဟိုတစ်နေ့က ရောက်လာတဲ့ ဧည့်သည် မိန်းခလေးကို ဟောဂီရင်ဘတ်ကြီးနဲ့ ချစ်မိနေပီ တပည့်ကြီးရာ..."

ဟုဆိုကာပြောရင်း သူ၏ရင်ဘတ်အား တဗုန်းဗုန်းဖြင့်ထုပြလေ၏.။ကျွဲကြီးသည် ဆရာဖြစ်သူဖိုးစည်အား ယမကာတန်ခိုးဖြင့် မှေးနေသော အကြည့်ဖြင့်ကြည့်ကာ ပြန်၍ပြောလေ၏။

" ချစ်တယ် ဟုတ်လား အာစရိ... ဟိ.ဟိ..."

" ဟေ့ကောင် ဘာရယ်တာလည်း..."

" အော်..မဟုတ်ပါဘူးများ အာစရိ ရဲ့ ဟောဒီပါးစပ်ကြီးက ချစ်တယ်ဆိုတဲ့ နုနုယွယွ စကားတွေကို တပည့်ကြီး မကြားဘူးလို့ ထူးဆန်းပီး အသဲယားသွားတာပါဗျာ...ဟိဟိ..."

" ဟုတ်တယ် ကျွဲကြီး ငါ့ဘဝမှာ ဘယ်မိန်းမကို မှ ခုလိုမြင်မြင်ခြင်း မချစ်ခဲ့ဖူးဘူး အေး....အဲဒီ အချစ်ဆိုတာ ကိုလည်း ဘာမှန်းမသိခဲ့ဘူး...ခုတော့ ငါသိလိုက်ပီ ချစ်တယ်ဆိုတဲ့ စကားက ဟောဒီ နှလုံးသားထဲက နေ တိုက်ရိုက်ထွက်ကျလာတဲ့ ရင်ထဲက စကားတွေပဲ...ကျွဲကြီး..."

" ဟ...တယ်လာတဲ့ စကားလုံးတွေပဲ အရမ်းမိုက်တယ် အာစရိရယ် ...ကျုပ်တောင် စိတ်ထဲတစ်မျိုးကြီးဖြစ်သွားတယ် ဟဲဟဲ..."

" ဟေ့ကောင် ...မျက်နှာဆိုး ကြီးနဲ့ လာမနွဲ့စမ်းနဲ့ကွာ...ဒီမှာ ငါအရေးကြီးတာ ပြောမလို့..သေချာနားထောင်စမ်းပါ..."

" ငါ သူ့ကို တကယ်ချစ်မိနေပီ..အဲဒါ ငါဘာလုပ်ရမလည်း အကြံဉာဏ်ပေးစမ်းပါအုံး..."

ကျွဲကြီးသည် ၎င်း ၏ နှုတ်ခမ်းမွှေးကားကားကြီးအား လက်ဖြင့်ပွတ်သပ်လိုက်ရင်း အကြံတစ်ခုပေးလေ၏.။

" လွယ်ပါတယ် အာစရိရယ် နဂိုက ကျွန်းသူတွေကို သိမ်းပိုက်သလို လုပ်လိုက်ပေါ့ဗျ..."

" ငါ...ထ ကန်ထည့်လိုက်လို့ လွင့်သွားအုံးမယ်..ဒီမယ် ဟေ့ကာင် ကျွန်းပေါ်က ကောင်မတွေတုန်းက ငါရင်ထဲကမပါဘူးကွ ပြောရရင် ငါဆန္ဒအရ သိမ်းပိုက်ခဲ့တာ ကွ ဒါမဲ့ ခု ဒီမိန်းခလေးကို ငါက ဒီကျွန်းကကောင်မတွေလို သဘောမထားဘူး ကွ ငါ သူကို ချစ်တာ သူကို ပိုင်ဆိုင်ချင်တာဟာ နှလုံးသားရဲ့ ဆန္ဒပါကွာ မင်းပြောသလို ငါသူ့ကို မလုပ်ရက်ဖူး သူကိုယ်တိုင်ငါ့ကို ပြန်ချစ်လာစေတာကိုပဲငါလိုချင်တယ်.."

" ဒါဆိုလည်း အာစရိရယ် ကို ချစ်ရင် ချစ်တဲ့အကြောင်း ဖွင့်ပြောလိုက်ပေါ့ ..."

" အေး...အဲဒီတစ်ချက်ငါမေ့တယ်..ဟုတ်တယ် မင်းပြောတာမှန်တယ် ငါသူ့ကို ချစ်ရေးဆိုရမယ်..ကြာတယ်ကွာ မနက်ဖန် ကျရင် သူဆီကိုငါသွားမယ် ပီးရင် ချစ်ရေးဆိုမယ်ကွာ..တစခါတည်းငါ့အဖိုးကို ပြောပီးလက်ထပ်မယ်ကွာ..."

" ဟာ အာစရိ အဲဒီလို လုက်မရဘူးလေ..."

" အေ.ဘာကြောင့်လဲ.."

" အာစရိ သူ့ကိုချစ်ရင် ချစ်တဲ့အကြောင်းပြောရမယ်."

" အေးလေ ပြောမယ်လေ..."

" နေအုံးလေ အာစရိ ကျုပ်စကားအဆုံးသေးဘူး.."

" သူ့ဘက် ကပြန်ချစ်လာဖို့တွက် အာစရိ သူနဲ့အရင် ခင်မင်ရင်နှီးကျွမ်းဝင်အောင် အရင်လုက်ရလိမ့်မယ် ပီးတော့တစ်ဆင့်ခြင်း သွားရမှာ အာစရိရဲ့.."

" ဟာ..ဟုတ်သားပဲ ငါအရမ်းလောသွားတယ် ကျေးဇူးပဲကွာ မင်းသတိပေးလို့ ...အေး ဟုတ်တယ် ငါ သူနဲ့ ရင်နှီးအောင်လုပ်ရမယ် ပီးမှ ငါ့ရဲ့မေတ္တာကိုထုတ်ပြရမယ်..."

ဖိုးစည်၏ အသဲနှလုံး၌ ပန်းလိပ်ပြာမယ်လေး ထားမေတစ်ယောက်အား ရင်တွင်းဖြစ်ပန်းချီကားတစ်ချပ် ရေးဆွဲခဲ့လေတော့သည်...။

~~~~~~~~~~~~~~~

(08)

" မမ ထားမေ..."

" ဟယ်..ကြည်ပြာ..လာ ..ထိုင်အုံး..."

" ဟုတ်ကဲ့..."

ထားမေ၏ အိမ်သို့ ကြည်ပြာ လာရောက်လည်ပတ်ခြင်းပင်ဖြစ်သည်.။အနီးရှိ ခုံတစ်ခု ၌ ကြည်ပြာ ထိုင်လိုက်၏..။

" ဘယ်ကလှည့်လာတာလည်း ကြည့်ပြာ.."

" မမတီကို တမင်တကာ လာတာ ..."

" ပြောစရာရှိလို့လား..."

" အင်း..မမတစ်ယောက်ထဲပျင်းနေမှာ စိုးလို့ပါ..."

" အေး..အဲဒါတော့ ဟုတ်တယ် ကြည်ပြာ..မမလည်း..အမှန်တိုင်းဆိုရရင် ပျင်းတယ်..."

" မမ က တစ်ယောက်ထဲ ထွက်လာ တာကို. ရည်းစားပါခေါ်လာပေါ့.."

ရည်းစားဆိုသဖြင့် ထားမေတစ်ယောက် ကိုကိုဇော်အား သွား၍ပင်သတိရမိလိုက်သေးသည် သို့သော် ကိုကိုဇော် နှင့် ဒီတစ်သက်ပြန်တွေ့ဖို့ လမ်းစပင်မရှိလှမှန်း သူမသိလေ၏.။

" မရှိပါဘူး ညီမရယ်..."

" အော်..မမ ကြည်ပြာ အနေနဲ့လေ မမကို ဒီရွာကိုလာလည်ဖို့ခေါ်မိတာ မှားပီလို့တောင်တွေးမိတယ်.."

" ဘာကြောင့်လဲဟင်..."

" ဒီလိုပါ ဒီရွာမှာ သူကြီးဦးမော်က အာဏာ အရှိဆုံးပဲ ဟောဒီကျွန်းကြီးတစ်ခုလုံးက သူ့ရဲ့ နယ်နမိတ်လိုဖြစ်နေတာ ..."

" အဲဒီတော့..."

" သူကြီးဦးမော် ဟာ ရိုး အ ကြတဲ့ ညီမတို့ ကျွန်းသူကျွန်းသားတွေအပေါ်မှာ ခေါင်းပုံဖြတ်အမြတ်ကြီးစားနေတာ အတော်ကြာပါပီ ပီးတော့ ဒီထက်ပိုဆိုးတာက ကျွန်း ပေါ်က လူငယ်တွေ ကို ဘိန်းဆွဲအောင် တစ်ဖက်တလမ်းကနေ လုပ်ထားပါသေးတယ် "

" ဟယ်...ဒီလူကြီးက ဘာတွက်ခုလိုတွေလုပ်ရတာလည်း..."

" အာဏာပေါ့ မမရယ် သူ့ရဲ့အာဏာတည်မြဲဖို့တွက် သူက ဒီလုပ်ထားမှ သူ့ရဲ့ စကား ကို ဒီကျွန်းကလူတွေနာခံကြမှာပေါ့ .."

" တော်တော်အောက်တန်းကျပါလား..."

" ဟုတ်တယ်မမ ညီမတို့လို မိန်းခလေးတွေအများစု မြန်မာပြည်မှာ ပညာသွားသင် လို့ရအောင်လုပ်ပေးပီး ဒီပြန်ရောက်တဲ့အခါ ကျရင် အဲဒီပညာနဲ့ သူတို့မိသားစုအတွက်ပဲ ပြန်လုပ်ပေးရတယ်မမ ..ချို့ဆို ဆရာဝန်မလေးတွေဖြစ်လာတယ် ဒီကိုရောက်ရင် သူကြီးက သူ့ခြံဝန်းထဲမှာပဲ သူ့ရဲ့မိသားစုကို ဆေးကုသဖို့တွက် သီးသန့် အိမ်တစ်လုံးဆောက်ပေးထားတယ် ."

" ဟယ်...ဒါဆို ကျွန်းပေါ်ကလူတွေ ကျန်းမာရေး တစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ.."

" ရှိတဲ့ဆေးမှီးတိုလေးတွေနဲ့ကုကြတာပေါ့မမရယ် ရောဂါအရမ်းဆိုးရင် အသေခံသွားရတာပေါ့..."

" အိုကွယ်.....ဒါတော့ သူကြီးတစ်ယောင်လုပ်နေပီး ဒီရွာကောင်းကျိုးမလုပ်ပဲ မိသားစုတွက်ပဲကြည့်နေရင် ဘယ်ဖြစ်မလဲ..."

" ကျန်သေးတယ်မမ အဲဒီလို မြို့မှာပညာသင်ပြန်လာတဲ့ မိန်းခလေးအများစုကို သူကြီးရဲ့တပည့်တွေ နဲ့ သူ့ရဲ့မြေး ဖိုးစည်ရဲ့ လူမိုက်တွေက မဒိန်းကျင့် တာတွေရှိကြတယ်.."

" အို...အဲဒါ ကျွန်းပေါ်မှာ ရဲ စခန်းရှိတာပဲ တိုင်လို့မရဘူးလား ညီမ..."

" ကျွန်းက ပုလိပ်တွေအကုန်လုံးက သူကြီးလက်အောက်မှာပဲ ရှိကြတယ်မမ ပီးတော့ အဲဒီ ပုလိပ်ဆိုတာလည်း မြို့မှာက ရဲပြေး တွေ စစ်ပြေးတွေနဲ့ ဖွဲ့တာ အဖွဲ့စည်း တရားဝင်အဖွဲ့တွေမဟုတ်ဖူး ဒါကြောင့် သူကြီးရဲ့လက်အောက်မှ ရောက်နေတာပေါ့မမရယ် သူတို့အားလုံးက သူကြီးတို့မိသားစုကို ကာကွယ်နေတဲ့အဖွဲ့တွေ မမရယ်...."

" ဟယ်....မတရားလိုက်တာ...ဒါဆို ဒီကျွန်းဟာ....တရားဥပဒေ စိုးမိုးမှုမရှိဘူးပေါ့..."

" ဟုတ်တယ်မမ ဒါကြောင့် ချို့ ကျွန်းသူတွေဟာ မြို့မှာပဲ အခြေချနေထိုင်သွားကြတယ် ကျွန်းကို ပြန်မလာကြတော့ဘူး.."

" အော်...ဒါဆို ကြည်ပြာကကော.."

" ကြည်ပြာ က ပြန်မလာလို့မရဘူး..မမ ကြည်ပြာဖေဖေက ဘိန်း ဆွဲနေ တယ် ဖေဖေ ဆေးရူနိုင်အောင် သူကြီးကပဲ လုပ်ပေးထားတာ တကယ်လို့ ကြည်ပြာပြန်မလာရင် ဖေဖေကို သူတို့သတ်ပစ်ကြမှာ..."

" အော်...ကြည်ပြာရယ်..."

ထိုနောက် ထားမေနှင့်ကြည်ပြာတို့ နှစ်ဦးသည် ရွာထဲဘက်သို့ လမ်းလျှောက်ထွက်လာကြ၏. ထိုစဉ် ကမ်းစပ် တစ်နေရာ၌ သဲသောင်ပြင်ပေါ်တွင် ကျွန်းသူ မလေးတစ်ဦး ချွေသံရွဲရွဲဖြင့် အူယားဖားရား ပြေးလာလေ၏. သူမ၏နောက်မှ ရဲ ယူနီဖောင်းများကို ဝတ်ထားသည် ရဲသားနှစ်ဦး အသဲသန်လိုက်လာလေသည်.။

အရှေ့မှပြေးလွှားနေသော ကျွန်းသူမလေးသည် တစ်နေရာအရောက်၌ အုန်းလက်ချောက်တစ်ခုအား ခလုတ်တိုက်၍ လဲကျသွားလေ၏. ထိုအခါ နောက်မှ လိုက်လာသော ရဲ သားနှစ်ဦးသည် လဲကျနေသောကျွန်းသူမလေးပေါ်သို့ လွှာခနဲ ခုန်အုပ်၍ လုံးထွေး ရစ်ပတ်ခါ ကျွန်းသူမလေ၏ အဝတ်စားများအား ချွတ်၍ လူမဆန်စွာ အဓမ္မပြုကျင့်ကြလေ၏.။

သဲဖုံများ လူးလွန့်စွာ ထွက်လာပီး အရာရာ ဝေးဝါးနေ၏.။ထိုမြင်ကွင်းကိုမြင်သော ထားမေသည် ရပ်ကြည့်မနေနိုင်တော့ပေ..။

" ဟင်...မမ ဘယ်သွားမလို့လဲ..."

" ဘယ်သွားရမှာလည်း.ဟိုမှာမတွေ့ဘူးလား...အမျိုးသမီးတစ်ယောက်အကြမ်းဖက်နေတာ..."

" မမ အဲဒါ သူကြီးလူတွေနော်..."

" အို..သူပါသာဘယ်သူရဲ့ လူဖြစ်ဖြစ်"

ဟုဆိုကာ..သဲသောင်စပ်သို့ ထမိန်အားခပ်တိုတိုဝတ်၍ ပြေးသွားလေ၏.။

" ဟေ့..ဒီမှာ ရပ်လိုက်စမ်း..."

" ဟင်..."

ဖုံများပေကျန်နေသော ကျွန်းသူမလေးသည် အဝတ်စားကပို့ကရို့နှင့် လူးလဲထလိုက်၏. ရဲသားနှစ်ယောက်သည်လည်း ကောက်ခါငင်ကာ ထရပ်လိုက်၏ ထိုနောက် ရဲ သားနှစ်ဦးအနက် စ်ဦးမှ သဲပေါ်၌ ပြုတ်ကျနေသော ၎င်း ၏ ဦးထုတ်အားကောက်ကိုက်လိုက်၏.ပီးနောက် ထားမေ၏ ခန္ဓကိုယ်တစ်ခုလုံးအား ခပ်စိမ်းစိမ်းကြည့်ကာပြန်မေးလိုက်၏.။

" မင်း ကဘယ်သူလည်း ."

" ကျွန်မက ဒီကျွန်းကို တနေ့ကမှ ရောက်လာတဲ့ ဧည့်သည် နာမည်က ထားမေ.."

" ဧည့်သည်ဆိုရင်လည်း ဧည့်သည်လိုနေမှပေါ့...အလုပ်လုပ်နေတာကိုမနှောက်ရှက်ရဘူး မိန်းခလေး.."

" ကျွန်မအရှေ့မှာ ခုလို မတရားတာလုပ်နေလို့ ဝင်ပြောရတာပါ.."

" ငါတို့က တာဝန်အရ လုပ်နေတာ ဒီကောင်မက သူကြီးမြေး ဖိုးစည်ရဲ့ သူငယ်ချင်းတွေ ရိုင်းရိုင်းပြပြစော်ကားပီး အံဒီထဲက တစ်ယောက်ကို တုတ်နဲ့ရိုက်ပီးထွက်ပြေးလာလို့ ငါတို့က တာဝန်အရ လိုက်ပီးဖမ်းရတာ.."

ထိုအခါ မျက်နှာငယ်လေးဖြင့် ရပ်ကြည့်နေသော ကျွန်းသူလေးမှာ ထားမေဘက်သို့လှည့်၍ ဗမာစကာမပီးမသဖြစ် ပြန်လည်ပြောဆိုလေ၏.။

" မဟုတ်ပါဘူး ... အမ ကျွန်မကို ကိုတား တို့ ခ ဟိုဟာ လုပ်လို့ ကျွန်မ ကြောက်ပီး ပြန်လုပ်မိသာပါး...."..

" ဟေ့...ဘယ်လိုလိုပဲ လုပ်လုပ် အရိုက်ခံရတဲ့သူက အသိုင်းဝိုင်းကြီးထဲကကွ မင်းက သူတို့ကို ရိုက်လို့ ငါတို့ကိုတိုင်ထားတယ် ဒီတော့ မင်း ကိုဖမ်းရမယ်ကောင်မ.."

" ခဏနေအုံး.."

.ထားမေကြားဖြတ်၍ ဟန့်တားလိုက်၏.။

" ခုကိစ္စမှာ သူဘက်ကမှန်တယ် ရဲမှူးတို့တွေအနေနဲ့ နှမချင်းစာနာပါ သူ့ကို ကိုတားဆိုတဲ့လူက မဖွယ်မယာပြုလို့ သူက ခုလိုပြန်ပီး ရိုက်လိုက်တာ ဟာ မိန်းခလေးတစ်ယောက်အနေနဲ့ ခုခံပိုင်ခွင့်ရှိတယ်ဆိုတာ ရှင် တို့ ရဲလုပ်နေပီး တစ်စက်ကလေးတောင်မသိကြဘူးလား.."

" မင်းနဲ့ဘာဆိုင်လို့ဝင်ပြောနေရတာလည်း. "

"ဆိုင်တယ် ...ကျွန်မ ကိူယ်တိုင်က မိန်းမသားတစ်ယောက်ဖြစ်လို့ မိန်းမချင်းကိုယ်ချင်းစာတယ် တကယ့် ဒီမိန်းခလေးမှ အပြစ်ရှိလို့ဖမ်းမယ်ရင်တော့ ရှင်တို့ရဲတွေအနေနဲ့ ရဲ မေတွေကိုပဲ လွတ်သင့်တယ် ရှင်တို့ကိုယ်တိုင်ဖမ်းစရာမလိုဘူးလို့မြင်တယ်.."

" ဟ. ဒီကျွန်းမှာ မင်းပြောတဲ့ ရဲမေမရှိဘူး ..."

" မရှိရင် ရှင်တို့သူ့ကိုဖမ်းစရာမလိုဘူး ရှင်တို့ခုန မိန်းခလေးကို မဖွယ်မရာလုပ်နေတာ ကျွန်မသက်သေရှိတယ်နော် တကယ်လို့ ရှင်တို့ ဒီမိန်းခလေးကို ထပ်ပီး အနိုင့်စော်ကားနေအုံးမယ် အကြမ်းဖက်နေအုံးမယ်ဆိုရင် ကျွန်မကလည်း သူကြီးစီသွားပီး ရှင်တို့ကို မဒိန်းမှူနဲ့ ပြန်တိုင်မယ် ဘယ်လိုလည်း.."

" ဟား....ဟား.. .ကောင်းပီလေ ...ငါတို့ရံတာဝန်ကို ဝတ္တရားနှောက်ယှက်မှုနဲ့ မင်း သူကြီး ဆီကိုလာရလိမ့်မယ်..."

" ကောင်းပီလေ ဒါဆို သူကြီးစီသွားကြတာပေါ့.."

ဟုဆိုကာ ထားမေသည်အရှေ့မှ ဦးဆောင်၍ မိန်းခလေး နှင့် ကြည်ပြာကိုပါခေါ်ကာ သူကြီးအိမ်သို့ ထွက်လာခဲ့လေ၏. ချို့ရွာသားများသည် လည်း ရွာ၏ထုံးစံအတိုင်း လူကြီးခလေးပါမကျန် ထားမေတို့နောက်မှ လိုက်လာကြလေ၏. သူကြီးအိမ်ခြံဝင်းသို့အရောက် ၌ ခြံအပြင်ဘက်မှ ရွာသားများ ကျွန်းသူကျွန်းသားများ ဝိုင်းအုံကြည့်ရူ့နေကြ၏.။

ထားမေသည် မိန်းခလေးအား ခေါ်၍ သူကြီး၏ ခြံဝန်းထဲသို့ ဝင်လိုက်လေ၏. နောက် မှ ရဲ သားနှစ်ယောက်လည်းပါလာလေ၏.။သူကြီးဦးမော် သည် အိမ်ခြံဝန်း အတွင်းသို့ သူ၏ သားသမီးများနှင့်အတူ အိမ်၏အောက်ထပ်သို့ ဆင်းလာလေ၏.။သူကြီးအိမ်၏ ဘေးဘက်၌ ဂိုတောင်တစ်ခုရှိလေသည် ထိုဂိုတောင်ထဲ၌ တရညးစီရင်ရေးခမ်းမတစ်ခုရှိလေ၏.။

" ဘာဖြစ်လာကြတာလည်း.."

အသံဩဩဖြင့်မေးလိုက်၏.။ထိုအခါရဲသားနှစ်ဦးအနက်တစ်ဦးမှ..သူကြီးအား ခခရရ ရိုသေပြုကာပြောလေ၏.။

" သူကြီးမင်းခင်ဗျား..ကျုပ်တို့...တရားခံကို ဖမ်းဆီးတဲ့အခါမှာ ဟောဒီက ဧည့်သည်မိန်းမက တာဝန်နဲ့ဝတ္တရားကို လာနှောက်ယှက်ပါတယ်သူကြီး ဒါကြောင့် ဒီ မိန်းမကို ကျုပ်တို့က ဝတ္တရားနှောက်ယှက်မှူနဲ့ ဖမ်းဆီးခွင့်ပြုပါ သူကြီး..."

" အေ.."

ထိုအခါ ထားမေမှ တည်ကြည်လေးနက်သော အသံဖြင့်ရဲသားနှစ်ဦးအားပြန်လည်ချေပလေ၏.။

" ဒီလိုပါ သူကြီး ဟောဒီမိန်းခလေး ဟာ ကျွန်မ မျက်စိအရှေ့မှာတင် ရဲ သားနှစ်ယောက်ရဲ အဓမ္မပြုကျင့်ခြင်းကို အလိုမတူပဲ ခံရပါတယ် သူတို့ဟာ ရဲ တွေဆိုရင် တာဝန်အရ ခေါ်ယူခွင့် ဖမ်းဆီးခွင့်ရှိပေမဲ့ ရဲလုပ်ထုံးအရ တရားခံကို အကြမ်းဖက်ခွင့်မပြုထားပါဘူး ...နောက်တစ်ချက်က သူမဟာ မိန်းမသားပါ မိန်းမသားဖြစ်တဲ့တွက် အကယ်၍ ဖမ်းဆီးခေါ်ဆောင်မယ်ဆိုရင်တောင် ရဲမေတစ်ယောက်ယောက်က လာပီးခေါ်ဆောင်ဖမ်းဆီးနိုင်ပါတယ် ဒီအချက်မှာထဲက ဘယ်သူလွန်တယ်မလွန်ဘူးဆိုတာအားလုံးသိသာနေပါတယ်..."

ထားမေ၏ စကားအဆုံး၌ သူကြီးဦးမော်သည် ထားမေအားစေ့စေ့ကြည့်၍ လျှော့တွက်၍ မရကြောင်း သတိပြုမိလိုက်၏ . ထိုပြင် အများသူငှာအရှေ့ဖြစ်ပီး အပြင်၌ ကြည့်နေကြသော ကျွန်းသူကျွန်းသားများမှာလည်း ထားမေ၏ စကားကို ထောက်ခံချင်သလိုဖြစ်လာကြ၏.။

ထိုအခါ သူကြီးမှ ရွာသူရွာသားများအရှေ့၌ ဟန်လုပ်၍ ထားမေအား အသံဩဩဖြင့် ပြန်၍ပြောလေ.။

" ဟုတ်ပီ...ဟုတ်ပီ...ကျုပ် အနေနဲ့က ထားမေကို တစ်ချက်ပြောဖို့မေ့နေတာလေးရှိတယ်ဗျ.ခြားတော့မဟုတ်ပါဘူး ခုလိုအမှူအခင်းဖြစ်လာပီဆိုရင် တရားရေးဌာနဆိုတာရှိပါတယ် အဲဒီတရားရေးဌာန ဆိုတာ ဟော ဟိုမှာ မြင်နေရတဲ့ ဂိုဒေါင်ဟာ ဒီကျွန်းကအမှူခင်းတွေတွက် တရားရုံးတစ်ခုဖြစ်ပါတယ် ဒါကြောင့် ဒီ အမှူတွက် ထားမေအနေနဲ့ မိန်းခလေးဘက်က ရင်ဆိုင်မယ်ဆိုတာ သေချာရင် မနက်ဖန် မွန်းတည့်ချိန်ကျရင် ဒီတရားရုံးကိုလာခဲ့ပါ အဲဒီမှာပဲ တိုင်ချက်ဖွင့်ပါ တရားရုံကို တိုက်ရိုက်ဦးတိုက်လျှောက်ထားပီး တိုင်ကြားနိုင်ပါတယ် အဲဒီမှာတရားသူကြီးတွေက ဆုံးဖြတ်ပါလိမ့်မယ် ..."

" ကောင်းပါပီ သူကြီးမင်း လောလောဆောတော့ ဒီမိန်းခလေးကို ရဲ တွေနဲ့ပြန်မထည့်နိုင်သေးပါဘူး ဒီညတစ်ည ကျွန်မခေါ်ထားပါရစေ..."

" ရပါတယ်..ထားမေသဘောပါပဲ..."

သူကြီးအိမ်ဝင်းထဲမှ ထားမေသည် ကျွန်းသူမိန်းမပျိုအားလက်ကိုဆွဲ ရွာလမ်းမတိုင်းပြန်ထွက်လာလေတော့၏.။နောက်၌ ကျန်ရစ်ခဲ့သော သူကြီးဦးမော်သည် အကြံကြီးသူပီပီ ထားမေတို့၏နောက်ကျောကိုကြည့်၍ ၎င်းချမှတ်ထားသောတရားဥပဒေတိုင်းလိုက်နာဆောင်ရွက်နေသည် တရားသူကြီးများမှာ တရားရေးဌာန၏ ရှေ့နေများပင်ဖြစ်သောကြောင့် တစားစီရင်ရေူအနိုင်ရရှိပါက မိမိ အိမ်ခြံဝန်းတွင်း ၌ ထားမေအား အမှူလျော်ကြေးအဖြစ်သိမ်းပိုက်ကျွန်ပြုနိုင်မည်ဖြစ်သည်ကိုတွေး၍..အကျေနပ်ကြီး ကျေနပ်နေလေတော့၏....

တကယ့်လက်တွေ့ ၌ သူကြီး ထင်ထားသလိုဖြစ်လာမည်လားဆိုသည်မှာ....စာရေးသူအနေဖြင့်ပြောရန်အလွန်ပင် ခဲယဉ်း ပါတော့သည်..။

~~~~~~~~~~~~~~~



အပိုင်း ( ၂ ) ဆက်ရန် >>>>