ဆုတောင်း မှားခဲ့ကြသူများ အပိုင်း ( ၃ )
ရေးသားသူ - Snow Flake
(06)
မနေ့က တစ်နေ့လုံးနှင့် တစ်ညလုံး ပင်ပန်းလွန်းသောကြောင့် ငုဝါ သည်မနက် အိပ်ယာ နိုးချိန် အတော်လေး နောက်ကျ သွားသည်။ အသိအာရုံတို့ နိုးထလာသော်လည်း မျက်လုံးကို မဖွင့်မိသေး။ စိတ်ကူးထဲတွင် မနေ့ညက တေးကမ္ဘာဆိုင်မှ မြင်ကွင်းတို့၀င်လာပြန်သည်။
လွန်ခဲ့သော လ အနည်းငယ်က အထည်ချုပ် စက်ရုံတစ်ခုတွင် အလုပ်လုပ်ခဲ့သော ငုဝါ.. ခုတော့ မေမေ့ကျန်းမာ ရေးကြောင့် ၀င်ငွေပိုကောင်းသည့် အလုပ်ကို ပြောင်းရသည်ပေါ့။ ပညာတပိုင်းတစ နှင့်မို့လစာ ကောင်းကောင်း အလုပ်တစ်ခုရရန် သိပ်မလွယ်ပါ။
ချို့တဲ့လှသည် မဟုတ်သော်လည်း နာတာရှည် ရောဂါသည် တစ်ဦးဖြစ်သော မေမေ့ ဆေးဘိုးက ငုဝါတို ့ သားအဖ နှစ်ဦးလုံး၏ ၀င်ငွေကို အိမ်တွင် ကြာကြာ ထားခွင့် မပေးခဲ့။
သည်ကြားထဲ ဖေဖေ ရုတ်တရက်ကြီး ကားအက်ဆီးဒင့်ကြောင့် ဆုံးပါးသွားခဲ့ရာ မေမေ့ ကျန်းမာရေး မိမိပညာရေး အားလုံးက ငုဝါတစ်ယောက်တည်း အပေါ်တွင် တည်မှီခဲ့သည်ပေါ့။ အမေနှင့် သမီးနှစ်ယောက်တည်းရှိသော ဘ၀တွင် မေမေ့ကို ငုဝါ မည်သို့မျှ ဆုံးရှုံး မခံနိုင်ပါ။ ဖေဖေ ဆုံးသွားတော့မှ ပိုကြောက်မိသည်။ ခုနေများ မေမေရုတ်တရက်ကြီး တစ်ခုခု ဖြစ်သွားခဲ့လျှင်။
အထည်ချုပ်စက်ရုံမှ လစာလေးက သားအမိနှစ်ယောက် စားလို့လောက်ရန်တောင် အနိုင်နိုင်.. အိမ်လခနှင့် မေမေ့ ဆေးဘိုးအကြောင်း ထည့်တွေးမိတိုင်း ငုဝါ ရင်မောခဲ့ရပါသည်။ ထို့ကြောင့်ပင် အလုပ်ပြောင်းရန် ဆုံးဖြတ်ပြီးချိန် ဂျာနယ်တစ်ခုကို ဖတ်မိတော့ တေးကမ္ဘာဆိုင်က အလုပ်ခေါ် ကြော်ငြာ တွေ့လိုက်ရသည်။
စက်ရုံမှ လူကြီး အချို ့ပြောသံကြားဘူး၍ လူကုံတန် အသိုင်းအ၀ိုင်း ကြားတွင် နံမည် သတင်းကြီးသော နေရာတစ်ခုအဖြစ် သူမ သိထားသည်မှာ ကြာပြီလေ။ လုပ်ရမည့် အလုပ်ကလည်း ဂီတာတီးခတ်သူဆိုတော့ ငုဝါ အမှန်ပင် စိတ်၀င်စားမိသည်ပေါ့။ ၀င်ငွေအားဖြင့် ကြည့်လျှင်လည်း ပုံမှန်လစာ အပြင် အခြားခံစားခွင့်များရှိသေးသည်။ ညဘက် အပြန်အတွက်လည်း ဖယ်ရီကား စီစဉ်ပေးမည်ဖြစ်ကြောင်း ကြော်ငြာတွင် ဖော်ပြထား၏။ သူတို့လိုအပ်သည်ကတော့ ဂီတာတီး ကျွမ်းကျင်သူ အမျိုးသားဟု ဆိုထားသည်။
ငုဝါ စိတ်ထင်တော့ ဂီတာတီးသည့် အလုပ်မှာ ကျားရယ် မရယ် ခွဲနေဘို့မှ မလိုတာ။ ဂီတပညာတွင် ပါရမီ ရှိခဲ့၍လား သို့မဟုတ် အနုပညာ ဗီဇရှိသော ဖေဖေ့သွေးကြောင့်လား.. သူမ ငယ်စဉ်ကတည်းက သီချင်းများနှင့် မစိမ်းခဲ့ပါ။
ညနေခင်း မိသားစု အပန်းဖြေချိန်ကလေးများတွင် အဖေ့ထံမှ ဂီတပညာ အမွေကို သူမ ရခဲ့သည်။ ဝါသနာ ကြီးမားလွန်းသောကြောင့် နှစ်သက် မြတ်နိုးစွာ သင်ယူခဲ့သော အတတ်ပညာ ဖြစ်သော်လည်း သည်ပညာဖြင့် အသက်မွေးခွင့် ရလိမ့်မည် ဟုတော့ ငုဝါ မတွေးခဲ့ဘူးပါ။ မိမိ တတ်ကျွမ်းသော ပညာလေးနှင့် မေမေ့အတွက် ဟူသော စေတနာလေးကို အားကိုးကာ သည် အလုပ်ကို လျှောက်ကြည့်ရန် သူမ ဆုံးဖြတ်ခဲ့၏။
ထိုဆိုင်တွင် အလုပ်လျှောက်မည်ဟု ပြောဖြစ်တော့ မေမေနှင့် ရင်းနှီးသော သူငယ်ချင်း အချို ့က တားကြသည်။ အနေအေးသော မိမိကို ညဘက် ယမကာဆိုင်တွင် ယောကျ်ားတကာရှေ့သီဆို ဖျော်ဖြေရသော အလုပ်ကို မလုပ်စေချင်ကြ။
မိခင်၏ စိုးရိမ်စိတ်နှင့် သူငယ်ချင်းများ၏ စေတနာကို နားလည်ပါသော်လည်း ကိုယ့်၀မ်းနာ ကိုယ်သာ သိသည်ကိုး။ နောက်တစ်ခု ငုဝါ ယူဆမိသည်က သည်နေရာမှာ သည်အလုပ် လုပ်သော မိန်းကလေးတိုင်းလည်း ပျက်စီးနေကြသည်မှ မဟုတ်ဘဲလေ။
ငယ်စဉ်ကတည်းက မိဘ နှစ်ပါး၏ ဆိုဆုံးမမှုနှင့် ဖတ်ခဲ့မှတ်ခဲ့သော အသိအလိမ္မာ စာပေများကြောင့် ငုဝါ လူ မချမ်းသာသော်လည်း ကိုယ်ကျင့်တရား မဆင်းရဲခဲ့ပါ။ မိမိခွန်အားကြောင့်ရသည့် သန့်ရှင်းသော ၀င်ငွေမှ လွဲ၍လည်း အခြား မမျှော်လင့်ခဲ့ပါ။
မိမိခန္ဓာကိုယ်နှင့်ရင်းကာ စီးပွားရှာရ လောက်သည့် အခြေအနေထိလည်း ရောက်သွား နိုင်မည် မထင်ပါ။ ဖခင် တိမ်းပါးသွားသည်နှင့် ဘ၀ပျက်သွားသည်ဟု ဖြစ်ရလောက်အောင်လည်း မမိုက်မဲပါ။ ကိုယ့်ကိုကိုယ် ယုံကြည်ချက် အပြည့် ထားကာ တေးကမ္ဘာ ဆိုင်သို ့ ငုဝါရောက်ခဲ့ပါသည်။
“ ညီမနာမည် ငုဝါ နော်…”
“ ဟုတ်…”
“ အရင်က ဘာလုပ်လည်း…”
“ အထည်ချုပ်မှာ လုပ်ပါတယ်…”
“ သီချင်းနဲ့ ပါတ်သက်တဲ့ အတွေ့အကြုံ ဘာရှိလည်း…”
“ အဲ့လို အတွေ့အကြုံတော့ မရှိပါဘူးရှင့်.. ဒါပေမယ့် ငု လုပ်နိုင်ပါတယ်.. အထူးသဖြင့် ဂီတာကို ငု ကောင်းကောင်း ကျွမ်းကျင်ပါတယ်…”
“ မိဘ အုပ်ထိန်းသူတွေကကော သဘောတူကြလား.. အကိုတို ့ဆီမှာက အုပ်ထိန်းသူ ရှိတဲ့ မိန်းကလေးဆိုရင် ခွင့်ပြုချက် ယူတယ်ကွ…”
“ ငုမှာ အဖေမရှိတော့ပါဘူး.. မေမေနဲ့ နှစ်ယောက်ထဲ နေတာပါ.. တကယ်လို့ မေမေ့ဆီက ထောက်ခံစာမျိုး လိုရင်တော့ နောက်တစ်ရက် ယူလာပေးပါ့မယ်.. လူကိုယ်တိုင် ခေါ်လာ ပြရတာ မျိုးတော့ မလွယ်ပါဘူး… ”
အမေ့ကို ခေါ်မလာနိုင်လို့ သည်အလုပ် မရလည်း နောက်တစ်ခု ရှာရုံပေါ့လေ။ ကျမအမေ နေမကောင်းပါ ဆေးကုစားရိတ်ကြီးမားသော နာတာရှည်ရောဂါသည်ပါ ဟူ၍တော့ ငုဝါ မပြောချင်။မိမိ ကိုယ်ရေးကိုယ်တာ အားနည်းချက်အပေါ် ဂရုဏာသက်ခြင်းမျိုး မလိုချင်သလို မိမိ အရည်ချင်းနှင့် မသက်ဆိုင်သော အခွင့်အရေးမျိုးလည်း မမျှော်လင့်ပါ။ ဒါက သူမ ငယ်စဉ်ကတည်းက အသည်းထဲ စွဲအောင် ဖေဖေ ရိုက်သွင်း ပေးခ့ဲသော ဆင်းရဲသားတို့မာန ဖြစ်ကောင်း ဖြစ်မည် ထင်ပါသည်။
“ ဟုတ်ပါပြီဗျာ… ဒါနဲ့ငါ့ညီမက အတီး သက်သက်ပဲလား.. လိုအပ်လို့ဆိုပေးရမယ် ဆိုရင်ကော ဆိုနိုင်လား.. သည်မှာက အာ့လိုတောင်းဆိုတာမျိုးတွေ ရှိတတ်တယ်ကွ…”
“ ဟုတ်… ဆိုနိုင်မယ် ထင်ပါတယ် အကို… အမှန်ပြောရရင် ငု မှာ အတွေ့အကြုံတော့ လုံး၀ မရှိပါဘူး… ဒါပေမယ့် ငု လုပ်နိုင်မှာ သေချာပါတယ်…”
မိမိကို လူတွေ ့စစ်ဆေး မေးမြန်းမှုများ ဆိုင်မှ သတ်မှတ်သည့် စည်းကမ်းချက်များ ၀န်ထမ်း တစ်ယောက် အနေနှင့် ခံစားခွင့်ရှိသည့် ရပိုင်ခွင့်များကို သိရပြီးချိန်တွင် ဤနေရာ ဤဆိုင်သည် ထင်ထား သည်ထက် အများကြီး အဆင့်အတန်းရှိသော နေရာတစ်ခုဟု သူမ မြင်မိခံစားမိ လိုက်သည်။
မိမိကိုယ်ကို ကောင်းစွာ ထိန်းသိမ်းနိုင်ပါလျှင် လုံခြုံမှု အပြည့်ရှိသော နေရာဟုလည်း ယုံကြည် လိုက်မိ၏။
ဤသို ့အတွေးနှင့် လက်ရှိလုပ်ကိုင်နေသော အထည်ချုပ်စက်ရုံမှ နှုတ်ထွက်ကာ တေးကမ္ဘာ၏ ၀န်ထမ်းဖြစ်ခဲ့သည်။ ပထမဦးဆုံးနေ ့မှာပင် ငုဝါ ကောင်းကောင်း လုပ်နိုင်ခဲ့ပါသည်။ ညနေစောင်း မှောင်ရီပျိုးကတည်းက သူမ ရောက်နေခဲ့သည်။ တီး၀ိုင်းခေါင်းဆောင် ဆိုသူထံတွင် သူတီးခိုင်းသော သီချင်းများ တီးပြရ၏။
အနည်းငယ် စိတ်လှုပ်ရှားမိသော်လည်း တေးဂီတတွင် စီးမြောနစ်၀င်မိသည်နှင့် အရာရာကို သူမ မေ့သွားသည်။ စစ်ဆေးမှုအောင်မြင်သွားတော့ ဆိုင်တာ၀န်ခံဆိုသူက ထိုညပင် အလုပ် စ ၀င်နိုင်ပါက ၀င်ရန်ပြော၏။ အိမ်တွင်လည်း မေမေ့ကို ခွင့်တောင်းခဲ့ပြီးဖြစ်၍ သူမ ခေါင်းငြိမ့် လိုက်ပါသည်။
ညချမ်း အချိန်ရောက်သည်နှင့် ဧည့်သည်များ တဖွဲဖွဲရောက်လာကြသည်။ အမျိုးသမီးများနှင့် မိသားစုလိုက် လာရောက်သောသူများလည်းရှိ၏။ ဆိုင်ရှိ ၀န်ထမ်းများကလည်း ရည်မွန်ဖော်ရွေပုံ ရကြပါသည်။ မိန်းကလေး ၀န်ထမ်း အသစ်မို ့ ကွက်ကြည့်ကွက်ကြည့် လုပ်ကြတာ လောက်တော့ ရှိသည်ပေါ့လေ။ နေရာဒေသ အသိုင်းအ၀ိုင်း အသစ်မို ့ ငုဝါ စိတ်ကျဉ်းကျပ် မိသည်ကိုတော့ မငြင်းလိုပါ။
တီး၀ိုင်းနဘေးတွင် တန်းစီချထားသော ခုံလေးများ အနက်မှ တစ်ခုံတွင် ၀င်ထိုင်ရင်း မိမိကို တစ်ခုခုခိုင်းမည့် အချိန်ကိုသာ စောင့်နေလိုက်တော့သည်။အခြားသော အဆိုရှင် မိန်းကလေးများ ခေတ်မှီလှပသော ၀တ်စားဆင်ယင်မှုများဖြင့် အလျှိုအလျှို ၀င်ရောက်လာကြသည်။ အနီးရှိအခန်းထဲ၀င်ကာ အ၀တ်အစား လဲလှယ် ၀တ်ဆင်ကြသူများလည်း ရှိ၏။
ဆိုင်တာ၀န်ခံက သူမကို အခြားမိန်းကလေးများနှင့် မိတ်ဆက်ပေးကာ သက်တောင့်သက်သာ နေနိုင်ကြောင်း.. ထိုသီးသန် ့ခန်းတွင် ၀င်ရောက် နားနေနိုင်ကြောင်းပြောပါသည်။ အချင်းချင်း အုပ်စုဖွဲ ့ ကာအပြိုင်အဆိုင် ပြင်ဆင်နေကြသော မိန်းကလေး တစ်စုကတော့ သူမနှင့် မိတ်ဆက်စကား ပြောပြီးသည့်အချိန်မှ စ ၍ အနားမှ ထွက်သွားကြကာ သူမကို ခေါ်မည့်သူတောင် မရှိပါ။
စကားကြော အနည်းငယ် ရှည်တတ်ပုံရသော တီး၀ိုင်းခေါင်းဆောင် ကိုမင်းမင်း ဆိုသူ၏ ပြောပုံအရ သည်ဆိုင်တွင် ၀န်ထမ်း အဆိုရှင် မိန်းကလေးများ ရှိသကဲ့သို့ အချိန်ပိုင်းနှင့် သီဆိုသူများလည်း ရှိကြကြောင်း သိရသည်။ သည်ဆိုင်မှ နေ၍ တကယ့် အနုပညာ အသိုင်း၀ိုင်းထဲသို့ ၀င်ရောက်သွားသူများလည်း ရှိကြသည်တဲ့လေ။ ငုဝါကတော့ဖြင့် သည်မျှလောက်ကြီး မမှန်းမိကြောင်း အမှန်ပင်။
တေးသီချင်း ဖျော်ဖြေမှုများ စ ခါနီးတော့ သူမ စိတ်တွေ တည်ငြိမ်မှု ပိုမိုလျော့နည်းလာ၏။ ထိုစဉ် ခြံ၀န်း အတွင်းသို့ ကားတစ်စီး ၀င်လာပြီး ကားပေါ်မှာ အသက် (၃၀) ခန် ့အရွယ် သန့်ပြန့်သားနားသော လူတစ်ဦး ဆင်းလာသည်။ ဆိုင်တာ၀န်ခံကိုယ်တိုင် ထွက်ကြိုသည်ဖြစ်၍ အရေးပါသော ဧည့်သည် ဖြစ်မည်ထင့်။ သည်ဆိုင်တွင် အလုပ်၀င်မည် ဆိုကတည်းက ဇာတ်လမ်း အရှုပ်အရှင်းများ မဖြစ်ရအောင် အားလုံးနှင့် ကင်းနိုင်သမျှ ကင်းအောင်နေမည်ဟု ဆုံးဖြတ် ထားသည့်အတိုင်း ခေါင်း ငိုက်စိုက်ချကာ မည်သူ့ကိုမျှ မော့မကြည့်ဘဲ ထိုင်နေလိုက်သည်။
ဘာကိုမှန်းမသိ ကြောက်မိသော စိတ်ကလည်း ၀င်မိသေး၏။ လူအများရှေ ့တွင် အမှားတစ်စုံတစ်ရာ လုပ်မိမှာလည်း စိုးရိမ်လှပါသည်။ မေမေခွင့်ပြုအောင် မရမက တောင်းဆိုခဲ့ရသော အလုပ်မို ့ လည်း စိတ်မော ပိုရခြင်း ဖြစ်ကောင်း ဖြစ်မည်ပေါ့။
ခေတ်မှီလွန်း၍ ဆွဲဆောင်မှု အပြည့် ဖြင့် ၀တ်စားပြင်ဆင်ကာ အလှည့် စောင့်နေကြသူများ ကြားတွင် ရိုးရှင်းသော ကျောင်းသွားကျောင်းလာ ပုံစံဖြင့် သူမ အဖြစ်က ရယ်စရာများ ဖြစ်နေပြီလား။ ရွယ်တူ မိန်းကလေးများ၏ ပြုံးစစ မျက်နှာပေးများကို ရှောင်ရန် ကြမ်းခင်းထားသည့် ကြွေပြားများကိုပဲ ငုံ့ ကြည့် နေလိုက်တော့သည်။
နောက်ဆုံးတော့ ကစင့်ကလျား ဖြစ်နေသော စိတ်ကိုထိန်းဘို ့ သီချင်း တစ်ပုဒ်ကို စိတ်မှ ဆိုညည်း နေလိုက်တော့၏။ တေးဂီတတွင် နစ်မြောနေရလျှင် ကျန်တာဘာမှ သိပ်မတွေးတတ် သူမို့မိမိ အလှည့်ရောက်မည့် အချိန်ကိုသာ စောင့်နေမိသည်ပေါ့။
တီး၀ိုင်း ခေါင်းဆောင်က သူမကို အရင်ဆုံး သီဆိုရန် အလှည့် ပေးလိုက်သည်။ ဦးစားပေးတာလား ပညာပေး စမ်းသပ်မှု တစ်ရပ်လား မသိပေမယ့် သည်တိုင်း ထိုင်နေရတာနှင့်စာလျှင် စင်ပေါ်တက်ကာ သီချင်း ဆိုလိုက်သည်က သက်သာမည် ထင်ပါ၏။
“ ညီမက ဆိုင်မှာ သည်နံမည်ပဲ သုံးမှာလား…”
“ ရှင်….”
“ အော်.. ခဏနေရင် သီချင်းဆိုဘို့ ကြေငြာမှာလေ.. ညီမ နာမည်ကို သည်နာမည်အတိုင်း ကြေငြာပေးရမလား.. အဲ့ဒါမေးတာ…”
“ ဟိုလေ.. အကို ဘာကိုဆိုလိုမှန်း ငု နားမလည်ဘူးရှင့်…”
“ အော်.. သည်လိုလေ ညီမရဲ့.. သည်မှာ သီချင်းဆိုကြတဲ့ မိန်းကလေးတွေက သူတို့ နံမည်ကို အမှန်တိုင်း မကြေငြာကြဘူးလေ.. သီးသန့်နံမည်တွေ သုံးကြတယ်.. ညီမကော ဘယ်လို နံမည် သုံးမလည်း စဉ်းစားထားတာရှိလား.. အကိုက သည်ထုံးစံတွေ ညီမသိမယ်ထင်တာ… ”
“ ရှင်…..”
သူမ ဘာဆက်ပြောရမှန်း မသိဖြစ်သွားမိ၏။ ထုံးစံတွေတဲ့လား..။ သူမ သီချင်းဆို၍ ငွေရှာချင်တာ တစ်ခုမှလွဲပြီး ဘာမျှ မသိပါ။ ခေတ်မှီမှီ ၀တ်စားဆင်ယဉ်ဘို့လိုမှန်း.. အလှအပ ကောင်းစွာ ချယ်သ တတ်ရန် လိုမှန်း.. ယမကာ အခိုးအငွေ့၀င်နေသော ပုရိသများရန်မှ ရှောင်တိမ်းတတ်ဘို့လိုမှန်း.. သည်လောက်တော့ သူမ သိပါသည်။
ယခု တီး၀ိုင်းခေါင်းဆောင်၏ စကားကြောင့် စိုးထိတ်နေသော သူမ စိတ်တို့အနည်းငယ် ရေချိန်မြင့်သွား၏။ နံမည် အမှန်မသုံးကြဘူးတဲ့.. ဘာလို့များပါလိမ့်.. သည်လိုဆို သည်နေရာ သည်အလုပ်က လူသိခံလို ့မရတဲ့နေရာ လူမသိသူမသိ.. ဒုက္ခပဲ.. သူမ မှားများ မှားပြီလား။
ဟင့်အင်း နောက်ဆုတ်၍လည်း မဖြစ်ပါ။ သည်မျှလောက်နှင့် သူမ နောက်မဆုတ်ချင်။ စာရေးဆရာတွေမှာ ကလောင်နံမည် ရှိသလို အဆိုတော်တွေ သရုပ်ဆောင် တွေမှာ အနုပညာ နံမည်ရှိသလိုပေါ့။ အဆိုတော် ဖြစ်ချင်သူတွေဆိုတော့ သည်လို စိတ်ကူးလေးတွေ ယဉ်ပြီး နံမည်လှလှလေးတွေ ပေးကြတာနေမှာပေါ့။ နောက်ပြီး သူမ သည်အလုပ်လုပ်မည် ဆိုတုန်းက သူငယ်ချင်းများ တားကြသေးသည်ပဲ။ အခန့်မသင့်လျှင် နံမည်ပျက်နိုင်သော အလုပ်မို့ကိုယ့်နံမည် အရင်း လူသိမခံတာနေမှာပေါ့လေ။ ဒါဆို မိမိကကော..
“ ညီမ.. ငုဝါ….”
“ ရှင်.. အော်.. ဟုတ်…”
အတွေးလွန်သွားသော ကိုယ့်စိတ်ကိုယ် အပြစ်တင်လိုက်မိပါသည်။ သည်လောက်လေးမျှဖြင့် လန် ့ သွားစရာ ဘာရှိလည်းနော်။ သည်လို ပါတ်၀န်းကျင်မျိုးမှာ မိမိ နံမည်ထက် မိမိစိတ်အားငယ်တတ်မှန်း ကြောက်တတ်မှန်း လူသိမခံချင်။ ဖေဖေ အမြဲပြောသော စကားတစ်ခွန်း နားထဲရောက်လာမိ၏။
“ ကြောက်တတ်တဲ့သူဟာ ကိုယ့်ကိုကိုယ် ဘယ်တော့မှ မကာကွယ်နိုင်ဘူး…”
တဲ့။ အခု မိမိ အခြေအနေ က ကိုယ့်ကိုကိုယ်သာမက မေမေ့ အသက်ကိုပါ ကာကွယ်ရမည့် အနေအထား မဟုတ်လားလေ။
ရောမ ရောက်လျှင် ရောမလို ကျင့်တတ်ရမည်။ သည်ပါတ်၀န်းကျင်က သည်လို ဆိုတော့ မိမိလည်း သည်လိုပဲ လုပ်ရမည်ပေါ့။ စိတ်ကူးထဲတွင် ကိုယ့်ကိုကိုယ် နံမည် လှလှတစ်ခု ရရန် အမြန် စဉ်းစားနေမိ၏။
“ ကြည့်ရတာ ငါ့ညီမ ဒါတွေ မသိဘူးထင်တယ်.. ဟုတ်လား…”
“ ဟုတ်… အခု အကိုပြောမှ သိတာပါ…”
“ ဒီတော့ စဉ်းစားထားတဲ့ နံမည် မရှိဘူး ဆိုပါတော့…”
“ ဟုတ်.. ဟိုလေ နောက်နေ့မှ ပြောရင်လည်း ဘယ်ရမလည်းနော်…”
“ ဟားဟားဟား… ဘာလည်း ဗေဒင်ဆရာဆီသွားမေးမလို့လား…”
“ အာ မဟုတ်ပါဘူး အကိုကလည်း… ရုတ်တရက် ဆိုတော့ ငု မစဉ်းစားတတ်လို ့ပါ…”
လည်ပင်းလေးကို လက်နှင့် ကုတ်ကာ ရှက်ပြောလေး ပြောလိုက်သော ကောင်မလေးကို မင်းမင်း သဘောကျသွားသည်။ လူက အလှကြီး မဟုတ်သော်လည်း မျက်နှာလေးတွင် အကြည်ဓါတ်တစ်မျိုး ရှိနေ၏။ နံမယ်လေးကလည်း ချစ်စရာ… ငုဝါ.. တဲ့။
သည်လောကတွင် တွေ့ရခဲသည့် အရိုင်း ပန်းကလေး.. ၀တ်စားပြင်ဆင်ပုံကလည်း သည်နေရာနှင့် မည်သို့မျှ မကိုက်။ တည်ငြိမ်ဟန် ဆောင်နေသော မျက်၀န်းကလေးများ အတွင်းမှ ကြောက်စိတ်ကို အတွေ့အကြုံ ကြီးမားသော မင်းမင်း ကောင်းစွာ ခန့်မှန်း လိုက်မိသည်။
သူလေးခမျာ ခုချိန်ထိ ဆိုင်တာ၀န်ခံ မန်နေဂျာ ကိုမျိုးအောင်နှင့် မိမိမှ လွဲ၍ မည်သူနှင့်မျှလည်း စကား မပြောဘူးသေး။ ကိုမျိုးအောင်က အိမ်ထောင်သည် လူအေး.. အလုပ်မှ လွဲ၍ ဘာမျှ စိတ်မ၀င်စားသူ။ တီး၀ိုင်းခေါင်းဆောင် မိမိကတော့ ရောင်စုံ အဆိုတော်မလေးများ ကြားတွင် ဆရာပေါ့။
အထူး သဖြင့် သည်လို ဘာအတွေ ့အကြုံမျှ မရှိ.. ဘာမှ မသိသည့် မိန်းကလေးမျိုးကို တယုတယ စောင့်ရှောက်ပေးရမည်က မိမိဘာသာ မိမိ ပေးအပ် ထားသော သမိုင်းပေးတာ၀န်။ ကိုယ့် အတွေးကိုယ် သဘောကျကာ နှစ်ခြိုက်စွာ ပြုံးလိုက်မိသည်။
“ ညီမ စဉ်းစားထားတာ မရှိသေးရင် အကိုပြောကြည့်ရမလား.. ညီမနဲ့လိုက်မယ့် နံမည်လေ..”
“ ရှင်…”
“ သည်လိုလေ ကွာ.. ငါ့ညီမ နံမည်ရင်းကလည်း ပန်းနံမည်ဆိုတော့… အကိုတွေးမိတာ တစ်ခုရှိတယ်.. ဘယ်လိုလည်း ပြောကြည့်ရမလား…”
တကယ်တမ်း စိတ်ထဲရှိတာကတော့ မင်းကလေးနံမည်က ပန်းနံမည် ဖြစ်တာရယ်.. မင်းမျက်နှာလေးက ပန်းကလေး တစ်ပွင့်လို လှနေတာရယ်.. ငါက အဲ့ဒီပန်းကလေးရဲ့ ၀တ်ရည်တွေကို သောက်သုံးမယ့် ပိတုန်းကောင် ဖြစ်ချင်တာရယ်.. ဟက်ဟက်.. တွေးရင်း လွန်ခဲ့သော (၂) လက ရောက်လာသည့် ၀တ်ရည်ချိုကို ပြန်သတိရမိသေးသည်။
အဲ့ဒီတုန်းကတော့ သူက ၀တ်ရည်စုပ်ငှက် တစ်ကောင်ပေါ့။ ချိုမြိန်သော ၀တ်ရည်တို့ကို သူ အငမ်းမရ စုပ်ယူ သောက်သုံးနိုင်ခဲ့သည်။ သို့သော် ထိုတစ်ယောက်က နဂိုကတည်းက ခပ်လည်လည်။ မိမိအနေနှင့် သူမကို အပိုင်ချည်နှောင်၍ မရခဲ့။
ခုနောက်ပိုင်း မိမိက သူမ၏ စိတ်ဖြေဖျောက်ရာ ကစားစရာနှင့်ပင် တူနေသေးတော့၏။ သည်ကလေးမ ကတော့ ဤသို့မဟုတ်.. သို့သော် မိမိဘက်က အ၀င်ညက်ဘို့လိုသေးသည်လေ။ တော်ကြာ သူဌေးသိသွားမှ ပြဿနာ။ စည်းကမ်းကြီးသော သူဌေးကိုတော့ မင်းမင်း ကြောက်ရသည်။ မလိုအပ်ဘဲ ထမင်းအိုးတော့ အကွဲ မခံနိုင်။
“ ကဲ ကဲ ကလေးမ.. အချိန်နီးနေပြီကွ…. တစ်ခုခု ပြောဦးလေ ညီမရယ်…”
“ ဟုတ် ဟုတ်.. ငု တကယ် မစဉ်းစားတတ်ဘူး… အကို ပြောကြည့်ပါ.. ”
“ အွန်းး ဒါဆို အကို စဉ်းစားမိတယ်.. ငါ့ညီမ သီချင်းဆိုမယ့် နံမည်.. ပန်းကလေး… ဘယ်လိုလည်း… သည်ဆိုင်မှာ ငါ့ညီမရဲ့ နံမည်က ပန်းကလေးပေါ့….”
“ ပန်းကလေး…”
“ အွန်းလေ… မကြိုက်ဘူးလား…”
“ မဟုတ်ပါဘူး အကို… ရပါတယ်…”
“ ဒါဆို အဲ့ဒီနံမည်လေးပဲ အတည်ယူမလား…”
“ ဟုတ်…”
“ အိုကေ… သီချင်းကော… ဘာသီချင်းဆိုမလည်း…”
“ အင်… ဘာသီချင်း ဆိုရမလည်းဟင်.. အဲ့ဒါလည်း ငု မစဉ်းစားထားဘူး…”
“ ဟဟ ကောင်းရော… အိုကေ.. အကိုပဲ စဉ်းစားပေးမယ်.. ပန်းကလေး ဆိုတော့ ပန်းကလေးရဲ့ ပထမဆုံး မိတ်ဆက် သီချင်းကို ပန်းချစ်သူ နဲ့ စ လိုက်… ဘယ်လိုလည်း…”
“ ရှင်… ဟုတ်…”
“ ဂီတာ ယူသွား… သည်တိုင်း ထိုင်ဆိုနေတာထက်စာရင် ဂီတာက ငါ့ညီမကို စိတ်ထိန်းနိုင်အောင် လုပ်ပေးလိမ့်မယ်… အို ကေ….”
“ ဟုတ်…”
သည်တစ်ခုကိုတော့ဖြင့် စေတနာ အရင်းခံနှင့် ပြောလိုက်ခြင်း ဖြစ်ပါသည်။ မျက်လုံးကလေး ၀ိုင်းကာ ပြောသမျှ ဟုတ်ကဲ့နေသော ချစ်စရာကောင်မလေး။ ရှေ ့လျှောက် မင်းလေးကို ငါ ကိုယ်ဖိရင်ဖိ စောင့်ရှောက် ပါ့မယ်ကွာ။ မင်းလေး နံမည်ကျော် အဆိုတော်မလေး ဖြစ်လာတဲ့ အထိပေါ့။
မိမိကို ကောင်းကောင်း ကစားနေသော ၀တ်ရည်ချိုကို လည်း ပညာပြရင်း.. မနူးမနပ် ပန်းကလေးကို ရေလောင်း ပေါင်းသင်ရင်း.. တနေ့နေ့တချိန်ချိန်တွင် ခူးဆွတ်ရှိုက်နမ်းရင်း… ဟက်ဟက်.. အတွေးထဲတွင် စက်သူဌေးဖြစ်နေသော မင်းမင်း သဘောတွေ အကျကြီး ကျနေတော့၏။
ကောင်မလေး မျက်၀န်းမှ မိမိအပေါ် အားကိုးမှုများ မြင်နေရသည်ကိုး။ ခပ်တည်တည်ပင် ခါးတစ်ချက် ဆန် ့လိုက်ရင်း သူမ ပခုံးသား အိအိလေးများကို ခပ်ရဲရဲပင် ဆုပ်ကိုင် ဖြစ်ညှစ်လိုက်၏။ စီနီယာ တစ်ယောက်က မိမိ စင်တင်တော့မည့် ပန်းကလေးကို ခွန်အားပေးသည့် သဘော။
“ ကိုင်းးး အဆင်ပြေပြီဆိုရင် အကို ကြေငြာတော့မယ်.. ပန်းကလေး စိတ်ကို လျှော့ ချ.. အသင့်ပြင်.. အိုကေ…”
“ ဟုတ်… ဟုတ်ကဲ့…”
တုန်တုန်ရီရီ အသံလေးနှင့် ပြန်ပြောသော ကောင်မလေး… တဖျပ်ဖျပ် ခပ်နေသော မျက်တောင် ကော့လေးတွေက လှလိုက်တာ.. ဒါတောင် ဘာမှ ပြင်ဆင် ချယ်သမှု မရှိသေး.. ။
၀တ်ထား တာကာလည်း စကတ်အရှည် ပျော့ပျော့လေးနှင့် ရှပ်အကျီကိုယ်တိလေး.. ခန္ဓာကိုယ် ဖွဲ့စည်းပုံကို အတိအကျ ဖော်ပြနေသော ၀တ်စားပြင်ဆင်မှုမျိုး မဟုတ်သော်လည်း အပွေးမြင် အပင်သိသော မင်းမင်း အတွက်တော့ သည်ကလေးမအလှကို မြင်နေသလိုလို။
မျက်နှာကလေးကလည်း ချယ်သမှု မရှိသည်ကပင် အပစ်ကင်းသော ကလေးတစ်ယောက်၏ ပုံရိပ်ကိုဖော်ပြနေသည်။ အထူးသဖြင့် မျက်တောင်ထူထူစိပ်စိပ်များ ၀ိုင်းရံထားသော မျက်၀န်းလှလှ တစ်စုံပေါ့။ ပြာလဲ့လဲ့ မျက်သားများနှင့် အနက်ရောင် မျက်ဆံကလေးက သူမမျက်နှာတွင် အထူးခြားဆုံး အလှဟု ဆိုနိုင်ပေသည်။ နှာတံကလေးကတော့ သိပ်ကြီးပေါ်လွင်လှသည်ဟုမဆိုသာ။သို့သော် ထိပ်ဖျားလုံးလုံး နှာသီးလေးက ချစ်စရာ တစ်မျိုးကောင်းနေသည်။ မေးဖျားလုံးလုံးကလေးကလည်း ၀ိုင်းစက်သောမျက်နှာ အလှကို အားဖြည့်ပေးနေ၏။
ကျောလည်သာသာ ဆံပင်ဖြောင့်ဖြောင့်လေးကို ဘီးကုတ်လေးနှင့် ပင့်တင်ထားသဖြင့် ညီညာပျံ ့ပြူးသော နှဖူးပြင်အစပ်တွင် စိမ်းမှောင်သော ဆံယဉ်နုကလေးများက ခဲပန်းချီချယ်ထားသလို။ သည်ကောင်မလေး သေသေချာချာကြည့်တော့ တော်တော် လှတာပဲ။
မျက်ခုံးကလေးကတော့ နည်းနည်း ပုံသွင်းဘို့လိုမည်။ သူ့မျက်စိထဲတွင် သူမ မျက်ခုံးတွေက တဆိတ် ထူလွန်းနေ၏။ ပန်းရောင် သမ်းနေသော နှုတ်ခမ်းကလေးကိုတော့ ထူလွန်းသည်ဟု မထင်။ သူက မိန်းကလေးဆိုလျှင် ဤသို့နှုတ်ခမ်း ပြည့်ပြည့် ကလေးမျိုးမှ သဘောကျသည်။ ခပ်ပါးပါးနှုတ်ခမ်းများက ငုံထား၍ မကောင်းဘူးလေ။
ငုဝါပန်းကလေး၏ နှုတ်ခမ်းက နှင်းဆီဖူးလေးလို ဖောင်းဖောင်းအိအိလေး။ တနေ့နေ့တော့ သည်နှုတ်ခမ်းလေး၏ အရသာကို သိအောင်လုပ်ဦးမည်။ သူမ မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း ကိုယ်လုပ်ရမည့် အလုပ်ကိုပင် တဒင်္ဂ မေ့သွား၏။ အနားသို ့ ကိုမျိုးအောင် ရောက်လာတာပင် ရုတ်တရက် မသိလိုက်။
“ ကိုဉာဏ်ရောက်နေတယ်နော် မင်းမင်း…”
“ ……”
“ ဟေ့ ကောင်…”
“ ခင်ဗျာ… အော် ဟုတ် ကိုမျိုး.. ဘာပြောလိုက်တာလည်း ဟင်…”
“ ကိုဉာဏ်ရောက်နေတယ်လို့ပြောတာ ဟ… နည်းနည်း ညစ်လာပုံရတယ်.. သောက်မလို့တဲ့… ”
“ ညအိပ်မှာတဲ့လား အကို…”
“ အွန်း… မင်း သည်ည ဘာရှိလည်း.. ဘာကိစ္စမှ မရှိရင် မပြန်နဲ့ဟေ့ကောင်… အဖော်လုပ်ပေးလိုက်.. ဖြစ်လား…”
“ ဖြစ်ပါတယ် အကို… ဘာဖြစ်လာတာတဲ့လည်း… ကြည့်ရတာ လေဒီ လင်နောက် လိုက်သွားပြီ ထင်တယ်...”
“ သွား မေးမနေနဲ ့နော်.. မသိချင်ယောင်ဆောင်နေ… နားလည်လား ငါပြောတာ…”
“ ဟုတ်ကဲ့ပါ အကိုရ… ကျနော်က ၀မ်းတောင်သာသေး… အဲ့စော်ကြီး အကြောတင်းလို့ ကြည့်လို့ကို မရတာ.. ကျနော်တို့ဆရာသမားနဲ ့လည်း မလိုက်ပါဘူးဗျာ… ပုံစံက စီးစီးပိုးပိုးနဲ့…”
“ တော်တော် ဟေ့ကောင်.. ငါပြောတာက တစ်ခွန်းထည်း မင်း သောက်ကြောကိုရှည်တယ်… ထပ် မှာမယ်နော်… ဘာမှ သွား အစ ဖော်မပေးနဲ့… လိုတာ ခိုင်းတာရှိရင်သာ လုပ်ပေးလိုက်… သူ့ဘာသူ နေချင်တယ်ဆိုလည်း နေပစေ လွှတ်ထားပေးလိုက်… အလွန်အကျွံ မသောက်အောင်သာ လိုအပ်ရင် မင်း ၀င်ထိန်း.. ကိုဉာဏ်က အစာအိမ် သိပ်မကောင်းဘူး… သဘောပေါက်လား... ”
“ ပေါက်ပါတယ် အကိုရ… စိတ်ချစမ်းပါ…”
“ အေး ပေါက်ရင်ပြီးရော… ခုကော မင်း ဘာထိုင်လုပ်နေတာလည်း မတီးသေးဘဲ…”
“ အော်.. သည် အသစ်ညီမအတွက် နံမည် ကိစ္စ စီစဉ်ပေးနေတာ အကိုရ.. သူ ဘာမှ မသိဘူးလေ..”
“ အော်… အေးအေး ပြီးရင် စ လိုက်တော့… ညီမကော ဖြစ်တယ် မဟုတ်လား… ဘာမှ မကြောက်နဲ့လေ နော်… အစမ်းသဘော တစ်ပုဒ်လောက်ပဲ ဆိုပေါ့.. လိုတာရှိရင် မင်းမင်း ကိုသာပြောတော့ ညီမရေ.. အကိုတော့ သူဌေးရောက်နေလို့ လုပ်စရာလေးတွေ လုပ်လိုက်ဦးမယ်…”
“ ဟုတ် ဟုတ်.. လုပ်ပါ အကို… ငု အကုန် အဆင်ပြေပါတယ်…”
သူဌေးရောက်နေတယ်..။ ဒါဆို စောစောက ၀င်လာတာ သူဌေးဦးဉာဏ်လင်းညိုပေါ့။ တေးကမ္ဘာ ပိုင်ရှင်က အသက် သိပ်မကြီးသေးသော လူလတ်ပိုင်း အင်ဂျင်နီယာ လုပ်ငန်းရှင်တစ်ဦး လို့တော့ ကြားဘူးနှင့်သည်။
သို့သော် ယခုလောက် ငယ်ဦးမည်တော့ မထင်။ သည်အောင်မြင်မှုမျိုးက အသက် (၃၀) ၀န်းကျင် အရွယ် ယောကျ်ားတစ်ဦး အတွက် အရွယ်ထက် အရည်ချင်း ပိုသည်ဟု ဆိုရမည်ပေါ့။ သူတို့နှစ်ဦးပြောပုံဆို သူဌေးတွင် နှလုံးသားရေးပြဿနာ ရှိပုံပဲ။ အို… သူများကိစ္စ စိတ်ရောက်နေ၍ မဖြစ်သေးပါ။ မိမိရင်ဆိုင်ရမည့် အနာဂတ်ကဖြင့် မည်သို ့ ဖြစ်မည် မသိသေး။ ယခုပင် လူစင်စစ်က ပန်း ဖြစ်နေရပြီ။
အိမ်ရယ်... ကျောင်းရယ်… အထည်ချုပ်စက်ရုံက အလုပ်ကလေးရယ်… မေမေ့ ကျန်းမာရေးရယ် ကလွဲလို ဘာမှ မသိသော သူမ အတွက် သည်နေရာ သည်အလုပ်မှာ နွားခြေရာခွက်ထဲမှ ဖားသူငယ် ပင်လယ်ကြီးထဲ ရောက်နေသည်နှင့်ပင် တူသေးတော့၏။
မည်သို့ပင် ဆိုစေ ကိုမင်းမင်း ဆိုသူကို ကျေးဇူးတော့ တင်မိပါ၏။ အူကြောင်ကြောင်ဖြစ်နေသော မိမိကို စိတ်ရှည်လက်ရှည် ကူညီပေးသည်ပဲလေ။ မိမိ မျက်နှာကို စားတော့ ဝါးတော့မလို ကြည့်နေသည်မှ လွဲ၍ပေါ့။သည်အတွက်လည်း သိပ်မပူလှပါ။ သူမ ငယ်ငယ် ကတည်းက လူမှု ဆက်ဆံရေးတွင် အမှား မရှိအောင် နေတတ်ခဲ့သည်ပဲ။ ဖေဖေ အမြဲ ပြောတတ်သလိုပေါ့..
“ တချို့ကိစ္စများတွင် လူတစ်ယောက် စိတ်ကို ကိုယ်က သိဘို ့ထက် ကိုယ့်စိတ်ကို လူတိုင်းသိအောင် လုပ်နိုင်ဘို့ ပိုအရေးကြီး သည်…” တဲ့လေ။
“ ကဲ.. ညီမ အဆင်သင့် ဖြစ်ရင် စ ကြမယ်… ရော့ ဂီတာ… သည်နေ့အဖို ့က တကယ်ကြီး မတီးနိုင်လည်း ကိစ္စ မရှိဘူးနော်.. အကို ထိန်းတီးပေးမယ်.. နောက်ရက်ကျမှ ငါ့ညီမ အကို့ကိုကူ… ဟုတ်ပြီလား…”
“ ဟုတ်…”
“ ကိုင်း.. ဒါဆို… စ မယ်..”
“ မင်္ဂလာ ညချမ်းပါ ခင်ဗျာ… ကျနော်တို ့ တေးကမ္ဘာ ဆိုင်ရဲ့ စင်တင်တေးဂီတ အစီအစဉ်… စတင်တော့မှာ ဖြစ်ပါတယ်… အခု ပထဆုံး သီဆို ဖျော်ဖြေမယ့်သူကတော့ ကျနော်တို့ဆိုင်ရဲ့ တေးသံရှင် အသစ်… ပန်းကလေး.. ဖြစ်ပါတယ် ခင်ဗျာ.. သီဆိုဖျော်ဖြေမယ့် သီချင်းက…. ပန်းချစ်သူ ပါ …. ပန်းကလေးကို လက်ခုပ်သံများနဲ့ ကြိုဆိုပေးကြဘို့ တောင်းဆို ပါတယ် ခင်ဗျားး…..”
ဘယ်လောက်ပဲ တေးဂီတကို ခုံမင်သည် ဆိုဦးတော့ သည်သို့စင်ပေါ်တက်ရမည်ဆိုတော့ လူက မျက်လုံးများ ပြာေ၀ကာ ဘာမှမမြင်တော့ပါ။ စားသောက်၀ိုင်းများ၏ အလယ်တွင် တေးသံသာများ သီဆို ရန်စင်မြင့်က အလွန်ဆုံးမြင့်လှ (၂)ပေ (၃)ပေပေါ့။
ဂီတာလေး ကိုင်ကာ စင်ပေါ် တက်လိုက်တော့ လူက အမြင့်ကြီး ဖြစ်နေသလိုလို။ မိမိကို ၀ိုင်းကြည့်ကာ ဘာမှ မလုပ်ရသေးခင် လက်ခုပ်သြဘာ ပေးနေကြသေးသည်။ ရုတ်တရက် ဘာလုပ်ရမှန်းလည်း မသိ။
အော်ငိုချင်သလိုလို.. ပြန်ပဲ ပြေးဆင်းချင်လာသလိုလို.. မီးခိုးငွေ့ဖြစ်ကာ ပျောက်ကွယ် သွားချင်စိတ်ပင် ၀င်မိတော့၏။ ကိုမင်းမင်း ထံသို့အားကိုးတကြီး လှမ်းကြည့်မိသည်။ သို့သော် ထူဆန်းစွာပင် မိမိတက်မလာခင် ထိုင်ခဲ့သည့် နေရာကိုတောင် မမှတ်မိချင်။ သည်နေရာနှင့် အကျွမ်းမ၀င်သေးတာကြောင့် ဖြစ်ပါလိမ့်မည်။စောစောက မိမိလျှောက်ခဲ့သော တီး၀ိုင်းနှင့် စင်မြင့်ကြားအကွာအေ၀းက ခြေလှမ်း (၁၀) လှမ်းလောက်သာရှိသည်။ ခုတော့လည်း အေ၀းကြီးလိုပဲ။ မြင်မြင်သမျှ လူအားလုံးကလည်း တစ်မျက်နှာတည်း ဖြစ်နေသယောင်။စင်ပေါ်ရောက်ပြီးကာမှ ကြောင်တောင်တောင်လေး ဖြစ်နေရှာသော ငုဝါကိုကြည့်ပြီး မင်းမင်း တကယ်ပင် သနားသွား၏။ စိတ်ထဲမှလည်း
“ ငါ..မှားသွားတယ်.. ရှေ့ကတစ်ယောက်လောက် အရင် လွှတ်လိုက်ရမှာ…”
ဟုတွေးမိသွားသည်။ ကီးဘုတ်တွင် နေရာယူထားရာမှ စင်ပေါ်သို ့ ခဏလိုက်တက် သွားပြီး သူ့အတွက် မိတ်ဆက်စကား ပြောပေးရန် စိတ်ကူးလိုက်၏။ ထိုစဉ် လက်ခုပ်သံများလည်း ဆဲသွားပြီ။ ငုဝါ ရုတ်တရက် စင်ပေါ်ရှိခုံကလေးတွင် ထိုင်လိုက်သည်။
သည်ကလေးမ မဆိုးဘူးပဲ။ စင်မြင့်.. ပရိတ်သတ်နှင့် လက်ခုပ်သံများကြောင့် ရုတ်တရက် ဘာလုပ်ရမှန်း မသိဖြစ်သွားပေမယ့် သူမ စိတ်ကို ပြန်ထိန်းနိုင်တာ မြန်သားပဲ။ မင်းမင်း လက်မ ထောင်ပြကာ ကီးဘုတ်တွင် နေရာပြန်ယူလိုက်၏။ သီချင်း တီးမည် ကြံကာရှိသေး တိကျပိုင်နိုင်သော ဂီတာသံက ခန်းမ တစ်ခုလုံး လွှမ်းခြုံသွားသည်။ ဗုဒ္ဓေါ… သည်ကလေးမ ကြောက်ကန် ကန်နေပြီ။
မင်းမင်း အပါအ၀င် တီး၀ိုင်း အဖွဲ့သား (၄) ယောက်လုံး ဘာလုပ်ရမှန်း မသိဖြစ်သွား၏။ ငုဝါကတော့ မည်သူ့ကိုမျှ လှည့်မကြည့်.. ဂီတာကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နေပုံမှာ ဝါရင့် အနုပညာရှင် တစ်ယောက် အလား။ အမှန်တော့ သည်သီချင်းက ပိုင်ပိုင်နိုင်နိုင် တီးနိုင်မည် ဆိုလျှင် ဂီတာ တစ်လက်တည်းဖြင့် သီဆို၍ လိုက်ဖက် အဆင်ပြေသည်ပဲလေ။
သံစုံတီး၀ိုင်းတစ်ခုနှင့် မတူတော့ဘဲ ညနေခင်း အပန်းဖြေနေသော မိသားစု တေးသံဆန်ဆန်.. သို ့မဟုတ် ချစ်သူ အဆောင်ရှေ့တေးသီချင်း သီကျူးသည့် ပုံစံပေါ့။ အနောက်မှ မိမိ အဖွဲ့သားများကို အသာနေရန် မျက်ရိပ် ပြလိုက်သည်။ ငုဝါ Intro တီးကွက် တစ်ပိုဒ် အရင် စမ်းတီးနေ၏။ ထို့နောက် မှ..
“ အမှောင်ယံ ကြီးစိုးတဲ့ည ရယ်….. တိတ်ဆိတ်တဲ့ည အမှောင်ယံထဲ…..”
ပိုင်နိုင်သော တီးကွက်၏နောက်တွင် သီချင်းသံက ငြိမ်သက် ပီပြင်စွာ ထွက်ပေါ်လာ၏။ ပရိတ်သတ်အားလုံး ငြိမ်ကျသွားပြီးမှ..
“ ဟိုး ဟို… ဟိုးးး အေ၀းကြီးက… သာယာတဲ့ ဆည်းလည်းသံကိုကြားတယ်…”
တစ်ခဲနက်သော လက်ခုပ်သံများ ပြန်လည် ထွက်ပေါ်လာသည်။ သူမ မကြားတော့ပါ။ လက်ခုပ်သံသည်လည်းကောင်း.. တီး၀ိုင်း အဖွဲ့မှ ၀င်ထောက်လိုက်သည့် ဒုတိယပိုဒ်၏ တီးကွက် သံစဉ်များသည်လည်းကောင်း.. ပင်ကိုယ် တည်ငြိမ်ဟန််ရှိသော သူမ၏ အသံနှင့် သီဆိုဟန်သည်လည်းကောင်း တေးတစ်ပုဒ်အဖြစ် ပိုင်ပိုင် နိုင်နိုင် ပေါင်းစည်းမိသွားသည်။
မင်းမင်း နှင့် အဖွဲ့လည်း သူမဦးဆောင် တီးခတ်သီဆိုမှုနောက်သို့လိုက်သည်ဆိုယုံသာ လိုက်ပြီး ပံ့ပိုးပေးလိုက်၏။ ပထမဆုံး အတွေ့အကြုံအနေနှင့် စိတ်လှုပ်ရှားမှုကို ကောင်းကောင်း ထိန်းနိုင်သည်မှာ ပါရမီကောင်းသောကြောင့်လား.. သို့မဟုတ် သူမအဖို ့ စင်မြင့်သည် ပထမဆုံး အတွေ့အကြုံပါ ဆိုတာကပဲ တစ်ခုခု လွဲနေပြီလားတော့ မသိပါ။ အနားသို ့ ကိုမျိုးရောက်လာပြီး မင်းမင်း ကို လက်မထောင်ကာခေါင်းငြိမ့်ပြသည်။
ကိုဉာဏ် ပင် သောက်လက်စ ခွက်ကိုင်ကာ ထွက်လာသည်ဖြစ်၍ သည်ကလေးမ၏ ဆွဲဆောင်မှုက သာမန်မဟုတ်ဟု အားလုံး သတိထား လိုက်မိ၏။ ပန်းချစ်သူ သီချင်းက မဆန်းသော်လည်း ပန်းကလေး၏ ပထမဆုံး တေးသံရှင် အဖွင့်က သပ်ရပ်လှပ လွန်းနေသည်လေ။
စင်ပေါ်တွင် ခုံကလေးနှင့် ထိုင်ကာ ဂီတမှလွဲ၍ ဘာမှ မြင်ပုံမရတော့သော သူမ၏ သီဆိုနေဟန်က သီချင်းနှင့် လူကို တစ်ထပ်တည်း ဖြစ်သွားစေသည်။ တေးကမ္ဘာ အတွက် အားထားရသည့် အဆိုရှင်တစ်ယောက် ပေါ်ထွက်လာပြန်ပြီပေါ့။
သူမ မတိုင်ခင်က အထိတော့ ၀တ်ရည်ချိုက ဆရာကျနေသည်။ အနုပညာ အရည်ချင်းနှင့်တော့ မဟုတ်။ ခေတ်ဆန်လွန်းသော ၀တ်စားပြင်ဆင်မှုများ.. ပုရိသတို့၏ အထာကို ကျွမ်းကျင်ပိုင်နိုင်သော ဆွဲဆောင်မှုများ။ရောက်စက မင်းမင်းကို ဆရာတင်ကာ ကပ်ပေါင်းနေသလောက် ယခုဆိုလျှင် သူမကိုပင်ပြန်၍ မျက်နှာလုပ်နေရသလို.. တခါတခါ အကြောမတည့်သော်လည်း သူမ၏ အလှနှင့် သူမဆန္ဒရှိလာလျှင် ရတတ်သော အခွင့်အရေးတို့ကို မင်းမင်း လက်မလွှတ်နိုင်ခဲ့။ ဆရာဘ၀မှ နေရင်းထိုင်ရင်း သူမ၏ ရုပ်သေးရုပ်ဖြစ်လာသည်။
တေးသံရှင် နည်းပါးလာမှုကြောင့် ဖျော်ဖြေရေးပိုင်းတွင် မသိမသာ ကျဆင်းနေသော သည်ဆိုင်၏ အောင်မြင်မှုကပဲ သူမအပေါ်တွင် မူတည်နေသလိုလို။
ဤသို့သော အချိုးများကြောင့် မင်းမင်းအဘို့မှာ၀တ်ရည်ချိုကို အလကားရ၍ စားနေရသော်လည်း သဲတရှပ်ရှပ်ပေါ့။ ခုတော့ အဆင်ပြေပြီ။ ဘာမှ မသိသော်လည်း ဗီဇသေးပုံမရသော ငုဝါကို မိမိလက်နှင့် အရောင်တင်ကာ တေးကမ္ဘာ၏ အောင်မြင်မှုကို ထိန်းရင်း နေရင်းထိုင်ရင်း မာန်တက်နေသော မိချိုကို ပညာပြရမည်။
အတွေးလည်း ဆုံး တေးလည်းဆုံးတော့ ပရိတ်သတ်လက်ခုပ်သံများ သောသောညံနေသည့်ကြားမှပင် ဂီတာလေး ပိုက်ကာ ငုဝါ ပြန်ဆင်းလာ၏။ မည်သူ့ကိုမှမော့မကြည့်။ ခေါင်းငိုက်စိုက်ချကာ တီး၀ိုင်းနေရာထိ လျှောက်လာပုံမှာ အမေစောင့်နေသည့်နေရာကို အလွတ်မှတ်ကာ ကျောင်းခန်းမှ ထွက်လာသော မူကြိုကလေးတစ်ဦးပမာ။
သူမကိုကြည့်နေသော ကိုမျိုးအောင်နှင့် ကိုဉာဏ့် ကိုပင်မြင်ပုံမရ။ တီး၀ိုင်းနားရောက်တော့ မင်းမင်းကို မျက်လုံး၀ိုင်းကလေးများ နှင့်ကြည့်ကာ..
“ ငု ဘာမှားသေးလည်း အကို…”
တဲ့။ မင်းမင်း စိတ်ထဲ ကြည်နူး မဆုံးတော့ပြီပေါ့။ နှဖူးထက်တွင် ချွေးလေးများ စို ့ကာ နှုတ်ခမ်းများပင် ဖြူဆုတ်နေသော သူမကို ကြင်နာစွာကြည့်ရင်း..
“ ငါ့ညီမှ မှားဘို့နေနေသာသာ အမှန်လွန်နေလို့ အကိုတို့တောင် မနည်းလိုက်ရတယ်… တကယ်ပြောတာကွ ပထမဆုံးနေ့အနေနဲ့တော့ အဖွင့်က တော်တော့်ကို လှတာ.. သီချင်းရွေးတာလည်း မှန်သွားတယ်…”
သူသည်လို မပြောလည်း ငုဝါ သူ့ကို ကျေးဇူးတင်ကြောင်းပြောမလို့ပါ။ တကယ်လည်း သူမအတွက် အလွယ်ဆုံးနှင့် သူမအသံဖြင့် လိုက်ဖက်ဆုံး သီချင်းကို သူရွေးပေးခဲ့သည်ပဲလေ။မိမိအတွက် ပထမဆုံး ဆိုသည့်တိုင် အထစ်ငေါ့ မရှိအဆင်ပြေသွားသည်ပဲ။ စင်ပေါ်ရောက်ရောက်ချင်း စိတ်လှုပ်ရှားမိချိန် ဖေဖေ့ကို တ ကာ တိုင်တည်မိသည်လည်း ပါတာပေါ့လေ။ ကြည့်ရတာ သူမ သည်အလုပ်နှင့် အသက်မွေးကာ လူမမာ မိခင်ကို စောင့်ရှောက်ဘို့တမလွန်မှ ဖေဖေ လက်ခံ ခွင့်ပြုသည်ပေါ့။
“ ဟုတ်ပါတယ် အကို.. အဓိကက အကို ရွေးပေးတဲ့ သီချင်းကြောင့်ပါ… ခုကော ငု ဘာလုပ်ပေးရဦးမလည်း ဟင်…”
“ နောက်တစ်ယောက် တင်မယ်လေ.. သည်မှာ အစီစဉ်ဇယားရှိတယ်.. သူတို့ဆိုမယ့် သီချင်းတွေလည်း ရေးထားတယ်.. တခါတလေ အပြောင်းလဲ နည်းနည်းပါးပါး ရှိတတ်တယ်… ညီမ နားချင်လား.. တီးနိုင်မလား… အားမနာနဲ ့နော်.. သည်နေ့က ပထမဆုံးဆိုတော့… ”
“ ငု တွိုင်းလက် ခဏသွားမယ်လေ.. နော်… ပြီးရင် ဆက်တီးပါ့မယ်.. အကို ခွင့်ပြုပေးတာ ကျေးဇူးတင်ပါတယ်.. ဒါပေမယ့် ငု လုပ်နိုင်ပါတယ်… ငု အလုပ် ၀င်လို ့ရပါပြီ.. ”
“ အိုကေ… ကောင်းတာပေါ့… သွားသွား.. ပြန်လာရင် နောက်က ခုံတစ်လုံးမှာနေရာယူလိုက်… ဆိုကြမယ့် သီချင်း နုတ်စ်တွေ အဆင်သင့် ချိတ်ပေးထားမယ်… ညီမ နုတ်စ် ကြည့်တတ်တယ် ဟုတ်…”
“ ဟုတ်.. ကြည့်တတ်ပါတယ် အကို…”
“ အွန်း.. တချို့အပျော်တမ်းလေးတွေက တီးတတ်တာသာ ရှိတာလေ.. အာ့ကြောင့်မေးတာပါ.. ငါ့ညီမက တကယ့် ပရိုလိုပဲနော်… လျှိုထားတာ များလား..”
“ အယ်… မဟုတ်ပါဘူး အကိုရယ်… ငု ကလေးဘ၀ကတည်းက သီချင်းနဲ့မစိမ်းလို ့ပါ…”
“ ဟုတ်ပါပြီဗျာ… ကိုင်း သွားသွား…”
“ ဟုတ်…”
ခပ်ကုပ်ကုပ်လေး ထွက်သွားသော ကောင်မလေး နောက်ကျောကို ငေးရင်း မင်းမင်း ရင်တွေ ပိုခုံလာသည်.. ကလေးမ ကိုယ်လုံးလေးက အိအိထွေးထွေးလေး… နောက်ကျောမှ ဖက်ကာ…
“ ကိုမင်း… မ စ သေးဘူးလား…”
ဒုတိယမြောက် သီဆိုမည့် ကောင်မလေး ရောက်လာမှ အတွေးစ ပြတ်သွား၏။ ခဏနေတော့ ငုဝါလည်း ပြန်လာကာ တေးကမ္ဘာ၏ ဂီတညချမ်းကို တက်ညီလက်ညီ ပုံဖော်ခဲ့ကြသည်။ ည (၁၂) နာရီထိုးတော့ သီဆိုမှုများလည်း အပြီးသတ်ကာ ဧည့်ပရိတ်သတ်များလည်း တဖြည်းဖြည်း လျော့နည်း လာပြီပေါ့။
သည်မှာက စင်တင်တေးဂီတ နှင့် ယမကာ တွဲဘက် နေသော်လည်း ဆိုင်၀န်ထမ်းများ အားလုံးက မိသားစုဆန်သော ဆက်ဆံရေးမို့လူသစ်တစ်ဦးဖြစ်သော ငုဝါ အတွက် ပြဿ နာ အထူးမရှိလှပါ။ အိမ်ပြန်ချိန်ရောက်တော့ ဖယ်ရီကားဆရာက နေရပ်လိပ်စာ အတိအကျမေးကာ လမ်းပြရန် ပြောသည်။ ကိုမင်းမင်း အနားသို ့ရောက်လာပြီး..
“ အော်… ပြောရဦးမယ်.. ငါ့ညီမ ၀တ်စားပြင်ဆင်ပုံလေးတွေ နည်းနည်း ပြောင်းဘို့လိုမယ်နော်… အဆို အတီး ပိုင်နိုင်တယ် ဆိုပေမယ့် အပြင်အဆင်ကလည်း အရေးပါတယ်လေ…”
“ ဟုတ်ကဲ့ပါ အကို… ငု နားလည်ပါတယ်… ဒါပေမယ့် ငုမှာက သည်ဆိုင်နဲ ့ လိုက်လျောညီထွေဖြစ်မယ့် အ၀တ်စားမျိုး စီစဉ်ရဦးမှာမို ့လို ့ပါ…”
“ လိုအပ်ရင်ပြောလေ… အကို ကူညီပေးမယ်… စီစဉ်စရာ ရှိတာ စီစဉ်ရအောင်ပေါ့…”
အချိန်ကုန်ခံမနေတော့ပဲ ခပ်တည်တည်ပင် ပြောလိုက်သည်။ ခုချိန်မှာ ကောင်မလေး စိတ်ထဲ မိမိကို ကျေးဇူးရှင် အဖြစ်သတ်မှတ်ထားလေ ကောင်းလေ မဟုတ်ပါလား။ နောက်နေ့အ၀တ်စား၀ယ်ရန်နှင့် ဆံပင်ပုံစံ ပြင်ရန်မှ အစ အသေးစိတ် အစီစဉ်ဆွဲဘို့လိုကြောင်း.. သည်ဆိုင်၏ ဖောက်သည်များ အကြိုက် ပြင်တတ်ဆင်တတ်ရန် မိမိကူညီမည်ဖြစ်ကြောင်း ပြောလိုက်၏။ ရိုးသားသော ငုဝါ ခမျာ မင်းမင်းကို အဟုတ်ကြီးပင် အားကိုးကာ မနက်ဖြန် တွေ့ရန် လက်ခံလိုက်လေတော့သည်။
မင်းမင်း သဘောအတိုင်းသာဆို သည်ညပင်ကောင်မလေး အိမ်ရှိရာသို့ဖယ်ရီနှင့် လိုက်သွားကာ အတူပြန်ပို့ရင်းစကားလက်ဆုံ ကျချင်သေးသည်ပေါ့။ သို ့သော် ကိုဉာဏ်နှင့် အဖော်အဖြစ်နေပေးပါမည်ဟု ကိုမျိုးအောင်ကို ပြောလိုက်မိသည်လေ။
မိမိ၏ ကျေးဇူးရှင် တစ်ပိုင်းဖြစ်သော ကိုမျိုးအောင်ကိုတော့ မင်းမင်း ကြောက်ရပါသည်။ ကိုဉာဏ်ဆိုတာကလည်း မိမိထမင်းရှင် အလုပ်ရှင် မဟုတ်ပါလား။ အိမ်ပြန်ရန် ကားပေါ် အသီးသီးတက်ကြတော့ ငုဝါကို ကားနားထိလိုက်ပို့ကာ နှုတ်ဆက် လိုက်သေးသည်။
အခြားသော ၀န်ထမ်းများက ကွက်ကြည့်ကြည့်ပေါ့။ မတတ်နိုင်.. သည်လို ချစ်စရာကောင်းပြီး အရည်အသွေးရှိသော ကောင်မလေးကို မိမိနှင့် သက်ဆိုင်သူအဖြစ် လူသိထားလေ ကောင်းလေပေါ့။ ဤသို့တွေးမိတော့ မျက်လုံးထဲ ဖြတ်ကနဲ မြင်မိသည်က ၀တ်ရည်ချို၏ ထီမထင် အပြုံးမျက်နှာ။
ကားဆရာကို အိမ်လိပ်စာပေး လမ်းညွှန်ပြရင်း အပြန်လမ်းတစ်လျှောက် ငုဝါ တွေးနေမိသည်က တေးကမ္ဘာ အကြောင်း.. တီး၀ိုင်း ခေါင်းဆောင် မင်းမင်း အကြောင်း.. တကယ်တမ်း မိမိက ဂီတာ သမားအဖြစ် အလုပ်ခန် ့အပ်ခံရသူ။ တေးသံရှင် နည်းနေသော အခိုက်အတန် ့မို ့ မိမိပါ သီဆိုခွင့် ရလိုက်ခြင်း ဖြစ်၏။
ကိုမျိုးအောင်က အလုပ်ကိုသာဦးစားပေးပြီး စည်းစနစ် ရှိမည့်ပုံရသည်။ တကယ်တမ်း အခက်အခဲရှိလျှင် အားကိုးနိုင်သောအနေအထား။ မင်းမင်း ဆိုသောသူကတော့ တီး၀ိုင်းခေါင်းဆောင် ဖြစ်သည့် အားလျှော်စွာ အရှည်သဖြင့် အနီးကပ် ပါတ်သက်ရမည့်သူ ဖြစ်နေသည်။
သို့သော် သူ့ဘက်က ကူညီမှုကို ဂုဏ်ဖော်ကာ အခွင့် အရေးယူလိုဟန် ရှိသောသူဟု ငုဝါမြင်မိ၏။ အထူးသဖြင့် သူ့မျက်လုံး အကြည့်များကို ငုဝါ မကြိုက်ပါ။ သို့သော်လည်း မိမိ အလုပ်သဘောအရ အနီးကပ်ဆက်ဆံရမည့်သူမို့ မချစ်သော်လည်း အောင့်ကာ နမ်းရမည်ပေါ့။ ယခုလည်း မနက်ဖြန်တွေ့ရန် သူ စီစဉ်သည့် အတိုင်း ငုဝါ လက်ခံခဲ့သည်။ ကူညီပါသည်ဟု ခေါင်းစဉ် တပ်ထားသည့်နောက်တော့ ချက်ချင်းငြင်းလိုက်ဘို့မသင့်ဘူး မဟုတ်လား။
လိုတိုးပိုလျှော့ ပေါင်းသင်း ဆက်ဆံရမည် ပေါ့လေ။ အိမ်ပြန်ရောက်တော့ မိမိကို စိုးရိမ်စိတ်နှင့် မျှော်ကာ မအိပ်နိုင်ရှာသေးသော မေမေ့ကို အစစ အရာရာ အဆင်ပြေကြောင်း ပြောပြရသေးသည်။ ငုဝါ အိပ်ရာ၀င်တော့ သန်းခေါင်ကျော်၍ နာရီသံချောင်းပင် ( ၂ ) ချက်တီးနေပြီ။
အိပ်ယာထဲက မထွက်သေးဘဲ အတွေးရေယာဉ်ကျောတွင် မြောနေသောငုဝါ အပြင်မှ မေမေ့ ချောင်းဆိုးသံကြားမှပင် သတိ၀င်မိတော့သည်။ အနားရှိ စားပွဲတင်နာရီလေးကို ကြည့်မိတော့ အချိန်က (၉) နာရီခွဲ။ နေတောင် အတော်မြင့်ပြီပဲ.. အိပ်ယာထဲမှ ထခါ မီးဖိုချောင်တွင် အလုပ်များ နေသော မေမေ့နား လာခဲ့၏။
“ ဘာတွေ လုပ်နေတာလည်းမေမေရာ.. ငု ကိုနှိုးတာ မဟုတ်ဘူး…”
“ ပြီးနေပါပြီ သမီးရယ်… သည်နေ့က စပြီး သမီး ထမင်းချိုင့် စီစဉ်စရာမှ မလိုတော့ဘဲ… နောက်နေ့တွေလည်း အိပ်ရေး ၀ အောင် အိပ်.. မီးဖိုချောင်ကို မေမေပဲ ပြန်တာ၀န်ယူမယ်.. သမီးလည်း နားရ.. မေမေလည်း မပျင်းတော့ဘူးပေါ့…”
“ သည်နေ့ အပြင်ခဏ သွားရဦးမယ်မေမေ.. ၀ယ်စရာလေးတွေ ရှိလို့…”
“ ဘယ်ချိန်သွားမှာလည်း..”
“ နေ့လည်လောက်မှပါ..”
“ အေးအေး.. လုပ်လေ.. မျက်နှာသစ်.. မေမေ ထမင်းကြော်ထားတယ်.. စားလိုက်ဦး..”
“ ရှေ့အပတ်ထဲ ဆရာ၀န် ပြန်ပြရမှာနော်.. မေမေ.. ငု မေ့နေရင်လည်း သတိပေးဦး..”
“ အေးပါ သမီးရယ်.. ငါ့သမီးလေးလည်း မေမေ့ကြောင့် ပင်ပန်းနေရပြီ..”
“ အဲ့ဒါ နည်းတဲ့ကုသိုလ်လား မေမေရဲ့… မေမေ သိလား.. အဲဒီ ကုသိုလ်တွေကြောင့် ငု ဘာလုပ်လုပ် အဆင်ပြေနေတာ ဖြစ်မယ်.. အာ့မို့ငုကို ဘယ်တော့မှ စိတ်မပူနဲ့. ပို အရေးကြီးတာက မေမေ့ အတွက်နဲ့ ငု ပင်ပန်းတယ်လို့လုံး၀ မတွေးပါနဲ့ မေမေရယ်… နော် .. ”
~~~~~~~~~~~~~~~~~~~~~~
နေ့လည်ခင်း အပူချိန်က လွန်ကဲလှသည်။ ကိုမင်းမင်းနှင့် ချိန်းထားသော မြို့ထဲဘက်သို့ ဘတ်စ်ကားစီးကာ လာခဲ့၏။ သူက အိမ်သို့လာကြိုမည် ပြောသော်လည်း စားသောက်ဆိုင်တွင် သီချင်းဆိုရတော့မည်မို့ ပါတ်၀န်းကျင်မှ ပြောစရာ မဖြစ်ရအောင် ဤသို့ သူစိမ်း ယောင်္ကျားနှင့် ရပ်ကွက်ထဲတွင် တွဲသွားတွဲလာ မလုပ်လိုပါ။
နေ့လည်ခင်း ဖြစ်သော်လည်း ကားက ကျပ်လှသည်။ စ တက်ကတည်းက ထိုင်စရာနေရာ မရ။ အရပ် ၅ပေ ပြည့် ရုံသာ ရှိသော ငုဝါအတွက် မတ်တပ်ရပ်၍ ဘတ်စ်ကား စီးရခြင်းက ထင်သလောက် မလွယ်လှပါ။ ခေါင်းပေါ်မှ လက်ကိုင်ကွင်းကလည်း အလွတ်မရှိ.. မိမိအရပ်က တန်းအထိအောင်လည်း မမှီ။
သည်ကြားထဲ နောက်မှ ကပ်ကာ ရပ်နေသူ ကလည်း ကားဘရိတ်အုပ်လိုက်တိုင်း မိမိကိုယ်ပေါ်သို့ပိကျလာနေ၏။ ပထမတော့ ရိုးရိုးတန်းတန်းဟု ထင်မိသည်ပေါ့။ နောက်မှ ရွှေကိုယ်တော်က အသားယူနေမှန်း ငုဝါ သိရတော့သည်။ ကားကလည်း ကျပ်လိုက်သည်မှာ ခြေထောက် ကိုငြိမ်ငြိမ်ချ ရပ်ရန်ပင် အနိုင်နိုင်။
ငုဝါ သည်နေ့တော့ ဆံပင်ကို ခပ်မြင့်မြင့်စုစည်းကာ ရှေ့ဘက်သို့ချထားမိသည်။ လူကလည်း ရေချိုးပြီးစမို့ သနပ်ခါးရနံ့လေးနှင့် လန်းဆန်းသင်းပျံ့လျှက်။ ထိုသူက သူမ လည်ကုတ်သား ဖွေးဖွေးဥဥ လေးတွေပေါ်တွင် အားပါးတရ အသက် ရှုနေသည်။
ပူနွေးနွေး ပင့်သက်ငွေ့တွေကြောင့် သူမ စိတ်တွေ ကျဉ်းကျပ်လာ၏။ လှည့်လည်း မကြည့်ရဲ။ လှည့်လိုက်ကာမှ သူ့နှာခေါင်းနှင့် ကိုယ့်ပါး တည့်တည့်ကြီး တိုးမိသွားလျှင် ဒုက္ခလေ။ တတ်နိုင်သလောက် ကိုယ်ကို ယို့ကာ ရှောင်ပါသော်လည်း မလွတ်နိုင်။ ပိုဆိုးသည်က မိမိတင်သားဆိုင်များပေါ် လာရောက် မေးတင် နေသည့် တစ်စုံတစ်ရာပေါ့။
စကပ်ထမီ အသားပျော့ပျော့လေး ၀တ်ထားသော ငုဝါ.. တင်ဆိုင်တွေက အရမ်းကြီး ဖွံ့ထွားလှသည် မဟုတ်သော်လည်း ခါးသေးသေးလေးနှင့် လိုက်ဖက်ညီကာ မို့မောက် လုံးကျစ်နေသည်။ ယခု သူမနောက်တွင် ရပ်နေသူက လက်တစ်ဘက်က ခေါင်းပေါ်မှ တန်းကို ကိုင်ကာ ခန္ဓာကိုယ် တစ်ခုလုံးဖြင့် သူမကို ဖိကပ်ထား၏။ ကျန်လက်တစ်ဘက်က သူမရှေ့မှ ထိုင်ခုံကို ကိုင်လျှက်။
သူ့ ပုဆိုးအောက်မှ တစ်စုံတစ်ရာက သူမ တင်သားများပေါ်တွင် ကိုယ်လုံးစောင်းတိုက်ကာ စိတ်ရှိလက်ရှိ လူးလွန့်နေသည်။ တင်ဆိုင်နှစ်ခုကြားသို့အတင်းတိုးေ၀ှ့လာလိုက်.. တချက်တချက် ဟိုသည် ယိမ်းကာ ပွတ်ဆွဲလိုက်ဖြင့် စိတ်ကြိုက်ပင် ခံစားမှု ယူနေတော့၏။
ငုဝါ အနေခက်လှသဖြင့် အသက်ပင် မှန်မှန် မရှုနိုင် တော့ချေ။ လူတစ်ကိုယ်လုံးလည်း ဇောချွေးများ ရွှဲနစ်ကာ အော်ငိုချင်လာပြီ။မိမိအဖြစ်ကို ကူကယ်မည့်သူလည်း မရှိ။ နောက်ဆုံး သီးမခံနိုင်တော့သဖြင့် အတင်းရုန်းထွက်ကာ လက်တစ်ဘက်က ရှေ့မှ ထိုင်ခုံကို ကိုင်လျှက် ကျန်လက်တစ်ဘက်ဖြင့် ထိုသူ့ကို တွန်းထုတ်ရန် ကြံရွယ် လိုက်မိသည်။
ဤသည်မှာ မိမိ၏ မဟာ အမှားဖြစ်သွားကြောင်း ငုဝါ ထိတ်လန့်စွာ သိလိုက် ရတော့၏။ ထိုလူက ချွေးစေးများနှင့် စေးကပ်နေသော ငုဝါလက်ကို ဆတ်ကနဲချုပ်ကိုင်ကာ သူ့ပစ္စည်းကြီးကို လက်ထဲ ရုတ်တရက် ထိုးထည့်လိုက်တော့သည်။
ငုဝါ ခေါင်းထဲတွင် မိုက်ကနဲ။ လက်နောက်ပစ် အနေအထား ရောက်သွားသော ငုဝါ၏လက်ကောက်၀တ်ကို သူ့လက်နှင့် ဖိကပ် ထား၏။ ပုဆိုးခံနေသည့်တိုင် စိုထိုင်းထိုင်း မာတောင်တောင် ဖြစ်နေသော ကြွက်သား ချောင်းကြီး က ငုဝါလက်နှင့် တင်ပါး အကြားမှာ။
စိတ်ကပဲ ထင်လိုက်သည်လားတော့မသိ.. ထိုလူယုတ်မာ သူ့ဟာကြီး အတွင်းမှစေးပစ်ပစ် အရည်များ မိမိလက်ဖဝါးထဲသို့တမင် ညှစ်ထုတ် နေသလိုလို။ ရေစီးနေသော ပိုက်တစ်ခုကို ကိုင်ထားမိနေသလို ခံစားချက်ကြောင့် ငုဝါ အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားရသည်။
ဘာတွေလည်း.. သည်လူယုတ်မာ ဘာတွေ လုပ်နေတာလည်း။ငုဝါ ဘာလုပ်ရမှန်းမသိတော့။ လူလည်း တဆတ်ဆတ်တုန်ကာ မျက်နှာတစ်ခုလုံး ထူပူလာပြီ။ အနားရှိလူများ ကြားအောင် ကျမလက်ကို လာဆွဲနေပါတယ်ဟု ထအော်လိုက်ရ ကောင်းမလား။
သည်သို့ပြောရအောင်ကလည်း သူက မိမိလက်ကို ဖိကပ် ထားခြင်းသာ။ တော်ကြာ ကျနော့်ဘာသာ ကားကျပ်လို့တိုးမိတာဗျ ဆိုပြီး ခပ်တည်တည် ပြန်ဟောက်နေလျှင် မိမိပဲ အရှက်ကွဲရဦးမည်။ ဒေါသလည်း ထွက်.. ရှက်လည်း ရှက်.. မိမိလက်ကို မရမက အတင်း ရုန်းထွက် လိုက်၏။တစ်ခုခု ပြောပစ်လိုက် လိုပါသော်လည်း အသံက မထွက်။ ပြောလိုက်ကာမှ ပိုများ အရှက်ကွဲ သွားလေမလား။ လူတစ်ကိုယ်လုံး လည်း ချွေးများရွှဲနစ်ကာ ပေါက်ကွဲထွက်မတတ် ထူပူလာတော့သည်။
နောက်သို့လည်းလှည့် မကြည့်ရဲ။ နောက်ဆုံးတော့ စိတ်ဒုံးဒုံးချကာ ကျပ်ညပ်နေသောလူကြားထဲမှ အတင်း တိုးထွက် မိတော့ သည်ပေါ့။ ဘယ်မှတ်တိုင် ရောက်လို့ရောက်နေမှန်းလည်း မသိ။ မတတ်နိုင်.. အောက်ရောက်မှ ကား တစ်ဆင့် ပြောင်းစီးလိုက်တော့မည်။
စိတ်ကူးတည့်ရာတွေးရင်း အတင်း တိုးထွက်ကာ အဆင်းလူများနှင့် လိုက်ပါတိုးေ၀ှ့ဆင်းလိုက် တော့သည်။ အောက်ရောက်တော့ ကျဉ်းကျပ် ပိတ်မှောင်နေသော အခန်းတွင်းမှ လွတ်ထွက် လာသူ ပမာ မျက်စိများပြာ၀ေလူလည်း မောပန်းကာ ဒူးများပင်ချောင်နေ သယောင်ယောင်။
မှတ်တိုင်တွင် ချထားသော ခုံတန်း လေးတွင် ခေတ္တ၀င်ထိုင်ကာ စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ရ၏။ အနားရှိ ကွမ်းယာဆိုင်လေးမှ စနိုးတာ၀ယ်လ်တစ်ခု လှမ်း၀ယ်ပြီး လက်ကို အထပ်ထပ် သုတ်နေမိသည်။ မိမိကပဲ အကဲဆတ်လွန်းတာလား.. ပုဆိုးပေါ်မှ ကိုင်မိသွားခြင်းပင် ဖြစ်သော်လည်း လက်က ကပ်စီးစီး ဖြစ်နေသလိုလို။
ပူနွေး မာတောင်ကာ တင်းမာတုတ်ခိုင်နေသော လိင်တံ ကြီးကို ပြန်တွေး မိပြန်တော့ ကြက်သီးထ ကြောက်လန့်စရာ.. နှမချင်း မစာနာ လုပ်ရက်သော ထိုလူယုတ်မာကို အလွန်ပင် အော့နှလုံး နာမိ တော့သည်။ မည်သို့ဆိုစေ ကားပေါ်မှ ချက်ချင်း ဆင်းလာလို့ရတာကိုပဲ ကျေးဇူး တင်ရပေဦး မည်သာ။
စိတ်တည်ငြိမ်သွားမှ ချိန်းထားသည့် မှတ်တိုင်ရောက်ရန် တစ်မှတ်တိုင်သာလိုတော့မှန်း သိလိုက်၏။ ကားလည်း ထပ်မစီးချင်တော့ နောက်တစ်ခေါက် သည်လိုထပ်ကြုံနေမှ ဒုက္ခ။ နေပူထဲ လမ်းလျှောက် လိုက်တာကမှ သက်သာဦးမည်။ ဆုံးဖြတ်ချက်ချကာ ထ ရပ်လိုက်တော့ ဟိုနေရာက ချွဲကျိကျိဖြင့် စိုစိစိဖြစ်နေတာ သတိထားမိသွား၏။ စောစောက အထိတ်တလန့် ဖြစ်သွားသောကြောင့် ဖြစ်မည်။
လက်မောင်း တစ်လျှောက်မှ ကြက်သီး မွှေးညင်းများကလည်း ခုထိ ကြမ်းရှနေဆဲ။ စိတ်ရှုပ်လိုက်တာ.. ခဏနေရင် တွေ ့ရမည့် ကိုမင်းမင်းဆိုသူကလည်း မိမိကို စားတော့ ဝါးတော့မတတ် ကြည့်ဦးမည်။ သည်နေ့ အဖို့တော့ ထိုအာရုံနောက်စရာ များကို ရှောင်နိုင်ရန် ကြိုးစားရဦးမည်ပေါ့။ ဤသို့ဖြင့် မင်းမင်းနှင့် ချိန်းထားသည့်နေရာရောက်တော့…
“ အော်… အကိုကရောက်နှင့်နေပြီ.. ငု နည်းနည်းနောက်ကျသွားတယ်…စောရီးနော် အကို…”
“ လာရပ်တဲ့ကားတွေကို လိုက်ကြည့်နေတာလေ.. ညီမ ဘယ်ကလာလို့တုန်း.. ကားပေါ်က ဆင်းလာတာလည်း မတွေ့မိပါဘူး…”
“ တစ်မှတ်တိုင် အလိုက လမ်းဆင်းလျှောက်လာတာ အကိုရ.. ကားက အရမ်းကျပ်နေလို့လေ…”
ကားအရမ်းကျပ်သည်နှင့်ပဲ တစ်မှတ်တိုင်လေး လိုတာကို လမ်းဆင်းလျှောက်သည်ဆိုတော့.. သည်ကလေးမ မဟုတ်မှလွဲရော ထောက်လှမ်းရေးနဲ့ တိုးလာပြီထင်တယ်။ နောက်ဆိုရင်တော့ မင်းလေး သည်လိုတွေ မကြုံရအောင် ငါ ကာကွယ်မှာပါ.. မင်းမင်းတစ်ယောက် ကိုယ့်အတွေး ကိုယ် သဘောကျကာ ပြုံးမိသေးသည်။
ငုဝါ၀တ်ထားသော အကျီလေးက ကိုယ်ကျပ်မဟုတ်သော်လည်း ချပ်ချပ်ရပ်ရပ်ရှိနေသည်။ စကပ်ထမီလေးနှင့် ဆိုတော့ သူမကိုယ်လုံး အလှက ဆက်ဆီ မကျသော်လည်း အမြင်အေးစရာ ဆွဲဆောင်မှုတစ်မျိုးပင်။ မျက်လုံးထဲတွင် နေ့စဉ်တွေ့နေရသော ခပ်ဟော့ဟော့ ရောင်စုံ အလှများနှင့် ယှဉ်လိုက်တော့ ချယ်သမှု မရှိသော ငုဝါ ပုံစံလေးက တစ်မျိုး ဆန်းနေသည်ပေါ့။
ငုဝါက ၀တ်ရည်ချိုလို ဖွံ့ဖွံ့ထွားထွား ပုံစံမျိုးတော့ မဟုတ်ချေ။ စိတ်ကူးထဲတွင် သည်ကောင်မလေး နှစ်ယောက်လုံးကို တပြိုင်နက် တလှည့်စီ ချစ်ခွင့်ရပါက မည်သို့များ နေမည်နည်း။နေပူလို့ပဲလားတော့ မသိ.. ပင်ကိုယ်ဖြူနုသော ငုဝါ၏မျက်နှာလေး နီရဲနေသည်။သူမ နှင့် ချစ်သူ ဖြစ်သွားလျှင်တော့ ခုလို အချိန်မျိုးမှာ သူမ ပုခုံးကလေးကို အသာဖက်ကာ နှဖူးမှ ချွေးလေးများကို ညင်သာစွာ သုတ်ပေးမိမည်ပေါ့။
“ သွားကြမယ်လေ အကို…”
“ ….”
“ အကို… ကိုမင်းမင်း…”
“ အော်.. အင်း.. ဟဲဟဲ… ငါ့ညီမကို ဘယ်နေရာက စ ပြင်ပေးရမလည်း စဉ်းစားနေတာ…”
“ ရှင်..”
“ အော်… တေးကမ္ဘာနဲ ့ လိုက်အောင်လို ့လေ… ဆံပင်.. အ၀တ်အစား… အာ့ဒါတွေကိုပြောတာပါ…”
“ ဟုတ်… အကို ဟိုလေ… ငု ဆံပင်ကိုတော့ သည်တိုင်းပဲ ထားချင်ပါတယ်.. အ၀တ်အစားပဲ စီစဉ်လိုက်ရင် ပြီးတာပဲလေ.. ဆံပင်က သိပ်တော့ ထွေထွေထူးထူး လုပ်ဘို့မလိုလောက်ဘူး ထင်တာပဲ.. ငုက မင်းသမီးလုပ်မှာမှ မဟုတ်ဘဲလေ.. နောက်ပြီး ငုတာ၀န်ကလည်း အတီးပဲဆိုတော့…”
“ အွန်.. ဘယ်သူပြောလည်း အတီးပဲလို့.. ငါ့ညီမ ကောင်းကောင်း ဆိုနိုင်တာပဲ.. ဆိုလည်း ဆိုရမယ် လေကွာ.. လိုတာကအတီးသမားဆိုပေမယ့် အဆိုကောအတီးကောရတော့ ပိုမကောင်းပေဘူးလား… နေပါဦး ညီမက မဆိုချင်လို့လား.. ”
“ အယ်.. မဟုတ်ပါဘူး အကို.. ငု စိတ်ထင် ဂီတာသမားအဖြစ် အလုပ်ခန် ့တာဆိုတော့ မဆိုရလောက်ဘူး ထင်တာလေ.. မနေ ့ညကဟာက ငုကိုလက်ရည်စစ်တာများလားလို့ပါ.. ”
“ အွန်း.. လက်ရည်စစ်ရင်း မိတ်ဆက်ရင်းပေါ့.. စစ်လိုက်တော့ ငါ့ညီမက ဆရာမကြီး ဖြစ်နေတယ်လေ.. ဟုတ်တယ်ဟုတ်… ”
“ အာ.. ငု လန့်ဖျပ်ပြီး လုပ်မိလုပ်ရာ လျှောက်လုပ်တာ.. ကြက်ကန်း ဆန်အိုးတိုးသွားတာပါ အကိုရ.. အကို ရွေးပေးတဲ့သီချင်းကလည်း ငု တွက် လွယ်နေတာကိုး..”
“ ကျေးဇူးတင်တယ်ပေါ့…”
“ တကယ်ကျေးဇူးတင်တာပါ အကို…”
“ ဒါဆိုရင်တော့ ကျေးဇူးဆပ်ခိုင်းမှနဲ့တူတယ်...”
“ ရှင်…”
“ ဟားဟား မလန့်ပါနဲ့ပန်းကလေးရယ်… ကျေးဇူးဆပ်ခိုင်းမယ် ဆိုတာက အကိုလိုက်တိုက်တဲ့ ကော်ဖီ လိုက်သောက်ရမယ်လို့ပြောမလို့ပါ…”
“ အာ မဟုတ်တာ.. ငု တိုက်ပါ့မယ်…”
စကားတပြောပြောနှင့် စတိုးဆိုင်ရှိရာသို ့ရောက်၊ လိုအပ်သော အ၀တ်အစား အချို့နှင့် အလှပြင်ပစ္စည်း အနည်းငယ် ၀ယ်ခြမ်းပြီး လူရှင်းသော ဆိုင်တစ်ဆိုင်တွင် ထိုင်ဖြစ်ကြသည်။
“ ဘာမှာမလည်း ညီမ...”
“ ကော်ဖီပဲ… ငု တိုက်မှာနော် အကို…”
“ ဟားဟား ဟုတ်ပါပြီဗျာ.. ဒါဆို အကို့အလှည့်က နောက်တစ်ခါပေါ့.. နော…”
“ ဟုတ်…”
“ ဒါနဲ့စကားမစပ် ညီမ က တစ်ဦးတည်းသော သမီးလား… ဟိုနေ ့က အလုပ်လျှောက်လွှာမှာ သန်းခေါင်စာရင်း မိတ္တူတွေ့လို ့လေ…”
“ ဟုတ်ပါတယ် အကို.. ငု မှာ မွေးချင်းမရှိပါဘူး… အမှန်တော့ မွေးချင်းတင် မရှိတာ မဟုတ်ပါဘူး… ဆွေမျိုးဆိုလို့ မေမေပဲရှိတာပါ… ဖေဖေက ဆုံးသွားပြီလေ…”
“ အော… ကြာပြီလား အဖေဆုံးတာ…”
“ မကြာသေးပါဘူး.. လွန်ခဲ့တဲ့ (၃)လ ကမှ ဆုံးတာပါ…”
“ အိုး.. ရောဂါနဲ့ပဲလား… ငါ့ညီမ ပြောချင်မှ ပြောနော်.. စိတ်မကောင်းစရာတွေ မေးမိနေတယ်…”
“ ရပါတယ်.. ဖေဖေဆုံးတာ ကားအက်ဆီးဒင့် နဲ့ပါ.. မေမေနဲ့ငု ဖေဖေ့ကို အသက်တောင် မမှီလိုက်ဘူးလေ...”
“ ကျွတ်.. ကျွတ်.. အေးလေ.. ဖြစ်တတ်ပါတယ်ကွာ.. နော့.. အမေကတော့ ကျန်းကျန်းမာမာပဲ မဟုတ်လား…”
“ ဟုတ်...”
“ အေ၀းသင်မှာ ဘာမေဂျာလည်း ငါ့ညီမက…”
“ မြန်မာစာ နောက်ဆုံးနှစ်ပါ အကို.. ဟိုလေ.. အဲ့တစ်ခု ငု မေးမလို့.. ”
“ အွန်း.. မေးလေ..”
“ စာမေးပွဲရက်တွေ ခွင့်ယူလို့ရလားလို့ပါ လိုတော့လိုပါသေးတယ်.. ကြိုမေးထားကြည့်တာ…”
“ ရပါတယ်.. သည်ဆိုင်မှာတော့ ကျောင်းတစ်ဘက်နဲ့လူ သိပ်မရှိဘူး.. ဒါပေမယ့် ရမှာပါ.. အကိုလည်း ပြောပေးမှာပေါ့…”
“ ဟုတ်… ကျေးဇူးတင်ပါတယ် အကို…”
“ ဆိုင်နဲ့ပါတ်သက်လို့လည်း လိုအပ်တဲ့ အကူအညီပြောနော် ညီမ.အားမနာနဲ့. ဆိုင်နဲ့ တင်မဟုတ်ပါဘူး........ယောင်္ကျားသား အားကိုးအားထားမရှိတော့ မိသားစုမှာလည်း အကူညီ လိုကောင်း လိုမှာပေါ့.. အချိန်မရွေး အကို ့ကိုပြောလို့ရတယ်နော်…”
“ ဟုတ်.. ကျေးဇူးပါ..”
တကယ်တမ်း မင်းမင်း မေးလိုက်ချင်တာက ငါ့ညီမမှာ အားကိုးအားထား ယောင်္ကျားသား အဖော် မရှိဘူးလား လို့ပါ။ သို့သော် သည်ရက်ကလေးအတွင်း သိပ်မြန်မြန်ဆန်ဆန် စပ်စုဘို့မသင့်ဘူးလေ။ သည်ကလေးမ ကြည့်ရတာ အလောသုံးဆယ်၀င်လို ့ရမည့်ပုံတော့ မဟုတ်။ တော်ကြာ လက်ရှိရထားသော မိမိအပေါ်အားကိုးစိတ်ကလေး ပျောက်သွားပြီး အကြောက်၀င်သွားမှ ဒုက္ခ။
နောက်တစ်ခု တွေးမိသည်က ရည်းစားသနာရှိသော မိန်းကလေးကတော့ ဤသို့သူနှင့် အလွယ်တကူ လိုက်လာမည်မထင်။ လက်ဖက်ကောင်း စားရဘို့အရေး ပလောင် တောင်တက်နှေး ရမည်ပေါ့။ ၀ယ်စရာများလည်းပြီး၊ လိုအပ်သည့်ရင်းနှီးမှုမျိုးလည်း ရပြီမို့
“ ငါ့ညီမ အတွက် အမှတ်တရ လက်ဆောင်တစ်ခုခုပေးချင်တယ်… ဘာကြိုက်တတ်လည်း…”
“ ရှင်…”
“ အော်.. အကိုကလည်း တစ်ကိုယ်ရည်သမားဆိုတော့ ငါ့ညီမနဲ ့ခုလိုခင်ရတာ ၀မ်းသာတယ်လေ.. အမှတ်တရသဘောမျိုး လက်ဆောင် တစ်ခုခုပေါ့…”
“ ငုလည်း ခင်တတ်ပါတယ်အကို.. ကျေးဇူးလည်း တင်ပါတယ်.. ဒါပေမယ့် ငုတွက် ဘာလက်ဆောင်မှ မလိုပါဘူး.. ငုကိုတကယ်ခင်ရင် ဘာမှ မပေးပါနဲ့အကို…”
ငုဝါ ကြောက်သော အရာများတွင် သူစိမ်း ယောကျၤားတစ်ယောက်ဆီမှ လက်ဆောင်ပဏ္ဏာလည်း အပါအ၀င်ဖြစ်သည်။ မိမိရလိုက်သော လက်ဆောင်နှင့် မတန်တဆ ပြန်ပေးစရာ ကြုံလာခဲ့မှာ ကြောက်၍ပင်။
မည်သို့ပင်ကျေးဇူးတင်ပါသည် ဆိုဦးတော့ သူနှင့် ငုဝါကြားတွင် သာမန်ထက်ပိုသော ပါတ်သက်မှုမျိုး ရှိသည်မှ မဟုတ်ဘဲ။ ရမ္မက်ခိုး တောက်လောင်နေသော မျက်လုံးများဖြင့် ကိုမင်းမင်း ဆိုသောသူမှာ မိမိ အနေဖြင့် သတိထား ဆက်ဆံရမည့်သူဟု ငုစိတ်ထဲမှ အလိုလို နိုးကြားလျက်။ ကြိုတွေးထားသည့် အတိုင်း အပြန်လိုက်ပို ့ရန် ပြောလာတော့လည်း သူမ ငြင်းဆန်ခဲ့ပါသည်။ အလာတုန်းကလို အဖြစ်မျိုးလည်း ကြောက်မိ၍ ထိုင်စရာ နေရာရမည့်ကားချောင်ချောင်ကို စီးကာ ပြန်ခဲ့သည်။
~~~~~~~~~~~~~~~~~~~~~
(08)
ဤသို့ဖြင့် ညနေ အလုပ်ချိန်ရောက်ခဲ့ပြီ။ ဆိုင်မှ စီစဉ်ပေးသော ဖယ်ရီက အပြန်သက်သက်ပဲမို့အသွားကို မိမိအစီစဉ်ဖြင့်သာ သွားရမည်။ ညနေစောင်း ကားကျပ် ချိန်ကို ကြောက်မိသောကြောင့် ငုဝါ အိမ်မှ စောထွက် လာခဲ့ လိုက်သည်။
ဆိုင်ရောက်တော့ ( ၅ ) နာရီပင် မထိုးသေး။ ခြံ၀န်းထဲတွင် လူရှင်းနေသေးသည်။ ကားရပ်နားရန် နေရာတွင် ကားတစ်စီးသာ ရပ်ထားသည်ကိုတွေ ့ရ၏။ ဒရိုင်ဘာဖြစ်ဟန်တူသူက နောက်ခန်းတံခါးကို ဖွင့်ပေးကာ အထဲမှ လူကို တွဲထုတ်ပေးနေသည်။
ထွက်လာသူက ဒယီးဒယိုင်။ ထိုလူက ကားကို မှီကာ ရပ်နေစဉ် ဒရိုင်ဘာက အထဲမှ တစ်စုံတစ်ခုကို လှမ်းယူပေးနေသည်။ အချိန်ကဖြင့် နေတောင်မ၀င်သေး.. ဆိုင်ထဲမရောက်မှီကတည်းက မူးနှင့်နေသူ။ ဆိုင်ထဲ၀င်ရန် ထို အမူးသမားအနားမှ ဖြတ်လျှောက် ရမည်မို့ခပ်လှမ်းလှမ်းမှ ရပ်ကာ အခြေနေ ကြည့်နေလိုက်၏။ ထိုစဉ် ဆိုင်ထဲမှ စားပွဲထိုး၀န်ထမ်းတစ်ဦး ပြေးထွက်လာကာ…
“ ဘာဖြစ်လာတာလည်း အကို… အဖျားတက်ပြီထင်တယ် ဟုတ်လား…”
“ ဟုတ်တယ်ဗျ…ကားမမောင်းနိုင်လို့ကျနော်လိုက်ပို့တာ..”
“ ဆေးခန်း ၀င်ခဲ့လား အကို…”
“ ကျွန်တော်ပြောပါတယ်… ဒါမယ့် ဆရာက သည်ကိုပဲပြန်မယ်ဆိုလို့…”
“ အာ.. အကိုကလည်း…”
“ မင်းတို့ကောင်တွေ ရှည်တာကွာ… ငါကိုယ်ငါသိတယ်…”
ပြောနေသော စကားများအရ သည်လူ အရက်မူးနေတာ မဟုတ်.. မနေ့ကတွေ့သော ဆိုင်ရှင် ဦးဉာဏ်လင်းညို ဆိုတာ ငုဝါသိလိုက်ရသည်။ သေသေချာချာ သတိထားကြည့်တော့မှ သူ့ကြည့်ရတာ ချမ်းပြီး တုန်နေပုံပဲ။စကားခပ်တိုတိုပြောကာ ဆိုင်ထဲ၀င်သွားသော သူ့နောက်သို့စားပွဲထိုးလေးက အပြေးအလွှား လိုက်သွားသည်။ နောက်မှ အိတ်ကို ကိုင်ထားသော ဒရိုင်ဘာက..
“ သည်မှာ အိတ်ကျန်ခဲ့တယ်ဗျ..”
ဟု လှမ်းအော်သည်ကို မကြားကြ။ ငုဝါ ဆိုင်ထဲ၀င်ရန် ကားနားမှ ဖြတ်လျှောက်ရင်း..
“ ကျမယူသွားပေးမယ်လေ…”
“ အမက သည်ဆိုင်က ၀န်ထမ်းလား…”
“ ဟုတ်..”
“ ကျေးဇူးပဲဗျာ.. ဒါဆို ကျနော်သွားလိုက်တော့မယ်.. ဆိုဒ်ထဲ ပြန်သွားရမှာမို့ပါ…”
“ ဟုတ်ကဲ့ရှင့်…”
အိတ်နှင့်ဖိုင်တွဲ အချို့၊ စက္ကူလိပ် အချို့ကို သယ်ကာ ဆိုင်ထဲ၀င်လာလိုက်ပြီးမှ.. ဒါတွေ ဘယ်နား သွားထားရပါ့.. ဆိုင်ထဲရှိလူများကလည်း အလုပ်ကိုယ်စီ။
ထိုစဉ် စောစောက စားပွဲထိုးကောင်လေး အနောက်ဘက်ရှိအခန်း တစ်ခုထဲမှ ထွက်လာတာတွေ့လိုက်သည်။ လက်ထဲရှိပစ္စည်းများ သူ့ကိုပေး လိုက်ရန်စိတ်ကူးပြီးသူ့အနားသွားလိုက်ကာ..
“ သည်မှာ ကားပေါ်ဒါတွေကျန်ခဲ့လို့…”
“ အော်.. ဟုတ်.. အကို့ပစ္စည်းတွေပဲ.. မငုဝါ သွားထားပေးလိုက်ပါလား.. ကျနော် ဆေးသွား ၀ယ်လိုက်ဦးမယ် အကိုဖျားနေလို့ဗျ.. မီးဖိုဘက်သွားပြီး ဆေးသောက်ရင်းစားဘို့တစ်ခုခုလည်း လုပ်ခိုင်းရဦးမှာမို့လို့ နော်…”
ပြောရင်းဆိုရင်း မီးဖိုဆောင်ဘက် ထွက်သွားသော စားပွဲထိုးကောင်လေးကိုတလှည့် လက်ထဲမှ ပစ္စည်းများကို တလှည့်ကြည့်ကာ ငုဝါ ဘာလုပ်ရမှန်း မသိ။
မနေ့ကမှ အလုပ်၀င်ပြီး သည်နေ့သူဌေးအခန်းထဲ ၀င်သွားလို့ဖြစ်ပါ့မလား။ တော်ကြာ တစ်ယောက်ယောက်က မဟုတ်တရုတ် ထင်နေမှဖြင့်.. အို ဘာဆိုင်လည်းနော်.. သည်ပစ္စည်းလေးတွေ ထားရုံပဲဟာ။ တခါတလေတော့လည်း မိမိ စိုးရိမ်မှုက လိုတာထက်ပိုနေသလိုပင်။ ပစ္စည်းများ သွားပေးရန် စိတ်ပိုင်းဖြတ်ပြီး အခန်းပေါက်၀ ရောက်တော့..
“ ခွမ်းးး…”
ကနဲ ဖန်ခွက်တစ်ခု ကွဲကျသံ.. ထိုနှင့် မရှေးမနှောင်း..
“ အ.. ဟာ.. တောက်..”
ငုဝါ ရုတ်တရက်ကြောင်သွား၏။ ဘာတွေဖြစ်ကုန်ပါလိမ့်။စိတ်မှလည်း ငါခုနေ ၀င်သွားလို့ဖြစ်ပါ့မလားပေါ့။
ဟ နေသော အခန်းတံခါးမှ အသာ ချောင်းကြည့်လိုက်တော့ ကြမ်းပြင်တွင် ကျကွဲနေသော ဖန်ခွက် အပိုင်းအစများ.. ဦးဉာဏ်လင်းညိုက စားပွဲကို လက်ထောက်ကာ ခပ်ကိုင်းကိုင်း ရပ်လျှက်.. ရှုံ့မဲ့နေသော မျက်နှာကို သေသေချာချာ မြင်လိုက်ရသည်။ သူ့ ကြည့်ရတာ တော်တော်လေး မသက်တောင့် မသက်သာဖြစ်နေပုံပဲ။ နေမကောင်းတဲ့ လူတစ်ယောက်ကို ကူညီတာ အပြစ်တော့ မဟုတ်ဘူးဘဲလေ။ အတွေးကနောက်၊ လူကရှေ ့ရောက်ခါ အခန်းထဲ ၀င်သွား လိုက်မိသည်။
“ ဟယ်…”
မြင်လိုက်ရသည်က ကြမ်းပြင်ပေါ်ရှိဖန်ခွက်ကွဲစများ.. ပြီးတော့ သွေးများ ထွက်နေသော သူ့ခြေထောက်။ လက်ထဲမှ ပစ္စည်းများကို ကုတင်ပေါ် ခပ်သွက်သွက် တင်လိုက်ပြီး…
“ ဆရာ ခြေထောက်ရှသွားတာလား .… ကုတင်ပေါ် ခဏထိုင်လိုက်ပါလားဆရာ.. ငု ဒါတွေ သိမ်းလိုက် မယ်လေ.. နော်… ”
ညင်သာ တည်ငြိမ်သော စကားသံလေးက နာကျင်မှုတစ်၀က်ကို ဖယ်ထုတ်လိုက် သလိုလို။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်၊ ဘယ်သူပါလိမ့်.. အော်.. ညက သီချင်းဆိုတဲ့ လူသစ်ကောင်မလေး.. သည်နေ့တော့ စိန်ပွင့်လေးတွေအစား ဖဲပြားသေးသေးလေး တစ်ခုသာ ပါသော ဘီးကုပ်ကလေး တပ်ထားသည်။ သူ့ကိုခေါ်ပုံက ဆရာတဲ့။ ကြည့်ရတာ သူဘယ်သူမှန်း သိတယ်ထင်ပါရဲ့။ အမှန်တော့ မျက်နှာတင်းကာ အနေတည်သော သူ့ကို ဆိုင်ထဲမှ ကောင်မလေးတွေ မရောရဲကြပါ။ နွယ် နှင့် သူ့အကြောင်း သိကြတာလည်း ပါသည်ပေါ့လေ။
သည်ကလေးမကတော့ ခပ်တည်တည်နှင့် မိမိအခန်းထဲပင် ရောက်နေပြီ။ ကြည့်ရတာ ခပ်ရဲရဲဖြစ်ပုံရ၏။ မိမိ၏ ၀န်ထမ်းအသစ် ဆိုတော့လည်း ဆိုင်ရှင်တစ်ဦး အနေနှင့် လိုက်ရောညီထွေ ဆက်ဆံရမည်ပေါ့လေ။နောက်တစ်ခုက အခု သူ့မှာ နွယ်မှ မရှိတော့ဘဲ။ သူ သည်ဆိုင်ကိုလာလို့ သည်ဆိုင်က မိန်းကလေးတွေနှင့် ရင်းနှီးကျွမ်း၀င်လို့ သူ့ကို စိတ်ဆိုးမည့်သူမှ မရှိတော့ဘဲလေ။
“ ကိစ္စရှိလို့လား…”
“ ရှင်”
“ အော်.. ဒါတွေ မင်းသယ်လာတာလား…”
ဘာပြောရမှန်း မသိ၍ ရုတ်တရက်မေးလိုက်ပြီးမှ ကုတင်ပေါ်က ပစ္စည်းတွေကို တွေ ့သည်။ ကြည့်ရတာ ကားသမား ချက်ချင်း ပြန်သွားသည်ထင်ပါရဲ့။ လူက တစ်ကိုယ်လုံး ကိုက်ခဲ နာကျင် နေသည်မို ့ ကားမမောင်းချင်တော့၍ ဆိုဒ်ထဲက ကားသမားကို ခေါ်လာခဲ့သည်ကိုး။ ကားဆရာ အထုတ်တွေ ချပြီး ချက်ချင်း ပြန်သွားတယ်ထင်ပါရဲ့။ ကောင်လေးတွေ ဘယ်ရောက်နေလို ့ သူမက ဒါတွေ သယ်လာရတာလည်း။
ကြည့်ရတာ သည်ကလေးမ အလုပ်ရှင်ထံမှ မျက်နှာသာရရန် ကြိုးစား ရှာသည် ထင်ပါရဲ့လေ။ ခုလည်း ပါးစပ်က ပြောရင်း အခန်းထောင့်မှ အမှိုက်ခြင်းကို ဆွဲယူကာ ကြမ်းပြင်ပေါ် ပြန် ့ကျဲနေသော ဖန်ခွက်ကွဲစများကို ကောက်သိမ်းနေသည်။သူစိမ်းယောကျ်ား တစ်ယောက်၏ အိပ်ခန်းတွင်း ရောက်နေသော်ငြား ရှိန်ခြင်း ရွံ ့ခြင်း မရှိ။ သွက်သွက် လက်လက်ပင် လှုပ်ရှားလုပ်ကိုင်နေပုံကလေးက သူ ့အိမ်သူ ့ရာနှယ်။
သည်ကလေးမ၏ ရဲတင်းပုံကို သူ သတိမထားမိဘဲ မနေနိုင်တော့ချေ။ သည်ဆိုင်တွင် အလုပ် လာ၀င်ခြင်းကပင် သူ့ကိုများ သိနှင့်ကာ သူ ့နားသို ့ တမင်ရောက်လာခြင်းများလေလား။ မိမိ၏ အလုပ်သမား တစ်ဦးအပေါ် ဤသို့ သံသယထားမိခြင်းကို မိမိဘာသာ နောင်တရလျှက် ကလေးမကို နှုတ်ဆက်စကား ပြောလိုက်သည်။
“ ကျေးဇူးပဲ… မနေ ့ကမှ အသစ်၀င်တာနော်.. ဟုတ်လား…”
“ ဟုတ်ကဲ့ ဆရာ..”
“ နံမည်က…”
“ ငုဝါပါ…”
“ အွန်း.. အဆင်မပြေတာရှိရင်ပြောလေ.. ကိုယ်ကတော့ သည်မှာ အမြဲမနေဘူး…”
“ အကုန်အဆင်ပြေပါတယ် ဆရာ.. ဟိုလေ..”
“ အွန်း.. ပြော…”
“ ဆရာ့ခြေထောက်က သွေးတွေ တအားထွက်နေတယ်.. ဆရာ ခဏထိုင်လိုက်ပါလားဟင်..”
သူကသာ တောင်တောင်အီအီ တွေးနေသောလည်း ကောင်မလေးက သူ ့အတွက် ပြောခြင်း သက်သက်ပါလား။
“ အွန်း.. ဟုတ်တယ်.. ရေသောက်ချင်လို့ထ ထည့်တာကွ.. ဖန်ခွက် တိုက်မိသွားလို ့…”
“ ခုကော သောက်ပြီးပြီလား ဆရာ…”
“ ဟင့်အင်း.. မသောက်ရသေးဘူးလေ.. ရေလည်း မှောက်သွားပြီ…”
“ ငု သွားယူပေးမယ်လေ.. ဆရာ ခဏထိုင်စောင့်လိုက်..”
ပြောလည်းပြော ချက်ချင်းလှည့်ထွက်သွားသော ကောင်မလေး နောက်ကျောကို သူငေးကြည့်မိသည်။ သိပ်ကြီး ဖွံ့ဖွံ့ထွားထွား မဟုတ်သော်လည်း ကိုယ်ခန္ဓာ အချိုးအစား ကျနကာ ပြည့်ပြည့်လေးမို့ ချစ်စရာဟု ပြောရမည်ပင်။
ခြေသလုံး တစ်၀က်လောက်ထိ ရောက်သော ဂျင်းဘောင်းဘီ ကျပ်လေးနှင့် မိန်းမ၀တ် ရှပ်အကျီလေးက ကိုယ်ကျပ်လည်း မဟုတ် ပွယောင်းယောင်းလည်း ဖြစ်မနေ။ သည်ကလေးမ ရှပ်အကျီကြိုက်တတ်ပုံရသည်။ မနေ့ကလည်း ရှပ်အကျီနှင့် စကပ်ရှည်လေး ၀တ်ထားသည်ပဲ။ သည်နေ ့၀တ်စုံလေးကတော့ အခြားသူများနှင့် ယှဉ်လျှင် သိပ်ကြီး ဆွဲဆောင်မှု ရှိလှသည် မဟုတ်သော်ငြား မနေ ့က နှင့််စာလျှင် ကိုယ်ခန္ဓာ ကောက်ကြောင်း အလှကို မြင်သာသည်ပေါ့။
ဟော့ရှော့ မိန်းကလေးများကြားတွင် ကွဲထွက်နေသော ပုံစံတစ်ခု ဖြစ်အောင် တမင် ကြံစည်ထားခြင်း များလေလား။ နောက်တစ်ခု သတိထားမိသည်က ဆံပင်ကို် အခြားသူများကဲ့သို့ခေတ်ဆန်ဆန် ပြင်ဆင်မထား။ နှဖူးမှ ဆံပင်ကို ဘီးကုတ်လေးနှင့် ပင့်တင်ကာ သည်တိုင်း ချထားသည်။ ဒါကလည်း အများနှင့် မတူအောင် ဖန်တီးထားခြင်းဖြစ်ကောင်း ဖြစ်မည်ထင့်။ သူယူဆသည့်အတိုင်း အမှန်သာ ဆိုပါက သည်ကလေးမ စိတ်ကူး အောင်မြင်သည်ဟု ပြောရမည်ပေါ့။
အဘယ့်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင် ရိုးရှင်းသော သူမ ပုံစံလေးကို စိတ်စွဲကာ အိပ်မက် မက်မိသေးသည် မဟုတ်ပါလား။
“ ဆရာ.. သည်မှာ သောက်ရေ..”
“ အွန်း..”
“ ဆရာ အဆင်ပြေရဲ့လားဟင်.. ခြေထောက်က သွေးတအားထွက်နေပြီ.. ဆေးခန်းပြမှ ဖြစ်မယ် ထင်တယ်.. ငု တစ်ယောက်ယောက်ကို သွားပြောလိုက်မယ်လေ နော်...”
“ ……”
“ ဆရာ…”
“ အွန်း… နည်းနည်း နာလို့….”
“ ရေသောက်လိုက်…”
ပြောပြောဆိုဆိုနှင့် တစ်ခုပြီးတစ်ခု လုပ်ပေးနေသော ချစ်စရာကောင်မလေး။ သူ ့ဘ၀မှာ သည်လို တစ်စုံတစ်ယောက်၏ ဂရုတစိုက်ပြုစုယုယမှုကို ခံရတာမရှိသလောက် ရှားပါသည်။ အထူးသဖြင့် ဤသို ့ မိန်းကလေးတစ်ယောက်ထံမှပေါ့။
သူမ၏ နှစ်လိုဖွယ် ဂရုစိုက်မှုများက စိတ်ရောကိုယ်ပါ ခံစားနေရသော ေ၀ဒနာများကိုပင် တဒင်္ဂ မေ့သွားသယောင်ယောင်။ ဖန်ခွက်ထဲသို ့ရေထည့်ပြီး သူ့လက်ထဲသို့ကမ်းပေးသည်။ မနေ ့ညကတည်းက အဖျားတက်နေသော အရှိန်နှင့် သည်နေ ့လည်း ဆိုဒ်ထဲတွင် ပေပေတေတေ လျှောက်သွားနေမိတော့ လူက မလှုပ်ချင်လောက်အောင် နွမ်းနယ်နေပြီ။ သည်ကြားထဲခြေထောက်က ဖန်ကွဲရှလိုက်သေးသည်။
ရေခွက်ကို ကမ်းယူလိုက်သော လက်များက မသိမသာ တုန်နေသည်ထင့်။ ကောင်မလေးက.
“ ငု တိုက်ပေးမယ်ဆရာ…”
ကိုယ့်ရေကိုယ် ကိုင်မသောက်နိုင်လောက်အောင် မဟုတ်သော်လည်း ဘာကြောင့်မှန်း မသိ သူမခုလို လုပ်ပေး နေတာကို သဘောကျမိသည်တော့ အမှန်ပင်။ ရေကို အငမ်းမရသောက်ရင်း ဖန်ခွက်ကို ထိန်းကိုင် ပေးထားသော သူမ လက်ကလေးများကို သူ အုပ်ကိုင်မိသွားသည်။
“ ဆရာ ကိုယ်တွေ တအားပူနေတယ်ထင်တယ်… လက်တွေ အရမ်း ပူနေတယ်…”
“ အွန်း…….”
“ နောက်တစ်ခွက် ယူဦးမလား…”
“ တော်ပြီ.. ကျေးဇူး…”
“ ခဏနော် ဆရာ…”
ဖန်ခွက်ကို စားပွဲပေါ်တင်ကာ လွယ်ထားသော အိပ်လေးအတွင်းမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်၏။ ပြီးတော့ ကုတင်ခြေရင်းတွင် ဆောင့်ကြောင့်လေးထိုင်ကာ တွဲလောင်းချထားသော သူ ့ခြေထောက်ကို ညင်သာစွာ ကိုင်လိုက်သည်။
“ အာ.. နေပါ..ခြေထောက်ကြီးကို…”
“ သွေးတွေ အရမ်းထွက်နေတယ်ဆရာရဲ့.. ခြေဖဝါးက သွေးကြောတွေ စုံတဲ့နေရာလေ.. ဆေးခန်း မသွားခင် သွေးတိတ်အောင် တစ်ခုခုနဲ ့စည်းထားမှပေါ့.. အရင်သန် ့ရှင်းရေး လုပ်လိုက် မယ်လေ.. ငုကို အားမနာပါနဲ ့ဆရာ…”
“ ကိုယ် ခြေထောက်သွားဆေးလိုက်မယ်လေ..”
ပြောသာပြောပေမယ့် ဟုတ်ကဲ့ဆရာလို ့ ပြန်ပြောပြီး ဖယ်ပေးလိုက်မှာတော့ မလိုချင်။ သူမ ဂရုတစိုက် လုပ်ပေးတာကို သဘောကျမိနေသည်ကိုး။ ကောင်မလေးက သူ ့ကိုမော့မကြည့်ပါ။
“ ခြေထောက် သွားဆေးမယ် ဆိုရအောင် ဆရာအခု အဖျား တက်နေတယ်လေ.. ငြိမ်ငြိမ်လေး ထိုင်နေပါ.. ငု လုပ်ပေးပါ့မယ်…”
လူကြီးလေး တစ်ယောက်လို ပြောကာ ခြေထောက်ကို ညင်သာစွာ ကိုင်တွယ်ရင်း စနိုးတာ၀ယ်လ် လေးနဲ ့ သုတ်ပေးနေသည်။ ကြမ်းပြင်ပေါ်ချထားသော အိတ်ကလေးအတွင်းမှ ဘာကိုမှန်းမသိ ထုတ်နေပြန်၏။ သူမလုပ်သမျှကို ငုံ့ကြည့်ရင်း စိတ်ထဲမှ အတော့်ကို ကြည်နူးမိသည်အမှန်ပင်။ ခဏနေတော့ သူ ့ခြေထောက်ကို တစ်ခုခုနှင့် ပတ်ချည်ပေးလိုက်သည်။ ခေါင်းလေးမော့ကာ သူ ့ ကိုကြည့်ရင်း
“ သိပ် တင်းနေလား ဆရာ..”
လှလိုက်တဲ့ မျက်လုံးလေး။ အနီးကပ်ကြည့်မှ ပိုသိသာ နေသော သူမမျက်လုံးလေးများက ပီဘိ ကလေးငယ် တစ်ဦးသဖွယ်။ မတင်းပါဘူးကောင်မလေးရယ်.. ငါ့စိတ်တွေ အရည်ပျော်နေတာ ထင်ပါရဲ့။
မင်း ဘယ်သူများလည်း။ ငါ့နားကို ရောက်လာအောင် မင်းကို ဘယ်သူ လွှတ်လိုက်တာလည်း။ တစစီ လွင့်ကျဲနေတဲ့ ငါ့အာရုံတွေကို ဘယ်လိုနည်းနဲ ့ တစ်စုတည်း ဖြစ်အောင် မင်းလုပ်လိုက်တာလည်း။ အခု ငါ့စိတ်ထဲမှာ ထူးဆန်းတဲ့ ခံစားချက် တစ်ခု ဖြစ်နေတယ်။ ငါ့စိတ်ထဲကို မင်း ဘာတွေ ထည့်လိုက် တာလည်း။
“ ဆရာ..”
“ …..”
“ ဆရာ…”
“ ဟင်…အင်း..”
“ အရမ်း တင်းသွားလားလို့…”
“ ဘာကိုလည်း…”
“ ခြေထောက်လေ.. ငု လက်ကိုင်ပုဝါက နည်းနည်း သေးနေတော့ စည်းလိုက်တာ အရမ်းများ တင်းနေလားလို့.. ”
သူမပြောမှ ကိုယ့်ခြေထောက်ကိုယ် ငုံ ့ကြည့်မိတော့ လက်ကိုင်ပုဝါ ဖြူဖြူလေး။
“ လက်ကိုင်ပုဝါလေး နှမြောစရာကြီးကွာ…”
“ ရပါတယ် ဆရာရဲ့ ဘယ်လောက်မှ မတန်ပါဘူး… ဆရာကုတင်ပေါ် ခြေထောက်တင် ထိုင်လိုက်နော်.. တွဲလောင်းကြီး ချထားတော့ သွေးကျတယ်.. ”
ပြောရင်းနှင့် အနားမှာ ချထားသော စနိုးတာ၀ယ်လ် လေးကို အမှိုက်ခြင်းထဲ ကောက်ထည့်ကာ အိတ်လေးလွယ်လျှက် ထရပ်လိုက်သည်။
“ ဘယ်သွားမလို ့လည်း…”
ဘာလို ့သည်လိုမေးလိုက်မှန်း ကိုယ့်ဘာသာပင် မသိတော့။ သေသေချာချာ သိလိုက်သည်က ခုချိန်မှာ သူမကို အနားမှ ထွက်မသွားစေချင်။
“ တစ်ယောက်ယောက်ကို သွားခေါ်မယ်လေ.. ဆရာ ဆေးခန်းသွားရမှာပေါ့…”
“ ဖိုးကျော် ဆေးသွား၀ယ်နေတယ်မဟုတ်ဘူးလား…”
“ ဟုတ်.. နံမည်တော့ ငုမသိဘူး.. စောစောက တစ်ယောက် ဆေးသွား၀ယ်တာတော့သိတယ်… ဒါမယ့် အဲ့တုန်းက ဆရာ့ခြေထောက်က အကောင်းလေ…”
“ ဟဟ.. ခုကော ကျိုးနေလို့လား…”
“ အာ.. ခြေဖဝါးကြီး ကွဲသွားတယ်လေ ဆရာရဲ့… ခဏနေ အနာရင်းလာလိမ့်မယ်.. လူကလည်း ဖျားနေပြီးတော့…”
ပြောပြီး သူမ ထွက်သွားတော့ သူ ့ရင်ထဲ ဟာသွား၏။ မိန်းကလေးတစ်ယောက်ကို ရူးသွပ်စွာ ချစ်ဖူးပါသော်လည်း ခုလို တသိမ့်သိမ့် ကြည်နူးမှုမျိုး မခံစားခဲ့ရဘူးပါ။စူးရှလောင်မြိုက်သော အချစ်၏ လွှမ်းမိုးမှုဒဏ်ကို လွန်ခဲ့သော နာရီပိုင်းလောက်က အထိ မခိျမဆန် ့ ခံစားနေရသည်ပဲ။ အခု သူ ့ စိတ်ထဲတွင် ညင်သာသော ရေစီးသံတစ်ခု ကြားနေမိသည်။
အေးမြသော လေညှင်း၏ အထိအတွေ့တွင်ပန်းရနံ့တို့ထုံမွှမ်းနေ၏။ ငုဝါ… သည်မိန်းကလေးက ပန်းကလေးလား လိပ်ပြာလား။ ဖြစ်နိုင်လျှင် သူမနှင့် ခဏဖြစ်ဖြစ် စကားပြောချင်သေးသည်။ဆေးခန်းသွားပြီး ပြန်ရောက်တော့ ဆိုင်တွင်ဖျော်ဖြေပွဲတွေက စ နေပြီ။ တီး၀ိုင်းဘက် မျက်လုံး ကစားကြည့်တော့ ဂစ်တာလေးနှင့် ကောင်မလေး။
မည်သူ့ကိုမျှ အာရုံမစိုက်ဘဲ မျက်လုံးလေး မှိတ်ကာ ဂီတတွင်စီးမြောရင်း ဖျော်ဖြေနေသည်။ ဆန်းသစ်သော ဆင်ယဉ်ထုံးဖွဲ ့မှုများ မပါ၀င်သည့် သူမပုံစံလေးက အခြားသူများအတွက် မပြောတတ်သော်လည်း မိမိအတွက်တော့ ကဗျာတစ်ပုဒ်ပင်။
ကောင်လေးတွေ လာပေးသည့် စွတ်ပြုတ်တစ်ခွက် သောက်ကာ ဆရာ၀န်ပေးလိုက်သော ဆေးများကြောင့် သူအိပ်မောကျသွားသည်။ ပြန်နိုးတော့ ဆိုင်တစ်ခုလုံး တိတ်ဆိတ်နေပြီ။ ရင်ပူလာသလိုလို ခံစားချက်ကြောင့် ရေသောက်ရန် စိတ်ကူးမိတော့ ညနေတုန်းက သူမတိုက်သည့် ရေတစ်ခွက်ကို သတိရမိ၏။
ဖြစ်နိုင်လျှင် မိုးမြန်မြန်လင်းချင်ပြီ။ မနက်ဖြန်တစ်နေ့လုံး ဘယ်မှ မသွားဘဲ အနားယူရန် စိတ်ကူးမိ၏။ ဆွဲလက်စ အဆောက်ဦး ဒီဇိုင်းများကိုသည်မှာပဲ လက်စသတ်ပြီး ညနေသူမ ရောက်လာမည့်အချိန်ကို စောင့်ကြည့်ချင်မိသည်။
~~~~~~~~~~~~~~~~~~~~~~~~~~
(09)
“ တီ…တီ…တီ…”
တယ်လီဖုန်းမြည်သံကြောင့် အိပ်မောကျနေသော ၀တ်ရည်ချို လန့်နိုးသွား၏။ ဟူးးး… သက်ပြင်းချကာ ဘေးကိုကြည့်လိုက်တော့ ဦးအောင်မြင့် ရှိမနေ။ ဘယ်အချိန်ကတည်းက ထ ထွက်သွားတာပါလိမ့်။ ခဏနေတော့ ရေချိုးခန်းမှ ရေဆွဲချသံကြားရသည်။
ဖုန်းမြည်သံလည်း ပြန်တိတ်သွားပြီမို ့ သူမ မျက်စိမှိတ်ကာ ဆက်အိပ်နေလိုက်၏။ တေးကမ္ဘာဆိုင်တွင် အဆိုတော် ဖြစ်ပြီး တစ်ပါတ်အတွင်း နဂိုကတည်းက ဇ မသေးသော မိချို.. ပုရိသတို့၏ အချစ်တော်လေး ဖြစ်ခဲ့သည်ပေါ့။
ရောက်စကတော့ ဘာမသိညာမသိနှင့် တီး၀ိုင်းခေါင်းဆောင် မင်းမင်းနှင့် ညိလိုက်သေးသည်။ မိမိ သိပ်လက်တည့်စမ်းချင်နေသော ကာမ အရသာကို စိတ်ကြိုက် စမ်းသပ်ခဲ့သည်ပေါ့။ ရည်းစားဖြစ်သော စည်သူက မိမိကို ပိုင်စိုးပိုင်နင်း ချုပ်ချယ်ချင်သည်။မိချို ကတော့ ဤသို့အနှောင်အတည်းများကို စိတ်ကုန်၏။ နဂိုကတည်းက သူ့ကိုချစ်လွန်းလို့ပြန်ကြိုက်ခဲ့တာမှ မဟုတ်ဘဲ။ ဆန့်ကျင်ဘက်၏ အထိအတွေ ့ကိုတောင့်တမှု သက်သက်ကြောင့်သာ သူ့ကို လက်ခံခဲ့တာလေ။
နောက်ပိုင်း လူရည် လည်သထက် လည်လာတော့ အူကြောင်ကြောင် ရည်းစားကို ပင်စင်ပေးလိုက်သည်ပေါ့။ ယခုဆို မိမိက အထည်ကြီးကိုင်။ အချိန်တိုအတွင်း ဆရာမကြီးတစ်ပိုင်း ဖြစ်လာသောကြောင့် ကနဦး ပါတ်သက်ခဲ့သူ မင်းမင်း ပင်လျှင် မိမိအတွက် အပျင်းဖြေစရာ အရုပ်ဖြစ်လာခဲ့သည်။
ယခုလည်း ဆိုင်သို ့လာနေကျ လုပ်ငန်းရှင် သူဌေးတစ်ဦး၏ ဖိတ်ကြားချက်အရ ငပလီကမ်းခြေသို ့ အဖော် အဖြစ် လိုက်ပါ ခဲ့ရခြင်းပင်။ တေးကမ္ဘာဆိုင်မှာက အဆိုရှင် ၀န်ထမ်းတိုင်း တစ်ပါတ်လျှင် တစ်ရက် နားခွင့်ရှိသည်။ ပုံမှန် နားရက် မယူလိုသူများအတွက် ( ၂ )လ ပြည့်လျှင် ခွင့်တစ်ပါတ်ပေး၏။ သူမက စ ရောက်ကတည်းက နားရက် မယူခဲ့သူမို့ယခု ( ၂ ) လပြည့်တော့ ခွင့်ရက်ရှည်ရသည်ပေါ့။ ဆိုင်တွင် အလုပ်၀င်ကတည်းက ၀င်ငွေက မဆိုးလှသော်လည်း မိမိပြန်သုံးရသည့် စားရိတ်နှင့် မကာမိ။
အသုံးဖြုန်းကြီးသော မိချို လည်သလို စီးပွားရှာတော့သည်။ ဆိုင်တွင် ၀င်ထွက်သွားလာနေသော လုပ်ငန်းရှင် သူဌေး အတော်များများ မိချို နှင့် မကင်း။ မိချိုက ပြုစုယုယမှုကောင်းယုံသာမက အချူ အချွဲကလည်း ကောင်းသည်လေ။ နောက်တစ်ခု သာသည်က သူမ၏ ပင်ကိုယ် လိင်ဆန္ဒ ပြင်းထန် စိတ်ပေါ့။
သံယောဇဉ်တွေ နှောင်ကြိုးတွေ အာရုံနောက်သည်။ သူမအဘို ့က ကုတင်ပေါ်တွင် အာသီသ ပြည့်၀ဘို့သာအဓိက။ ကျန်သည့် အနှောင်အဖွဲ ့ကတော့ မိမိကိုယ်တိုင်လည်း မကြိုက်။ ယခုလည်း သူဌေးဦးအောင်မြင့် ဆိုသူနှင့် ဤခရီးသို့ပါလာခြင်းဖြစ်သည်။
“ စောစောက ဖုန်းလာတယ်နော်.. ဦး…”
“ အွန်း.. နိုးနေပြီလား… အိပ်ပုတ်…”
“ ပင်ပန်းတာကိုးလို့… ”
“ ဟဟ.. ဘယ်မှာ ပင်ပန်းလည်း လာစမ်းပါဦးကွ.. ပင်ပန်းတဲ့ကောင်မလေး..”
“ ဦးနော်.. မဟုတ်လို့လား.. သည်ရောက်ကတည်းက နေ့ရော ညရော…”
“ အွန်း… ဆက်ပြောလေ.. နေ့ရော ညရော ဘာဖြစ်လည်း…”
“ သိဘူး…”
“ လာခဲ့ သိအောင်လုပ်ပေးမယ်…”
“ ဟိုးထား ဆရာကြီး.. ဖုန်းပြန်မဆက်ဘူးလား.. ဦးရ…”
“ ထားလိုက်… သည်အချိန်မှာ တခြားဘာမှ အရေးမကြီးဘူး…”
ပြောလည်းပြော ကုတင်ပေါ်တက်ကာ အချစ်ကြမ်းရန်ပြင်တော့၏။ ဦးအောင်မြင့်က အသက် (၄၀) ၀န်းကျင် အရွယ်။ နှလုံးရောဂါသည် ဖြစ်သူ ဇနီးကြောင့် မိမိ၏ ခွန်အားတို့ကို ထင်တိုင်း သုံးခွင့် မရသူတစ်ဦး။အိမ်ထောင်ရေး အရှုပ်အရှင်းတော့သူ မလုပ်။ ကြေးစားများနှင့် ထင်သလိုနေသည်။ မိချိုနှင့် မဆုံခင်ကပေါ့လေ။ နောက်ပိုင်း တေးကမ္ဘာတွင် မိချိုနှင့် တွေ ့ဖြစ်ကြတော့ အလိုက်သိသော မိချိုကြောင့် ဦးအောင်မြင့် အာရုံ အခြားသို့မရောက်တော့။ မိချိုမှ မိချို ဖြစ်လာသည်။
လူသိရှင်ကြား အငယ်အနှောင်းလုံးလုံး မဟုတ်သော်လည်း မိချိုက သူ့အတွက် မူပိုင်။ အချည်အနှောင် မခံလိုသောသူ အချင်းချင်းမို့ အပေးအယူ မျှသည်လို ့ပြောရမည်။ ယခုလည်း ငပလီ ကမ်းခြေ အပန်းဖြေခရီး နှစ်ယောက်တည်း။ သည်နေ့က နောက်ဆုံးနေ ့ပေါ့။
ဦးအောင်မြင့်တစ်ယောက် ကုတင်ပေါ်ရောက်သည်နှင့် မိချို ခြုံထားသော စောင်ကို ဆွဲခွာလိုက်သည်။ အလိုက်သိသော မိချိုကလည်း ပြင်းပြင်းရှရှ အနမ်းတို့ဖြင့် ကြိုဆိုလျှက်။ နှုတ်ခမ်းနှစ်ခု အငမ်းမရ နမ်းရှိုက်ရင်း လျှာချင်း ထိတို့ကျည်စယ်ကြ၏။ ဦးအောင်မြင့် လျှာကို မိချို တစ်ချက် စုပ်ဆွဲလိုက်သည်။
သည်သို့ ကျည်စယ်မှုကို ဦးအောင်မြင့် အလွန် နှစ်သက်မှန်း မိချို မှတ်ထား သည်လေ။ သူ့လက် အစုံတို ့က မိချို ခန္ဓာကိုယ် အနှံ့သို့ပွတ်သပ်နေ၏။ နောက်တော့ မိချိုလက်ကို အသာ ယူဆွဲပြီး သူ ့ ညီလေးပေါ် တင်လိုက်၏။ ည၀တ်စုံအောက်မှ ညီတော်မောင်က ဗလပြနေပြီ။
ဇနီးဖြစ်သူထံတွင် ဖွင့်ဟခွင့်မရသော ဒေါသက မိချို အတွက် ယမ်းပုံ မီးကျ ပေါ့။ မိချိုလည်း သူ ့အလိုကျ ပြုစုဘို ့ ပြင်ဆင်လိုက်သည်။ သူ့ ညီလေးကို အားရ ပါးရ နမ်းရှိုက်ရင်း လျှာထိပ်လေးနှင့် ထိတို ့ ကျည်စယ်ကာ တစ်ဆင့်ခြင်းတက်ပြီး စုပ်ပေး လိုက်သည်။
ထို့နောက် လျှာဖျားနှင့် အကွဲကြောင်းလေးကို ထိုးပြီး သူ့ညီလေးကို အာဂလောင်ထဲ အထိရောက်အောင် ထိုးသွင်းကာ စုပ်ပေး လိုက်၏။ ခဏလောက်နေတော့ ဦးအောင်မြင့် ဒေါသတွေ ထိန်းမရတော့။ ညီလေးကို အားပါးတရ အကြင်နာပေးနေသော မိချိုကို ဆွဲမထူကာ ကုတင်ပေါ်တွင် လေးဘက်အနေအထားရောက်အောင် ပြင်ယူလိုက်၏။
ထို ့နောက် ခါးကျဉ်ကျဉ်ကလေးကို ကိုင်ကာ နောက်မှ တလစပ် ဆောင့်သွင်းတော့သည်။ အပေးကောင်းသော မိချိုကလည်း ခန္ဓာကိုယ် ရှေ ့ပိုင်းကို အ၀တ်ပျော့ အရုပ်တစ်ခုပမာ လျှော့ချထားပြီး နောက်ကို စီးချက်ညီညီ ပြန်ဆောင့်ပေး၏။ နှစ်ဦးသား တက်ညီလက်ညီ ချီတက်ကြရင်း
“ အာ… ရှီးးး”
“ အ.. အ.. ဦးးး မြန်မြန်.. မြန်မြန်လေး ဆောင့်.. ဆောင့်ပေး.. အင့်..အင့်..”
စိတ်လွတ်လက်လွတ် မြည်တမ်းကာ ကာမ၏ အထွတ်အထိပ်ခရီးဆုံးသို့ရောက်ရှိအနား ယူဖြစ်ကြ၏။ နှစ်ဦးသား ကုတင်ပေါ်တွင် လဲလျှောင်းရင်း အချိန်ကိုကြည့်တော့ မနက် ကိုးနာရီ။ မနက်ဖြန် ရန်ကုန်ပြန်ဖြစ်မည်မို့ လက်ဆောင်ပစ္စည်းလေး ဘာလေး ၀ယ်ကြရန်တိုင်ပင်ပြီး ရေချိုး သန် ့စင်ကာ ဈေးဘက် ထွက်ခဲ့ကြသည်။
မိချို လက်ညှိုးထိုးသမျှ ဦးအောင်မြင့် အကုန်၀ယ်ပေး၏။ ကာမဂုဏ်ကို စိတ်ကြိုက် ခံစားရယုံသာမက လိုချင်သော လက်ဆောင်ပဏ္ဏာများပါ ရနေသော သည်လို ဘ၀မျိုးကို အောက်ကျ နောက်ကျနိုင်သည်ဟု ၀ေဘန်ကြသူများအား မိချို အံ့သြမိသည်အမှန်။
ကိုယ့် အယူအဆနှင့် ကိုယ်ကတော့ အင်မတန် နေသာသည်ပဲလေ။ မနက်ဖြန်ညနေဆို ရန်ကုန်ပြန်ရောက်.. တေးကမ္ဘာတွင် သီချင်း ပြန်ဆိုရမည်။ ဦးအောင်မြင့်ကို အပိုင်ကိုင်ထားနိုင်သော်လည်း သီချင်းဆိုသော အလုပ်ကိုတော့ မိချို မစွန့်လွှတ်ချင်။စိတ်လက်ပေါ့ပါးပြီး ပျော်စရာကောင်းသောကြောင့်ပင်။ လူတစ်ဦးတစ်ယောက်၏ ချည်နှောင်ခြင်းကို မခံလိုသည့်နေရာမှာတော့ မိချိုက အမေ့ထက်ပင် သာပါလိမ့်ဦးမည်။ လက်သာရာမှာ ပျော်သလိုနေ.. အဆင်ပြေတဲ့သူနဲ့အိပ်.. မိမိကို အချဉ်မှတ်ပြီး အပိုင်တော့ လာမချည်နှင့် မိချို စိတ်က သည်လို။
~~~~~~~~~~~~~~~~~~~~~~~~~~~
(10)
တနေကုန် အခန်းအောင်းကာအလုပ်များလုပ်နေလိုက်ပြီး ညနေငါးရီမထိုးခင်ကတည်းကသူမကိုမျှော်နေမိသည်။မနေ့ကတွေ့ကြတာ သည်အချိန်ပဲလေ။ နေ ့လည်ကလည်း ဆိုင်မှ ချာတိတ်တစ်ယောက်ကို လွှတ်ကာ အဖြူရောင် လက်ကိုင်ပုဝါလေးများ ၀ယ်ခိုင်းလိုက်သေးသည်။
သူမရောက်လာလျှင် ကျေးဇူးတင်ကြောင်းပြောရင်း လက်ကိုင်ပုဝါလေးများ အစား ပြန်ပေး လိုက်မည်ပေါ့။ ညကလည်း ထပ်မတွေ ့လိုက်ရဘူးလေ။ ထိုစဉ် အနားသို့ မျိုးအောင်ရောက်လာ၏။
မရှေးမနှောင်းပင် ခေတ်မှီစွာ ၀တ်စား ပြင်ဆင်ထားသော ကောင်မလေး တစ်ဦး ဆိုင် ခြံ၀န်းထဲရောက်လာကာ မိမိတို ့ အနားလာရပ်သည်။
“ အကို ဒါ ၀တ်ရည်ချိုလေ.. ဦးတင့်ဆွေ တူမ ဆိုတာ..”
“ အော်.. အွန်း.. အဆင်ပြေတယ် မဟုတ်လား.. ဦးတင့်ဆွေလည်း မတွေ့တာ တောင် တော်တော် ကြာပြီ…”
“ ဟုတ်ကဲ့ အဆင်ပြေပါတယ် အကို.. ဦးကလည်း အကို့ကိုမေးပါတယ်…”
“ အွန်း.. တရက်လောက်တော့ ချိန်းဦးမှပါ... ကိုယ်လည်း ဆိုင်ကိုမရောက်တာ အတော်ကြာနေပြီ ဆိုတော့လေ…”
သူတို့ စကားပြောနေစဉ် ငုဝါ ခြံ၀န်းထဲ ၀င်လာသည်။ ပုံစံလေးက တွေ ့နေကျအတိုင်း ရှပ်အကျီလေးနှင့် ခြေသလုံးတစ်၀က် ဂျင်းဘောင်းဘီ အကျပ်လေး.. သည်နေ ့ ခေါင်းပေါ်မှာ ပန်လာတာက ပန်းပွင့်သေးသေးလေးတွေ စီထားသော ဘီးကုပ် ပန်းရောင်လေး။
လှမ်းနှုတ်ဆက်ရန် ကြံစည်လိုက်သော်လည်း သူမက ဘယ်သူ့ကိုမှမကြည့်ဘဲ ခေါင်းငိုက်စိုက် ချကာ ဆိုင်ထဲအထိ တန်းလျှောက်သွားသည်
“ သည်ကလေးမတစ်မျိုးပါလားငါ့တောင်နှုတ်လေးဘာလေး ဆက်မသွားဘူး.. မနေ ့က လုပ်ပေးကိုင်ပေးခဲ့တာ သူမဟုတ်တဲ့အတိုင်းပဲ.. ဘယ်လို ဟာလေးပါလိမ့်.. ”
တနေကုန် မျှော်နေမိသော စိတ်က ညစ်ချင် သလိုလို ဖြစ်သွားသည်။ သူမ သူ ့ကို မမြင်တာလား.. မမြင်ချင်ဟန် ဆောင်တာလား။ ထိုစဉ် ကိုမျိုးအောင်က …
“ ငုဝါရေ.. ညီမ ခဏ…”
လှမ်းခေါ်လိုက်တော့မှ သူမ ပြန်လှည့်လာသည်။ ၀တ်ရည်ချိုကို တစ်ချက် ကြည့်ကာ ပြုံးပြလိုက်ပြီးမှ..
“ သက်သာ သွားပြီလား ဆရာ..”
“ အွန်းးး…”
စိတ်ထဲကတော့ နည်းနည်း ဖုမိသည်ပေါ့။ တကယ်ဆို ခြံထဲ ၀င်လာကတည်းက အရင်လာနှုတ်ဆက်ပြီး မေးရမှာမဟုတ်ဘူးလား။ ခုလည်း သူ့ကိုနှုတ်မဆက်ခင် ၀တ်ရည်ချိုကို အရင်ပြုံးပြနေသေးသည်။
အမြင်ကတ်စရာလေး။ ၀န်ထမ်းတွေ၏ တလေးတစား ဆက်ဆံမှုများ လုပ်ဖော်ကိုင်ဖက်များ၏ နေရာပေးမှုများကို သူ ဘယ်တုန်းကမှ မသာယာတတ်ပါ။ မျှော်လည်း မမျှော်လင့် ခဲ့ဘူးပါ။ သို့သော် သည်ကောင်မလေး ထံမှ တစ်ကြိမ်တည်းသာ ရခဲ့ဘူးသော ဂရုစိုက်မှုကို ဘာအကြောင်းကြောင့် သည်လောက် နှစ်ခြိုက် နေမိမှန်း သူ ကိုယ်တိုင်ပင် မသိချေ။ နေ့လည်က သူမ၏ ကိုယ်ရေးရာဇ၀င် စာရွက်ကို ယူကြည့်ထားသည်။ အသက် (၂၀) ပင်မပြည့်သေးသော သူမက သူ့ထက် (၁၀) နှစ်နီးပါး ငယ်သည်ပေါ့။
သို့သော် မနေ့ညက သူမ၏ အရေးတယူ ပြုစုပေးမှုများက မိခင် တစ်ဦးသဖွယ်။ ငယ်စဉ်ကတည်းက အထီးကျန်ခဲ့သော သူ့ဘ၀တွင် ချစ်မိသူ တစ်ဦး ရှိပါသော်လည်း လက်လွှတ်ဆုံးရှုံးခဲ့ရသူမို့ရှားရှားပါးပါး ရဖူးသော ထိုကောင်မလေး၏ အကြင်နာကို သူ တမ်းမက် မိသည် ထင်ပါရဲ့။
ကိုမျိုးအောင်က ကောင်မလေး နှစ်ယောက်ကို မိတ်ဆက်ပေးနေစဉ် အနီး သို့မင်းမင်းလည်း ရောက်လာ၏။ လူငါးယောက်၏ မတ်တပ် စကား၀ိုင်းကလေးတွင် သူ ့ အာရုံ အားလုံးနီးပါးက သူမ ထံတွင်..
“ ကဲ အဆိုတော် နှစ်ယောက်ကို မိတ်ဆက်ပေးရဦးမယ်.. မိချိုရေ.. သည်က ညီမက တစ်နေ့ကမှ အသစ်ရောက်တာ.. ငုဝါ တဲ့ ညည်းတို့သက်တူရွယ်တူလေးတွေ သူငယ်ချင်း ညီအစ်မပေါ့ကွာ..”
ကိုမျိုးအောင်၏ စကားကို သွက်သွက် လက်လက် တုန့်ပြန်လိုက်သည်က ငုဝါ။
“ ဟုတ်.. ငုက အသစ်ဆိုတော့ မချိုကပဲ လိုတာလေးတွေ သင်ပေးနော်.. ငုက သီချင်း ဆိုတာက လွဲရင် ဘာမှ မလုပ်တတ်လို့ပါ..”
သူမစကားကြောင့် သူတစ်ဦးတည်းသာ မက ကိုမျိုးအောင်ကော မင်းမင်းပါ ပြုံးမိသွားသည်။ မိချို မျက်နှာပေါ်တွင်တော့ အေးစက်သော လေတစ်ချက် ဖြတ်တိုက်သွား၏။ စိတ်ထဲကလည်း ပြောလိုက်မိသည်..
“ ငါကကော ဘာတွေ လုပ်တတ်နေလို့လည်း…”
ပေါ့။ ပါးစပ်ကတော့ ထုတ်မပြောတော့ပါ။ ခုမှ မျက်နှာချင်း ဆိုင်ရသည့် စည်းကမ်းကြီးသော ဆိုင်ရှင် သူဌေးရှေ့တွင် အပိုစကားများ မပြောချင်ပေ။
ဆိုင်ရောက်စကတည်းက ပိုင်ရှင်ဦးဉာဏ်လင်းညို အကြောင်း မိချို စုံစမ်းထားပြီးသား။ ဦးတင့်ဆွေတို့အိမ်သို့၀င်ထွက်ရင်း မာလာလေး ပြောပြတာလည်း ပါသည်ပေါ့။ မိချိုကတော့ ဦးဉာဏ်လင်းညိုကို လုံး၀ စိတ်မ၀င်စားချေ။ ချစ်သူကို ချစ်ပါလျှက်နှင့် ရအောင် မယူသော လူတစ်ဦးဟုပင် မြင်မိသည်။
မိမိတွင် ရှိနေသော ကိုယ်ပိုင် အရည်ချင်းနှင့် ပိုင်ဆိုင်မှုများက နည်းတာလည်း မဟုတ်ဘဲ။ နည်းနေသည်က သတ္တိပေါ့လေ။ မိချို စိတ်နဲ့မကိုက်။
“ ဟဲ့.. ဆွိ.. အသစ်ကို စကားလေးဘာလေး ပြန်ပြောဦးလေ ဟာ.. ”
လူက ဖုသွားပါသည် ဆိုမှ မင်းမင်းကလျှာ ၀င်ရှည်နေသေးသည်။ စကားဆိုတာ ပြောချင်တိုင်း ပြောလို့ရတာမှ မဟုတ်ဘဲ။ မင်းမင်း ဘက်သို ့ မျက်စောင်းလှည့် ထိုးရင်း ငုဝါကို လှည့်မေးလိုက်၏။ လေသံနှင့် မျက်နှာကြောကိုတော့ တတ်နိုင်သလောက် လျှော့ရသည် ပေါ့လေ.. သူဌေးရှေ ့မှာကိုး။
“ အွန်းး အသက် ဘယ်လောက် ရှိပြီလည်း.. ”
“ ၂၀ ထဲမှာပါ အစ်မ..”
“ တူတူပဲ အာ့ဆို.. မိချိုလို့ခေါ်ပေါ့ ရင်းရင်းနှီးနှီး.. နံမယ်က ငုဝါနော်..သီချင်းဆိုလည်း သည်နံမည် နဲ့ပဲလား”
“ ပန်းကလေးလို့ ပေးထားပါတယ်..”
“ ငါပေးတာလေ.. အဲ့နံမည်..”
စပ်ဖြီးဖြီး ၀င်ပြောသော မင်းမင်းကို မိချို မျက်စောင်းထိုး လိုက်၏။ သည်ကောင့် သောက်ကျင့်က ပြလာပြီ။ စောစောက အလိုက်မသိ ပြောလိုက်သော စကားကြောင့် ငုဝါကို အမြင်ကတ်မိရတဲ့ အထဲလေ။ အမှန်တော့ မင်းမင်းက သူ ့အတွက် ကစားဖော် သက်သက်ပါ။
ဒါပေမယ့် မိန်းကလေးတို ့ သဘာ၀ အားလုံး၏ အာရုံကို မိမိတစ်ဦးတည်းသာ ယူချင်သည်ပေါ့။ ခုလောလောဆယ်တော့ ရပ်နေသော ယောကျၤားအားလုံး အကြည့်က ငုဝါထံမှာ။ အသစ်မို့လို့ထင်ပါရဲ့လေ။ အထူးသဖြင့်တော့ မင်းမင်းပေါ့။
မျက်နှာ တစ်ခုလုံး မီးခိုး တလူလူ ထွက်နေပုံက ရွံစရာ ကောင်းလှ သည်။ မိမိနှင့်တုန်းက သူ့ကိုယ်သူ ၀တ်ရည်စုပ်ငှက်လို့တင်စားခဲ့သောစားနေကျ ကြောင်ဖားကောင်။ ခု ပန်းကလေး ကိုလည်း ၀တ်ရည်စုပ်ဦးမယ် ထင်ပါရဲ့။ စောင့်ကြည့် ရသေးတာ ပေါ့လေ။ သီချင်းပဲ ဆိုတတ်ပါတယ် ဆိုတဲ့ ကလေးမ။အလုပ်ပဲ ဦးစားပေးပါသည် ဆိုသော ကိုမျိုးအောင်ကလည်း ပန်းကလေးကို ပီတိပြုံးကြီးနှင့် ကြည့်နေ၏။ နောက်ဆုံး သူဌေး ဦးဉာဏ်လင်းညို ပင်လျှင် ပန်းကလေး မျက်နှာပေါ် ပစ္စည်းပျောက် ရှာနေသေးသည်။
နတ်ပန်းနွယ်သာကီကို မခူးရဲတော့ ငုဝါပန်းပဲ ပန်တော့မယ် ထင်ပါရဲ့။ လူတိုင်းကို အမြင်ကတ်နေသော မိချို တစ်ယောက် မင်းမင်း ဘာပြောလိုက်မှန်း ရုတ်တရက် မကြားလိုက်ချေ။
“ ဟဲ့ ငါပြောနေတာ ကြားလား.. ငပလီက ပြန်လာပြီး ဘာတွေများ စားမြုံ့ပြန်နေတာလည်း မရွှေဆွိရယ်…”
“ အွန်.. ဘာပြောလိုက်လို့လည်း…”
“ သည်ည နင်တို့နှစ်ယောက် စုံတွဲ ဆိုပါလားလို့..”
“ အာာ ကိုမင်းကလည်း…”
“ ဟ.. ငါအကောင်းပြောတာ.. မိန်းကလေး အတွဲသီချင်းတစ်ပုဒ်ကို နှစ်ယောက်တွဲ ဆိုဘို ့ပြောတာ.. ”
“ ဟုတ်သားပဲနော်.. ချိုက စီနီယာဆိုတော့ ငုကို အာ့လို တွဲခေါ်ပေးရင် ငု ပို အဆင်ပြေမှာ.. ”
ပြုံးပြုံးလေး ပြောလိုက်သော ငုဝါ စကားကြောင့် ကာယကံရှင် မိချိုတော့ မည်သို့နေမည်မသိ ဉာဏ်လင်းညို ရင်ထဲတော့ ပီတိ စမ်းချောင်းလေး ဖြတ်စီးသွားပြန်သည်။အလိုက်သိတာ.. ဟုတ်တယ် သည်ကလေးမ အလိုက်သိတာ။ စောစောက အေးစက်စက် ဖြစ်နေသော မိချို မျက်နှာ ဖျက်ကနဲ အရောင်တစ်ချက် လက်သွား၏။ ကိုမျိုးအောင်က အသံထွက် ရယ်သည်။
မင်းမင်း စိတ်ထဲတော့ ငုဝါက သာတာပေါ့ကွယ်ဟု တွေးနေမိ၏။ သို့သော် မပြောရဲ။ သူ့ရည်ရွယ်ချက်က ပန်းကော ၀တ်ရည်ကောလေ။ သူမတို ့ နှစ်ယောက်တည့်နေတော့ မိမိ စီမံကိန်းအတွက် ပို အဆင်ပြေတာပေါ့။ စောစောက ကောက်ချိတ်ချိတ်ဖြစ်နေသော မိချို စိတ်ကောင်း နည်းနည်း၀င်သွားပုံပင်။
“ အာ မဟုတ်တာ.. တို ့လည်း အာ့လောက်ကြီး မကြာသေးပါဘူး.. ”
“ မကြာသေးပေမယ့် ငုထက် အတွေ့အကြုံပိုများတယ်လေ.. ငုက သီချင်းနဲ့မစိမ်းပေမယ့် လူရှေ့တစ်ခါမှ မရောက်ဖူးဘူး.. သည်နေ့ထိလည်း သီချင်း ဆို ဆိုလို့သာ ဆိုဖြစ်လိုက်တာ စင်ပေါ် ရောက်ရင် လူတွေကို မကြည့်ရဲဘူး မြင်လည်း မမြင်တော့သလိုပဲ.. ”
“ အစပိုင်းတော့ သည်လိုပါပဲ.. တို့တုန်းကလည်း သည်လိုပါပဲ.. နောက်တော့ တဖြည်းဖြည်း အဆင်ပြေသွားမှာပါ.. တို ့လည်း တတ်နိုင်သလောက် ကူညီမှာပေါ့ မပူပါနဲ့.. ”
“ ကျေးဇူးတင်လိုက်တာ ချိုရယ်.. ငု မှားတာရှိရင်လည်း ပြောနော်.. ငုက နဂိုကတည်းက အပေါင်း အသင်း သိပ်မရှိဘူး.. ”
“ စိတ်ချ.. တို ့လည်း အဖော်မက်တယ်.. ခစ်ခစ်.. ကဲ ၀င်ကြမလား.. နဲနဲပါးပါး ပြင်ရဆင်ရအောင်..”
“ ဟုတ် ဟုတ်.. ငုတို ့ ၀င်နှင့်လိုက်မယ်နော်.. ဆရာလည်း လေစိမ်းမိပြီး အဖျားတာရှည်နေဦးမယ်..”
ပြောပြောဆိုဆို ထွက်သွားသော မိချိုနောက်သို့မလိုက်မှီ မိမိကိုလှည့်ကြည့်ရင်း အပြုံးနှင့် နှုတ်ဆက်စကား ဆိုသွား၏။ မိန်းကလေးပေါင်းများစွာ၏ အပြုံးများနှင့် မတူအောင် ထူးထူးခြားခြား ပြုံးတတ်သော သည်ကောင်မလေး.. သူမ၏ ချစ်စရာ အပြုံးမျက်နှာလေးက သူ ့မျက်လုံးထဲတွင် ကျောက်ထက် အက္ခရာတစ်ပုဒ် ပမာ စွဲမြဲထင်သာလျှက်။
သူ့မျက်နှာကို ကြည့်ကာ စိတ်ပူသလိုလို ဆရာလုပ်သလိုလို သတိပေးစကားလေးက ပြောသွားသေးသည်။ သည်လိုမှပေါ့.. မင်းတကယ် ဂရုစိုက်သင့်တဲ့သူက ငါလေ.. မင်းကိုယ်တိုင် ပြုစုပေးထားတဲ့ငါ့ကို မင်းဆက်ပြီး ဂရုစိုက်ရဦးမှာပေါ့။
သူမတို ့နှစ်ယောက် ဆိုင်ထဲသို့၀င်သွားနှင့်တော့ နောက်ကျောပြင်များကို ငေးကြည့်ရင်း စကားစ လိုက်သူက ကိုမျိုးအောင်..
“ ဘယ်လိုမြင်လည်း အကို.. ”
“ ဘယ်သူ ့ကိုလည်း… မဆိုးပါဘူး.. နှစ်ယောက်လုံး.. ”
“ မိချိုက အဆို မညံ့လှပါဘူး.. ဒါပေမယ့် အဆိုပိုင်းမှာ ငုဝါက သာတယ်.. ဆွဲဆောင်မှုကတော့ မိချိုကို မမှီဘူး.. ”
“ အွန်းလေ.. ဘာပဲဖြစ်ဖြစ် ပြဿ နာ ကြီးကြီးမားမား မဖြစ်ရင်ပြီးတာပါပဲ.. ငုဝါကြည့်ရတာ သည်လောကနဲ့ မစိမ်းလှသလိုပဲ.. ”
သူ့စကားကို ၀င်ကြားဖြတ်သူက မင်းမင်း။
“ အာ အကိုမသိလို့ အဲ့ကောင်မလေး ငတုံး ဗျ.. ဘာမှ မသိဘူး.. ကျနော် အကုန်ပြောပြနေရတာ.. ”
“ ဟဟ ဟုတ်လား.. ဒါဆို မင်းမင်း စင်တင်သည်ပေါ့…”
ကိုမျိုးအောင်၀င်ပြောသော အရွှန်း စကားကြောင့် သူ နည်းနည်း ကျွဲမြီးတိုမိသွားသည်။ အမှန်တော့ သည်ကောင်မလေး ဖြူစင်ရိုးသားမှန်း သူ ရိပ်မိပါသည်။ ဘေးလူစကား ကြားချင်မိလို့သာ စကားခင်း လိုက်ခြင်းပင်။ သည်အတိုင်းဆို လူတိုင်းနီးပါး သူမ မျက်နှာကို ဖတ်နိုင်သည်ပေါ့။ မင်းမင်းက ဆက်၍
“ မနေ့ကတောင် လိုအပ်တဲ့ အ၀တ်အစား ဘာညာ ကျနော်လိုက်၀ယ်ပေးရသေးတယ်..”
“ ဟုတ်လှချည်လား ငါ့ကောင်ရ..”
“ ဟုတ်တယ်ဗျ ကိုမျိုးရ.. သူကျနော့်ကို ကျေးဇူးတင်လို ့ ကော်ဖီတောင် တိုက်သွားသေးတယ်..”
“ ဟဟ ကော်ဖီနဲ့ကျေးဇူးဆပ်တယ်ပေါ့.. ကျေသွားလား ဟေ့ကောင်..”
“ ကိုမျိုးကလည်းဗျာ.. ကျနော်က ရိုးရိုးသားသား ပြောတာပါ.. လူသစ်ဆိုတော့လည်း ကူညီ သင့်တာပေါ့..”
“ အေးပါ ငါကကော ဘာပြောနေလို ့လည်း.. ”
“ ကောင်မလေးက သိပ်အလှကြီး မဟုတ်ပေမယ့် မျက်နှာကြည်တယ်ဗျ.. သူရယ်လိုက်ရင် ချစ်စရာလေး.. ဟီးဟီး”
“ မျက်လုံးနဲ့ရယ်လို့လေ.. အာ့မို့ချစ်စရာကောင်းတာ…”
“ ဘယ်လို ဘယ်လို.. ရှင်းအောင်ပြောဗျာ ကိုမျိုး.. ကဗျာတွေ မဖတ်နဲ့ကျနော်က ဒဲ့သမား..”
“ ဟကောင်ရ.. မင်းသတိထားမိလား လူတွေ ရယ်ရင် ဘာနဲ့ရယ်လည်း ပြောကြည့်…”
“ ပါးစပ် နဲ့ပေါ့ ဗျ..”
“ အေး အဲ့ဒီကောင်မလေးက မျက်လုံးနဲ ့ ရယ်တယ်.. မင်း မယုံရင် သေသေ ချာချာ ကြည့်.. သူရယ်တာက သူများနဲ ့ မတူဘူးကွ.. မျက်လုံး နဲ့နှစ်နှစ် ကာကာ ရယ်တာ.. ”
“ ဟဟ ကိုမျိုး တို ့ မပြောရင်လည်း အပြတ်.. ပြောရင်လည်း အရှင်း… လန်းတယ်ဗျာ.. သုံးသွားတဲ့ စကားလေးက… ဟားဟား.. ”
ကိုမျိုးအောင် စကားကြားမှ သူမ၏ အပြုံးမျက်နှာလေးကို သေသေချာချာ ပြန်ပုံဖော်ကြည့်မိသည်။ အနက်ရောင် မျက်ဆံ ကြီးကြီးလေးနှင့် ကလေးငယ် တစ်ဦးလို အပြာရောင် လဲ့နေသော မျက်၀န်း ဖြူဖြူလေးများကြောင့် ကာတွန်းရုပ်ကလေးနှင့် တူသည်ဟု သူထင်မိသော သူမ မျက်လုံးလေးများက နှစ်နှစ်ခြိုက်ခြိုက် ရယ် သတဲ့လား။
တော်တော်လေး ချစ်စရာကောင်းသော သူမ မျက်၀န်းတစ်စုံက လူတိုင်း အတွက် ထင်သာမြင်သာ ရှိနေပြီကော။ သူ ဘာလို့သည်လို မမြင်မိတာပါလိမ့်။တကယ်ဆို သူ ့စိတ်ထဲ စွဲနေမိသော သည်ကောင်မလေး၏ မျက်လုံးကလေးတွေ ရယ်နေတာကို သူ အရင်ဆုံး သိသင့်တာ မဟုတ်လား။ နှလုံးသားထဲတွင် မှတ်ချက်ချသံ တစ်ခုက ပဲ့တင်ထပ်လျှက်..
“ မျက်လုံးများနှင့် ရယ်တတ်သော မိန်းကလေး.. မျက်လုံးများနှင့် ရယ်တတ်သော မိန်းကလေး…”
တဲ့လား.. ကောင်မလေးရယ်။
~~~~~~~~~~~~~~
အပိုင်း ( ၄ ) ဆက်ရန် >>>>


No comments:
Post a Comment