Sunday, October 26, 2014

ကျွန်တော်နဲ့ ထူးဆန်းသော သစ်သားရုပ်ထုလေး အပိုင်း ( ၆ )

ကျွန်တော်နဲ့ ထူးဆန်းသော သစ်သားရုပ်ထုလေး အပိုင်း ( ၆ ) 

ရေးသားသူ – Chann Ko (ချမ်းကို)

[ဂမ္ဘီရအပြာဇာတ်လမ်းရှည်ကြီး]

“ ချီး! မင်းလည်း ဒီလောက် စာတွေပေတွေ ဖတ်ဖတ်ပြီးတော့ ဦးဏှောက်က ချေးစားတဲ့ဦးဏှောက် အဆင့်ကနေ တက်မလာပါလား”

….. ….. …..

“ ပြဿနာတက်တဲ့အချိန်က မင်းမူးနေတာလေ.. ဘယ်လိုပဲဖြစ်ဖြစ် မင်းအမှားပဲ ဖိုးသက်”

“ ဟိုကောင် လုပ်နေတဲ့ လုပ်ပေါက်က ကျနော့်ရည်းစားကို ပါးကိုင်နားကိုင်ဗျ ..။ ခင်ဗျားမှ မမြင်တာ ကိုရွှေဘကလည်း”

“ ဟ! အဲ့ဒါ ဒီလိုလုပ်စရာမှမလိုတာ..။ မင်းမကျေနပ်ရင် အသာလေးလျှိုပြီး မှတ်ထားခဲ့ …။ ပြီးမှ အပြင်မှာ အဲ့ကောင်ကို ဂုတ်ဆွဲပြီး… နောက် မင်းဆရာမနားမကပ်ဖို့ ငါကိုယ်တိုင် လိုက်ရှင်းပေးလို့ မရဘူးလား”

“ ဒါကတော့ ကျနော်လည်း ချက်ချင်းဆိုတော့ သွေးဆူမိတာလေ.. အဲ့လိုဘယ်တွေးမိမလဲဗျ”

“ အေးလေ.. ဖြစ်ပြီးမှတော့ ငါမပြောချင်တော့ပါဘူး …။ အခု ခင်ချိုမေက အရှက်ကွဲရပြီ …။ နဂိုက မာနက ခပ်ကြီးကြီးရယ် ..။ မင်းဘယ်လို ပြန်ချော့မလဲ အခု”

“ မချော့ပါဘူး.. ကျနော်သူ့ကို ဘယ်လောက်ချစ်လဲ သူသိသားပဲ..။ အိမ်ကိုနောက်နေ့သွားတာ ကျနော့်ကို စကားလည်းပြန်မပြောဘူး။ မျက်နှာချင်းလည်း မဆိုင်ဘူး…။ ကိစ္စမရှိဘူး နေပါစေ။ ပါးအချခံရတာ ကျနော်ဗျ..။ ဒါတောင် သူက မလျှော့ချင်ဘူး… ကျနော် ဂရုမစိုက်ဘူးဗျာ..”

ရပ်ကွက်ထိပ် ကြက်ခွပ်ပင်ကြီးတွေ အောက်က မီးကင်းတဲအမိုးအောက်က ကွပ်ပျစ်ပေါ် ပက်လက်လှန်လှဲရင်း ဆေးပေါ့လိပ်ကိုယ်စီဖွာလို့ ဟိုတနေ့က ဖြစ်တဲ့အကြောင်း ကိုရွှေဘကို တိုင်ပင်နေမိတော့ အဲ့ဒီလို အပြစ်တင်ခံ အဟောက်ခံလိုက်ရတယ်။ မိုးကုန်ခါနီး ညဆိုတော့ ခြေခင်းလက်ခင်းသာစပြုလာလို့ မီးကင်းတဲမှာ ထုံးစံအတိုင်း စကားဝိုင်းဖွဲ့ကြရင်း ကျနော့်ပြဿနာဆီ ရောက်သွားကြတာပေါ့။ 

ချာတိတ် ၃-၄ ကောင်ရယ်၊ ကျနော်ရယ်၊ ကိုရွှေဘရယ်အပြင် ထူးထူးခြားခြား ဦးရဲထောင် (မောင်မောင်ရဲ) ခေါ် ဘကြီးထောင်ပါ မီးကင်းတဲက ကျနော်တို့ စကားဝိုင်းဘေးမှာ ကွမ်းတမြုံ့မြုံ့လုပ်ရင်း လာဝင်ထိုင်နေတာဗျ။ အဲ့ဒီဘိုးတော်ကြီးက ကျနော့်အသည်းကွဲဇာတ်လမ်းကို ပြီတီတီမျက်နှာပေးနဲ့ ဝင်နားထောင်ရင်း ကွမ်းသွေးတစ်ပျစ် ထွေးထုတ်လိုက်ရင်း စကားဝင်ရောလာတယ်။

“ မထူးပါဘူး ငါ့တူဖိုးသက်ရာ …။ နင့်ရည်းစား ဆရာမလေးကို ချော့မရရင်လည်း လူရှင်းတဲ့အချိန် ချောင်းပြီး အတင်း တစ်ချီလောက် ဝင်ဆွဲပစ်လိုက်ပါလား ဟီးဟီး။ အဆင်ပြန်ပြေချင် ပြေသွားမှာပေါ့”

“ အာ! ဘကြီးထောင်က တစ်မျိုး …။ ခင်များ ကုန်စိမ်းသမလေးတွေက မုန့်ဖိုးရတော့ အဲ့လိုအလုပ်ခံချင်ခံမယ်… ဟိုဟာက ဆရာမဗျ..။ ပြီးတော့ ကျနော့်ထက်ကြီးတယ်..။ မဟုတ်တရုတ်တွေ လာပြောနေတယ် …။ ကျနော် ဂျေးအောင်းသွားအောင် လာ “မ” နေပြန်ပီ”

“ ဟီးဟီး! ငါက ငါ့တူလေး အသည်းကွဲနေတာ သနားလို့ပါကွာ …။ ဒါမှမဟုတ် ဒူးထောက်ပြီး တောင်းပန်သလို သွားလုပ်ချေ..။ လစ်ပြီဆိုမှ ထမီ ဆွဲချွတ်ပြီး ဘာဂျာဆွဲမှုတ်ပစ် ..။ ချက်ချင်း စိတ်ဆိုးမပြေရင် ငါ့ပါးလာချ”

“ ရည်းစားကိုပြန်ချော့တာ ဘာဂျာမှုတ်ပြီးချော့ရတယ်တဲ့ … မဟုတ်ကဟုတ်ကတွေ”

“ ငါတော့ ငါ့ကျောင်းအစ်မကြီး မသေခင်က ငါနဲ့ နောင်ဂျိန်ချပြီး စိတ်ကောက်တိုင်း ဒီနည်းပဲသုံးတယ်မောင် …။ ရေလည်အဆင်ပြေတာ..။ နောက်ပိုင်း ကျောင်းအစ်မကြီးက အမှုတ်ခံချင်ပြီဆို ငါ့ရန်ရှာတော့တာဟေ့ ခွိခွိ”

အဆီပြန်နေတဲ့ ပြုံးဖြီးဖြီး မျက်ခွက်ကြီးနဲ့ ပေါက်ကရတွေ လျှောက်ပြောနေတဲ့ နှုတ်ခမ်းမွှေးကော့ကော့နဲ့ ဘကြီးထောင်ကို ဘေးနားက ချာတိတ်တွေက ဂျာကြီးထောင်.. ဂျာကြီးထောင်လို့ ဝိုင်းသြဘာပေးကြတော့ တဝါးဝါးနဲ့ ပွဲကျကုန်ပြန်တယ်။ ကိုရွှေဘကတော့ ဘကြီးထောင်ကို စပ်မြင်ကပ်တဲ့ အကြည့်နဲ့ကြည့်ရင်း မနိုင်ဘူးဆိုတဲ့ အပြုံးနဲ့ ပြုံးပြနေတယ်။ ဘကြီးထောင်က ကွမ်းသွေးတစ်ပျစ်လောက် လှမ်းထွေးရင်း ဆက်ပြောတယ်..

“ ဒါထက် နင့်ဆရာမလေးကို နင်နောက်ပေါက် ဖွင့်ဖူးလား ဖိုးသက်”

“ ဟာ! ယုတ်ယုတ်ပတ်ပတ်တွေဗျာ … အော့အော့ကြီး ကျနော်မလုပ်ချင်ပါဘူး”

“ အေး.. ဒါကြောင့် နင်တို့လူငယ်တွေ ခက်တာပေါ့ …။ နောက်ပေါက်ဆိုတာ လုပ်တတ်ရင် သိပ်ကောင်းတာနော့် ..။ နောက်ပေါက်အဖွင့်ခံထားရတဲ့ ဆော်တွေက ဘယ်တော့မှ စိတ်မကောက်တော့ပဲ ကိုယ်မှကိုယ်ဖြစ်သွားတာ ငါ့ကိုယ်တွေ့ ဟီးဟီး”

“ အဲ့ဒါတော့ နည်းနည်းမှန်တယ်ဟ ဟီးဟီး” (ကိုရွှေဘရဲ့ စကားသံ)

“ တွေ့လား နင့်ဆရာရွှေဘတောင် ထောက်ခံတယ်..။ စမ်းကြည့်စမ်းပါ ဖိုးသက်ရာ…။ ငါက မဟုတ်ပဲ မပြောပါဘူး …။ အုန်းဆီလေးဘာလေးသုံးပြီး ဖြေးဖြေးချင်းလုပ်ကြည့်။ ဖင်အဆော်ခံထားဖူးတဲ့နောက် ကိုယ့်ကိုတန်းတန်းစွဲဆိုတာ ဘကြီးအသိဆုံး ဟဲဟဲ”

“ တော်ပြီဗျာ! ရည်းစားနဲ့ကွဲသလိုဖြစ်လို့ စိတ်ညစ်နေပါတယ်ဆို ခင်ဗျားတို့ မဟုတ်တရုတ်တွေ နားထောင်ရတာ အော့နှလုံးနာလိုက်တာ.. အိမ်ပြန်တော့မယ်..။ ကိုရွှေဘ နက်ဖြန် မြို့သစ်ဖက်မှာ ဖဲဝိုင်းချိန်းပွဲရှိတယ်တဲ့။ အဲ့ဒါသွားချမယ် လာခေါ် ဒါပဲ”

ဘကြီးထောင်ရဲ့ နောက်ပေါက်ဇာတ်လမ်းစုံတွေ လာတော့မယ်ဆိုတာ သိလို့ ချက်ချင်းထပြီး အိမ်ပြန်လာခဲ့လိုက်တယ်။ မီးကင်းတဲ ကွပ်ပျစ်ပေါ်မှာတော့ ဘကြီးထောင်ရဲ့ လိင်ဇာတ်လမ်းစုံကို ရင်တဖိုဖိုနဲ့ ကိုရွှေဘအပါအဝင် ချာတိတ်တွေတစ်အုပ်ကြီး စိတ်ဝင်တစား နားထောင်နေကြတုန်းပဲ။

ကျနော်တို့မြို့နဲ့ မိုင်၂၀ လောက်ဝေးတဲ့ မြစ်ကမ်းနံဘေးမှာ သက်ကယ်မိုး ဗလာတဲကလေးတွေ ၃-၄ လုံးထိုးထားတာ တွေ့ရတယ်။ မနက်စောစော ထ၊ ဗိုက်ဖြည့်ပြီးတာနဲ့ စက်ဘီးတစ်စီးနဲ့ ကိုရွှေဘနဲ့ကျနော် အင်္ဂလိပ်ခေတ်က ဖောက်သွားခဲ့တဲ့ လမ်းအတိုင်း စက်ဘီးတစ်စီး နှစ်ယောက်တက်စီးပြီး ထွက်လာခဲ့တာ နေတအားမမြင့်ခင် ရောက်လာကြတာလေ။ 

ဒီနေရာအထိအောင် ကမြင်းကြောထပြီး လာခဲ့ရခြင်းအကြောင်းရင်းက ဖဲဝိုင်းချိန်းဝိုင်းတွေ အကြီးအကျယ် ဖြစ်နေတာကြားလို့ဗျ။ ကျောက်တုံးတွေကြားထဲ ရေစီးသံတဝေါဝေါမြည်နေတဲ့ ရှမ်းနဲ့ကချင်နယ်စပ်က ဟော့ဒီမြစ်နံဘေးမှာ ရွာနီးချုံစပ်က နာမည်ကျော်ဖဲသမားတွေ အကုန်စုပြုံပြီး သူသေကိုယ်သေ ပိုက်ဆံထုပ်တွေနဲ့ ဆော်နေကြတယ်ကြားလို့ အချိန်မှီ ရောက်လာတာပေါ့။

ဟိုဖက်တောင်နဲ့ ဒီဖက်တောင်ကို ဆက်ထားတဲ့ ကြိုးတံတားအကြီးကြီး အောက်တည့်တည့် မြစ်ကမ်းနားမှာ တဲလေးတွေထိုးလို့ ဝိုင်းအကြီးအကျယ် ဖြစ်နေတယ်။ ရဲတွေဘာတွေလား… အင်း! ခင်ဗျားတို့ နားလည်အောင်ပြောရရင် ဒီနယ်မြေက အစိုးရကော သူပုန်ကော အရမ်းကရော ဝင်မလာရဲတဲ့ နယ်မြေဆိုတော့ လွတ်လွတ်လပ်လပ်ကြီးကိုးဗျ။ အရင်ခေတ်က ဗကပနဲ့ တိုင်းရင်းသားသူပုန်တွေ မကွဲခင် သူတို့ကြီးစိုးတဲ့ နယ်မြေပဲ။ 

နောက်ပိုင်း အချင်းချင်း အကွဲအပြဲတွေဖြစ်တော့ ဒီနယ်မြေက ၃ ဖွဲ့စလုံး မသိမ်းနိုင်တော့ပဲ ကြားခံနယ်သက်သက်လို ဖြစ်သွားတာမျိုးပေါ့။ အတော်အန္တရာယ်များတဲ့ နေရာပါ။ သို့သော် အတော်လည်း လွတ်လပ်တယ်လို့ ပြောရမယ်လေ။ အခုလည်းကြည့် ဖဲဝိုင်းလာတဲ့လူတွေ အကုန်လုံး ကျောမှာ ဓားရှည်တွေ လွယ်ထားကြတယ်။ အနက်ရောင်နယ်မြေဆိုတော့ ကိုယ့်အသက် ကိုယ်ကာကွယ်ဖို့ လိုမယ်လေ။

ကိုရွှေဘနဲ့ ကျနော့်ပုံစံကိုလည်း ကြည့်ဦး …။ အောက်က ကွန်မင်ဒိုပျောက်ကြား ဘောင်းဘီရှည်၊ကင်းဘတ်ဖိနပ်ကိုယ်စီ၊ အပေါ်က ဖရီးဂျက်ကက်စစ်စိမ်းရောင် ကိုယ်စီနဲ့။ မသိရင် ရှမ်းသူပုန်တွေလိုလို ဘာလိုလို။ ဒီကြားထဲ ကိုရွှေဘက နေကာမျက်မှန် အမဲရောင်ကြီးတပ်လို့ မသိရင် နျူးယော့ခ်မြေအောက်လောကက နာမည်ကြီးမာဖီးယားဂိုဏ်းချုပ် မေယာလန်းစကီးလ် ကြနေတာပဲ အဟီး။ 

သူက မေယာလန်းစကီးလ် ဆိုတော့လည်း ကျနော်က လပ်ကီးလူစီယာနို ပေါ့ဗျာ။ ဖဲသမားတွေက ကုန်းအမြင့်ကြီးဆီက ဆင်းချလာတဲ့ ကျနော်တို့နှစ်ယောက်ကို အသာအယာ အကဲခတ်နေကြသေးတယ်။ အနားရောက်မှ ၄ မြို့နယ် အိပ်ဖန်စောင့်ညီနောင်ဆိုပြီး အသိအမှတ်ပြုတဲ့အနေနဲ့ အားလုံးက မေးဆတ်ပြပြီး သူတို့ဖဲဝိုင်းကို ဆက်ဆော့နေကြတယ်။ ဖဲဝိုင်းတွေက စုစုပေါင်း ၇-၈ ဝိုင်းလောက် ဖြစ်နေတာဗျ။

ကျနော့်ကျောပေါ်က လွယ်လာတဲ့ စစ်ကျောပိုးအိတ်ကို ဖြေလိုက်ပြီး ယူလာတဲ့ ပိုက်ဆံ ၈ သောင်းထဲက တစ်ဝက်ကို ကိုရွှေဘလက်ထဲ လွှဲပေးလိုက်တယ်။ တစ်ယောက်တစ်ဝက် လူခွဲပြီး ကြိုက်တဲ့ဝိုင်း ဝင်ဆော့ကြမယ်ပေါ့။ တစ်ချို့ဝိုင်းတွေ ဝင်အကဲခတ်ကြည့်လိုက်တော့ ပိုက်ဆံတွေကတော့ ဖွေးဖွေးလှုပ်နေပေမယ့် ရိုက်နေတာက ဘူကြီးဖြစ်နေတယ်။ 

ဂဏန်းပေါင်းတဲ့ကလေး ကစားနည်းတွေ ကျနော်မကြိုက်ဘူးဗျ။ ရိုက်နေတဲ့လူတွေကလည်း တောသူဌေးရုပ်တွေနဲ့မို့ စိတ်မဝင်စားပဲ ဟိုဟိုဒီဒီ လျှောက်ကြည့်နေလိုက်မိတယ်။ ပိုက်ကျူး(ဖိုက်ကျိုး) ဝိုင်းနှစ်ဝိုင်းတော့ တွေ့ပေမယ့် တစ်ဝိုင်းကို လူလေးယောက်စီပဲမို့ ဝင်ရိုက်ဖို့ မအားသေးဘူးဆိုတာနဲ့ ထပ်ရှာရပြန်တယ်။ နောက်ဆုံး တစ်ချပ်မှောက်(ရှိုး) ရိုက်နေတဲ့ ဝိုင်းတစ်ခုမှာ တစ်ယောက်လွှတ်နေတာနဲ့ ဝင်ထိုင်လိုက်တယ်။

“ ဘယ်လောက်ကုတ်လဲဗျ”

“ ၁၀၀၀! ဒါပေမယ့် မင်းအခုဝင်ချင်ရင် ၅၀၀၀ ချရိုက်မှရတော့မယ်။ အရှိန်တက်နေပြီ ကောင်လေး”

“ အိုကေလေ ချတာပေါ့”

ကျောပိုးအိတ်ထဲက ကိုးဆယ်တန်တစ်အုပ်ကို ဆွဲထုတ်လိုက်ပြီး ဝါးကွပ်ပျစ်လေးပေါ် တက်ထိုင်ရင်း တင်ပလင်ခွေထိုင်ပြီး နေရာယူလိုက်တယ်။ အသာလေး အကဲခတ်လိုက်တော့ တစ်ဖက်မြို့နယ်က သစ်တောဝန်ထောက် ဘိုးတော်ရယ်၊ မုတ်ဆိတ်မွှေးရှည်ရှည်နဲ့ တရုတ်အဖိုးကြီး တစ်ယောက်ရယ်၊ အသားမဲမဲအောက်သား (ဗမာပြည်သား) မျက်နှာစိမ်း နှစ်ယောက်ရယ်ဗျ။ ဖဲကစားတဲ့နည်းအမျိုးမျိုးထဲက အခုရိုက်မယ့် တစ်ချပ်မှောက်ကစားနည်းက ကျနော့်ဖေးဘရိတ်။ ကံသက်သက်မဟုတ်ပဲ ဉာဏ်ကစားရတာ။ တဖက်လူ ကိုယ့်ကိုလိမ်မလိမ် ကိုယ်နှုတ်အမူအရာကြည့်ပြီး ခန့်မှန်းယူရတာ..။ ရှင်းရှင်းပြောရရင်တော့ ဆိုက်ကိုတွေ အများကြီးပါတဲ့ ဖဲကစားနည်းပေါ့။

မျက်နှာစိမ်း ၂ ယောက်ကို ကျနော် သတိထားမှရမယ် ဆိုတာကိုတော့ စိတ်ထဲမှာ အလိုလိုသိလိုက်တယ်။ နယ်လှည့်ဖဲသမား နယ်ကျော်လာတဲ့ ကောင်တွေက “အလုပ်သမား” (ဖဲဝိဇ္ဇာ) တွေက ခပ်များများရယ်။ လေတဖြူးဖြူးတိုက်နေတဲ့ မြစ်ပြင်ဘေးမှာ မွန်ထရီ စီးကရက်တွေ တစ်ဖွာဖွာလုပ်ရင်း ဝါးကွပ်ပျစ်ပေါ် ဖဲရိုက်ရတဲ့ အရသာက အတော်ဇိမ်ရှိတာ။ တခြားဝိုင်းတွေက တဟေးဟေး တဟားဟား ဆူညံနေသလောက် ကျနော်တို့ဝိုင်းကတော့ တိတ်ဆိတ်နေတာပဲဗျ။ ကျနော်ကတော့ ဒီတစ်ခေါက် ဖဲရိုက်ရတာ အရင်အခေါက်တွေထက် ပိုပြီး စိတ်တက်ကြွနေတယ်။

ခင်ဗျားတို့ ထင်သလိုပါပဲ။ ကျနော့်ဂျက်ကင်အိတ်ထောင်ထဲမှာ ဟို သစ်သားရုပ်ထုလေး ပါလာတာပေါ့။ အဲ့ဒီအတွက် ကျနော် ရှူံးကိုမရှူံးဘူးဆိုတာ သေချာတယ်။ လူနီကြီးက ကျနော့်ဖက်မှာပဲ။ ဘယ်သူ့ကို ကြောက်ရဦးမှာလဲပေါ့။ စစချင်းကတော့ တိတ်တိတ်ဆိတ်ဆိတ် ပုံမှန်လေး ရိုက်နေကြပေမယ့် နည်းနည်းဝိုင်းအရှိန်တက်လာတော့ ကျနော့်ဗီဇက ပြပြလာတယ်။

ဥပမာ.. တစ်ယောက်ချင်းတွေ့လို့ ကျနော်က ပိုက်ဆံအများကြီးနဲ့ ဟောက်ခေါ်ခေါ်လိုက်တယ်..။ အဲ့ဒီမှာ တစ်ဖက်လူက ကျနော့်အမြင်ဖဲကို ကြည့်ပြီး သူ့ထက်သာလောက်တယ်ထင်ပြီး မလိုက်တော့ဘူးလို့ ရှောင်ပြေးသွားရင် ကျနော်က မှောက်ထားတဲ့အောက်ဖဲကို လှန်ပြပြီး.. ဟာ.. ကျနော့်အောက်ဖဲက A ပါလား အပေါ်ဖဲလေးချပ်က 9,J,Q,K ဆိုတော့ A,9,J,Q,K ဖဲအပျက်ကြီးပဲ … ခင်ဗျာ့ဖဲက J,J,Q,Q,10 ဆိုတော့ တူးပဲ ၂ ပူးလေ… ဘာဖြစ်လို့ ထွက်ပြေးတာတုန်း.. ကျနော်အလကား လိမ်စားသလို မဖြစ်ဘူးလားဗျာ.. အားနာလိုက်တာ ဘာညာဆိုပြီး ရိသဲ့သဲ့တွေ စပြောတော့တာကိုး။

ကျနော်အဲ့လို စိတ်ဓာတ်စစ်ဆင်ရေးလုပ်လေလေ တစ်ဖက်လူက ဒေါသထွက်ပြီး အယောင်ယောင် အမှားမှားတွေ လုပ်လေလေ ဖြစ်လာတယ်။ နောက်တစ်ကြိမ် လိမ်မယ်ထင်ပြီး လိုက်လာပြန်တော့လည်း ကျနော့်ဖဲက အမှန်အကန်ဖြစ်နေပြီး အလှည့်တိုင်း ဘယ်လိမ်မှာတုန်းဗျ.. မိုက်လိုက်တဲ့လူပဲ ဆိုပြီး ပိုက်ဆံတွေ ဆွဲစားလိုက်ပြန်တယ်။ အဲ့ဒီမှာ ဝိုင်းက တော်တော်ကြမ်းသလို.. ဆူဆူပူပူတွေပါ ဖြစ်စပြုလာပြီ။ နံဘေးမှာချထားတဲ့ လွယ်အိတ်တွေထဲက နေ ပိုက်ဆံအကပ်လိုက်တွေ တဖုံးဖုံး ဝါးကြမ်းခင်းပေါ် ပစ်တင်ပြီး အထုပ်လိုက်ဆော်ကြတော့ ဖဲဝိုင်းထဲမှာ ငွေစက္ကူတွေ ဖွေးဖွေးလှုပ်နေတာပဲ။

ကျနော့် ပိုက်ဆံအပုံကလည်း တော်တော်လေးများလာသလို တစ်နာရီချင်းရိုက်တဲ့ ဆက်ရှင်တွေကို ၂ နာရီစီပြောင်းပြီး ဆက်ဆော့ကြတာ ညနေတောင်စောင်းစပြုလာတယ်။ တရုတ်အဖိုးကြီးကတော့ ပါသမျှပြောင်ပြီဆိုပြီး ဘေးထွက်ထိုင်နေတယ်။ မြစ်ဘေးမှာ ဝက်တစ်ကောင်ပေါ်ပြီး ချက်ပြုတ်ထားတဲ့ဆီက ဝက်ကလီစာချက်နဲ့ နံကင်တချို့ .. လာပို့ထားတော့ ဂါလံပုံးနဲ့ ထောင်ထားပေးတဲ့ ရှမ်းမီးတောက်အရက်တွေနဲ့ အားလုံးသောက်စားနေကြတယ်။ ကျနော်ကတော့ ဖဲရိုက်နေရင် အရက်သောက်လေ့သောက်ထ မရှိတဲ့အတွက် အမြည်းလေး နည်းနည်းယူစားပြီး စီးကရက်ပဲ ဖွာနေလိုက်တယ်။

သစ်တောဝန်ထောက်ကြီးက တော်တော်ထိနေပေမယ့် ဟိုလူစိမ်းနှစ်ယောက်က သိပ်မရှူံးသလို ပုံမှန်လေးပဲ ဆက်ကစားနေကြတယ်ဗျ။ ကျန်တဲ့လူတွေလို သိပ်ပြီး ပျာယာခတ်မနေဘူး။ ကျနော်လည်း သူတို့နှစ်ယောက်ကိုပဲ သတိထားနေရတယ်။ တချက်တချက် ဇွတ်ပြီး ဖိန့်ရမှာကို နည်းနည်းလန့်လာတယ်။ သူတို့အချင်းချင်း အချက်ပြပြီး ပင်းရိုက်မလားဆိုတဲ့ အတွေးက ဖိစီးလာလို့ မျက်လုံးဒေါက်ထောက်ပြီး အသာအကဲခတ်နေရတယ်။

“ ဖိုးသက်ရေ! အခြေအနေဘယ်လိုလဲ.. ငါတော့ တော်ခဲ့ပြီ.. ပြန်မယ်လေဟ မိုးချုပ်တော့မယ်”

“ ဒီဆက်ရှင်ပြည့်ရင် ပြန်တာပေါ့ဗျာ.. အခြေအနေကတော့ ဒီအပုံကိုကြည့်လေ”

“ ဟ! မနည်းပါလား”

ကျနော့်ဘေးနား ကိုရွှေဘက ဝင်ထိုင်လိုက်ရင်း ကျနော်တို့ ကျောပိုးအိတ်ထဲ ပိုက်ဆံတွေ ထည့်နေတယ်။ သူလည်း နိုင်လာပုံပေါ်တယ်ဗျ။ သူဘယ်လောက် နိုင်လာသလဲတော့ မသိဘူး ကျနော့်အပုံထဲက ပိုက်ဆံကတော့ သိန်းချီနေပြီဆိုတာ သေချာတယ်။

“ ကဲ! အချိန်စေ့ပြီ နောက်ဆုံးဝမ်နင် ၃ လက် ရိုက်ကြမယ်”

ကျနော့်စကားသံအဆုံးမှာ ကျန်တဲ့လူတွေ အကုန်လုံး ပိုက်ဆံတွေထပ်ထုပ်ပြီး သူတို့အပုံထဲ ထပ်ဖြည့်ကြတယ်။ နောက်ဆုံး ၃ လက်မို့ သူပြုတ်ကိုယ်ပြုတ် ဆော်ဖို့ပြင်ကြပြီ။ အဲ့ဒီအချိန်မှာပဲ ကိုရွှေဘက ကျနော့်ကို အသာလေး လက်ကုတ်လာတယ်။ အဓိပ္ပါယ်က တော်ပြီ မလုပ်နဲ့တော့လို့ ပြောချင်တာ။ တစ်ချပ်မှောက်ဖဲက တစ်ချိန်လုံး ဘယ်လောက်နိုင်ခဲ့နိုင်ခဲ့ ဝိုင်းသိမ်းခါနီး တစ်ချက်မှားလိုက်ရင် အပုံလိုက်ကြီးလည်း ပြုတ်သွားနိုင်တာကိုး။ ဒါကြောင့် ကျနော့်ကို လျှော့လိုက်ဖို့ ပြောနေတာ။ ဆိုလိုတာက တစ်ဖက်လူ ဘယ်လောက်ခေါ်ခေါ် မလိုက်ဘူးဆိုပြီး ပြေးခိုင်းတာ။ ဥပေဒအရ ဖဲမကောင်းလို့ မလိုက်ဘူးဆိုလည်း နေလို့ရနေတာကိုးဗျ။

ပထမတစ်လက် ဖဲစဝေကတည်းက တဝုံးဝုံးနဲ့ ပိုက်ဆံတွေ အလယ်ပုံကို ပစ်သွင်းပြီး ခေါ်ကြတယ်။ ကျနော်မလိုက်ဘူး။ ရူးချင်ယောင်ဆောင်ပြီး ပြေးလိုက်တယ်။ အဲ့ဒါကို ဟိုလူစိမ်းနှစ်ယောက်ထဲက တစ်ကောင်က မဲ့သလိုလို လုပ်ပြတယ်။ ဇ မရှိတဲ့ စကြောက်ပေါ့။ အဲ့ဒီမှာ ဗီဇကပြလာတယ်။ ဒုတိယအလှည့် ဖဲဝေလိုက်တော့ ကျနော့်အပေါ်ဖဲက စပိတ် A။ မှောက်ထားတဲ့ အောက်ဖဲကို လှန်မကြည့်ရသေးပဲ ပိုက်ဆံတစ်သောင်းအုပ် အလယ်ကို ပစ်သွင်းလိုက်တယ်။

“ ဇ ရှိရင် လိုက်ကြည့်လိုက် တစ်သောင်း!”

တစ်သောင်းစီ အားလုံးပစ်ထည့်လိုက်ကြတယ်။ တတိယဖဲတစ်ချပ်စီ ထပ်ဝေတယ်။ ကျနော့်မျက်နှာချင်းဆိုင်ကကောင် အမြင်မှာ J,J ဖြစ်သွားပြီ။ ဝန်ထောက်ကြီးက 9,9။ နောက်တစ်ယောက်က Q,9။

“ ၅ သောင်းခေါ်တယ်ကွာ”

“ လိုက်တယ်.. လိုက်တယ်.. ချတယ်.. ဖုန်း.. ဖုန်း… ဖုန်း”

J ပူးထားတဲ့ကောင်က ၅ သောင်းဆိုတာကို ကျနော်အပါအဝင် အားလုံးက ပိုက်ဆံအုပ်တွေ ပစ်ထည့်လိုက်ကြတယ်။ စတ္ထုထဖဲချပ် ဆက်ဝေကြပြန်တယ်။ ကျနော်အခုထိ မှောက်ထားတဲ့ဖဲချပ်ကို မကြည့်ရသေးဘူး။ အပေါ်မှာ လှန်ထားတာက A,Q,10။ ခုနက J,J ဖြစ်နေတဲ့ကောင်ဆီ 9 တက်သွားလို့ တစ်ချက်ပြုံးလိုက်တယ်။ ဝန်ထောက်ဘိုးတော်က 9,9,10။ ကျန်တဲ့ တစ်ယောက်က Q,9,10။

“ တစ်သိန်း!!”

ကျနော့်မှောက်ဖဲကို ကျနော်လုံး၀ ပွတ်မကြည့်သေးတာ သူတို့မြင်ထားတော့ တစ်သိန်းဆိုပြီး ပစ်ထည့်လိုက်တာကို နားမလည်နိုင်တဲ့ အကြည့်တွေနဲ့ ကြည့်နေကြတယ်။ ဝန်ထောက်နဲ့ ဟိုတစ်ကောင်ကတော့ မလိုက်တော့ဘူး ပြေးတယ်ဆိုပြီး ရပ်သွားတယ်။

J,J,9 ကျထားတဲ့ လူစိမ်းက စီးကရက်တစ်လိပ် မီးငြှိသလိုလုပ်ရင်း သူ့ပိုက်ဆံအပုံကို ကိုင်လိုက်၊ သူ့အောက်ဖဲ မှောက်ထားတာကို ကြည့်လိုက်လုပ်နေတယ်။ ပြီးမှ ဆတ်ကနဲ ပိုက်ဆံတစ်သိန်းအုပ်ကို ပစ်ထည့်လာတယ်။ လိုက်တယ်ပေါ့လေ။ ပဉ္စမမြှောက်ဖဲချပ်ကို ဆက်ဝေလိုက်ကြတယ်။ တစ်ယောက်ချင်း ရင်ဆိုင်ရပြီ။

“ ဟာ! ဟင်! ဟယ်!”

တခြားဝိုင်းတွေဆီ လူတွေလည်း ဝိုင်းသိမ်းသွားပြီး ကျနော်တို့အနားမှာ လာရပ်ကြည့်နေကြတာမို့ အော်ဟစ်သံတွေ ဆူညံသွားတယ်။ ဟိုကောင့်ဖဲက အမြင်မှာ ထရွိုင် ဖြစ်သွားပြီကိုး။ J,J,9,J နဲ့ အောက်ကမှောက်ဖဲ။ ကျနော့်ဟာက အမြင်မှာ A,Q,10,K။

ပွဲက အတော်လှနေပြီ။ လုံးဝမကြည့်ရသေးတဲ့ အောက်ဖဲကို ကျနော် အသာအယာ ပွတ်ကြည့်ဖို့ပြင်တယ်။ မပွတ်ခင် ဂျာကင်အိတ်ကပ်ထဲက သစ်သားရုပ်ထုလေးကို အသာအယာ လက်နဲ့ဖွဖွလေး ပွတ်လိုက်သေးတယ်။ စိတ်ကိုလျှော့ချထားရင်း ကျနော့်အောက်ဖဲကို အသာလေး ပွတ်ကြည့်လိုက်တော့ J ဖြစ်နေတယ်။ အပေါ်က ဖဲတွေနဲ့ပေါင်းလိုက်ရင် A,K,Q,J,10 စီနီယာ။ သူ့ဖဲ J ၃ လုံး ထရွိုင်ထက်သာတယ်။ ဒါပေမယ့် သူ့အောက်ဖဲရှိသေးတယ်။ သူ့အောက်ဖဲက 9 ဖြစ်နေရင် J,J,J,9,9 ဟောက်စ်။ အဲ့လိုဖြစ်နေရင် ကျနော်ရှူံးမယ်။

ဒါပေမယ့် ထွက်ပြေးသွားတဲ့ ဟိုလူနှစ်ယောက်ဆီမှာ 9 သုံးချပ်ပါသွားပြီ.. သူ့ဆီက 9 တစ်ချပ် ပေါင်းလိုက်ရင် 9 လေးချပ်ကုန်ပြီ။ ဖဲတစ်ထုပ်မှာ ဂဏန်းတစ်ခုကို ၄ ချပ်စီပဲ ပါတာမလား။ ဒါဆိုသူ့အောက်က 9 မဟုတ်တော့ဘူး။ သူ့အောက်ဖဲ J ဆိုရင်တော့ J,J,J,J,9 ၄ ခု တက်ထရာဖြစ်ပြီး ကျနော့်ကိုနိုင်မယ်။

ဒါပေမယ့် နောက်ဆုံးကျန်တဲ့ J က ကျနော့်မှောက်ဖဲဖြစ်နေပြီ။ ဒီထက်ပီတာ ဘာရှိဦးမလဲဗျာ။ ဒါပေမယ့် လောလောဆယ် လူတွေအမြင်မှာ သူ့ဖဲက အမြင်သာနေတယ်။ ကျနော် မထီတရီပြုံးပြီး ခွိကနဲ တစ်ချက်ရယ်လိုက်မိသေးတယ်။

“ ဖြောင်း! ရှိုးးး အပုံပြောင်းးး”

တစ်ဖက်လူက ရှိတဲ့ပိုက်ဆံတွေ အကုန်လုံးကို လက်ဖဝါးနဲ့ ပုတ်လိုက်ရင်း ခေါ်လိုက်ပြီ။ အလယ်ပုံက ပိုက်ဆံတွေအပါအဝင် သူကောကိုယ်ကော ရှိတာ အကုန်ရိုက်မယ်တဲ့။ သနားစရာသတ္တဝါပေပဲ ဟာဟ။ ကျနော့်အောက်က ဘာဖဲမှောက်ထားမှန်း မသိပဲ ဇွတ်စိမ်ခေါ်တော့တာကိုးကွယ်။ ကျနော် ဘာမှပြန်မပြောသေးပဲ အလယ်ပုံထဲက ပိုက်ဆံတွေကို အစီအရီလေးဖြစ်အောင် ထပ်နေမိသေးတယ်။ ပြီးမှ ပြုံးစိစိကြည့်ရင်း..

“ လိုက်တယ်ဗျာ! အပုံတိုက်”

“ အေးး လိုက်ရင် …ငါစားတယ် အကုန်”

“ အမယ်.. ဘာကိစ္စ စားမှာလဲ။ ခင်ဗျာ့အောက်ဖဲက ဘာမှမကျန်တော့တာလေ”

“ ဟော့ဒီမှာ… ဒါနဲ့စားတာကွာာာ”

ပိုက်ဆံအပုံကို သိမ်းယူဖို့ပြင်နေတဲ့ အဲ့ဒီလူက မှောက်ထားတဲ့ သူ့ဖဲကို လှန်ပြ လိုက်တော့ J။ J,J,J,J,9 J ၄လုံး တက်ထရာ။

ဖဲတစ်ထုပ်မှာ J က ၄ ချပ်ပဲရှိတာ။ အခု ကျနော့်အောက်ဖဲတစ်ချပ်နဲ့ဆို ၅ ချပ် ဖြစ်နေပါပေါ့လား။ သဘောပေါက်သွားတဲ့ကျနော် အောက်ဖဲကို ချက်ချင်းလှန်ပြလိုက်တယ်။ ကျနော့်ဖဲက A,K,Q,J,10 စီနီယာ။

“ ကျနော့်အောက်ကလည်း J ပဲဗျ.. J ၅ ချပ် ဖြစ်နေတယ်.. ကဲ ရော့ရော့”

ပြောပြောဆိုဆိုနဲ့ ကျနော့်ခြေသလုံးမှာ သားရည်ကြိုးနဲ့စည်းပြီး ဖွက်ယူလာတဲ့ ဆင်စွယ်ရိုးတပ် မောင်းချဓားနဲ့ ပိုက်ဆံအပုံကို လှမ်းယူဟန်ပြင်နေတဲ့ အဲ့ဒီလူရဲ့လက်ကို လှမ်းတွက်လိုက်တယ်။ လက်ကို ဓားနဲ့အခွဲခံလိုက်ရလို့ နောက်ပြန်ဆုတ်သွားတာနဲ့ တစ်ပြိုင်နက် ကျနော် နောက်ပြန်လှဲအိပ်ပြီး သူ့ မျက်ခွက်ကို တည့်တည့် ဆောင့်ကန်ချလိုက်တော့ အင့်ကနဲ ကွပ်ပျစ်ပေါ်ကနေ ပြုတ်ကျသွားတယ်။ ကျနော့်လှုပ်ရှားမှုတွေက ဆက်တိုက်ဆိုသလို ဖြစ်နေချိန်မှာပဲ ဘေးက ကိုရွှေဘက ပိုက်ဆံအထပ်လိုက်ကို လုယူပြီး ကျောပိုးအိတ်ထဲ ထည့်ပြီးသွားပြီ။

ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တဲ့ အခြေအနေမှာ အသားမဲမဲနောက်တစ်ကောင်ကို ကိုရွှေဘ အရက်ပုလင်းနဲ့ ရိုက်ချလိုက်တာ မြင်လိုက်ရတယ်။ ကျနော်က ဝါးကြမ်းခင်းပေါ်ကနေ မြေကြီးပေါ် နောက်ပြန်လိမ့်ချလိုက်ပြီ။ နေဝင်ရီတယောမှာ လူရိပ်တွေ ရှုပ်ထွေးသွားသလို

ဖုံး..ဒိုင်း..ခွပ်.. ကျား..အား

အသံတွေ ဆူညံကုန်တယ်။ ဟိုကောင်တွေက အုပ်စု တော်တော် တောင့်တယ်ဗျ။ တခြားဝိုင်းကနေ ထလာတဲ့ လူတွေထဲမှာ သူတို့လူတွေ အများကြီးပါလာမှန်း အခုမှသိရတယ်။ အရပ်မြင့်ပြီး ဗလတောင့်တဲ့ ကိုရွှေဘရဲ့ တခွပ်ခွပ်ထိုးချက်၊ တွေ့ကရာ ရေအိုး၊ ဝါးဆစ်ပိတ်တွေနဲ့ ဆွဲရိုက်တာတောင် လူတွေက တစ်ယောက်ပြီးတစ်ယောက် အုံလာတုန်းပဲ။ ဒီထက်ပိုဆိုးတာက ဓားလွှတ်ကိုင်ထားတဲ့ ကောင်တွေပါ ဝိုင်းလာပြီ။ ကျနော်တို့နဲ့ မျက်မှန်းတန်းမိတဲ့ လူတချို့လည်း ပြေးကုန်ပီဗျ။

“ ဖိုးသက် ငါ့အနားက မခွာနဲ့ ကျောချင်းကပ်ထား”

သူတို့အုပ်စုက တဖြေးဖြေး ဝိုင်းလာတယ်ဗျ။ ကျောချင်းကပ်ထားတဲ့ ကိုရွှေဘနဲ့ ကျနော် ခံဆုတ်ဆုတ်လာကြရင်း နောက်ထပ်ဆုတ်လို့ မရတော့ဘူး။ အနောက်မှာ ရေတဝေါဝေါစီးနေတဲ့ ရွှေလီမြစ်။ ဘေးပတ်ပတ်လည်မှာက ထွက်ပေါက်မရှိအောင် ဝိုင်းထားတဲ့ ဓားရှည်တွေ တလက်လက်နဲ့ လူအုပ်။ သေချာတာကတော့ ဒီအခြေအနေ ရောက်နေတာတောင် ကျနော်တို့နှစ်ယောက်စလုံးက ကြောက်စိတ်နည်းနည်းကလေးတောင် မရှိဘူးဆရာ။

ဒိုင်း..ဒိုင်း.. ဖောက်.. ဖောက်!

သေနတ်သံနှစ်ချက်ဆက် ကြားလိုက်ရပြီး ကျနော်တို့နှစ်ယောက်နဲ့ ဓားလွှတ်ကိုင် လူအုပ်ကြားထဲက သဲနဲ့ကျောက်စရစ် ရောနေတဲ့ မြေသားပွပွတွေ ဖောက်ကနဲ ဖောက်ကနဲ ဖွာတက်သွားလို့ အားလုံး ငြိမ်ကျသွားတယ်။ မြစ်အောက်ခြေကနေ ကမ်းစပ်နားအတိုင်း လူ ၃ ယောက် တက်လာတဲ့အထဲက လှမ်းပစ်တာဗျ။ သူပုန်တွေထင်ပြီး နှစ်ဖက်စလုံး တစ်ယောက်မှ တုတ်တုတ်မလှုပ်ရဲတော့ဘူး။ 

အနားရောက်လာလို့ မသိမသာ အကဲခတ်လိုက်တော့မှ ခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူက သားရည်တုဂျာကင်နီညိုရောင် ဝတ်ထားတဲ့ လူဝကြီး၊ ပုဆိုးတိုတိုဝတ်လို့ ခါးမှာ စစ်ခါးပတ်နဲ့ ဓားမြှောင်တစ်လက်နဲ့ သေနတ်အိတ်ကိုပတ်ထားလို့ လက်ထဲမှာတော့ စစ်သုံးပစ္စတို တစ်လက်။ တပည့်ဖြစ်ဟန်တူတဲ့ ခပ်ပိန်ပိန် လူနှစ်ယောက်ရဲ့လက်ထဲမှာ ဗလချိုက်သေနတ်လို့ ခေါ်တဲ့ တော်မီဂန်းတွေကိုင်လို့။

“ ဓားတွေအကုန် ပစ်ချလိုက်စမ်း.. အကုန်သေကုန်မယ်.. ဒူးထောက်ထား ခေါင်းပေါ်လက်တွေတင်ထား ခွေးမသားတွေ”

…. ….. …..

“ မင်းတို့နှစ်ကောင်ကိုလည်း ငါနားရင်းအုပ်မိတော့မယ်.. ဒီနေရာအထိ လာကမြင်းကြောထတယ် … ဟုတ်လား”

“ ဟာ! ကိုပန်းရိုင်း (အဲလေ.. ရောကုန်ပြီ ခွိခွိ မှားလို့ ပန်းရိုင်းမဟုတ်ဘူး) ဟာ! ကိုမြင့်အောင်ကြီး … ဟီးဟီး.. လေးမြင့်အောင်ပါလား”

~~~~~~~~~~~~

ကဲ! နည်းနည်းတော့ ရှင်းပြမှရတော့မယ်ဗျ။ အခု အဲ့ဒီမြင့်အောင်ဆိုတဲ့လူက သူပုန်လည်းမဟုတ်ဘူး။ စစ်ဖက်ကလည်း မဟုတ်ဘူး။ ဘာလဲဆိုတော့ ဓားပြ ပါခင်ဗျ။ ဟုတ်ပါတယ် ကျနော်တို့နယ်မှာ အင်မတန် ဖိန့်ဖိန့်တုန်ရတဲ့ ဓားပြကြီးပါ။ ဟိုအရင်တစ်ခါက ကျနော် အာလူးဖုတ်ဖူးတဲ့ ဗကပ ကျားကြီးရဲ့ တပည့်ကျော်ပေါ့။ ရင်ကွဲတောင်တိုက်ပွဲမှာ ဗကပတွေ ပြိုကွဲသွားတော့ သူက ဟိုဖက်ကိုလည်း ထွက်မပြေး၊ လက်နက်လည်းမချပဲ ရူးသလိုပေါသလိုလုပ်၊ လက်နက်တွေ တစ်နေရာမှာ ဖွက်ခဲ့ပြီး ကျနော်တို့မြို့ထဲ ပြန်ဝင်လာပြီး ခပ်တည်တည် လာနေတာဗျ။ 

နဂိုကတည်းကလည်း ကျနော်တို့ရပ်ကွက်က သူ့ချက်မြုပ်ကိုး။ ဘယ်သူမှလည်း သူ့ကို ဒုက္ခမပေးကြတော့ အေးဆေးပဲ။ ဒါပေမယ့် နောက်ပိုင်း ချန်ထားခဲ့တဲ့ လက်နက်တွေ သွားသွားယူပြီး တခြားနယ်တွေမှာ ဓားပြပတ်တိုက်တော့တာပဲဗျ။ ကိုယ့်မြို့ကိုယ့်ရွာတစ်ခုပဲ ချမ်းသာပေးတယ်။ 

ကျန်တဲ့နေရာတွေ လှည့်ပြီးတိုက်နေတော့တာ။ သူ အဲ့လိုလုပ်နေမှန်း လူတော်တော်များများက ရိပ်မိပေမယ့် ဒဲ့တော့ ဘယ်သူမှမပြောရဲဘူး။ ရဲဆိုတဲ့ ကောင်တွေကလည်း ကျနော်တို့လို မငြိမ်းချမ်းတဲ့ဒေသမျိုးမှာ ဘာမှ အာဏာစက်ပြရဲတာမှ မဟုတ်တာကိုး။ မသိချင်ယောင်ဆောင်ပြီး မျက်နာချိုသွေးနေကြတာမျိုးလေ။

ကျနော်နဲ့ ကိုရွှေဘကိုတော့ တော်တော်ချစ်ပြီး အလိုလိုက်တယ်။ ကျနော့်ကိုတော့ အဘိုးမျက်နှာနဲ့ ပစားပေးရှာတာပါ။ ရယ်စရာပြောရရင် ကျနော့်အဘိုးအသုဘမှာ အလောင်းမြေချတော့ ခပ်တည်တည်နဲ့ လူတွေကြားထဲ “အလေးနီ” ပြုရင်း ရဲဘော်ကြီး သွားလိုရာသို့သွားနိုင်ပြီလို့ အော်၊ ခါးကြားထဲက ဖွက်ယူလာတဲ့ သေနတ်ကို မိုးပေါ်ထောင်ဖောက် ပစ်လိုက်တာ ရုတ်ရုတ်သဲသဲကို ဖြစ်ဖူးတယ်။ နည်းနည်း ဂေါက်တောက်တောက်ရယ်ဗျ။ ကျနော့်အဘိုးခင်မျာ သေတာတောင် ဓားပြတွေက လာအလေးပြုတာခံရရှာမှန်း မသိသွားရရှာဘူး ဟီးဟီး။

~~~~~~~~~~~~~~~~~~~~~~

ဧရာဝတီမြစ်ဖျားကနေ စက်လှေတစ်စင်းကိုလုပြီး မြစ်ကြောင်းအတိုင်း စုန်ဆင်းသွားရင်း မြစ်ရိုးတစ်လျှောက်ရွာတွေ ဓားပြဝင်တိုက်သွားတာ မန်းလေးရောက်သွားတယ်။ မန်းလေးရောက်တော့ သင်္ကြန်တွင်းကြီးဆိုပဲ။ အဲ့မှာ ဓားပြမြင့်အောင်ကြီး သင်္ကြန်မှာ မူးကြောင်ကြောင်နဲ့ ဝင်ကဲရင်း အမူးလွန်ပြီး မဏ္ဍပ်ပေါ်တက်ကတာ ခါးကြားထဲက သေနတ်ကို လူမြင်ပြီး အဖမ်းခံလိုက်ရတယ်။ 

သူ့ကိုဖမ်းသွားတာတောင် အမူးပြေမှ သိတယ်ဆိုပဲ။ အမှုတွေက များလွန်းလို့ အမှုစစ်တာတောင် နှစ်ချီတယ်။ ထောင်ကျတော့လည်း အားလုံးပေါင်းလိုက်ရင် အနှစ်တစ်ရာလောက်ရှိမလား မသိဘူး။ ပြန်ကို မလွှတ်တော့ဘူး ထင်နေတာ။ ကံကောင်းချင်တော့ အာဏာသိမ်းပြီး တက်လာတဲ့ အစိုးရလက်ထက်မှာ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်ထွက်လာတာဗျ။

တခါတလေ အရက်မူးရင် ဗိုလ်ချုပ်ကြီးနာမည် တတပီး ဒီမအေလိုးကြီးက ငါ့ကျေးဇူးရှင်ပါကွာလို့ မေတ္တာပို့တတ်တယ် ဟီးဟီး။ ဒါပေမယ့် အဲ့ဒီပြန်လွှတ်လာတဲ့နောက်ပိုင်း ကျနော်တို့မြို့မှာ မနေတော့ဘူး။ ဘယ်တွေရောက်နေမှန်းလဲ သေချာမသိရပေမယ့် တခါတလေကြတော့ ပြန်ပြန်ပေါ်ချင် ပေါ်လာတတ်တယ်။ သူလုပ်လို့ ကျနော်နဲ့ ကိုရွှေဘ ဒုက္ခရောက်ဖူးသေးတယ်ဗျ။

အသုဘတစ်ခုမှာ ကျနော်တို့ ဖဲချနေတုန်း ညဖက်ကြီး ဘွားကနဲပေါ်လာပြီး သူ့ပစ္စည်းတွေသိမ်းထားပေးဖို့ လာညောင်တယ်။ ကျနော်တို့ကလည်း ဖဲအရှိန်တက်နေတော့ အင်းအင်း အိမ်မှာဝင်ထားသွားလိုက်လို့ အလွယ်ပြောလိုက်တာပေါ့။ 

နှစ်ယောက်သား ဖဲဝိုင်းသိမ်းလို့ ဝေလီဝေလင်း အိမ်ပြန်လာတော့ ကိုရွှေဘက လက်ဖက်ရည်ဆိုင်ဖွင့်နေပြီမို့ ထုံးစံအတိုင်း နံပြားရိုက်ဖို့ မီးမွှေးမယ်ဆိုပြီး နံပြားဖိုကိုဖွင့်လိုက်တော့ သောက်ကျိုးနဲ! ဂုန်နီအိတ်နဲ့ထုပ်ထားတဲ့ စစ်သုံးရိုင်ဖယ် ၄ လက်ရယ်၊ လက်ပစ်ဗုံး ၅ လုံး၊ ကျည်ဆံတွေဖြစ်နေလို့ နှစ်ယောက်သား ထိတ်ထိတ်ပျာပျာဖြစ်ပြီး ဖွက်လိုက်ရတာဗျာ။ 

သူ့ပစ္စည်းတွေ ပြန်လာမယူမချင်း ညဖက် နှစ်ယောက်လုံး အိပ်လို့ကိုမပျော်တာ။ မတော် စစ်ထောက်လှမ်းရေးက သတင်းရလို့လိုက်လာရင် နေရင်းထိုင်ရင်း ဂျေးအောင်းရမယ့် အပေါက်ဗျ။ တသက်လုံး ဓားပြတိုက်စားနေပေမယ့် ချမ်းလည်းမချမ်းသာပါဘူး။ လူကသာ ဝတုတ်တုတ် ပုံဆိုးဆိုးကြီးနဲ့ ကျပ်သိပ်မပြည့်တာ .. ဖွန်က အသေကြောင်တာကိုး။ မိန်းမတွေ အတော်များများယူပြီး အကုန်လုံးကို ပံ့ပိုးနေရတယ်လို့လည်း ကြားဖူးတယ်။ ကဲ.. ကျနော်လည်း လေကြောရှည်သွားပြီ ဇာတ်လမ်းပြန်ဆက်ရအောင် ဟီး။

~~~~~~

ဖဲဝိဇ္ဖာများအဖွဲ့က အဖွဲ့သားတွေ အခု မြစ်ကမ်းဘေးမှာ ဒူးကလေးတွေထောက်ပြီး ခေါင်းပေါ်လက်ကလေးတွေတင်လို့ မျက်နှာငယ်လေးတွေနဲ့ ဖြစ်နေရှာပြီ။ ခုနက ခုတ်ကြထစ်ကြ ဆော်ကြပြီဆိုပြီး ထွက်ပြေးသွားတဲ့ ကျနော်တို့နယ်သား ဖဲသမားတွေကလည်း အခုမှ အနားပြန်ကပ်လာပြီး အခြေအနေ ကြည့်နေကြတယ်။ 

ကျနော်ကတော့ စိတ်လျှော့ချလိုက်လို့ မောမောနဲ့ ကျောက်စရစ်ခဲတွေအပေါ် ဖင်ချထိုင်ပြီး ချွေးသုတ်ရင်း မွန်ထရီတစ်လိပ်လောက် ဖွာနေလိုက်တယ်။ ဟိုကောင်တွေရဲ့ နောက်ကျောကနေ ဓားပြမြင့်အောင်ကြီးရဲ့ တပည့်နှစ်ယောက်က ဗလချိုက် သေနတ်တွေနဲ့ ချိန်ထားတယ်။ ထုံးစံအတိုင်း ကျော်ဟိန်းဂိုက်ဖမ်းထားတဲ့ ကိုမြင့်အောင်က သူတို့အရှေ့မှာ ခါးထောက်ပြီး တစ်ယောက်ချင်း မျက်နှာချင်းဆိုင် စေ့စေ့လိုက်ကြည့်နေတယ်။

“ မင်းတို့ကောင်တွေ အောက်ပြည် အောက်ရွာကနေ ဒီနေရာအထိ တက်လာပြီး လူပါးလာဝတယ် …။ အေး.. ဒီနေရာ မင်းတို့ သင်္ချိုင်းလို့သာ မှတ်ပေတော့”

“ ကျနော်.. ကျနော်တို့ မသိလို့ပါ ဗိုလ်လုံ”

“ လီး ဗိုလ်လုံလား… ရဲဘော်မြင့်အောင်ကွ.. ဗမာပြည် ကွန်မြူနစ်ပါတီကကွ …။ မင်းတို့ အပျောက်ရှင်းဖို့ ကြိုးစားတဲ့ သူတွေက ငါ့ညီနဲ့ငါ့တူပဲ။ လူလူချင်း ခေါင်းပုံဖြတ် လှည့်စား၊ နိုင့်ထက်စီးနင်းလုပ်တဲ့ မင်းတို့ကောင်တွေကို ငါသေဒဏ်ပေးမယ်”

ဟီး! ကိုမြင့်အောင်ပြောတာလည်း ဟုတ်သလိုလိုပဲနော်လို့ တွေးမိပြီး ရယ်ချင်လာလို့ မနည်းအောင့်ထားရသေးတယ်။

“ မလုပ်ပါနဲ့ ရဲဘော်ကြီး …။ ကျနော်တို့ နောင်တရပါပြီ။ နောက်မလုပ်ရဲတော့ပါဘူးဗျာ .. အီးဟီးဟီး”

သူတို့အဖွဲ့ထဲက တစ်ကောင်က ပြောပြောဆိုဆိုနဲ အော်ငိုလိုက်တယ်။ အနောက်က ကိုမြင့်အောင် တပည့်နှစ်ယောက်ကလည်း သေနတ်မောင်းတွေ တဖြောင်းဖြောင်း ဆွဲတင်လိုက်ပြီ။ အဲ့ဒီအချိန်မှာ လက်ပိုက်ပြီး ရပ်ကြည့်နေတဲ့ ကိုရွှေဘက တစ်စခန်းထပြန်တယ်။

ဟိုကောင်တွေပစ်ချထားတဲ့ ဓားရှည်တစ်လက်ကို ကောက်ကိုင်လိုက်ပြီး ဒူးထောက်နေတဲ့ လူအုပ်ရှေ့ကို သွားရပ်လိုက်တယ်။ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေတဲ့ ကိုရွှေဘကို သတိထားလိုက်မိတယ်။ ကျနော်သိတယ် ဒီလူ ဒေါသတအားထွက်နေတယ်။ ဒေါသထွက်ရင် ဘာဖြစ်တတ်လဲဆိုတာ ကျနော်က ဆရာတပည့်မို့ သေချာသိတယ်ဗျ။

“ လူအုပ်နဲ့များ ငါတို့ကို ဝိုင်းလုပ်ချင်သေးတယ် ဟုတ်လား…. မအေပေး အောက်သားတွေ.. မင်းတို့ လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေလား … ဒီမှာကြည့်စမ်း.. တွေ့လား .. ဒီမှာ.. ဒီမှာ”

“ ဟာ! ဟင်! ဟယ်!”

ဘေးကရပ်ကြည့်နေတဲ့ လူတွေဆီက အာမေဋိတ်သံတွေ ဆူညံသွားတယ်။ ဒူးထောက်ထားတဲ့ လူအုပ်ကလည်း မျက်လုံးပြူးပြီး ကိုရွှေဘကို မော့ကြည့်နေကြတယ်။ ကိုရွှေဘတစ်ယောက် တရှူးရှူးတရှားရှားဖြစ်ရင်း ကိုယ့်လက်ကိုယ်ကို ဓားရှည်နဲ့ ခုတ်ပြ လှီးပြနေတာကိုးဗျ။ ရာဘာတုံးကို လှီးနေတဲ့အတိုင်း ဘာမှကို မဖြစ်တာဗျ။ 

ဒီထက်ပိုဆိုးတာက ဓားကို ပြောင်းပြန်ကိုင်၊ ဓားဦးအချွန်နဲ့ ကိုယ့်ပေါင်ကိုယ် ပြန်ထိုးဆွပြလိုက်၊ ဗိုက်ပေါ်မှာ လွှဆွဲသလို အသွားနဲ့ အင်္ကျီလှန်ပြီး ဆွဲပြနေတာ။ ခြစ်ရာကလေးတောင် မထင်ဘူးလေ။ ဒီနယ်သားမဟုတ်တဲ့ လူတွေကတော့ နားမလည်တဲ့ မျက်နှာလေးတွေနဲ့ ကြောက်လန့်တကြား ကြည့်နေပေမယ့် ရပ်ကြည့်နေတဲ့ လူတွေဆီက ဝက်ကုန်းဟေ့.. ဝက်ကုန်းဆိုတဲ့ အော်သံတွေ ထွက်လာတယ်။

ဟုတ်တယ်ဗျ! အဲ့ဒါ ဝက်ကုန်းထတယ်လို့ ကျနော်တို့နယ်မှာခေါ်တယ်။ လွယ်လွယ်ပြောရရင် ကာယသိဒ္ဓိ ပြီးတာပါပဲ။ အဲ့ဒီဟာကို ဝက်ကုန်းဆေးထိုးထားတယ်လို့ ခေါ်တယ်ဗျ။ ဒါပေမယ့် တချိန်လုံး ဖြစ်နေတာမျိုးမဟုတ်ပဲ ဒေါသထွက်လာပြီဆို ဘာနဲ့ခုတ်ခုတ် ဘာနဲ့ရိုက်ရိုက် ဘာမှကိုမဖြစ်တော့ဘူး။ 

ကိုရွှေဘ လူပျိုဘဝက ရှမ်းဘုန်းကြီးတစ်ပါးဆီမှာ အဲ့ဒီအင်းကို ကြေးစုတ်ကြီးနဲ့ ကျောမှာထိုးပြီး တင်ထားတယ်လို့ ပြောဖူးတယ်။ ထိုးတဲ့လူ စုစုပေါင်း ၃ ယောက်မှာ ကျန်တဲ့လူ ၂ ယောက်က ဆက်မထိုးနိုင်ပဲ ဆေးမအောင်ခင် ရပ်လိုက်ရတယ်။ ခပ်ရွတ်ရွတ် ကိုရွှေဘကတော့ ပြီးအောင်ဆက်ထိုးလိုက်တာ ဝက်ကုန်းမှော်အောင်တယ်လို့ ပြောတာပဲ။

အဲ့ဒီနောက်ပိုင်း ဒီလိုမျိုး ဝက်ကုန်းထလာရင် အားလုံးဝေးဝေးက ရှောင်ရတော့တာပေါ့။ ကျနော့်မျက်စိရှေ့တင် အဲ့လိုထထဖြစ်တာ ၃-၄ ခါလောက် မြင်ဖူးတာကိုး။ ဒါပေမယ့် ပုံမှန်အချိန် အလစ်ချောင်းပြီး တွယ်အပ်နဲ့ ထိုးကြည့်တာ နာလို့ အဆဲခံရဖူးတယ်။ သူ့ဟာက ဒေါသထွက်မှ စွမ်းတာမျိုးကြီး။ ဘယ်လိုမှန်းမသိပါဘူး။

ဝက်ကုန်းဆေး စွမ်းမစွမ်းတော့ မသိဘူး။ နောက်ပိုင်း ဦးဇင်းဝတ်ကြီးနဲ့ မန်းလေးမှာ ဆေးရုံတင်ရသေးတယ်။ ဆရာဝန်တွေက သူ့ကို ကောင်းကောင်းမကုပေးလို့ဆိုပြီး ဒေါသထွက်နေတာ၊ လူကဖြင့် အိပ်ယာပေါ်မှာ ပက်လက်ကလေး။ နာ့စ်မတွေ သူ့အသားထဲအပ်ထိုးတာ အပ် ၃-၄ ချောင်းကုန်သွားတယ် ထိုးလို့ကိုမရဘူး။ ဘေးနားကနေ ဦးဇင်းစိတ်လျှော့ ကိုယ့်ကိုယ်ကို ဘုရားသားတော်ဖြစ်နေပြီဆိုတာလေး နှလုံးသွင်းဆိုတော့မှ အေးး တဲ့။ အဲ့ဒီတော့မှ အပ်က ပလွတ်ဆို ဝင်သွားတယ် ဟီး။

“ ကိုရွှေဘ.. တော်တော့ဗျာ”

ကျနော်ပြောပြောဆိုဆိုနဲ့ ထရပ်လိုက်ရင်း ကိုရွှေဘ လက်ထဲက ဓားရှည်ကိုလုပြီး လွှင့်ပစ်လိုက်တယ်။ ခုနက ဒီလောက်စိတ်မညစ်ဘူး။ အခုမှ ခေါင်းပူလာတယ်။ ဟိုဓားပြမြင့်အောင်က စိတ်သိပ်မှန်တာ မဟုတ်ဘူး။ အကုန်လုံး ပစ်သတ်ပစ်တော့မလို လုပ်နေပြီ။ ဘာပဲဖြစ်ဖြစ် ကိုယ်ကြောင့် လူ့အသက်သေမှာကိုတော့ မဖြစ်စေချင်ဘူး။ ကိုရွှေဘကို အတင်း ရေစပ်နားကို ဆွဲခေါ်လာပြီး

“ တော်ပြီ ဆရာသမား.. လစ်ကြစို့” လို့ အတင်းဖြောင်းဖြနေရတယ်။

“ ဟိုဘိုးတော်ကိုလည်း ကြည့်ကျက်ပြောဦး အကုန်သတ်ပစ်တော့မှာလား မသိဘူး”

ကျနော့်စကားကို အရေးမစိုက်သလိုလုပ်ပြီး ပိုက်ဆံထည့်ထားတဲ့ စစ်ကျောပိုးအိတ်ကို ပစ်ပေးရင်း ကိုရွှေဘတစ်ယောက် မြစ်ရေနဲ့ မျက်နှာသစ် ခြေလက်ဆေးနေတယ်။

“ ပီအောင်း အောက်သားများ နားမလည်ဝေး သွားပစေတော့”

စိတ်လျှော့လိုက်ဟန်တူတဲ့ ကိုရွှေဘက

“ ကိုအောင် ဗမာပြည်က လူတွေမို့ နားလည်ပါးမလည် လာလုပ်တာပါ။ လွှတ်ပေးလိုက်ပါ။” လို့ လှမ်းပြောလိုက်တယ်။

“ ထ..ထ.. အကုန်ထွက်သွား ..။ နောက်နောင် ဒီနယ်တစ်ဝိုက် ထပ်တွေ့ရင် အသေသတ်ပစ်မယ် ကြားလား”

“ ဟုတ်ကဲ့ပါ.. ကျေးဇူးကြီးပါပေတယ် ဆရာကြီး”

အခုမှ သတ္တိပြချင်တဲ့ ရပ်ကြည့်နေတဲ့ လူအုပ်ကြီးထဲက ကျနော်တို့နယ်သား ဖဲသမားတွေက တုန်တုန်ရီရီထလာတဲ့ ကောင်တွေကို သေကုန်မယ်.. ဘာမှတ်သလဲ ဘာညာနဲ့ နားရင်းဝင်အုပ်၊ ဖင်ပိတ်ကန် ဝင်လုပ်လိုက်ကြသေးတာ မြင်ရလို့ ရယ်ချင်စိတ်ကို မနည်းမျိုသိပ်လိုက်ရသေးတယ်။ အားလုံးရှင်းသွားတော့မှ ကျနော့်ကျောပိုးအိတ်ထဲက ၂ ရာတန်အုပ်တချို့ထုတ်ပြီး ပိုက်ဆံ ၅ သောင်းလောက်ယူ၊ ကိုမြင့်အောင်ကြီးကို လှမ်းပေးလိုက်တယ်။

“ ရော့! လေးမြင့်အောင် ဟီးဟီး”

“ အမယ်.. ငါက မင်းပိုက်ဆံ ဘာလုပ်ရမှာလဲ”

“ ပါတီရံပုံငွေလို့ သဘောထားလိုက် ဟီးဟီး ယူပါဗျ”

“ အေး.. ငါလည်း လုပ်ငန်းသိပ်မကောင်းတာ ကြာပြီ… ပေးကွာ..။ အေဘေး မင်းတို့နှစ်ကောင် နောက်ထပ် ဒီဖက်လာပြီး မကမြင်းနဲ့။ ထပ်တွေ့ရင် နားရင်းတီးခံရမယ်။ အခုတောင် ငါနဲ့တွေ့လို့ ကံကောင်းတယ်မှတ် ဟွန်း”

“ လာတော့ပါဘူးဗျာ… တာ့တာ မိုးချုပ်နေပြီ ပြန်တော့မယ်”

အပြန်လမ်းမှာ ခုနက ကျနော်နဲ့တစ်ဝိုင်းထဲ ရိုက်ခဲ့တဲ့ သစ်တောဝန်ထောက်ကြီးရဲ့ ဂျစ်ကားနဲ့ လမ်းကြုံနေလို့ စက်ဘီးပါတင်ပြီး ကိုရွှေဘနဲ့ ကျနော် လိုက်လာခဲ့တယ်။ တခြားလမ်းကြုံလိုက်လာတဲ့ ဖဲသမားတွေလည်း ပါလာလို့ စကားတွေ ဖောင်ဖွဲ့လာကြတာပေါ့လေ။ ဓားပြမြင့်အောင်ကြီး အကြောင်း ဝိုင်းမေးနေကြလို့ သူနဲ့ရင်းနှီးတဲ့ ကိုရွှေဘက အတိတ်ဇာတ်ကြောင်းတွေ ပြန်ပြောပြနေတာကို အားလုံးက စိတ်ဝင်တစား နားထောင်နေကြတယ်။

~~~~~~~~~~~~~~~~

တခါက ကျောက်သွားတူးရင်း (အမှန်ကတော့ ကျောက်တွင်းမှော်ထဲ ဂျပိုးသွားထိုးတာပါ) အပြန်မှာ (တစ်ပတ်လျှောက် ခြေလျင်လျှောက်ရတဲ့ခေတ်) စားရိတ်ပြတ်လို့ စားစရာမရှိတဲ့ ကိုရွှေဘတစ်ယောက် မမျှော်လင့်ပဲ ဓားပြမြင့်အောင်နဲ့ လမ်းမှာတွေ့တဲ့အကြောင်း၊ အားကိုးတကြီး အကူအညီ တောင်းလိုက်တော့ သူ့မှာလည်း ပိုက်ဆံတစ်ပြားမှ မရှိဘူး၊ ဒါပေမယ့် မပူနဲ့ကွာ ဆိုပြီး စားရိတ်ပေးရန်အလို့ငှာ ကားလမ်းမပေါ်တက်ပြီး ဖြတ်လာတဲ့ကားကို သေနတ်ဖောက်ပြီး ဓားပြတိုက်ဖို့ ကြိုးစားတဲ့အခါ .. တားမိတဲ့ကားက ညနေမိုးချုပ်စဆိုတော့ စစ်ကားဖြစ်နေမှန်းမသိ ဖြစ်နေတော့ ကားပေါ်ကနေ သေနတ်တွေနဲ့ လှမ်းဆော်တော့ နှစ်ကောင်သား ခွေးပြေးဝက်ပြေး ပြေးခဲ့ရကြောင်း အစရှိသဖြင့် ဟာသလေးတွေဖောက်ပြီး အာလူးဖုတ်တော့ တစ်ကားလုံး တဝါးဝါးနဲ့ပေါ့ဗျာ။

စွန့်စားမှုနဲ့ စိတ်လှုပ်ရှားမှုကို ငယ်ကတည်းက အလိုလိုနေရင်း ကြိုက်မိခဲ့ပြီး လူဆိုးလူမိုက်ဖြစ်လာရတဲ့ ကျနော်ကတော့ ဖဲသိန်းချီနိုင်လာပေမယ့် ပျော်မနေပဲ.. စိတ်ကောက်ပြီး အတွေ့မခံတော့တဲ့ ရူပဗေဒဆရာမလေးဆီကိုပဲ စိတ်ရောက်နေမိတော့ သူတို့ပြောနေတာတွေ ကြားတစ်ချက် မကြားတစ်ချက်ပဲ။ အိမ်မြန်မြန် ပြန်ရောက်ချင်နေပြီဗျာ။ ကျနော့်ဆရာမလေးကို လွမ်းလှပြီဗျ။

နေဝင်မိုးချုပ်လို့ ည ၈ နာရီစွန်းစွန်းလောက်မှာ ကျနော် အိမ်ကနေ တိတ်တိတ်ကလေး လစ်ထွက်လာခဲ့တယ်။ ကျနော့်ခြေလှမ်းတွေ ဦးတည်ရာက ဆရာမလေးဒေါ်ခင်ချိုမေရဲ့ ခြံဖက်ဆီကိုဆိုတာ ခင်ဗျားတို့ ရိပ်မိမှာပါလေ။ မြစ်နံဘေးမှာ ခုတ်ကြထစ်ကြတဲ့ ဇာတ်လမ်းက ပြန်ရောက်ပြီး နောက်တနေ့ မနက်မှာပဲ အလိုလို သတင်းပျံ့နှံ့ကုန်တော့ ဇာတ်လိုက်ကျော် နှစ်ယောက်မှာ ဒုက္ခတွေများကုန်တာပေါ့။ ~

ကိုရွှေဘအဖေ တရုတ်ကြီးကိုယ်တိုင် ကျနော့်အဖွားဆီ လိုက်လာပြီး သူကြားထားသမျှတွေ လာတိုင်တာကိုးဗျ။ အဒေါ်တွေကော၊ အဖွားကော၊ ကိုရွှေဘအဖေကော ဝိုင်းပြီး ဆူပစ်လိုက်တာ ရေဆူမှတ်ကျော်သွားသလား မှတ်ရတယ်။ ငုတ်တုတ်ကလေး တရားခံထိုင် ထိုင်ပြီး မျက်လွှာလေးတွေချထားတဲ့ ကိုရွှေဘနဲ့ ကျနော်ခင်မျာ အမြီးလေးကုပ်လို့ ဟီးဟီး။

ကိုရွှေဘအစ်ကို ကိုရွှေတင်ကလည်း လမ်းကြုံသလိုလို ဘာလိုလို ဝင်လာပြီး နှစ်ယောက်စလုံးကို နားရင်းတစ်ချက်စီ ဝင်တီးသွားသေးတယ်။ လက်သံပြောင်ချက်ကတော့ နှစ်ယောက်စလုံး ကြေးစည်ထုတဲ့ ဝီဝီ ဝီဝီ အသံတွေ ၅ မိနစ်လောက် ဆက်တိုက်ကြားလိုက်ရတယ်။

“ မီးမေရိုး.. မင်းတို့နှစ်ကောင် တပ်တပ်စီနေ (တတွဲတွဲမနေနဲ့) အေရိုးတွေ” လို့ကြိမ်းပြီး တရုတ်ကြီးက သူ့သားလိမ္မာ ရွှေဘလေးကို ဝါးဆစ်ပိတ်နဲ့ ကျောကို ၃ ချက်လောက်ဗျင်းပြီး ကျွဲမောင်းသလို အိမ်ကိုမောင်းခေါ်သွားတယ်။ 

အမယ်.. ဒီအချိန်မှာကြတော့ သူ့ဝက်ကုန်းဆေးက မထဘူးဆရာ။ အားရိုးရိုး! အတယ်.. ကိုယ့်သားသမီး မတော်ကျိုးပဲ့သွားမှဖြင့်.. အရမ်းကြီးရိုက်ရလား .. ဘာညာတွေအော်ရင်း တွန့်လိမ်ကောက်ကွေးပြီး ပါသွားရှာတယ် ဟီးဟီး။ ကျန်ခဲ့တဲ့ ဖိုးသက်လည်း သက်သာမယ်မထင်နဲ့။ 

အဒေါ်အပျိုကြီးတွေရဲ့ လက်သီးဆုပ်တွေက ကျောတွေကော နဖူးတွေကော (တစ်ယောက်ကဆို စီးထားတဲ့ ခုံဖိနပ်နဲ့ချတာဗျ ) ထူပူနေအောင် အဗျင်းခံနေရတာ။ ဒီကြားထဲ ရပ်ကွက်ထဲက ကလေးတွေကော ခွေးတွေကောက ခြံဝမှာ ပြူတစ်ပြူတစ်နဲ့ လူသတ်ပွဲ ကျင်းပနေတာကို အားရဝမ်းသာတဲ့ မျက်နှာတွေနဲ့ ဝိုင်းကြည့်နေကြတာလေ။ မမဝါတစ်ယောက်လည်း သူတို့အိမ်ရှေ့ ဝရန်တာကနေ လှမ်းကြည့်နေတယ်။ လာပြီးများ ဆွဲပေးမလားမှတ်တာ ဒီလောက်ဆိုးတဲ့ကလေး တစ်ခါထဲ အသေသတ်ဆိုပြီး လှမ်းအော်လိုက်သေးတယ် အဟင့် ။

ကိုရွှေဘနဲ့ ဖိုးသက်ရဲ့ ရာဇဝင်ကိုလည်း တစ်ရပ်ကွက်လုံးက သိပြီးသားမလား။ စထဲကကို ယဉ်သကို ဆိုသလိုဗျ။ ကျနော်ကလေးဘဝ.. အင်း.. တော်တော့်ကို ငယ်ဦးမယ်ဗျ။ ကျောင်းသွားခါနီး ပါးကွက်ကျားလေး ကျောင်းစိမ်းလေးဝတ်ထားတဲ့ ဖိုးသက်.. အမှိုက်ပစ်စရာ ဟင်းရွက်တောင်းက ပြည့်နေပါတယ်လို့ အဒေါ်တွေ လှမ်းအော်တော့ သားပစ်ပေးမယ် ဆိုပြီး ( အိမ်အရှေ့ လမ်းမတစ်ဖက်ခြမ်းက မြစ်) အမှိုက်တောင်းကလေးယူပြီး လှစ်ကနဲ ပြေးသွားလိုက်တယ်။ ရေစပ်နားရောက်တော့ အမှိုက်သွန်နေတုန်း ကွန်ပစ်နေတဲ့ လူတစ်ယောက်ကို သွားတွေ့တယ်။ ဆယ်တန်းတဖုံးဖုံးကျပြီး ကျောင်းထွက်သွားတဲ့ လူပျိုဖြစ်စ ကိုရွှေဘပါပဲ။

တစ်ချက်တစ်ချက် ကွန်ပစ်ပြီး ဆွဲယူလိုက်ရင် ပါလာတာက ငါးတစ်ထွေးကြီး၊ အားရစရာကောင်းလိုက်တယ်ဗျာ။ ရလာတဲ့ ငါးတွေကို နှီးနဲ့သီ၊ ပိုက်ကွန်က လက်တစ်ဖက်ကနဲ့ ကသီလင်တဖြစ်နေတော့..

“ ကိုချွေဘ.. အနော် ငါးကိုင်ပေးရမရား”

(အဲ့တုန်းက ရှေ့သွားတွေ အကုန်ကျိုးထားတယ် ဟီး) ဆိုပြီး သူကွန်ပစ်တဲ့နောက် မြစ်ရိုးအတိုင်း လိုက်သွားမိတယ်။ ငါးတွေကလည်း ရလိုက်တာမှ ဖိုးသက်တစ်ကိုယ်လုံး ရမ်ဘိုဇာတ်ကားထဲကလို ငါးတွေကို ကျည်ဆံတွေလိုသီပြီး ပတ်ထားရတာပေါ့။ မြစ်ကြောင်းအတိုင်း ပြန်စုန်ဆင်းလာကြတဲ့ အချိန်ကြတော့ နေ့လည်ထမင်းစားချိန်တောင် ကျော်သွားပြီဗျ။ 

အမှိုက်သွားပစ်တာက မနက်ခင်း ကျောင်းမသွားခင်ကလေးကိုး။ ကျနော်တို့အိမ်ရှေ့က မြစ်ဆိပ်မယ် လူတွေဘာလုပ်နေကြတယ် ထင်သလဲ ဟီဟိ..။ ရေငုတ်သမားတွေ ငါးဖမ်းပိုက် အကြီးကြီးတွေ စက်လှေတွေနဲ့ သဲ့ပြီး မနက်က ရေနစ်သေသွားရှာတဲ့ ဖိုးသက်ကလေးရဲ့ အလောင်းကို ရှာနေကြတာလေ။ အမှိုက်တောင်းကလေးနဲ့ ဆင်ကြယ်ဖိနပ်ကလေးပဲ ရှာတွေ့ကြတာကိုး။ ရေဆင်းအဆော့မှာ လှိုင်းပုတ်ပြီး ပါသွားရှာတယ်ပေါ့။

အဒေါ်တွေဆို အမလေး.. ကျမတို့တူလေ ကိုယ်ကျိုးနည်းသွားရှာပါပေါ့လား .. အလောင်းတောင် ပြန်မရတဲ့အဖြစ် … ကလေးက လိမ္မာရှာတာ.. အမှိုက်ကလေးပစ်ကူ၊ လူကြီးတွေကို ကူချင်လွန်းလို့ အခုလို အဖြစ်ဆိုးရပါတယ် ဆိုပြီး မြစ်ကမ်းဘေးမှာ မပဋာမြေလူးနေတာပေါ့ ခွိ။ အဲ့လိုအခြေအနေဆိုးကြီး ဖြစ်နေတုန်း မြစ်အထက်ဖက်ကနေ ငါးတွေအများကြီး လွယ်ထားတဲ့ ပြုံးစိစိ ဖိုးသက် (ငါ့ကို ကိုရွှေဘက တစ်ဝက်ယူလို့ ပြောထားတာ ဒေါ်ကြီးဒေါ်လေးတို့ကို ဒီငါးတွေ ပေးမယ်ဆိုပြီး ပျော်နေတာ) နဲ့ ကွန်ကလေးလွယ်ထားတဲ့ ရွှေဘတို့ ဘွားကနဲ ပေါ်လာရော။

“ အင်း..”

ပြန်တောင်မပြောချင်တော့ပါဘူး။ ကျနော်ပြောတာကိုတော့ ယုံ …။ အမျိုးတွေတင်မကဘူး ရပ်ကွက်ထဲက လူကြီးတွေပါ ကျနော့်ကို ဝိုင်းအုပ်တာ အိမ်ကို လမ်းမလျှောက်လိုက်ရပဲ ပြန်ရောက်သွားတယ်။ ပိတ် ပိတ်ပြီး လှိမ့်ကန်တာကိုး။ ကိုရွှေဘလည်း ခေါင်းပေါက်သွားတယ်ဗျ။ သူ့အမေ တရုတ်မကြီး ခုံဖိနပ်နဲ့ခုတ်ပစ်တာ သွေးတွေကို ဖြာသွားတာပေါ့။

အဲ့ဒီနောက်ပိုင်း အရွယ်ရောက်လာတဲ့အခါ နှစ်ယောက်ပေါင်းမိတဲ့အခါတိုင်း အခုလိုမျိုး တစ်ခုမဟုတ် တစ်ခု ထထသောင်းကျန်းတော့တာပါပဲဗျာ။ ရပ်ကွက်ကလည်း ကျနော်တို့နှစ်ယောက်ကို နှစ်အိမ်စလုံးက လူကြီးတွေသတ်ပြီဆို ပြန်ကြားရေး ရုပ်ရှင်ပြသလိုပဲ အုံပြီးကို လာကြည့်ကြတော့တာ အဟိ။

အခု ဒီကိစ္စတွေဖြစ်ပြီး နောက်ပိုင်း အိမ်ထဲက အိမ်ပြင်တောင် မထွက်ရတော့တာ တစ်ပတ်လောက် ကြာသွားတယ်ဗျ။ ကိုရွှေဘတို့ လက်ဖက်ရည်ဆိုင်သွားပြီး အဖွားအတွက် နံပြားနဲ့ လက်ဖက်ရည် သွားဝယ်တာတောင် သူ့အဖေက ကျနော်တို့ ဘာပြောမလဲ လာရပ်ပြီး နားထောင်နေတာ။ ဒီတော့ ကျနော်တို့ နှစ်ယောက်ကလည်း … ရုပ်တည်ကြီးတွေနဲ့

“ အကို! ဒေါ်ခင်က နံပြားကြွပ်ကြွပ်ကလေးလို့ မှာတယ်..”

“ အေး ညီလေး! ဘယ်နားက ဒေါ်ခင်ကို ပြောတာလဲ”

ဘာညာနဲ့ တစ်ယောက်နဲ့တစ်ယောက် တစ်ခါမှ မမြင်ဖူးသလို လျှောက်ပြောနေကြတာ အတိုင်အဖောက်ညီပါ့ ဟိဟိ။ ကျနော်နဲ့ကိုရွှေဘ တမင်လျှောက်ပြောနေတာကို အူလည်လည်ဖြစ်သွားတဲ့ တရုတ်ကြီးက နဝေတိမ်တောင် ကြည့်နေရင်း သဘောပေါက်သွားတော့မှ

“ မီးမေရိုးလေးတွေ!”

ဆိုပြီး ကလော်ဆဲတော့တာဗျ။ ကိစ္စမရှိပါဘူး။ ကျနော်တို့နှစ်ယောက် ခဏခြေငြိမ်လိုက်ရင် တစ်လလောက်ဆို လူကြီးတွေ စိတ်ပြေသွားမှာပါ။ အဲ့ဒီတော့မှ နှစ်ယောက်ပေါင်းပြီး ရှုပ်ကြသေးတာပေါ့။ လောလောဆယ်တော့ နေအိမ်အကျယ်ချုပ်ကျနေကြတာပေါ့လေ။

ရက်နည်းနည်းကြာလာတော့ ကျနော် မခံနိုင်တော့ဘူးဗျ။ ဘာလဲ ကိုရွှေဘနဲ့ မပေါင်းရလို့ ထင်နေကြလား။ ဟုတ်ဘူးရယ်။ (အဲ့ဒီသောက်ခွက်ကြီး မမြင်ရလေ ထမင်းစားဝင်လေ) ကျနော့်ရူပဗေဒဆရာမလေးကို လွန်းတာ (လွမ်းတာ) ဗျ။ သူ့ဆံနွယ်ရှည်ရှည်လေးတွေဆီက ရတဲ့ မွှေးပျံ့ပျံ့ တရော်ကင်ပွန်းနံ့ကလေးတွေ၊ ရှင်မတောင်သနပ်ခါးနဲ့ ချွေးရောထားတဲ့ ကိုယ်နံ့ကလေးတွေကို လွမ်းလွန်းလို့ ရူးချင်လာတယ်။ 

ကျနော့်နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်တွေကို လက်ချောင်းပျော့ပျော့လေးတွေနဲ့ သပ်တင်ပေးရင်း ဖိုးသက်လေး… လူဆိုး … “ချို့”ကိုချစ်ရင် လိမ္မာရမယ်ကွာလို့ မူနွဲ့နွဲ့လေး မျက်နှာနားကပ်ပြီး ချွဲတာလေးတွေ။ ကျနော့်ကို ပါးရိုက်လိုက်တုန်းက ဒေါသစိတ်တစ်ဝက် ချစ်တဲ့သူကို နာကျင်အောင် လုပ်လိုက်မိပြီဆိုပြီး နောင်တနဲ့ ဝမ်းနည်းသွားတဲ့စိတ်က တစ်ဖက်နဲ့ ငိုမဲ့မဲ့ဖြစ်သွားရှာတဲ့ မျက်နှာငယ်ငယ်ကလေးကို ကျနော်တချိန်လုံး ပြန်ပြန်မြင်နေမိတယ်။ အင်းလေ.. မညာတမ်း ဝန်ခံရရင် အိပ်ယာပေါ်က အချစ်ဇာတ်ကြမ်း၊ ဇာတ်နု၊ ဇာတ်မနုမကြမ်းလေးတွေကိုပါ အရမ်းသတိရနေတာလည်းပါပါရဲ့။

ဒါကြောင့် ဒီနေ့ည မိုးချုပ်တော့ လူကြီးတွေရှေ့မှာ အဖွားကို ဇက်ကြောလေးဘာလေးဆွဲ၊ တရားစာအုပ်လေးဘာလေး ဆွေးနွေးပြပြီးတော့ နောင်တ တရား အတော်ရနေသလိုလို ဂိုက်ဖမ်းပြီး စောစောအိပ်တော့မလိုလုပ်.. ဒီဖက်အိမ်ထဲ ဝင်လာခဲ့တယ်။ ပြီးတော့မှ လူအလစ်မှာ ခြံစည်းရိုးကျော်ပြီး လစ်ထွက်လာခဲ့တယ်။ လမ်းမပေါ်ရောက်တာနဲ့ ဒေါ်ခင်ချိုမေ့အိမ်ဖက်ကို ခပ်သွက်သွက်ကလေး ခြေလျင်လစ်လာခဲ့တာပေါ့။

“ သေချာကြည့်ထား … ဒီပုစ္ဆာမှာ လှည့်ကွက်ကလေးတွေပါတယ်..။ အကယ်လို့.. ဒီနေရာကို သတိမထားလိုက်မိရင်…..”

အသံလေးတစာစာနဲ့ စာသင်နေတဲ့ ကျနော့်ချစ်သူဆရာမလေးက ချောလိုက်တာဗျာ။ လေးပေမီးချောင်းအောက်က ကျောက်သင်ပုန်းပေါ် မြေဖြူခဲနဲ့ တစ်ဒေါက်ဒေါက်ခေါက်ရင်း ကျောင်းသားကျောင်းသူတွေကို စာရှင်းပြနေတဲ့ ဟန်လေးက မာန်ပါပါလေး။ တင်ကလေးက ကော့၊ ရင်ကလေးချီလို့ မျက်နှာထား တင်းတင်းကလေး။ အောက်က အဝါရောင်ဖျော့ဖျော့မှာ အဖြူရောင် စပေါ့လေးတွေပါတဲ့ ထမီကိုဝတ်ထားပြီး ၊ အပေါ်က နက်ပြာရောင်ခါးတို အင်္ကျီလေးနဲ့။ ဆံပင်အရှည်ကြီးတွေကို လက်ကိုင်ပုဝါလေးနဲ့ စည်းနှောင်ပြီး နောက်ကျောဖက်ကိုချထားတော့ တရမ်းရမ်းလေးနဲ့ စိတ်ယားစရာဗျာ။

စာသင်ခုံတွေရဲ့ အနောက်နားက တိုင်တစ်တိုင်ကို မှီတွယ်ထားရင်း ကျနော် သတိလက်လွှတ် ငေးကြည့်နေမိတာပေါ့။ ကျနော်ရောက်နေတာကို ကျောင်းသားကျောင်းသူတွေ အပါအဝင် ဆရာမလေးကော သတိမထားမိဘူး ထင်ပါတယ်။ ရက်တွေအကြာကြီး ခွဲထားရတာကြောင့်မို့လား မသိဘူး ပြေးပြီး ဆွဲပွေ့ချင်စိတ်က ဖြစ်လာလို့ မနည်းအောင့်ထားရတယ်ဗျာ။ 

ကျောက်သင်ပုန်းဖက်လှည့်ပြီး စာတွက်ပြနေရာက ကျောင်းသားတွေဖက်ကို ဆတ်ကနဲ လှည့်လာရင်း အမှောင်ရိပ်မကျတကျမှာ တိုင်ကိုမှီပြီး ရပ်နေတဲ့ ကျနော့်ကို လှမ်းမြင်သွားတယ်။ ဒါပေမယ့် ကျောင်းသားတွေ ရိပ်မိသွားမှာ စိုးတဲ့အလား ချက်ချင်း မမြင်ဟန်ဆောင်သွားတယ်။

“ အခု ဆရာမ တွက်ပြသွားတာ ရှင်းတယ်နော်”

“ ဟုတ်! ရှင်းပါတယ်”

“ အင်း စာမေးပွဲမှာလည်း ဒီအတိုင်းတွက်ပြီး ဖြေပါ..။ အခုပုစ္ဆာ အဖြေထွက်တဲ့အထိ တစ်မျက်နှာလောက် ရှည်မယ်…။ တခါက ဆရာမတပည့်တစ်ယောက် ဒီပုစ္ဆာမျိုးကို ၃-၄ ကြောင်းလောက်နဲ့ အဖြေထွက်အောင် တွက်ပြသွားဖူးတယ်ကွဲ့”

…. ….. …..

“ အဲ့ဒီကျောင်းသားက သူ့အဖိုးရဲ့ ဗီရိုထဲက ရူပဗဒ အခြေခံဆိုတဲ့ စာအုပ်မျိုးကို အလွှတ်နီးပါး ဖတ်ဖူးထားတာဆိုပဲ…။ ကမ္ဘာကျော် အဏုမြူဗုံး လုပ်ပုံလုပ်နည်းကိုတောင် ဆရာမကို ပြောပြသွားဖူးသေးတယ်..”

“ ဟယ်.. ဟာ.. အဲ့ဒီကျောင်းသား ဘာဖြစ်သွားလဲ ဆရာမ”

“ ဖဲသမားလေး ဖြစ်သွားရှာတယ် …”

“ ဝါး..ဟား..ဟား”

“ သူအသိ သူအတတ်လုပ်ပြီး ဆရာကို အာခံတာကိုး..။ တပည့်တို့လည်း ဆရာကို မပစ်မှားကြနဲ့ ဟုတ်ပြီလား..”

ကျနော့်ကို လှမ်းဗျင်းလိုက်တာဗျ။ ရယ်ချင်စိတ်ကို မနည်းမျိုသိပ်ထားပြီး အမှောင်ဖက်အခြမ်းကို ရွှေ့ပြီး ရပ်လိုက်ရတယ်။ အော်ရယ်မိတော့မှာစိုးလို့။ ကျနော့်ချစ်သူဆရာမလေးက ဒီလိုကြတော့လည်း ချစ်စရာလေးဗျာ။ ကျနော် အမှောင်ထဲကနေ ချောင်းနေမှန်း သူသိပါတယ်ဆိုတာကို အချက်လှမ်းပြတာပေါ့။

“ ကဲ.. ဒီပုစ္ဆာတွက်ပြီးရင် ပြန်လို့ရပါပြီ..။ အဆောင်က ကျောင်းသူတွေလည်း ရေချိုးထမင်းစားနားလို့ ရပါပြီ .. ဆရာမ ခေါင်းနည်းနည်းနောက်လာလို့ သွားနားလိုက်ဦးမယ်ကွယ်..”

ပြောပြောဆိုဆိုနဲ့ ကျောင်းသားတွေအရှေ့ကနေ လှစ်ကနဲ ပျောက်သွားတဲ့ ဆရာမလေး အိမ်အပေါ်ထပ်ကို လစ်သွားမှာ သေချာတယ်။ ကျနော်လည်း အမှောင်ထုကို အကာအကွယ်ပြုပြီး အိမ်အနောက်ဖက်ကို ပတ်ပြီး နောက်ဖေးလှေကားကနေ အိမ်အပေါ်ထပ်ကို တက်ဖို့ပြင်တယ်။ လှေကားရင်းမှာ ဝပ်နေတဲ့ ခွေးသမင်ကြီးတွေက ကျနော့်ကို မြင်တော့ အမြှီးနှံ့ပြတယ်။ ကျွတ်ကျွတ်.. ဆိုပြီး စုပ်သပ်ရင်း သူတို့ကိုကျော်ခွလို့ လှေကားအတိုင်း အိမ်အပေါ်ထပ်ကို တက်လာခဲ့တယ်။

အိမ်ပေါ်ထပ်က ဆရာမလေး အခန်းပေါက်ဝကိုရောက်တော့ ရင်တွေတအားခုန်လာတယ်ဗျာ။ စိတ်ကောက်နေတုန်းလား၊ ပါးပဲထပ်ချဦးမလားဆိုတာ ကျနော် စိုးထိတ်နေတာကိုးဗျ။ ရင်တထိတ်ထိတ်နဲ့ စေ့ထားတဲ့ အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်တော့ မှန်တင်ခုံအရှေ့မှာ ထမီရင်ခေါင်းလျားလေးနဲ့ ဆံပင်အရှည်ကြီးတွေကို ခေါက်ပြီး ကလစ်နဲ့ ခေါင်းပေါ်တင်ပြီး ညှပ်နေတဲ့ ဆရာမလေးကို တွေ့လိုက်ရတယ်။ မှန်ထဲကနေ ကျနော်ဝင်လာတာကို လှမ်းမြင်ဟန်တူပေမယ့် အရေးမလုပ်သလို ခပ်တည်တည်ပဲဗျ။

လွမ်းဆွတ်တဲ့စိတ် ကြီးစိုးနေတဲ့ ကျနော် ဘာမပြောညာမပြောနဲ့ နောက်ကျောဖက်ကနေ ကိုယ်လုံးပုံ့ပုံ့ အိထွေးထွေးလေးကို တအားပွေ့ဖက်လိုက်မိတယ်။ တောင့်တောင့်ကလေး ရပ်နေရင်း တံတောင်နဲ့ ကျနော့်ကို နောက်ပြန်တွန်းထုတ်တယ်။ ကျနော်က အတင်းပဲ ချုပ်ထားရင်း ဆံပင်တွေ ကလစ်နဲ့ညှပ်လိုက်လို့ ပြောင်ရှင်းနေတဲ့ လည်တိုင်နဲ့ ဂုတ်ပိုးလေးတွေကို တရွှတ်ရွှတ်မြည်အောင် မွှေးမွှေးပေးနေမိတယ်။

“ ဘာဖြစ်နေတာလဲ..ကျွတ်!”

“ ဘာဖြစ်နေတာလဲ မသိဘူးလားဗျာ… ဒီမယ် လွမ်းလို့ သေတော့မယ်… ရွှတ်..ပြွတ်..ရွှတ်”

“ ချွေးတွေသံတွေနဲ့ သူများရေချိုးမလို့ဟာ… လွှတ်စမ်းကွာ”

“ ဟင့်အင်း .. လွှတ်ပူး … ဒီကိုယ်နံ့လေးကို လွမ်းလို့.. ငြိမ်ငြိမ်နေပါဗျာ..”

“ ဟေ့ … ပြောလို့မရဘူးလား အာကွာ”

နောက်ကျောဖက်ကနေ သိုင်းဖက်ထားရင်း အနမ်းစက်သေနတ်နဲ့ တရစပ်ပစ်ခတ်နေရာက ကိုယ်လုံးကလေးကို ဆွဲလှည့်ပြီး မျက်နှာချင်းဆိုင်လိုက်တော့ မျက်နှာထားတင်းတင်းလေးက ပိန်ညှောင်ညှောင်ရုပ် နည်းနည်းပေါက်နေတဲ့ ကျနော့်မျက်နှာကိုကြည့်ပြီး ချက်ချင်း သနားဟန်ပေါက်သွားတယ်။ 

တင်းနေတဲ့မျက်နှာလေးက နည်းနည်းပျော့သွားတာနဲ့ ကျနော်လည်း ဆရာမလေးနဲ့ နှုတ်ခမ်းနီစွေးစွေးလေးကို အတင်းစုပ်ပေးလိုက်မိတယ်။ အသက်ရှူမှားသွားအောင် နှစ်ယောက်စလုံး ခပ်ကြမ်းကြမ်း အပြန်အလှန် နမ်းစုပ်ပစ်လိုက်မိတာ တစ်မိနစ်မကလောက်ဘူးဗျ။ ရုတ်တရက် ဆရာမလေးက ကျနော့်ကို နမ်းနေရာက တွန်းခွာလိုက်ရင်း ခပ်မာမာလေသံလေးနဲ့ ပြောလာတယ်။

“ တံခါးကို ကလန့်သွားထိုးချေ ..” တဲ့။ 


~~~~~~~~~~

အပိုင်း (၇) ဆက်ရန် >>>>>





Print Friendly and PDF

No comments:

Post a Comment