ကျွန်တော်နဲ့ ထူးဆန်းသော သစ်သားရုပ်ထုလေး အပိုင်း ( ၅ )
ရေးသားသူ – Chann Ko (ချမ်းကို)
[ဂမ္ဘီရအပြာဇာတ်လမ်းရှည်ကြီး]
အဲ့ဒီတလောက မိုးလင်းမိုးချုပ် အလုပ်ရှုပ်နေပေမယ့် သန်တုန်းမြန်တုန်း လူငယ်ကလေး ကျနော်တစ်ယောက် ရူပဗေဒဆရာမလေးဒေါ်ခင်ချိုမေ့ အိပ်ခန်းပြတင်းပေါက်ကို ညတိုင်းနီးပါး ရောက်ရောက်လာတတ်ခဲ့ပါတယ်။ ကျနော့်ဘဝမှာ တသက်မမေ့နိုင်မယ့် နေ့ရက်အချိန်တွေကို ရင်ခုန်ယစ်မူးဖွယ် ဖြတ်သန်းခဲ့တာပေါ့ဗျာ။ ကျနော် ရောက်မလာမချင်း ပြူတင်းပေါက်တံခါးလေးဖွင့် မီးချောင်းအလင်းရောင် ဖြူဖြူအောက်က အိပ်ယာနွေးနွေးကလေးပေါ် ဆံပင်အရှည်ကြီးတွေကို ဖြန့်ခင်းထားရင်း ဝမ်းလျားမှောက်အိပ် စာဖတ်ရင်း မျှော်နေတတ်တဲ့ ကျနော့်ချစ်သူ ဆရာမလေးခင်မျာ သူခိုးငတက်ပြားဆန်ဆန် အိပ်ခန်းပြူတင်းပေါက်ကနေ တွယ်တက်လာတတ်တဲ့ ကျနော့်ကို မြင်တိုင်း မထီတရီညှို့မြှူတဲ့ အကြည့်လေးနဲ့ ဆီးလို့ကြိုတတ်ပါ့ဗျာ။
“ ငါ့အချစ်ကလေး တနေကုန် အိမ်အလုပ်တွေ ကူလုပ်လာရတာ မောနေရှာမယ်”
ဆိုပြီး အိပ်ယာပေါ်မှာ မှောက်အိပ်ခိုင်း ကျောတွေ၊ ခြေသလုံးတွေ၊ ဇက်တွေကို (သူက ကျနော့်ထက် အသက်ကြီးပေမယ့်) ယုယုယယ နှိပ်နယ်ပေးတတ်တယ်။ အဲ့လို အပြုအစု အယုယလေးတွေကြောင့် ကျနော်သူ့ကို ရူးမတတ် ချစ်ရပါတယ်လေ။ ခဏလောက် ဆရာမလေး ကျေနပ်အောင် အနင်းအနှိပ်ခံပြီးတာနဲ့ လာပါဦးဗျာ ဆိုပြီး ကိုယ်လုံးအိထွေးထွေးလေးကို ဆွဲပွေ့ပြီး လည်တိုင်လေး၊ ပါးကလေးတွေကို တရွှတ်ရွှတ် နမ်းပေးလိုက်ရင်လည်း ဟင်းကနဲ သက်ပြင်းလေးချပြီး အတင်းပြန်ဖက်ထားရင်း
“ ကျမရဲ့ ကိုဖိုးသက်ကလေး.. ရှင့်ကို ချစ်လိုက်တာဟာ”
ဆိုပြီး ရင်ထဲခေါင်းနဲ့ခွေ့ပြီး ကောင်မပေါက်စကလေးလို ချွဲလာပြန်ကရောဗျ။ ဟိုထိဒီထိလုပ်ကြရင်း ကျနော့် ပုဆိုးအောက်က မာတောင့်နေတဲ့ လိင်တံကြီးကို မတော်တဆ ကိုင်လိုက်မိသွားရင်လည်း..
“ ဟောတော့! လူကသာ အလုပ်များပြီး ပင်ပန်းနေတာ .. ဒီဟာက ကျန်းမာသန်စွမ်းနေတယ်… မပြောလိုက်ချင်ဘူး ဟွန့် ..”
လို့ မူနွှဲ့နွှဲ့ အသံလေးနဲ့ နောက်တောက်တောက်လုပ် ပက်လက်လှန်အိပ်နေတဲ့ ကျနော့်ကို
“ ငြိမ်ငြိမ်ကလေးနေနော်”
လို့ပြောရင်း အဝတ်တွေကိုချွတ်.. နို့အိထွားထွားကြီးတွေကို ကျနော့်မျက်နှာနားကပ်ပြီး စို့ခိုင်း.. လက်တစ်ဖက်က ကျနော့်လိင်တံကို အုပ်ကိုင်ပြီး ဂွင်းတိုက်ပေး၊ ကျနော့်နို့သီးခေါင်းတွေကိုပါ သွားနဲ့ မနာအောင်ကိုက်ရင်းစို့.. ကျနော်က
“ မရတော့ဘူး ဆရာမလေးရာ”
လို့ ပြောလိုက်ရင် တက်ခွပြီး ကျနော့်ကို မြင်းတက်စီးတော့တာပါပဲဗျာ။ တုန်ခါနေတဲ့ နို့ကြီးနှစ်လုံးနဲ့ ဖားလျားချထားတဲ့ ဆံနွယ်ရှည်ကြီးတွေက အရိုင်းဆန်လွန်းလို့ ပိုပြီးလိင်စိတ်ကြွစေသလို၊ အံကလေးတင်းတင်းကြိတ်ရင်း ကျနော့်ကို တက်လိုးနေရင်းက
“ ချစ်တယ်ကွာ… ရှီးးး ချစ်လိုက်တာ”
လို့ အဆက်မပြတ် ပြောတတ်တဲ့ ဆရာမလေးကို ကျနော်ပိုလို့ စွဲမက်လာခဲ့တာပေါ့လေ။ သူစိတ်ကြိုက် တက်လိုးရင်း ပြီးသွားပြီဆိုရင်တောင် ကျနော် မပြီးနိုင်သေးမှန်းသိတော့ အလိုက်သိသိနဲ့
“ ”ချို” ကုတင်စောင်းမှာ လေးဖက်ထောက်ပေးမယ်လေ.. ချို့ဆံပင်အရှည်ကြီးတွေကို ဆွဲပြီး နောက်ကနေ လုပ်.. လာ..”
ဆိုပြီး ဖင်တုံးကြီးနှစ်ခု ကားထွက်လာအောင် ဖင်ကုန်းထားပေးတော့ ကြမ်းပြင်အောက်ကနေ မတ်တပ်ရပ်ရင်း ဆံပင်အရှည်ကြီးတွေကို လက်တစ်ဖက်နဲ့ အားရပါးရ ရစ်ပတ်ပြီး ဆွဲ၊ ကျန်တဲ့လက်တစ်ဖက်က တင်ပါးဖွေးဖွေးကြီးနှစ်ခြမ်းကို ဆုပ်ချေ၊ တစ်ချက်တစ်ချက် နို့နှစ်လုံးကို မမှီမကမ်း လှမ်းဆွဲရင်း အားရပါးရ ဆောင့်လိုးပစ်လိုက်ရင်း သုတ်ရည်တွေ ပန်းထုတ်ပစ်လိုက်ရတာ ဆွေမျိုးမေ့မတတ်ပေါ့ဗျာ။ ပြီးသွားလို့ ကျနော့်လိင်တံကို ဆရာမလေးရဲ့ အဖုတ်ထဲက ဆွဲထုတ်ပြီး သန့်ရှင်းရေးလုပ်မယ်ပြင်တိုင်းလည်း
“ ချို လုပ်ပေးမယ်”
ဆိုပြီး တပြွတ်ပြွတ်နဲ့ စိုလက်နေတဲ့ လိင်တံမပျော့တပျော့ကို ပြောင်လက်သွားအောင် ပါးစပ်နဲ့ စုပ်လျှက်ပေးပြီး
“ ကဲ! သန့်သွားပြီ အိပ်စို့”
ဆိုပြီး ပြုံးစိစိနဲ့ ကျနော့်ကို အတင်းဖက်ထားရင်း နှစ်ယောက်သား မောမောနဲ့ အိပ်ပျော်သွားတတ်ကြတာပေါ့။ မနက်ဝေလီဝေလင်းလောက်ဆို ဆရာမလေးက နိုးနေပြီ။ အသာအယာထသွားပြီး မျက်နှာသစ် ကိုယ်လက်သန့်စင်၊ ဘုရားဆွမ်းကပ်ပြီးမှ အိမ်ပြန်ဖို့ ကျနော့်ကို အသာအယာလေး လှုပ်နိုးတိုင်း အတင်းဆွဲဖက် လင်းဆွဲလေးဆွဲရအောင် ဆိုပြီး သနပ်ခါးနံ့လေးသင်းနေတဲ့ ကိုယ်လုံးလေးကို ကုတင်ပေါ်ဆွဲတင်၊ အချိန်မဆွဲတော့ပဲ ထမီကို အသာဆွဲလှန်ပြီး ခပ်သုတ်သုတ်ကလေး တချီလိုးပြီးမှ အိပ်ပြန်တတ်တယ်လေ။
ကံကောင်းတာတစ်ချက်က ကျနော့်ရည်းစား အပျိုကြီးလေးက ဘာကြောင့်မှန်းမသိပဲ စောက်ဖုတ်အရည်စိုလာအောင် သိပ်ဆွစရာမလိုတာရယ်၊ ခပ်သုတ်သုတ်ကလေး လိုးလိုက်ရင် ဘာမှမကြာလိုက်ပဲ အပြီးမြန်တာရယ်ကြောင့် ကြိုက်တဲ့အချိန် ကောက်လုပ် အဆင်ပြေနေတတ်ပြန်ရောဗျ။
——————————————
ဒီနေ့ညတော့ ဆရာမလေးဆီ မရောက်ဖြစ်တော့မှာ သေချာတယ်ဗျ။ အိမ်အလုပ်တွေ ကူလုပ်ပေးရင်း ရပ်ကွက်ထဲက မမိချိုလေးတို့အဘိုး ဦးမှတ်ကြီး ဆုံးသွားလို့ အသုဘအိမ်မှာ ဟိုလုပ်ဒီလုပ်တွေ သွားလုပ်ကူပေးရမယ်လေ။ အဲ့ဒီ မမိချိုလေးက ကိုရွှေဘနဲ့ ချိတ်တိတ်တိတ် ဖြစ်နေတာတော့ ရိပ်မိတယ်။ အသုဘမှာ လုပ်ကူကိုင်ကူရင်း အခြေအနေ ဘယ်လိုလဲဆိုတာ တစ်ချက်လောက် အကဲခတ်လိုက်ဦးမှလို့ တေးထားလိုက်ရသေးတယ်။ ရပ်ကွက်ထုံးစံအတိုင်း အသုဘရှုလာတဲ့သူတွေကို ကျွေးမွေးဖို့ အချက်အပြုတ် အတိုအထွာလေးတွေ ကူလုပ်ပေး၊ အောက်လင်းမီးအိမ်တွေထွန်း၊ ဖဲဝိုင်းအကောက်ဝင်ကောက်ပေးနဲ့ လုပ်ကူကိုင်ကူပေးနေရပေမယ့် စိတ်ကတော့ ထုံးစံအတိုင်း မျှော်နေရှာမယ့် ကျနော့် ဆရာမလေးဆီ ရောက်နေမိတယ်။
ဟောင်ဖွာဟောင်ဖွာနဲ့ ဦးစီးဦးဆောင်လုပ်နေတဲ့ ကိုရွှေဘနဲ့ မမိချိုလေးတို့ရဲ့ တစ်ယောက်နဲ့တစ်ယောက် ပြီတီတီ အကြည့်တွေကို သတိထားမိပေမယ့် လူနဲ့စိတ်နဲ့ မကပ်ဘူး ဖြစ်နေတယ်။ ဒီည ရောက်မလာနိုင်ဘူးဆိုတာ ပြောမထားခဲ့မိတော့ ကျနော့်ဆရာမလေး “ချို” တစ်ယောက် ရွှေစိတ်တော်ကောက်နေရှာမလားလို့ တွေးနေမိတာဗျာ့။
“ ဖိုးသက်!”
“ ဗျာ”
“ ညဉ့်နက်နေပြီ မမဝါပြန်တော့မယ်.. မိုးကလည်း တအားရွာနေတာ.. အိမ်ပြန်လိုက်ပို့စမ်းကွယ်”
“ ဟုတ် မမဝါ”
အသုဘအိမ်မှာ လာကူပေးနေတဲ့ မမဝါတစ်ယောက်အနားရောက်လာပြီး အိမ်ပြန်လိုက်ပို့ခိုင်းတော့မှ သတိဝင်လာတယ်။ ထီးခပ်ကြီးကြီးတစ်ချောင်းကို ကောက်ဆွဲပြီး မမဝါကို လက်ဆွဲလို့ အသုဘအိမ်ကနေ အပြင်ထွက်လာတော့ မိုးက တဝေါဝေါနဲ့ ကောင်းတုန်းပဲ။ မိုးစိုမှာကြောက်လို့ ကျနော့်ရင်ခွင်ထဲ အတင်းတိုးကပ်နေတဲ့ မမဝါကို ထီးတစ်ဖက်နဲ့ သိုင်းဖက်ထားရင်း အမှောင်ထုထဲ စမ်းတဝါးဝါးနဲ့ ကတ္တရာလမ်းအတိုင်း လျှောက်လာခဲ့တယ်။
လူနဲ့စိတ်နဲ့မကပ်ပေမယ့် တစ်ချက်တစ်ချက် ကျနော့်ခါးကိုဖက်ထားတဲ့ မမဝါရဲ့လက်တွေက အငြိမ်မနေတာကို သတိထားလိုက်မိတယ်။ မိုးကလည်းသည်း လေကလည်းသုတ်နဲ့ ဆိုတော့ နှစ်ယောက်သား တော်တော်လေး စိုကုန်ကရောဗျ။ မမဝါတို့ခြံတံခါးကို သော့ဖွင့်လိုက်ရင်း အိမ်တံစက်မြိတ်အောက်ရောက်တော့မှ နည်းနည်းသက်သာသွားတယ်။ လိုက်ပို့ပြီးပြီဆိုတော့ အသာလေး မသိဟန်ဆောင်ပြီး လစ်ထွက်တော့မယ့် ဟန်ပြင်နေတဲ့ ကျနော့်ကို လက်မလွှတ်သေးပဲ မမဝါက စကားစပြောလာတယ်။
“ မောင်လေးဖိုးသက် မိုးက တအားကြီး သည်းနေတယ် ခဏစောင့်လိုက်ဦး”
“ အာ.. ရပါတယ် မမဝါ… ကျနော် အသုဘအိမ်ပြန်ရောက်မှ မမိချိုရဲ့ မောင်တစ်ယောက်ယောက်ဆီက ပုဆိုးယူပြီး လဲဝတ်ထားလိုက်မယ်”
“ ကျွတ်! ခဏနေပါဦးဆိုနေမှ.. ဘာဖြစ်နေတာလဲ ငါနားရင်းအုပ်လိုက်ရ”
ပြောပြောဆိုဆိုနဲ့ မိုးရေထိလို့ ချမ်းတုန်နေဟန်တူတဲ့ မမဝါတစ်ယောက် ကျနော့်ရင်ခွင်ထဲကို တိုးဝင်လာတယ်။ မွှေးတေးတေးကိုယ်နံ့လေးနဲ့ အေးစက်စက် ကိုယ်လုံးလေးက ချမ်းလို့လား၊ စိတ်လှုပ်ရှားလို့လားမသိဘူး တုန်နေသလိုပဲ။ မမဝါနဲ့ကျနော် ဟိုလိုမဖြစ်ပဲ သေသေချာချာ မျက်နှာချင်းမဆိုင်ဖြစ်ခဲ့တာ အတော်ကြာခဲ့ပြီဗျ။ ပိုဆိုးတာက ကျနော့်မှာ ချစ်သူဆရာမလေးရှိနေပြီ။ အရင်လို ရူးသလိုပေါသလို လုပ်ပြီး ခိုးစားနေလို့ မသင့်တော့ဘူးလေ။
ဖောက်ပြန်ချင်လာတဲ့ စိတ်ကို ထိန်းထားပြီး မမဝါကို ကိုယ့်အစ်မကြီးလိုပဲ သဘောထားရင်း အချမ်းသက်သာသွားပါစေဆိုတဲ့ စိတ်နဲ့ အိမ်နံရံကို မှီထားရင်း ရင်ခွင်ထဲ မြုပ်သွားအောာင် ဖက်ထားပေးနေမိတယ်။ ဒါပေမယ့် ကျနော့်တစ်ကိုယ်လုံး ထူပူစပြုလာနေပြီ။ မမဝါရဲ့လက်ချောင်းတွေက ကျနော့် လိင်တံကို ပုဆိုးအပေါ်ကနေ ဆုပ်ကိုင်ထားတယ်ဆိုတာ အမှောင်ထဲမှာ မမြင်ရပေမယ့် အထိအတွေ့ကြောင့် ကျနော် သိလိုက်ရပြီလေ။ ဒုက္ခပါပဲဗျာ ကျနော် ဘာဆက်လုပ်ရမလဲ။ ကျနော့်ပုခုံးပေါ် မေးတင်ထားတဲ့ မမဝါက မိုးသံတဝေါဝေါကြားထဲမှာ ကျနော့်နားရွက်နားကပ်ပြီး စကားပြောလာတယ်။
“ ဒီရက်ပိုင်း မောင်လေး ဘယ်ပျောက်နေတာလဲမသိဘူး.. မမဝါ လိုက်ရှာနေတာ သိလား”
“ ဟုတ်..ကျနော်..”
“ မမဝါ ဒီတစ်ရက်နှစ်ရက် စိတ်တအားဖြစ်နေတယ် သိလား… ညဖက်တွေဆို မောင်လေးများ ပေါ်လာမလားလို့ မျှော်ရင်း အိပ်လို့ကိုမပျော်တာ..”
“ အင်း..”
“ ဘာဖြစ်နေတာလဲ… မယုံရင် ဒီမှာကြည့်ကွာ.. အရမ်းဖြစ်နေတယ်”
ပြောပြောဆိုဆိုနဲ့ ကျနော့်လက်တစ်ဖက်ကို ဆွဲယူပြီး ဖြေလျော့ထားဟန်တူတဲ့ ထမီအောက်က အတွင်းခံမဝတ်ထားတဲ့ စောက်ဖုတ်ဖောင်းဖောင်းပူနွေးနွေးကြီးဆီကို ဆွဲယူပြီး ထိကပ်ပေးလိုက်တယ်။ အရည်တွေရွှဲနစ်ပြီး ဖောင်းကားနေဟန်တူတာကို ကျနော် စမ်းလိုက်မိပြီ။ မိုးအေးနေပေမယ့် ကျနော့်ရင်ဘတ်ထဲမှာ ပူနေတဲ့အပူကြောင့် ဇောချွေးတွေပြန်စပြုလာနေတယ်ဗျာ။
စတိုခန်းထဲက သစ်သားရုပ်ထုကလေးကို ထုတ်ယူလာပြီး နွမ်းနယ်နေတဲ့ ကျနော့်ကိုယ်ခန္ဓာကို ကုတင်ပေါ် ဝုန်းကနဲ လှဲချလိုက်ရင်း ပက်လက်လှန်အိပ် အတွေးနယ်ချဲ့နေမိတယ်။ ကာမဘုံသား ဆုံလည်နွားပီသစွာနဲ့ပဲ လွန်ခဲ့တဲ့ ၂ နာရီလောက်က ကျနော်တစ်ယောက် မမဝါနဲ့ လွန်လွန်ကြူးကြူး ထပ်ဖြစ်ခဲ့မိပြန်ပြီဗျာ။ အချစ်ကို ငတ်မွှတ်နေရှာတဲ့ အရွယ်ကောင်းတစ်ခုလပ်မလေး မမဝါနဲ့ အတွေ့ကိုမရှောင်နိုင်တဲ့ မောင်လေးအရွယ် ကျနော်တို့ရဲ့ မိုးသံလေသံတွေကြားထဲက အရိုင်းခေါ်သံ (ဟီး! ဂျက်လန်ဒန် ဝတ္ထုနာမည်ကြီး) တွေကို ပြန်မကြားချင်တော့ပါဘူးလေ။ အိမ်နံရံကို မှီတွယ်ပြီး မတ်တပ် ဆော်ပစ်လိုက်တာ ခပ်ကြမ်းကြမ်းပဲဗျ။ ပေါင်တစ်ချောင်းကို ဆွဲမ၊ နှုတ်ခမ်းချင်းစုပ်ပြီး မတ်တပ်လိုးပစ်လိုက်တာ ဘယ်လောက်မှတောင်မှ မကြာလိုက်ဘူး အဖုတ်နွေးနွေးကြီးထဲ သုတ်ရည်တွေ ပန်းထုတ်ပစ်လိုက်ရင်း ပြီးသွားတယ်။
အိမ်အပေါ်ထပ်တက်တဲ့ အပြင်လှေခါးအောက်က ကွပ်ပျစ်ကလေးပေါ်ကို အသာလေး တွဲခေါ်သွားပြီး ခဏလောက် တူတူဖက်ပြီး လဲလျောင်းရင်း အမောဖြေနေလိုက်ကြသေးတယ်။ မိုးစက်တွေက တိုက်ရိုက် မထိပေမယ့် မိုးမှုန်မွှားလေးတွေ စင်နေတာမို့ နွေးနေအောင် အတင်းဖက်ထားပေးလိုက်မိတာပေါ့လေ။ မိနစ် ၂၀ တောင် မကြာလိုက်ပါဘူး။ မမဝါတစ်ယောက် ကျနော့်လိင်တံကို ကိုင်ပြီးဆွနေရင်း အသာအယာလေး ဘေးတစ်စောင်း အိပ်နေရာကနေ အောက်ကိုလျှောဆင်းသွားပြီး ရပ်ကွက်ထဲက ကာလသားတွေ အပြောများတဲ့ နှုတ်ခမ်းဖူးဖူးကလေးနဲ့ ငုံစုပ်ပေးတော့တာပဲ။
ဒီလိုအလုပ်ခံရမှတော့ သကောင့်သားလည်း ဘယ်ခံနိုင်ရှာမလဲဗျာ။ လိင်တံက ပြန်ပြီး တောင့်တင်းလာပြန်တော့တာပေါ့။ မမဝါတစ်ယောက်ခင်မျာလည်း တော်တော်လေး ဆာလောင်နေဟန်တူပါရဲ့။ ကျနော့်လိင်တံ မာလာတာနဲ့ ချက်ချင်း တက်ထိုင်ပြီး ကြမ်းတော့တာဗျို့။ ရိုးရိုးတက်ဆောင့်တာကို မဟုတ်တာဗျ။ စကောဝိုင်းသလိုမျိုး တဇွိဇွိမြည်အောင် လှည့်ရင်း မွှေရင်းနဲ့ကို လိုးနေတော့ ကျနော်လည်း ပက်လက်ကို မနေနိုင်တော့လို့ ထထိုင်လိုက်ရင်း တင်ပါး ပြောင်ချောချောအိအိကြီးကို လက်နှစ်ဖက်နဲ့ ထိန်းထားရင်း တအီးအီးနဲ့ အသံထွက်ကို ညည်းနေမိတော့တာပေါ့။ သူလည်း မြင်းတက်စီးနေရင်းနဲ့ ဘော်လီအင်္ကျီကို ကျင်ကျင်လည်လည် ဖြုတ်ပေးပြီး ဆူထွားထွားနို့နှစ်လုံးကို ကျနော့်မျက်နှာနဲ့ အတင်းဆွဲကပ်ပြီး ပွတ်နေတော့ အလိုက်တသိနဲ့ ဘယ်ညာပြောင်းစို့ပေးနေရတာပေါ့။
အဲ့လို သူကျနော့်ကို တက်လိုးပစ်တာ သူ ၃-၄ ခါလောက် ဆက်တိုက်ပြီးသွားတယ်တဲ့။ သူစိတ်ကျေနပ်သွားမှ အသာအယာလေး ကွပ်ပျစ်ပေါ် ခွေခွေလေး တစ်စောင်းအိပ်ခိုင်းထားရင်း အနောက်ကျောဖက်ကနေ ကပ်ပြီး ပုဇွန်ထုပ်ကွေးလိုးရင်း ဇိမ်ကျကျနဲ့ ကျနော် တစ်ချီပြီးလိုက်ရတယ်။ သူ့ဆန္ဒပြည့်သွားတော့မှ ထမီတွေ ဘော်လီတွေ သေချာပြင်ဝတ် ကျနော့်ပါးနှစ်ဖက်ကို တရွှတ်ရွှတ်နမ်းရင်း
“ အရမ်း ကောင်းတယ် သိလား”
လို့ တိုးတိုးလေးကပ်ပြောပြီးမှ အိမ်ပေါ်တက်သွားလေရဲ့ဗျာ။ ကျနော် အသုဘအိမ်ကို ပြန်မသွားဖြစ်တော့ပဲ လမ်းမတစ်ဖက်ခြမ်းက ကိုယ့်အိမ်ကို ပြန်လာဖြစ်ခဲ့တယ်။ ဆူပွက်နေတဲ့ သွေးတွေ အေးသွားတော့မှ ကျနော့်စိတ်ထဲ နောင်တရသလိုလို ဖြစ်လာပြီလေ။ ကျနော့်မှာ အခု ရူပေဗေဒဆရာမလေး ရှိနေတယ်မဟုတ်လား။ ကျနော်ကလည်း အလွန်ချစ်သလို ကျနော့်ကိုလည်း တုန်နေအောင်ချစ်နေတဲ့ သူ့ကိုယ်သူ ‘ချို’ ကလေ ‘ချို’ ကလေလို့ ပြောတတ်တဲ့ ဒေါ်ခင်ချိုမေဆိုတဲ့ ဆံပင်ရှည်ရှည်နဲ့ ဆရာမလေး.. ကျနော် ဒီလို တခြားမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်ပါတယ်ဆိုတာ သိသွားလို့ကတော့ ဘာတွေဖြစ်ကုန်မလဲလို့ စဉ်းစားနေမိရင်း စိတ်မောလာတယ်။
ဒီပြဿနာတွေရဲ့ အစဟာ ကျနော် အိမ်သာတွင်းတူးရင်း ရလာတဲ့ ထူးဆန်းတဲ့ သစ်သားရုပ်ထုကလေးကြောင့်ပဲ။ အဲ့ဒီသစ်သားရုပ်ထုလေးထဲမှာ စီမံခြင်းခံထားရတဲ့ ဘာမှန်းမသိတဲ့ လူနီကြီးရဲ့ ကာမသိဒ္ဓိ အစွမ်းတွေကြောင့် မဟုတ်လား။ အရပ်မြင့်မြင့် အသားဖြူဆွတ်ဆွတ်နဲ့ မြင်တဲ့ယောကျ်ားတိုင်းက တပ်မက်စဖွယ် အမျိုးသမီးလေးလို့ ပြောကြတဲ့ မမဝါနဲ့ အခုလို လွန်လွန်ကြူးကြူး ဖြစ်ရတာကို အခု ကျနော် အင်မတန်ကြောက်လန့်သလိုလို ခံစားလာရပြီ။ ဘယ်နည်းနဲ့မဆို တချိန်ချိန်မှာ ကျနော့်ဆရာမလေး ရိပ်မိသွားနိုင်တယ်။ ရင်မောလိုက်တာဗျာ။
~~~
တောင်တွေးမြောက်တွေးနဲ့ မှေးကနဲ တစ်ချက်အဖြစ်မှာ ကျနော့်ကုတင် သိမ့်ကနဲ ဖြစ်သွားသလို ခံစားလိုက်ရလို့ မျက်လုံးကို အတင်းဖွင့်ကြည့်လိုက်တော့ မတွေ့တာကြာပြီဖြစ်တဲ့ လူနီကြီးကို ဝိုးတဝါး မြင်လိုက်ရတယ်။ ပင်ပန်းထားတဲ့အရှိန်နဲ့ လူက မူးတူးဝေတေကြီး။ သေသေချာချာ မမြင်ရသလိုလို ဖြစ်နေတယ်။ ရောင်ထုံးကြီးနဲ့ လူနီကြီးရဲ့ မျက်နှာက အခါတိုင်းနဲ့ မတူသလိုလို။ တစ်ခုခုကို ပူပန်နေသလိုလို ဘာလိုလိုကြီးဗျ။
“ ဟေ့လူ! ဘာမှထပ်ပြီး ဒုက္ခမပေးပါနဲ့တော့ဗျာ တော်လောက်ပါပြီ”
…. …. ….
“ ဒီမယ်.. အခုနောက်ပိုင်း ကျုပ် ဘယ်မိန်းကလေးကိုမှ စိတ်ထဲက မပစ်မှားရဲဘူး..။ ခင်ဗျားရောက်လာပြီး အတင်းခေါ်သွားမှာ ကြောက်လွန်းလို့ ဘယ်မိန်းမဖင်ကိုမှ မျက်စိမကစားရဲတာကြာပါပြီ..။ ကျုပ်ဖာသာကျုပ် အိပ်ပါရစေဗျာ..တောင်းပန်ပါတယ်..”
….. …. ….
“ အခု ဒီအရုပ်ကို စတိုထဲက ပြန်ထုတ်လာတာကလည်း မနက်မိုးလင်းတာနဲ့ မီးရှို့ပစ်လိုက်ဖို့ တွေးမိလို့ဗျ..။ ခင်ဗျားကိုလည်း လွတ်ရာကျွတ်ရာ သွားနိုင်အောင် ဆွမ်းသွပ်ပေးပါ့မယ်ဗျာ..”
ကျနော် ဘယ်လောက်ပဲ တောင်းပန်တောင်းပန် မရဘူးဗျ။ ရုတ်တရက် ပက်လက်အိပ်နေရာက ဆတ်ကနဲ ထထိုင်မိပြီး ထုံးစံအတိုင်း လူက ပေါ့ပေါ့ပါးပါး သွက်လက်ဖြစ်စပြုလာပြန်ပြီ။ အသိစိတ်က လုံး၀မလွှတ်ပေမယ့် ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် မဟုတ်တော့ဘူး။
“ ဟိုင်းရားး”
ပါးစပ်က အကျယ်ကြီး မအော်မိပေမယ့် နှုတ်ခမ်းလှုပ်ရုံကလေး အော်ရင်း အိမ်ပြူတင်းပေါက်ကနေ ကျနော် ဂျွမ်းပစ်ပြီး ခုန်ထွက်သွားပြန်ပြီ။ မိုးရေတွေစိုစွတ်နေဆဲ ကတ္တရာလမ်းမပေါ်မှာ ဖိနပ်မပါ ခြေဗလာနဲ့ လေပွေတစ်ခုလို ရွှတ်ကနဲ ရွှတ်ကနဲ ကျနော်ပြေးနေတယ်။ ~
ကျနော် ဘယ်ကိုသွားနေမှန်း ကျနော်မသိဘူး။ ဒါပေမယ့် မကောင်းမှုတစ်ခုကို ဆက်ပြီး ကျူးလွန်ရတော့မယ်ဆိုတာတော့ သေချာနေပြန်ပြီ။ ငြင်းဆန်လို့လည်း မရ၊ ရုန်းကန်လို့လည်း မရတဲ့ အခြေအနေမှာ ဒီဂြိုဟ်မွှေတဲ့အရုပ်ကို စတိုထဲက ပြန်ထုတ်ပြီး ကြည့်လိုက်မိတဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်နေမိတယ်။
ကတုတ်ကျင်းတွေ.. သံဆူးကြိုးတွေကို လွှားကနဲလွှားကနဲ ပျံဝဲခုန်ကျော်နေမိတာကိုတော့ သတိထားမိပေမယ့် ဘယ်ရောက်နေလဲ သေသေချာချာ မသိဘူးဗျ။ တောင်ကုန်းတစ်ခုကို လမ်းလိမ်လိမ်ကလေးတွေ ပတ်ထားတဲ့နေရာဆိုတာ သတိထားလိုက်မိမှ ဟိုက်ကနဲ ဖြစ်သွားတယ်။ ဒါမြို့အစွန်က စစ်တပ်ကြီးဗျ။ မြစ်ကမ်းပါးအစွန်း ခြောက်ကမ်းပါးမှာ မှေးတင်ထားတဲ့ နှစ်ထပ်အဆောက်အအုံမည်းမည်းကြီး ရှေ့ ရောက်တော့ အလိုလိုရပ်လိုက်မိတယ်။ အထပ်ထပ်ချထားတဲ့ ကင်းတွေကို ကျနော် ဘယ်လိုဖြတ်ခဲ့မိတာလဲ နားမလည်တော့ပါဘူး။ ပြီးတော့ ဒီအထဲကို လူနီကြီးက ကျနော့်ကိုဘာဖြစ်လို့ ခေါ်လာပြန်တာလဲ စဉ်းစားလို့မရဘူးဗျ။
နှစ်ထပ်အဆောက်အဦးကြီးပေါ်ကို ဘေးဖက်က လှေကားအတိုင်း ကျနော် ပြေးတက်သွားမိတယ်။ တံခါးမကြီးက စေ့ရုံစေ့ထားတော့ အသာအယာ တွန်းဖွင့်လိုက်တာနဲ့ ပွင့်သွားတယ်။ ဝါကျင့်ကျင့် ၄၀ အား မီးရောင်အောက်မှာ ဟာလာဟင်းလင်းဖြစ်နေတဲ့ အိမ်အပေါ်ထပ်။ အဲ့ဒီအလယ်တည့်တည့်မှာ ဧည့်ခန်းတွေမှာ ထားလေ့ထားထရှိတဲ့ ၃ ချောင်းထောက် ပီယာနိုကြီးတစ်လုံး။
🎵🎵စိတ္တဇညများ.. ကုန်ဆုံး လွန်မြှောက်ပါစေကွယ်ဟယ်.. စိတ္တဇညများ ကုန်ဆုံးလွန်မြှောက်ပါစေကွယ်..🎵🎵
ဆွဲငင်တဲ့ ဆွေးရီရီလေသံနဲ့ သီချင်းအော်ဆိုနေတဲ့ မိန်းမတစ်ယောက် ပီယာနိုကြီးဘေးမှာရပ်လို့။ ပီယာနိုတီးနေတာကလည်း မိန်းမတစ်ယောက်ပဲဗျ။ နှစ်ယောက်စလုံး အနက်ရောင်ဝမ်းဆက်တွေ ဝတ်ထားကြပြီး ဆံပင်တွေက ပုခုံးကျော်ရုံလေးတွေ ဖားလျားချလို့။ ကိုယ့်ကိုယ်ကို ဘာလုပ်လို့ လုပ်နေမှန်းမသိတဲ့ ကျနော် အဲ့ဒီမိန်းမနှစ်ယောက်အနားကို တိုးကပ်သွားမိတယ်။ ကျနော်လာနေတာကို သိနေတဲ့အတိုင်းပဲ ပြုံးချိုနေတဲ့ မျက်နှာဝိုင်းဝိုင်းလေးတွေနဲ့ ဝိုင်းကြည့်လာကြတယ်။ အံ့သြစရာကောင်းလွန်းနေတာက နှစ်ယောက်စလုံးက တစ်ထေရာထဲ တူနေတာပဲ။
အလုံးတူ အရပ်တူ ဝတ်ပုံစားပုံတူနေသလို ခေါင်းမှာ ပန်ထားတဲ့ ပန်းပွင့်အစိမ်းရောင်လေးပါတဲ့ ဘီးကုတ်အနီလေးတွေကအစ အားလုံးတူတူပဲဗျ။ နှစ်ယောက်စလုံးရဲ့မျက်နှာကို ကြည့်ရတာ လွန်ရောကျွံရော အသက် ၂၁ နှစ်လောက်ပဲ ရှိမယ်ထင်တယ်။ နုနယ်ပျိုမျစ်တဲ့ ရူပကာလေးတွေအပြင် ရှိုက်ကြီးဖိုငယ် အသွယ်သွယ်လေးတွေ အဝေ့အဝန်းလေးတွေကအစ ပုံတူပတ်တူလေးတွေဗျ။ အသားအရည်က ညိုစိမ့်စိမ့်လေးတွေ၊ မျက်ဝန်းမျက်ဆံလေးတွေက အောက်အရပ်က ဗမာပြည်သူမှန်း သိသာနေတယ်။
ရုတ်တရက် ပီယာနိုသံ ရပ်သွားသလို ညှို့မြှူနေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်ရင်း နှစ်ယောက်စလုံး ကျနော့်လက်တွေကို ပြိုင်တူဆွဲကိုင်လာကြတယ်။ အနီးကပ်မြင်လိုက်ရမှ တော်တော်လှတဲ့ ကောင်မလေးတွေမှန်း သတိထားမိတယ်။
သူတို့ဆီက ရနေတဲ့ စံပယ်ပန်း လတ်လတ်ဆတ်ဆတ် အနံ့လို ရနံ့က ကျနော့်ကို ပိုလို့တောင် တိမ်းမူးစေလာပြီ။ တစ်ယောက်က ကျနော့်ကို ကျောဖက်က သိုင်းဖက်လာသလို၊ နောက်တစ်ယောက်ကလည်း မျက်နှာချင်းဆိုင် အတင်းရင်ခွင်ထဲတိုးဝင်လာတယ်။ အသားချင်းထိမိတာနဲ့ ကျနော့်တစ်ကိုယ်လုံး အိထွေးတဲ့ အထိအတွေ့အာရုံနောက်ကို လိုက်သွားမိပြီ။
ကျနော့်ဂုတ်ပိုးကို အနောက်က သိုင်းဖက်ထားရင်း နှုတ်ခမ်းနဲ့ဖိကပ်ပြီး နမ်းရှုံ့နေသလို.. အရှေ့ဖက်က တစ်ယောက်ကလည်း ကျနော်ဝတ်ထားတဲ့ ရှပ်အင်္ကျီကြယ်သီးတွေကို ဖြုတ်ချပြီး ကျနော့်ရင်အုံကို လက်ဖဝါးနုနုလေးတွေနဲ့ ပွတ်သပ်ကစားနေတယ်။ ညိုစိမ့်စိမ့်နဲ့ ချစ်စဖွယ် မိန်းကလေးနှစ်ယောက်ရဲ့ အထိအဆွတွေကို ခံနေရတော့ လူကို တစ်ကိုယ်လုံး နတ်ပူးသလို တုန်တုန်ရီရီကြီး ဖြစ်လာနေပြီဗျ။ မျက်လုံးကို စုံမှိတ်ထားရင်း သာယာတဲ့ အထိအတွေ့နောက် လိုက်နေမိတဲ့ ကျနော်.. လိင်တံကိုပါ ခပ်ဖွဖွ အကိုင်ခံလိုက်ရတော့ ခြေဖျားတောင် ထောက်ထားမိပြီ။
နောက်ကျောဖက်က တစ်ယောက်က အဝတ်တွေကို ချွတ်ချလိုက်ပြီး နို့နှစ်လုံးနဲ့ ကျနော့်ကျောပြင်ကို ပွတ်ရင်း ကစားလာသလို၊ အရှေ့ဖက်က တစ်ယောက်ကလည်း ကိုယ်လုံးတီးဖြစ်အောင် ချွတ်ချလိုက်တာ မြင်နေရတယ်။ မိမွေးတိုင်းဖမွေးတိုင်း ဖြစ်သွားတော့မှ ဆံပင်နက်နက်ပုခုံးကျော်ရုံ၊ ဝိုင်းစက်တဲ့ နို့ညိုညိုကြီးနှစ်လုံး၊ ခါးကျင်ကျင်လေးအောက်က အမွှေးနက်နက်တွေဖုံးထားတဲ့ အဖုတ်.. ကားဆင်းသွားတဲ့ တင်ပဆုံအိအိကြီးတွေကို ကျနော် သေသေချာချာ ကြည့်နေမိတယ်။ ခွိကနဲ တစ်ချက်ရယ်ပြရင်း.. ကျနော့်အောက်က ဘောင်းဘီတိုကို ချွတ်ချနေပြန်တယ်။ မီးရောင် ဝါကျင့်ကျင့်အောက်မှာ ဖြောင်းကနဲ ထွက်ကျလာတဲ့ ကျနော့်လိင်တံကြီးကလည်း မာတောင့်တောင့် ဖြစ်နေတဲ့အပြင် အစာငတ်နေတဲ့ ငန်းမြွေကြီးတစ်ကောင်လို တစ်ရမ်းရမ်းဖြစ်လို့ပေါ့။
အနောက်မှာ ရပ်နေတဲ့ ကောင်မလေးက ကျနော့်ကျောတွေကို နို့နဲ့ ခပ်ကြမ်းကြမ်း ကပ်ပွတ်နေသလို.. ကျနော့်ဂုတ်ပိုးတွေ လက်ပြင်တွေကို နှုတ်ခမ်းအိအိလေးနဲ့ လျှောက်နမ်းနေတော့ လူကို တစ်ကိုယ်လုံး တရွရွဖြစ်လာနေပြီ။ ဒီကြားထဲ အရှေ့ ကတစ်ယောက်ကလည်း တောင်မတ်နေတဲ့ ကျနော့်လိင်တံကြီးကို ပယ်ပယ်နယ်နယ် ဆုပ်ကိုင်ရင်းရှေ့တိုးနောက်ဆုတ် ကစားလိုက်၊ ကျနော့်ရင်အုံကို သွားစွယ်လေးတွေနဲ့ မနာအောင် တဆတ်ဆတ်လိုက်ကိုက်လိုက် လုပ်နေပြန်တော့ လိင်ဆက်ဆံချင်တဲ့ စိတ်က ပေါက်ကွဲခါနီး မီးတောင်တစ်ခုလိုပဲ။
ဘယ်လိုမှ မခံနိုင်တော့တဲ့အဆုံး ကျနော့်ရင်ခွင်ထဲက ကောင်မလေးကို ဆတ်ကနဲ ဆွဲပွေ့ပြီး မလှမ်းမကမ်းက ပီယာနိုကြီးပေါ် ပက်လက်လှန်အနေအထားနဲ့ ဆွဲတင်လိုက်တယ်။ လိင်စိတ်ကြွလွန်းလို့ ကျနော့်ဆီက တရှူးရှူးနှာမှုတ်သံက တိတ်ဆိတ်တဲ့ ညဉ့်ယံမှာ ဆူညံနေတယ်။
ညိုစိမ့်စိမ့် ကိုယ်လုံးတောင့်တောင့်နဲ့ ကောင်မလေး ခင်မျာ ပက်လက်ကလေး လှန်ထားရင်း ကျနော်သူ့ကို ခပ်ကြမ်းကြမ်း လိုးတော့မယ်ဆိုတာ သိနေတဲ့အလား အောက်နှုတ်ခမ်းထူထူလေးကို တင်းတင်းကိုက်ရင်း ငံ့လင့်နေရှာတယ်။ အဲ့ဒီအချိန်မှာပဲ တိုင်ကပ်နာရီအိုကြီးဆီက လေးနာရီထိုးတဲ့ ဒင်!!!! ဒင်!!!! ဒင်!!!!! ဒင်!!!! ဆိုတဲ့ ခေါင်းလောင်းမြည်သံ အကျယ်ကြီးထွက်လာတယ်။
“ ဒိုင်း… ဒက်.. ဒက်.. ဝုန်း… သူပုန်တွေဟေ့.. ရန်သူ ရန်သူ”
@#$%&*#$@ &*^%$$#@!
ဘာတွေဖြစ်သွားမှန်းမသိပဲ နားကွဲမတတ် ပေါက်ကွဲသံ.. သေနတ်ပစ်သံ.. အော်ဟစ်သံတွေ ဆက်တိုက်ကြားလိုက်ရပြီး မီးရောင်လည်းပျောက်.. အမှောင်တိကျသွားတယ်။ ကျနော်ကိုယ်တိုင်လည်း ကြမ်းပြင်ပေါ်မှာ ဝမ်းလျားမှောက်လျှက်ကြီး ဖြစ်နေတယ်။ အရာရာအားလုံးဟာ မှောင်မိုက်နေတာပဲဗျ။ အဲ့ဒီနောက်မှာ ကျနော် ဘာမှမသိတော့ဘူး။
………………………………………………
“ ဗျူဟာကုန်းနားကို တော်ရုံလူ ဘယ်သူမှ မသွားရဲကြဘူးကွ”
… … …..
“ ဗကပနဲ့ တိုင်းရင်းသားသူပုန် နှစ်ဖွဲ့ပေါင်းပြီး တက်တိုက်သွားတာ။ အစိုးရဖက်က တစ်ယောက်မှ မကျန်သလို ဟိုကောင်တွေလည်း တော်တော်သေကုန်တာပေါ့”
… … …..
“ ဗျုဟာမှူးပါ မလွှတ်သွားဘူး.. ဗမာစစ်သားတစ်ယောက်ကတော့ မြစ်ကမ်းပါးချောက်ကနေ မြစ်ထဲခုန်ချပြေးတာ လွှတ်သွားတယ်ကြားတာပဲ…။ သနားစရာကောင်းတာက ဗျူဟာမှူးသမီး အပျိုမလေး နှစ်ယောက်ကွာ.. အမြွှာညီအစ်မ.. ကိုယ်လုံးလှလှ အသားညိုစိမ့်စိမ့်လေးတွေနဲ့ ငါတို့ကာလသားတွေကြားမှာ စူပါစတားလေးတွေပေါ့..။ သူတို့နှစ်ယောက်ပါ တိုက်ပွဲဖြစ်တဲ့အထဲ သေကုန်ရှာတယ်ဟ..။ အိပ်လို့ကောင်းတုန်း မနက်ဝေလီဝေလင်းကြီး ချကြနှက်ကြတာဟ”
… ….. …..
“ ငါတို့မြို့ကနေဆို အဲ့ဒီနေရာက အမြင့်ပိုင်းဆိုတော့ လှမ်းမြင်နေရတာဆရာ..။ မော်တာတွေထု၊ သူပုန်တွေသေနတ်က မီးတအားပွင့်တဲ့ အမျိုးဆိုတော့ မီးရောင် တလက်လက်နဲ့ ဟိုဖက်ဒီဖက် ပစ်နေခတ်နေကြတာ.. အော်သံဟစ်သံတွေကအစ ကြားနေရတာပေါ့ ”
…. …. …..
“ စစ်ကူလာတဲ့အချိန် သူပုန်တွေက ပြန်ဆုတ်သွားတာဟ…။ ဒါပေမယ့် အစိုးရဖက်က အကုန်နီးပါး သေတယ်…။ ဗျူဟာကုန်းလည်း မွမွကြေသွားရော…။ အဲ့ဒီနောက်ပိုင်း ဖုန်းဆိုးမြေကြီးလိုဖြစ်ပြီး တပ်ကလည်း စခန်းမထိုင်တော့သလို.. လူတွေကလည်း သိပ်မသွားရဲကြတော့လို့ ကျတ်ကုန်းလိုလို ဖြစ်သွားတာပေါ့..။ နေစမ်းပါဦး ဖိုးသက် မင်းက အဲ့ဒီနေရာအကြောင်း ဘာလို့လာမေးနေတာလဲ”
“ ဘာမှမဟုတ်ပါဘူး.. ကိုရွှေဘရာ..။ ရှုခင်းလည်းကောင်း လူလည်းပြတ်တော့ ကျနော့်ဆရာမလေး ဒေါ်ခင်ချိုမေနဲ့ အဲ့ဒီနေရာမှာ သွားချိန်းတွေ့ရင်ကောင်းမလား တွေးမိလို့ အဟီး”
“ ချီး! ခင်ချိုမေနဲ့ တခြားချိန်းစရာလားကွ.. သူ့အိမ်သွားတက်ပေါ့..။ အဆင်ပြေရင် မင်းနဲ့သူနဲ့ အုပ်နေတာကို သူ့တပည့်မလေးတွေက ချောင်းပြီး ဖီးလ်တက်..။ ရတနာဝင်းထိန်ဝတ္ထုထဲကလို .. တပည့်မလေးတွေပါ ဆွဲစား..။ နင်စားရရင် ငါ့လည်းခေါ် ဟိဟိ”
“ ဒီ တဏှာရူးကလည်း တစ်မှောင့်ဗျာ!”
ကိုရွှေဘ ပြောပုံအရဆို ကျနော် မနေ့ညက ကြုံခဲ့တာ သေသွားတဲ့ ဗျူဟာမှူးသမီး အမြွှာညီအစ်မဆိုတာ သေချာတယ်ဗျ။ စိတ်ထဲမှာ မသက်မသာဖြစ်စပြုလာလို့ စီးကရက်ကို တစ်လိပ်ပြီးတစ်လိပ် ဖိဖွာနေမိတယ်။ မနေ့ညက အသိစိတ်ပျောက်သွားပြီး မိုက်ကနဲ ဖြစ်သွားလိုက်တာ မိုးစင်စင်လင်းလို့ ကိုရွှေဘ လက်ဖက်ရည်ဆိုင်ထိုင် လာခေါ်တော့မှ ကိုယ့်အိပ်ယာပေါ် ကိုယ်ပြန်ရောက်နေမှန်း သိလိုက်တာဗျ။
ဘာတွေဖြစ်ခဲ့မှန်းမသိ ဖြစ်နေလို့ လက်ဖက်ရည်သောက်ရင်း ကိုရွှေဘကို ဟိုမေးဒီမေး မေးကြည့်လိုက်မှ လွန်ခဲ့တဲ့နှစ်အတန်ကြာ ကျနော်ကလေးဘဝက ဖြစ်ခဲ့တဲ့ အဲ့ဒီဇာတ်လမ်းကို အပြည့်အစုံ သိရတော့တာကိုးဗျ။ ကြက်သီးမွှေးညှင်းထသလို ဖြစ်သွားပေမယ့် ခပ်ရွတ်ရွတ်စိတ်ကြောင့် သိပ်တော့ မတုန်လှုပ်ပါဘူးလေ။
လက်ဖက်ရည်ဆိုင်က ထလာတော့.. ဒီနေ့ အိမ်မှာ ဘာအလုပ်မှ မရှိမှန်း သတိရသွားလို့ ထုံးစံအတိုင်း အလေလိုက်ချင်စိတ်က ပေါ်လာပြန်တယ်။ ကိုရွှေဘကို ကျနော် ဒီနေ့အားတယ် လို့ ယောင်ကန်းပြီး ပြောလိုက်မိတာနဲ့ နှစ်ကောင်သား မြို့ပြင်ဖက် အလိုလို ခြေဦးလှည့်သွားမိတယ်။ ဝက်သားဖုတ် (မြေကြီးထဲ တစ်ကောင်လုံးထည့်ဖုတ်တာ) နဲ့ ခေါင်ရည်တွဲရောင်းတဲ့ ခြံဝင်းနဲ့ဆိုင်ထဲ ဝင်ထိုင်လိုက်ပြီး စားလိုက်သောက်လိုက် အာလူးဖုတ်လိုက်နဲ့ မိုးချုပ်လို့ချုပ်မှန်းမသိ ဖြစ်သွားတယ်။
အိမ်ပြန်ဖို့ကောင်းပြီဆိုပြီး နှစ်ကောင်သား ဒရီးဒယိုင်နဲ့ မြို့ထဲဖက် ပြန်လာကြတယ်။ ကျနော့်ချစ်သူဆရာမလေးဆီ မရောက်ဖြစ်တာကြာပြီဆိုတဲ့ အတွေးဝင်လာတာနဲ့ တော်၏မတော်၏ မတွေးတော့ပဲ မြို့ထဲမှာ ကြက်သားဆန်ပြုတ် တူတူဝင်သောက်ရင်းတန်းလန်းက ကိုရွှေဘကို ကျနော် သွားစရာရှိသေးတယ်လို့ ချန်ပစ်ထားခဲ့ပြီး ရူပဗေဒ ဆရာမလေးဆီကို စက်ဘီးမြန်မြန်နင်းပြီး ဒိုးလာခဲ့တယ်။
~~~~~~~~
ထောင်းကနဲ ဒေါသစိတ်က ထွက်ကျလာတယ်။ ခြံဝင်းထဲမှာ အခါတိုင်းလို ကျောင်းသူကျောင်းသားတွေ ရှုပ်မနေလို့ ဟိုဟိုဒီဒီ ကြည့်ရင်း စက်ဘီးကို ဒေါက်ထောက်ထားခဲ့ပြီး အိမ်အနောက်ဖက် မီးဖိုဆောင်ဖက် လျှောက်လာခဲ့တော့ ကျနော် ဆရာမလေးကို ပထမဆုံး ဖက်နမ်းမိခဲ့တဲ့ စကားပင်လေးအောက်မှာ လူတစ်ယောက်နဲ့ ဆရာမလေး ရယ်မောပြုံးရွှင်လို့ စကားတွေ ဖောင်ဖွဲ့နေတယ်။ ~
လယ်ဂတုံးရှပ်အဖြူ၊ ယောလုံချည်နဲ့ အလှူသွားမလို ဂိုက်နဲ့ ဘဲကြီးတစ်ပွေ (ဆရာမလေးနဲ့ အသက်အရွယ်တူလောက်) က စကားပြောရင်း ခြေပုတ်ခေါင်းပုတ် လုပ်နေတယ်။ ကျနော်ကတော့ ခပ်တည်တည် ခါးထောက်ပြီး မလှမ်းမကမ်းကနေ ခပ်စောင်းစောင်း ကြည့်နေလိုက်တယ်။ ကျနော့်ကို ကျောပေးထားတဲ့ ဟိုကောင်က မမြင်ပေမယ့် ဆရာမဒေါ်ခင်ချိုမေက အရင်မြင်သွားတယ်။
“ သြော! ဖိုးသက် … လာလေ..။ ဒီမှာ ဆရာမသူငယ်ချင်း ရောက်နေတာ.. သား ဘာလာလုပ်တာလဲ”
ဟိုလူနဲ့ပြုံးချိုနေရာက ကျနော့်ကို မြင်သွားတာနဲ့ ခပ်တည်တည် ဆရာမရုပ်ဖမ်းပြီး စကားလှမ်းပြောတယ်ဗျ။ ဟိုလူလည်း ကျနော့်ဖက် လှည့်ကြည့်လာပြီး ချာတိတ်ကျောင်းသားလေးဆိုတဲ့ အကြည့်နဲ့ အထက်စီးက ကြည့်နေတယ်။
“ ဗိုက်ဆာလို့ ထမင်းလာစားတာ ဆရာမ!”
လေသံမာမာနဲ့ ပါးစပ်ထဲတွေ့ရာ လျှောက်ပြောရင်း ခြေလှမ်းမယိုင်သွားအောင် ထိန်းပြီး မီးဖိုဆောင်ထဲ ခပ်တည်တည် ဝင်လာခဲ့တယ်။ အိုးတွေခွက်တွေကို ဂလုံဂလွမ်မြည်အောင် လှန်လှောရင်း တွေ့တဲ့ ထမင်းတွေ ဟင်းတွေကို ခူးခပ်ပြီး ဇလုံတစ်လုံးထဲထည့် နယ်ဖတ်ပြီး စားနေမိတယ်။ ခေါင်ရည်က မူး၊ ဒေါသကထွက်သလိုဖြစ်နေတော့ ထမင်းက စားလို့ကောင်းလိုက်တာဗျာ။ ဗိုက်ကိုကားထွက်သွားတာပဲ။ စားသောက်ပြီးသွားတော့မှ ဘေစင်မှာ ပန်းကန်ဆေး၊ လက်ဆေး၊ ပလုတ်ကျင်း သန့်စင်နေမိတယ်။
“ အဲ့ဒါ ဘာဖြစ်လာတာလဲ ပြောစမ်းပါဦး”
…. ….. …..
“ အမူးသမားရုပ်နဲ့ ကျမဆီ လာရဲသလား …။ ဧည့်သည်က “ချို့”ကို တစ်မျိုးမထင်သွားဘူးလား ပြောလေ”
“ ခင်ဗျားက ကျုပ်ကို ခင်ဗျားတပည့်လိုလို လုပ်ပြနေတာပါဗျာ … မသိတာလိုက်လို့ ဟာဟ”
“ ဖိုးသက်လေးးးး ရှင်လေး မူးနေတာမလား … အိမ်ပြန်ရင်ကောင်းမယ်…”
“ မပြန်ဘူးဗျာ! ခင်ဗျားဘာလုပ်မလဲ.. ကဲ … ဟိုကောင့်ကိုလည်း တစ်ခါထဲ ပြောပြထားလိုက်။ နောက်တစ်ခါ ခင်ချိုမေ့ကို ဟိုတို့ဒီထိလုပ်ရင် လုပ်တဲ့လက်တွေ ကျိုးအောင် အချိုးခံရမယ်လို့ ဟုတ်ပြီလား”
“ ဖိုးသက်!!!!!!!!!”
“ ဘာတုန်းးးးးးးးးး”
ကျနော် အာခေါင်ခြစ်ပီး အော်ဟစ်လိုက်သံကြောင့် တစ်ကိုယ်လုံးတုန်သွားပြီး ကြောက်လန့်သွားဟန်နဲ့ ဆရာမလေးခင်မျာ ပြူးကြောင်ကြောင် မျက်လုံးဝိုင်းကလေးတွေနဲ့ မှင်တက်ပြီး ငေးငိုင်သွားတယ်။ ကိုယ်ချစ်တဲ့ ဆရာမလေး လန့်သွားရှာတာ မြင်လိုက်ရတော့ သနားစိတ်ကလေး လှိုက်ကနဲ ဖြစ်လာပေမယ့် သဝန်တိုနေတဲ့ ဒေါသစိတ်က ဖုံးလွှမ်းသွားတာကြောင့် မသိဟန်ဆောင်လိုက်မိတယ်။
“ အေးလေ.. ငါက မင်းလို လူဆိုးကို ရည်းစားတော်မိတာကိုး .. ငါ့အပြစ်တွေပါ”
မျက်ရည်တွေရစ်ဝဲနေတဲ့ မျက်လုံးတွေက ကျနော့်ကို မကြည့်ပဲ အဝေးကိုငေးထားတယ်။
“ ဘာလဲ.. နောင်တရတယ်ပေါ့ .. ဟားဟား .. ကျနော်က လူရမ်းကား လူမိုက် ဟုတ်ပါ့… ခင်ဗျား အခု အားကိုးရှိသွားပြီကိုးဗျ ပြောပြီပေါ့”
“ ”ချို” စိတ်တအားတိုလာပြီ ရှင်တော်လိုက်တော့ .. ထပ်ပြောရှင် ကျမကို အဆိုးမဆိုနဲ့နော်…”
ကျနော်ဘာမှ ထပ်မပြောတော့ပဲ အိမ်နေရင်းဝတ်ထားတဲ့ ဘလောက်စ်လက်ပြတ်ကလေးအောက်က ပုခုံးသားဝင်းဝင်းလေးတွေကို လက်နှစ်ဖက်နဲ့ စုံကိုင်ထားရင်း စိုက်ကြည့်လိုက်တော့ အံကြိတ်ပြီး မျက်နှာကို လွှဲထားတယ်။
“ အရက်မူးပြီးတော့များ ဒီကိုလာရဲသေးတယ်..။ မိတ်ဆွေသူငယ်ချင်းအရှေ့မှာ အရှက်လာခွဲတယ်..။ ငါက သိက္ခာနဲ့နေရတဲ့ ဆရာမတစ်ယောက်ဆိုတာ မစဉ်းစားမိဘူးလား”
“ သြော်! သိက္ခာရှိတဲ့သူက ထိပ်ပုတ် ခေါင်းပုတ် အလုပ်ခံနေတယ်ပေါ့ ဟာဟ”
“ ဖိုးသက်! နင် အရှက်မရှိဘူးလား…. အဲ့ဒါ ငါ့ငယ်သူငယ်ချင်း.. ပြီးတော့ သူက..”
“ မလိုချင်ဘူးဗျာ.. ကျုပ်ရည်းစားကို ဘယ်သူမှ ထိတာ ကိုင်တာ လာမလုပ်နဲ့…. အကုန်ရိုက်ခွဲပစ်မယ်.. တောက်!”
အဲ့ဒီလို မျက်နှာချင်းဆိုင်လျှက်နဲ့ အချီအချ အော်ဟစ်ရန်ဖြစ် ပြဿနာတက်နေတဲ့အချိန် မီးဖိုခန်းထဲ လူတစ်ယောက် ရိပ်ကနဲဝင်လာတာကို ကျောပေးထားပေမယ့် ဆရာမဒေါ်ခင်ချိုမေရဲ့ မျက်နှာအမူအရာရယ်.. ဖျတ်ကနဲ သူ့ပုခုံးကို ကိုင်ထားတဲ့ ကျနော့်လက်တွေကို ပုတ်ချသွားတာရယ်ကြောင့် ချက်ချင်းသိလိုက်ပေမယ့် လှည့်မကြည့်ဖြစ်ဘူး။
“ ချိုမေ! ဘာဖြစ်တာလဲဟ”
ယောကျ်ားတစ်ယောက်အသံ ဆိုတော့ ခုနက သူတောင်းစားမှန်း သိလိုက်ပေမယ့် ကျနော် ကျောပေးထားဆဲပဲ။
“ ဘာ.. ဘာမှမဖြစ်ဘူး ကိုထွန်း.. နင် မပြန်သေးဘူးလား”
“ မဟုတ်သေးပါဘူးဟာ … ဒီချာတိတ်က ဘယ်သူလဲ… နင်နဲ့အခု ဘာဖြစ်နေကြတာလဲ”
“ ကိုထွန်း.. ငါ့ပြဿနာ ငါရှင်းမယ်… နင်ပြန်တော့ဟာ.. ငါစိတ်ညစ်လာပြီ.. သွားတော့”
“ နင်ကသာ ဘာမှမဖြစ်ဘူး ပြောနေတယ်.. ဒီချာတိတ်က အတော်မိုက်ရိုင်းနေတာ ငါကြားပါတယ် …။ ဟေ့ကောင် မင်းက ဘာကောင် … အာ့အာ့!!”
ပြောပြောဆိုဆိုနဲ့ ကျနော့်ကို နောက်ကျောဖက်ကနေ ပုခုံးတစ်ဖက်ကို လှမ်းဆွဲလိုက်တဲ့ အဲ့ဒီပုဂ္ဂိုလ် ချက်ချင်းနောင်တရသွားတယ်။ အကျင့်ပါနေတဲ့ ကျနော့်လက်က ပုခုံးကိုလာကိုင်တဲ့ သူ့လက်ကို ချက်ချင်းလိမ်ယူလိုက်ပြီး ကိုယ်ကို အသာရို့ပြီး ဘေးကိုထွက်၊ သူ့ခြေဒခေါက်ကွေးကို အသာနင်းလိုက်ပြီးသား ဖြစ်သွားတော့ သကောင့်သားခင်မျာ လက်ပြန်အလိမ်ခံထားရရုံတင်မက သံမံသလင်းပေါ် ဒူးကလေးထောက်လျှက်သား ဖြစ်သွားရှာတယ်။
မူးယစ်ရီဝေနေတဲ့ စိတ်ကြောင့် အလိုလို သွေးဆူသလို ဖြစ်နေရတဲ့အထဲ ကျနော့်ချစ်သူကို ဟိုတို့ဒီထိ လုပ်ထားတာကို မြင်ထားတဲ့ ဒေါသစိတ်အခံကြောင့် နံဘေးနားက ထမင်းစား စားပွဲပေါ်မှာတင်ထားတဲ့ ဘိလပ်ရည်ပုလင်းကို အလိုလိုဆတ်ကနဲ ဆွဲယူမိသွားတယ်။ လက်ကို နောက်ပြန် အလိမ်ချိုးခံထားရပြီး သံမံတလင်းပေါ် ဒူးထောက်လျှက် အချုပ်ခံထားရတဲ့ အဲ့ဒီကောင့် မျက်ခွက်ကို ဖြတ်ရိုက်ချလိုက်ဖို့ ပုလင်းကိုင်လက်က အလိုလို မြှောက်တက်သွားပြီ။
“ ဖိုးသက်!!!!!!!”
ကျနော့်ရူပဗေဒဆရာမလေးရဲ့ ငယ်သံပါအောင် အော်လိုက်သံကြောင့် ကျနော့်လက်က လေထဲမှာတန့်သွားတယ်။ ဒေါသစိတ်ရယ်၊ အမူးစိတ်ရယ်ကြောင့် ကျနော့်လက်တွေက တဆတ်ဆတ် တုန်ခါပြီး သွေးဆာနေတာတော့ အမှန်ပဲဗျ။
“ ဟေ့ကောင်! မင်းမှတ်ထား… ငါ့နာမည် ဖိုးသက်.. ဒေါ်ခင်ချိုမေ့ကို အသက်ပုံပေးပြီး ချစ်တဲ့ကောင်..။ မင်းခုနက သူ့ကို ဟိုတို့ဒီဆိတ်လုပ်တာမျိုး ထပ်လုပ်ရင် မင်းမေးရိုးကို ငါချိုးပစ်မယ်..။ ငါပြောတာကြားလား ဟေ့ကောင်…”
“ ဖိုးသက်.. နင့်လက်ထဲက ပုလင်းကို အခုချလိုက်စမ်း ….”
ဂလောက်…ဂလောက်!!
ဟိုကောင့်ကို ချုပ်ထားရာက လွှတ်ပေးလိုက်သလို လက်ထဲက ဘိလပ်ရည်ပုလင်းကိုလည်း သံမံတလင်းပေါ် လွှတ်ချလိုက်တော့ မကွဲသွားပဲ ဂလောက်ဂလောက် မြည်ပြီး လှိမ့်သွားတယ်။ ဂမူးရှူးတိုးပုံစံနဲ့ ကိုထွန်းဆိုတဲ့ကောင် မတ်တပ်ထရပ်လာတာကို ကျနော် သတိနဲ့ ကြည့်နေဆဲမှာပဲ ဖြန်းကနဲ မြည်သံနဲ့အတူ ကျနော့် ဘယ်ဖက်ပါးပြင်တစ်ခုလုံး ပူထူသွားတယ်။
အံ့သြတကြီး လှည့်ကြည့်လိုက်တော့ ကျနော့်ချစ်သူဆရာမလေး ကျနော့်ကို ပါးလှမ်းရိုက်လိုက်တာမှန်း သိလိုက်ရတယ်။ ရင်ဘတ်ထဲမှာ ကျဉ်တက်သွားတဲ့ ဝေဒနာက ကြီးစိုးသွားပြီဗျာ။ အောက်နှုတ်ခမ်းကို ပြတ်ထွက်မတတ် ကိုက်ထားရင်း မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ကြည့်နေတဲ့ ကျနော့်ဆရာမလေး။ ကျနော့်ကို ရွှံရှာစက်ဆုတ်သွားပြီလို့တောင် ထင်မှတ်မှားရပြီ။
“ သွား… သွား.. အခု ငါ့အိမ်ကနေထွက်သွား …။ နင့်မျက်နှာ တစ်သက်မမြင်ချင်ဘူး ..။ ကိုထွန်း နင်လည်းသွားတော့…။ နှစ်ယောက်စလုံး ငါ့ရှေ့က ထွက်သွား..။ ငါတော့ ရှက်လွန်းလို့ သေချင်လာပြီ အီးဟီးဟီး”
အဲ့ဒီလို ဗလုံးဗထွေးတွေ အော်ဟစ်ပြီး မျက်နှာကို လက်ဝါးနဲ့အုပ်ရင်း ဆရာမလေး မီးဖိုခန်းထဲက ပြေးထွက်သွားရှာတယ်။ ဘာလုပ်ရမှန်းမသိတော့တဲ့ ကျနော် ရေအိုးစင်က ရေတစ်ခွက်ခပ်သောက်ရင်း ဟိုကောင့်ကို အကဲခတ်လိုက်တော့ ကုပ်ချောင်းချောင်းနဲ့ အသာလေး လစ်သွားတာ တွေ့လိုက်ရတယ်။ ပုဆိုးပြင်ဝတ်ရင်း မီးဖိုခန်းထဲက ထွက်လိုက်တော့ အပြင်မှာ မိုးအတော်ချုပ်နေတာကို သတိထားလိုက်မိတယ်။
ဒေါ်ခင်ချိုမေ့အိမ်မှာ ဘော်ဒါဆောင်နေတဲ့ ကျောင်းသူကောင်မလေးတွေက စူးစမ်းတဲ့အကြည့်တွေနဲ့ ဝိုင်းကြည့်နေကြတာကို မမြင်ဟန်ပြုလို့ စက်ဘီးကို ဒေါက်ဖြုတ်ပြီး ခြံအပြင်ဖက်ကို လစ်ထွက်ခဲ့တယ်။ သေချာတယ် ကျနော့်ချစ်သူ ကျနော့်ကို တော်တော်လေး မုန်းတီးသွားပြီနေမယ်ဗျာ။
~~~~~~~~~~
အပိုင်း ( ၆ ) ဆက်ရန် >>>>


No comments:
Post a Comment